ဖွဲ့စည်းပုံ ခုံရုံးပြင်ဆင်တဲ့ ဥပဒေကြမ်း သမ္မတ လက်မှတ်ထိုး

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေ အဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတ လက်မှတ် ရေးထိုးပြီး ယမန်နေ့က ထုတ်ပြန်ခဲ့တာ ကို သတင်းထုတ်ပြန်ရေး အဖွဲ့က   ယနေ့ ဇန်န၀ါရီလ ၂၂ ရက် တွင် ကြေညာထားပါတယ်။ 

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၃ )
၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ    ၂၂     ရက်
၁၃၇၄ ခု၊ ပြာသိုလဆန်း     ၁၁    ရက်
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား သတင်းထုတ်ပြန်ခြင်း
၁။          “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် အတည်ပြုပြီး  နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့သည်။ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်

ထိုင်းရဲတွေ မြန်မာစာနဲ့ ကရင်စာ သင်နေကြပြီ

ထိုင်း-မြန်မာ ၂ နိုင်ငံပြည်သူများနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်ဖို့အတွက် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ထိုင်းရဲ ၂၀၀ ကျော်အတွက် မြန်မာစာနဲ့ ကရင်စာသင်တန်းကို မနေ့က ဖွင့်လိုက်ပါတယ်။

တပတ်ကို ၂ ရက်နှုံးနဲ့ စက်တင်ဘာလ အထိ သင်ကြားကြမယ်လို့ ဆိုပါတယ်။ သင်တန်း ဆရာတွေက မဲဆာက်မှာရှိတဲ့ CDC မြန်မာ ရွှေ့ပြောင်း အထက်တန်းကျောင်းက မြန်မာဆရာတွေပါ။

အပြန်အလှန်အားဖြင့် ကရင်ပြည်နယ် မြ၀တီမြို့က ဌာနဆိုင်ရာ ၀န်ထမ်းတွေလည်း ထိုင်း စာသင်ကြားမယ့် အစီအစဉ်ရှိတယ်လို့လည်း သိရပါတယ်။

အိမ်နီးခြင်းနိုင်ငံက ဘာသာစကားကို ပြောဆိုနိုင်ခြင်းအားဖြင့် ၂ နိုင်ငံချစ်ကြည်ရေးကို ပိုမိုတိုးတက်စေမှာပါ လို့ တာ့ခ်ခရိုင် ရဲချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စုံဖောအခလဒေချိုချိုင်းက ဒေသခံ သတင်းထောက်တွေ ကိုပြောဆိုပါတယ်။

သင်တန်းမှာ ထိုင်းရဲ ၂၀၀ ကျော်နဲ့အတူ ထိုင်းစေတနာ့ဝန်ထမ်း ၁၀၀ ခန့်လည်း တက်ရောက် သင်ကြားကြမှာဖြစ်ပါတယ်။

မဲဆောက်က တရားမ၀င်အလုပ်သမား အများစုကတော့ ထိုင်းရဲတွေ မြန်မာစကား တတ်မြောက်ခြင်းအားဖြင့် သူတို့နဲ့ဆက်ဆံရာမှာ ပိုမို အဆင်ပြေနိုင်မယ်လို့ သုံးသပ်ပါတယ်။

မဲဆောက်အပါအ၀င် တာ့ခ်ခရိုင် ၉ မြို့နယ်မှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သိန်းရှိပါတယ်။ မဲဆောက်ဒေသ မှာတော့ ၂ သိန်းခန့်ရှိပြီး အလုပ်ရုံ စက်ရုံတိုင်းမှာ မြန်မာစာနဲ့စကားကိုဘဲ

ကချင်စစ်မျက်နှာငြိမ်းချမ်းရေးမှသည် တပြည်လုံးငြိမ်းချမ်းရေးသို့ 

မျက်မှောက်ကာလမှာ ကချင်ပြည်နယ် ဘက်က စစ်မျက်နာအကြောင်းကို စတင်ပြောလိုသည်။ သမ္မတ ရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်ပြီး ကမ်းလှမ်းမည်ဟု သတင်းထွက်လာသည်။

ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်ကလည်း အစိုးရမှ တွေ့ ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်ထားသော် လည်း  
ကေအိုင်အိုဖက်မှ ဘာမှ မတုန့် ပြန်ပါဟု ထပ်ဆင့်ပြောလာသည်ကို သိရသည်။

ကေအိုင်အိုခေါင်းဆောင် ဗိုလ်ချုပ် ဂွမ်မော်ကမူ နိုင်ငံရေးဆွေးနွေးပွဲအတွက် ဆန္ဒရှိနေဖို့ လိုသည်ဟု အစိုးရကို ရည်ညွှန်းပြီး ပြောဆိုထားသည်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ယခုဖြစ်နေသော စစ်ပွဲကို ချက်ချင်းရပ်ဟု ပြည်တွင်းပြည်ပမှာ တရားဝင် လူသိရှင်ကြား တောင်းဆိုနေကြသည်။ 

ထင်ရှားသောပြည်တွင်းရှိ နိုင်ငံရေးပါတီများမှမူ ကချင်စစ်ပွဲ ချက်ချင်းရပ်ဆိုသော စကားကို အားရပါးရ မကြားမိ။ လွန်ခဲ့ သော ( ၁ရ ) နှစ်ခန့် က ငြိမ်းချမ်းရေးစာချုပ်ဆိုထားခဲ့ သော ကေအိုင်အိုနှင့် စစ်အစိုးရ၏ စာချုပ်မှာ ဒီမိုကရေစီအရပ်သားအစိုးရပါဟု ကိုယ့်ကိုကိုယ်အာမခံယင်း ပြောနေသောအစိုးရလက်ထက်မှာ စုတ်ပြတ်သတ် ဆွဲဆုပ်ခံလိုက်ရပါပြီ။ 

အမှန်တကယ်ဆိုရလျှင် ၄င်းငြိမ်းချမ်းရေးစာချုပ်သည် ယခင်စစ်အစိုးရလက်ထက်တွင်ပင် ဆွဲဖြဲစုတ်ပြတ် တရားမ၀င်ပါဟု ပြုလုပ်ခဲ့ ပါက ကြည့်ကောင်းစရာ ဖြစ်သည်။ ထို့ ကြောင့် နိုင်ငံရေးအရ ငြိမ်းချမ်းရေးစာချုပ် ပျက်ပြယ်သွားသည်နှင့် ဖွံ့ ဖြိုးတိုးတက်နေသော မြင်ကွင်းအရာခပ်သိမ်းတို့ မှာ အနိဋ္ဌါရုံလုံးဝဖြစ်ပျက် သွားသည်။

 သွေးသံရဲရဲ ဖြစ်ပျက်သွားသည်။ တန်ဖိုးဖြတ်မရသော လူ့ အသက်ပေါင်းများစွာ သေဆုံး ပျက်စီးသွား ရသည်။ ၄င်းလူသားတို့ ၏ ငိုကြွေးနေသော ၀ိညဉ်ကို နားထောင်ယင်း သူတို့ ၏ သွေးချောင်းစီး အလောင်းကောင်များပေါ်မှ မည်သို့ သော ဒီမိုကရေစီအနှစ်သာရ စကားကို ပြောကြားကြမည် ဆိုသည်

ကချင်တိုက်ပွဲ အပစ်ရပ်ဖို့ တရုတ်တိုက်တွန်း

မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေရပ်ကြဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ကြာသပတေးက တောင်းဆိုလိုက်ပါတယ်၊ နယ်စပ်တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ မော်တာကျည်အချို့ ကျရောက်ခဲ့တဲ့အပေါ်မှာလည်း တရုတ်က ပြီးခဲ့တဲ့ သတင်းပတ်တွေက ကန့်ကွက်ခဲ့ပါတယ်။  ကချင်အရေး တရုတ်ဖက်က တုန့်ပြန်ချက်ကိုတော့ ကိုသားညွန့်ဦးက တင်ဆက်ပေးမှာပါ။

ကချင်ပြည်နယ် တရုတ်မြန်မာနယ်စပ်နားမှာ မြန်မာအစိုးရတပ်တွေနဲ့ KIA ကချင် လက်နက်ကိုင်တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေတာမှာ နယ်စပ်ကနေ မီတာ ၅၀၀ လောက်အကွာ တရုတ်နိုင်ငံဖက်ကို အင်္ဂါနေ့က ဗုံးတလုံးကျခဲ့တယ်လို့ နေ့စဉ်သတင်းစာရှင်းပွဲမှာ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Hong Lee က ပြောကြားခဲ့တာဖြစ်ပါတယ်၊

ဒီကိစ္စနဲ့ ပါတ်သက်လို့ တရုတ်နိုင်ငံဖက်က အလွန်အမင်း စိုးရိမ်မှုနဲ့ မကျေနပ်မှုကို အသိပေးဖို့အတွက် အရေးပေါ် တင်ပြထားပါတယ်၊ နောက်ထပ် အလားတူ အဖြစ် မဖြစ်ရအောင် မြန်မာဖက်က အသေးစိတ် စုံစမ်းစစ်ဆေးပြီး လိုအပ်တဲ့ ဆောင်ရွက်မှုတွေကို လုပ်ဖို့ တရုတ်ဖက်က တောင်းဆိုပါတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောသွားတာဖြစ်ပါတယ်၊ အခုလို တရုတ်နိင်ငံထဲက မြန်မာဖက်က လက်နက်ကြီးတွေ ကျရောက်တာဟာ ၄ ခု မြောက်ဖြစ်ပါတယ်၊ 2012

သင်ယူသင့်တဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ

လက်ရှိ မြန်မာနိုင်ငံနဲ့ စီးပွားရေး ဆိုင်ရာ မူဝါဒ အပြောင်းအလဲ များကြောင့် နိုင်ငံတကာက
အထူး အာရုံစိုက် လျက်ရှိပြီး စီးပွားရေး လုပ်ငန်းရှင် အများ အပြားက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းများ လာရောက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်လိုချိန်မှာ စာရင်း အင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာစီမံခန့်ခွဲ ကျွမ်းကျင်သူများ အထူးလိုအပ်လာပြီး နိုင်ငံတကာက စာရင်းအင်းနဲ့ ဘဏ္ဍာရေး ဆိုင်ရာ ဘွဲ့ရှိသူများ အနေနဲ့ မိမိနိုင်ငံ အတွင်းမှာပဲ နိုင်ငံရပ်ခြားမှ လစာနှုန်း ထားခံစားခွင့် များအတိုင်း ရရှိနိုင်တော့ မှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်း နယ်ပယ်တိုင်း မြောက်ထားသူများက ကျယ်ပြန့်သော လုပ်ငန်းခွင် ရွေးချယ်ခွင့်များ ရရှိနိုင်ကြမှာ ဖြစ်ပါတယ်။ Finance (ဘဏ္ဍာရေး) ဘာသာရပ် မှာ ငွေနဲ့ ရင်းနှီးမြုပ်နှံမှုများ အကြောင်း သင်ကြားပေးခြင်းဖြစ်ပြီး မိမိရဲ့ ကိုယ်ပိုင် လုပ်ငန်း (သို့) ဖက်စပ်လုပ်ငန်း (သို့) ကုမ္ပဏီ လုပ်ငန်း (သို့) အစိုးရအဖွဲ့အစည်းများ အတွင်း ရင်းနှီးမြုပ်နှံခြင်း၊ ရှယ်ယာနဲ့ စာချုပ်များ ဝယ်ယူခြင်း၊ အဆိုပါ ရင်းနှီးမြုပ် နှံမှုများက ရရှိမယ့် အကျိုးအမြတ်များကို စီမံခန့်ခွဲခြင်းနဲ့ မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုကို ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် စီမံဆောင်ရွက် နိုင်စေရန် သင်ကြားပေးမယ့် ဘာသာရပ်ဖြစ်ပါတယ်။
စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှုဘာသာရပ်များကို စင်ကာပူနိုင်ငံ အစိုးရအသိအမှတ်ပြု Edu Trust လက်မှတ် (၄)နှစ် ရရှိထားသည့် ထိပ်တန်း ပုဂ္ဂလိကကျောင်းများဖြစ်တဲ့ PSB, MDIS, JCU, CURTIN, SMF, SAAGE တို့မှာ သင်ယူနိုင်ကြမှာဖြစ်ပြီး ဩစ တြေးလျ၊ အင်္ဂလန်နဲ့ နိုင်ငံတကာအသိ အမှတ်ပြုဘွဲ့ဒီဂရီများရရှိနိုင်ကြမှာဖြစ်ပါ တယ်။ PSB Academy က ၂၀၁၃ ခုနှစ် အတွက် ဩစတြေးလျနိုင်ငံရဲ့ The University of Newcastle, The University of Wollongong အင်္ဂလန်နိုင်ငံရဲ့ Manchester Metropolitan University တို့နဲ့ ချိတ်ဆက်ထားတဲ့ စာရင်းအင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘွဲ့ဒီဂရီ ရယူလိုသူများက အခြေခံပညာ အထက် တန်းအောင်မြင်ပြီးစီးပွားရေးစီမံဒီပလိုမာ (စာရင်းအင်းနဲ့ ဘဏ္ဍာရေး)သို့မဟုတ် အခြေခံစီးပွားရေး

ကယား တိုင်းရင်းသားတချို့၏ ရိုးရာယဉ်ကျေးမှုများ ပျောက်ကွယ်လု ဖြစ်နေ

(ဓာတ်ပုံ– ကောင်းညီဟန်/ဧရာဝတီ)ကယား ပြည်နယ်တွင် နေထိုင်ကြသည့် တိုင်းရင်းသား မျိုးနွယ်စုတချို့၏ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများ ပျောက်ကွယ်လု နီးပါး ရှိနေကြောင်း ယင်း တိုင်းရင်းသား မျိုးနွယ်စုများ က ပြောသည်။
ကယား ပြည်နယ်တွင် ကယား၊ ဇယိမ်း၊ ကယန်း (ပဒေါင်)၊ ဂေခို၊ ဂေဘား၊ ပရဲ (ကယော)၊ မနူးမနော်၊ ယင်းတလဲ၊ ယင်းဘော် စသည့် လူမျိုးစုများ နေထိုင်လျက်ရှိပြီး ကယား (ဒူးကြီး)၊ ကယန်း (ပဒေါင်)၊ ဂေခို၊ ဂေဘား တိုင်ရင်းသား မျိုးနွယ်စုတို့ ၏ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများ ပျောက်ကွယ်လုနီးပါး ဖြစ်နေကြောင်း သိရသည်။
“ပျောက်ကွယ်သွားမှာ စိုးရိမ် ရတယ်။ အစားထိုး စရာလည်း မရှိဘူး။ အလွယ်တကူ ၀ယ်လို့လည်း မရဘူး။ သူတို့ ၀တ်ထားတဲ့ ဟာတွေက သူတို့သေသွားရင် ထည့်ပေးလိုက်ရတာလေ။ မြို့နဲ့နီးတော့ ၀န်ကြီးက ၀တ်ခိုင်းတဲ့ အခါမှ ၀တ်တယ်”ဟု ကယန်းလူမျိုးများ ၀တ်ဆင်သည့် ကြေးကွင်းများနှင့် ပတ်သက်ပြီး လွိုင်ကော် မြို့နယ် အနီး ဆန်းဘွန်း ကျေးရွာမှ ကယန်း (ပဒေါင်) လူငယ် မူဟုန်းက ပြောသည်။
ကယန်း (ပဒေါင်) လူမျိုးများသည် ကယား ပြည်နယ် အတွင်း ဟိုဝမ်း၊ ဆောင်ဒူး၊ လိုပူး၊ ပန်ပက် ကျေးရွာများတွင် အများဆုံး နေ ထိုင်ကြပြီး လွိုင်ကော်မြို့နယ်အနီး ဆန်းဘွန်းကျေးရွာကိုမူ

ဈေးကွက် သေးတာကို ကျနော် မကြည့်ပါဘူး

HTC မိုဘိုင်းဖုန်း ကုမ္ပဏီ အမှုဆောင်အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (ဦးဝင်းသန်း)နှင့် တွေ့ဆုံခြင်း
ထိုင်ဝမ်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား တရုတ်လူမျိုးတဦး ပိုင်ဆိုင်သော HTC မိုဘိုင်းဖုန်း ကုမ္ပဏီက မြန်မာနိုင်ငံ
အတွက် HTC Smart Phone များ တရားဝင် ဖြန့်ချီခွင့်ကို KMD ကုမ္ပဏီ အုပ်စုအား ပေးအပ်လိုက်ပြီး ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် စတင် ဖြန့်ချီခဲ့သည်။
HTC သည် ကမ္ဘာပေါ်တွင် နာမည် ကျော်ကြားသော smart phone ကုမ္ပဏီ တခုဖြစ်ပြီး ကမ္ဘာ့ မိုဘိုင်းဖုန်းတွင်
မြန်မာစာ စနစ်ပါဝင်လာသော ဖုန်းမော်ဒယ်များကို ပထမဦးဆုံး အနေဖြင့် စတင် ဖြန့်ချီလာခြင်း ဖြစ်သည်။
HTC ၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ Mr. Peter Chou (မြန်မာအမည် ဦးဝင်းသန်း) နှင့် မဇ္ဈိမ ဂျာနယ် အပါအ၀င် မီဒီယာများ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပြီး ယင်းအင်တာဗျူးထဲမှ ပရိသတ်များ သိလိုသည်များကို မဇ္ဈိမ က
ဖော်ပြပေးထားသည်။
HTC မိုဘိုင်းဖုန်းနှင့် ပတ်သက်သည့် အကြောင်းအရာများ အပါအဝင် မြန်မာပြည်၏ မိုဘိုင်းဈေးကွက်ပေါ်တွင် အခြေအနေနှင့် ဆက်သွယ်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် အခြေအနေများကို HTC အမှုဆောင် အရာရှိချုပ်က
ဖြေကြားပေးထားခြင်းဖြစ်သည်။ (အချို့မေးခွန်းများကို HTC ဖြန့်ချိရေး KMD ကုမ္ပဏီ အုပ်စု၏ အထွေထွေ

စစ်ရေးနဲ့ မဖြေရှင်းနိုင်တဲ့ ကချင်ပဋိပက္ခ

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစု KIA နဲ့ မြန်မာအစိုးရ စစ်တပ်တို့အကြား လက်ရှိ ဖြစ်ပွါးနေတဲ့ ပဋိပက္ခကို စစ်ရေးနည်းလမ်းသက်သက်နဲ့သာ ဖြေရှင်းမဲ့သဘော အစိုးရဘက်က ပြသနေတယ်လို့ KIO အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ က ပြောဆိုပါတယ်။ ထိုးစစ်ကိုအရှိန်မြှင့် တိုက်ခိုက်နေတဲ့အတွက် တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်ကို ပြန်ကြားရခက်နေတယ်လို့လဲ ဆိုပါတယ်။ အသေးစိတ်ကို ဒေါက်တာလဂျာ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဦးကျော်ဇံသာ ။ ။ KIA KIO ခေါ် ကချင်တိုင်းရင်းသား လက်နက်ကိုင်အင်အားစုနှင့် မြန်မာစစ်အစိုးရတို့ဟာ အပစ်အခတ် ရပ်စဲရေးရယူခဲ့ကြတာ ၁၇နှစ် ကြာခဲ့ပြီးတဲ့နောက် တိုင်းရင်းသားတပ်ဖွဲ့တွေကို စစ်တပ်ရဲ့ လက်အောက်ခံ နယ်ကြားစောင့်တပ်ဖွဲ့အဖြစ် အပြောင်းအလဲ ဖွဲ့စည်းရေးလုပ်လာတဲ့အတွက် အခြေအနေ ပြန်လည်းတင်းမာသွားခဲ့ပါတယ်။ အဲဒီနောက် စစ်တပ်ဘက်က KIA နယ်မြေ အနီးတဝိုက်ဒေသအထိ အကြောင်းကြောင်းကြောင့် ဝင်ရောက်တပ်စွဲမှုတွေ လုပ်လာတဲ့အတွက် နောက်ဆုံးမှာ တိုက်ပွဲတွေ ပြန်လည်စတင် ဖြစ်ပွားခဲ့ပါတယ်။ ငြိမ်းချမ်းရေး၊ ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်နေပါတယ်ဆိုတာ ကြားနေရပေမယ့် အဖြေမထွက်ပဲ စစ်ရှိန်ပိုပိုမြှင့်လာခဲ့ပါတယ်။ တကယ်တော့ စစ်ရေးဆိုတာ နိုင်ငံရေးပြဿနာ မပြေလည်လို့ လက်နက်ကိုင် ဖြေရှင်းရတဲ့ တစ်နည်းပြောရင် နိုင်ငံရေးပြဿနာရဲ့နောက်ဆက်တွဲသာ ဖြစ်ပါတယ်။ ဆိုတော့ ဒီပြဿနာမှာကော နိုင်ငံရေးအားဖြင့် ပြေလည်မှုရမယ်ဆိုရင် ဒီစစ်ရေး ပြေလည်သွားနိုင်စရာ မရှိဘူးလား

GSM Sim Card များ ကျပ်ငါးသောင်းဖြင့် ရောင်းချပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့သော်လည်း

ဆက်သွယ်ရေးဝန်ကြီးအား Mobile Phone Sim Card များအား ကျပ်ငါးသောင်းဖြင့် လျှော့ချရောင်းပေးရန် နိုင်ငံတော်သမ္မတကြီးမှ ညွှန်ကြားခဲ့ရာ ဆက်သွယ်ရေးဝန်ကြီးမှ ရတနာပုံတယ်လီပို့စ် ရှယ်ယာရှင်များအား ဈေးနှုန်းလျှော့ချပေးနိုင်ရန် တင်ပြညှိနှိုင်းခဲ့သော်လည်း သဘောတူညီမှုမရရှိသဖြင့် ရှယ်ယာရှင်များ နောက်ဆုံးလျှော့ချပေးသော သဘောတူသော ဈေးနှုန်းဖြစ်သည့် GSM Sim Card အား ၈၀၀၀၀ကျပ်နှုန်း၊ WCDMA Sim Card အား ၁၂၀၀၀၀ကျပ်နှုန်းဖြင့် သာ နောက်ဆုံးသဘော တူညီမှုရရှိခဲ့ပါသည်။

ထို့ကြောင့် ရတနာပုံတယ်လီပို့စ် ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်း (ဆက်သွယ်ရေးဝန်ကြီး) မှ

ဆင်းရဲသားဘဏ် သို့မဟုတ် လက်ခံလျှင် ဘဝကိုပါ ပစ်တင်ရတော့မည့် အသက်ရှူသံများ

လှိုင်သာယာမြို့နယ် ၁၆ ကွေ့ မှတ်တိုင်အနီး  ”ရွှေရင်အေး (၂)” ပုဂ္ဂလိက လိုင်စင်ရငွေချေးလုပ်ငန်း ဆိုင်းဘုတ် တပ်ထားသော တိုက် အိမ်ထဲမှ ပြန်ထွက်လာသည့် ဒေါ်   အေးယဉ်ရဲ့ ခြေလှမ်းတွေက ခပ် သွက်သွက်။ ဝင်သွားကတည်းကပါသွားသောလက်ထဲက ကြွပ် ကြွပ်အိတ်ထုပ်က ပြန်ထွက်လာ တော့လည်း ပါလာသည်။”နွမ်းနေ လို့ လက်မခံဘူး။ ကျွန်မကလည်း တကယ်အရေးကြီး နေလို့ပါ။ အိမ်မှာပေါင်စရာ နှံစရာ တန်ဖိုးရှိပစ္စည်းကလည်း မရှိတော့ ရှိတဲ့ အင်္ကျီလေးတွေ လာပေါင်တာ” ဟု ပြောရင်း ထန်းတဖျားခန့် ရောက် နေပြီဖြစ်သောနေကို မော့ကြည့်သည်။အဖြူရောင်ပျောက်၍ သံချေး ရောင်ပေါက်နေသည့် အင်္ကျီနွမ်းနွမ်း လေးက သူမ၏ ရှိရင်းစွဲ အရွယ်ကို ပိုမို အိုမင်းနေစေသည်က အမှန်။ ၄ဝ စွန်းစွန်း အသက်အရွယ်နှင့် မျက်နှာပေါ်တွင်သိသိသာသာ မြင် နေရသော အရေးအကြောင်းများ က လောကဓံအထုအထောင်းနှင့် မည်မျှရင်းနှီး ကျွမ်းဝင်နေခဲ့ရသည် ကို မှန်းဆမိနိုင်စေသည်။ မွေးက တည်းက မိဘမဲ့ဘဝဖြင့် ကြီးပြင်းခဲ့ ရပြီးပညာသင်ကြားခွင့်လည်း မရခဲ့ ဟု ဆိုသည့် သူမအလုပ်က ရပ် ကွက်တွင်းအိမ်တကာလှည့် အဝတ် လျှော်ခြင်းသာ။ ”အလုပ်က ဘယ်လောက် လုပ်လုပ် ဘယ်တော့မှ လောက်င တယ်မရှိဘူး။ ဘယ်လောက်အလုပ် များလဲဆိုရင် သမီးမွေးနေ့တောင် မေ့နေတယ်။ သမီးက ဒီမနက်ကျ မှသူ့မွေးနေ့၊ကျောင်းက သူ့ဆရာမ ကို မုန့်နဲ့ကန်တော့ချင်လို့ ပိုက်ဆံ တောင်းမှသတိရတယ်။ လက်ထဲမှာ ပိုက် ဆံကလည်း အပိုကို မရှိတာ” ဟုအနည်းငယ်ရှက်ရွံ့ဟန်ဖြင့် ပြော နေသော သူမမျက်နှာတွင် မေတ္တာ အရောင်ကိုတွေ့နေရသည်။ ဟင်္သာ တ ဇာတိဖြစ်သော သူမသည် အသက် ၁၈ နှစ်အရွယ်တွင် ရန် ကုန်သား ပန်းရံသမားတစ်ဦးနှင့်အကြောင်းပါကာ မဟာရန်ကုန်မြို့ သို့ ရောက်ရှိခြေချခဲ့ရသည်။ သို့ရာ တွင် အိမ်ထောင်သက် ၁၆ နှစ် အရောက်တွင် လုပ်ငန်းခွင် မတော် တဆဖြစ်၍ ဆုံးပါးခဲ့ရသော ခင်ပွန်း ဖြစ်သူထားခဲ့နိုင်သည်က သမီးတစ် ယောက်သာ။ တတ်စွမ်းသလောက် ထမ်းနေသော်လည်း
မကျေနိုင်သေး သည့် မိခင်တာဝန် ဝတ္တရားအတွက် လည်း ရှက်ရွံ့ဟန်ရှိသည်။
 ”အခုအိမ်ပြန်ပြီး စားအိုး စားခွက်တွေ ပြန်ယူပြီး နောက် ထပ် သွားပေါင်ရဦးမယ်။ သမီးက သိတတ်တယ်။ တော်ရုံ တောင်းတာ မဟုတ်ဘူး။ သူ့ဆရာမကို ချစ်လွန်း လို့ေ တာင်းတာ”ဟုပြောရင်း ထွက် သွားသော သူမ၏အလောသုံးဆယ် ခြေလှမ်းများက ”အမေ့မေတ္တာကို အပြည့်ဖော်ကျူးနိုင်သည့် စည်း ချက်များ”ဟု တင်စားသင့်သော် လည်း ”မေတ္တာတရား သက်သက် နှင့်ကိစ္စ မပြီးသော ကမ္ဘာပင် မဟုတ်လော။သူမ လိုအပ်မည့် ငွေပမာဏ သည် ၁၉ လမ်းမှ ဘီယာတစ် ဝိုင်းစာပင် မရှိ။ ကွင်းစတားမှ ပန်းကုံးတစ်ကုံးစာပင် မရှိ။ သို့ သော်ထိုမရှိခြင်းက သူမတို့လို ဘဝ များစွာအတွက်တော့ နေ့စဉ်ပိနေ သည့်တောင်။ ထိုသို့သော အခြေ အနေများကြောင့် ဆင်ခြေဖုံးရပ်
ကွက်များတွင် အပေါင်ပစ္စည်း မပါဘဲ ငွေချေးသော ငွေတိုး လုပ် ငန်းများက အစီစီအရီရီ။ သို့ရာတွင် များပြားသော အတိုးနှုန်း၊ ငွေတိုး ထုတ်ပေးမည့်သူနှင့် ရင်းနှီးခင်မင်မှ