ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊
ဒဂုန်မြို့သစ်တောင်ပိုင်း၊ သီရိမင်္ဂလာ မဟာစည်ရိပ်သာ ကျောင်းတိုက်၊ ဓမ္မကထိက
တွံတေး ဆရာတော် အရှင် ဧန္ဒက၏ ရွှေရတု မွေးနေ့၌ မစိုးရိမ် ကျောင်းတိုက်
ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ် ပါတီ နိုင်ငံရေး မလုပ်ဘဲ အမျိုးသား
နိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာ
နယူးစ်သို့ မိန့်ကြားသည်။
ဓမ္မကထိက တွံတေး ဆရာတော် အရှင်ဧန္ဒက၏ ရွှေရတုမွေးနေ့ကို မန်းလေးမှ ဆရာတော်
ဦးဝီရသူအပါ အ၀င် သံဃာတော် ကိုးပါး မွေးနေ့ အခမ်းအနားကို ကြွရောက်ခဲ့ပြီး
ဦးခင်ညွန့်မှာလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဦးခင်ညွန့်မှ ဆရာတော် ၀ီရသူအား လာရောက် ရှိခိုးစဉ် ဆရာတော်မှ
အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား ဆိုပေမယ့် အပြင်းအထန် အမုန်း
မပွားဖို့ မသင့်တော့ဘူး ဟု အားပေးစကား မိန့်ကြားခဲ့ကြောင်း ဆရာတော်က
ဆက်လက်ရှင်းပြသည်။
အခမ်းအနား ပြီးဆုံးသွားပြီးနောက် ဦးခင်ညွှန့်မှ ဆရာတော် ၀ီရသူအား သီးသန့်
လာရောက် တွေ့ဆုံပြီး သူ၏ ဇာတိဖြစ်သော သန်လျင် ကျောက်တန်းတွင်
ဖောင်ဒေးရှင်းတွေ ဖွဲ့စည်းရ်ျ အစီစဉ်ဆွဲကာ အလုပ် လုပ်နေပြီး ပါတီ
နိုင်ငံရေးကို မလုပ်ဘဲ အမျိုးသား နိုင်ငံရေးကိုသာ ပြုလုပ်သွားမည်ဟု
ပြောသွားခဲ့ကြောင်း ဆရာတော် ဦးဝီရ သူမှ မိန့်ကြားသည်။
သီရိမင်္ဂလာ မဟာစည် ရိပ်သာ ကျောင်းတိုက်သည် အမျိုးသား
ထောက်လှန်းရေးခေတ်တွင် ဦးခင်ညွန်မှ ကျောင်းများ ဆောက်လုပ်
လှူဒါန်းခဲ့ကြောင်း တွံတေး ဆရာတော် အရှင် ဧန္ဒကမှာ ဦးခင်ညွန့်၏ ဆရာတော်ဖြစ်
ကြောင်း ဆရာတော် ဦးဝီရသူမှ ဆက်လက် မိန့်ကြားသွားခဲ့သည်။
ဦးဝီရသူ ဖေ့စ်ဘွတ် ။
No comments:
Post a Comment