ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး"

'ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီးပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။
ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ

ပြည်ပနိုင်ငံ(၂၀၀)ကျော်နှင့် ချိတ်ဆက် ငွေလွှဲနိုင်တော့မည်

 နိုင်ငံတကာရှိ နိုင်ငံပေါင်း ၂၀၀ ကျော်၌
 ငွေကြေးလွှဲပြောင်းဝန်ဆောင်မှုများ လုပ်
ကိုင်နေသည့် Western Union သည် မြန်
မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့်
 Myanmar Oriental Bank (မြန်မာအရှေ့ 
တိုင်းဘဏ်)နှင့် ပူးပေါင်း၍ ငွေလွှဲခြင်းဆိုင်ရာ
ဝန်ဆောင်မှုလုပ်ငန်းများ စတင်တော့မည် ဖြစ်သည်။

 ကနဦးသဘောတူညီချက်အနေဖြင့် စက်တင်ဘာလ (၁၁) ရက်နေ့၌ သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြပြီး နောက် လုပ်ငန်းများကို စက်တင်ဘာလကုန်ပိုင်းက စတင်ကာ ပြည်ပမှ မြန်မာနိုင်ငံသို့ လွှဲငွေများကိုသာ လက်ခံဆောင်ရွက်နိုင်ကြောင်း သိရှိရသည်။
 
 `ကျွန်နော်တို့တွေ အခုလို မြန်မာနိုင်ငံနဲ့ ဒီလို လက်တွဲလုပ်ကိုင်ခွင့်ရတဲ့အတွက် အရမ်းဝမ်းသာ ပါတယ်။ ဒီလိုပူးပေါင်းခြင်း ဟာ နှစ်ဖက်နိုင်ငံရပ်ခြားရောက်နေတဲ့ နိုင်ငံသားတွေအချင်းချင်း ငွေလွှဲ ပြောင်းမှု အဆင်ပြေလာမှာပါ။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကို လွယ်ကူစွာ ဆက်သွယ်နိုင်ပြီး  မြန်မာနိုင်ငံလူမျိုးတွေနဲ့ ငွေကြေး ၁၀၀ ရာခိုင်နှုန်း ငွေကြေးလွှဲပြောင်းမှု တွေ လုပ်ချင်ပါတယ်´ ဟု Western Union Asia Pacific မှ Managing and senior vice-

ရခိုင်ပြည်နယ်မှ ရဟန်းတော်တပါး သီရိလင်္ကာနိုင်ငံတွင် ပါရဂူဘွဲ့ ရရှိ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့မှ
ရဟန်းတော် တပါးဖြစ်သော အသျှင်
ဉာဏုတ္တရသည် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို ကေလဏိယတက္ကသိုလ်မှ

ပါရဂူဘွဲ့ ကို ရရှိခဲ့သည်ဟု သတင်း  ရရှိသည်။


အဆိုပါ ပါရဂူဘွဲ့အား ၂၀၁၂-ခုနှစ် အောက်တိုဘာလ (၁၀) ရက်နေ့ က ရရှိခဲ့သည်။

အသျှင်ဉာဏုတ္တရသည် ၂၀၀၆-ခုနှစ်မှ စတင်ပြီး သီရိလင်္ကာနိုင်ငံသို့ သွားရောက်ကာ ဗုဒ္ဓစာပေများကို လေ့လာသင်ယူခဲ့  ရာ သီရိလင်္ကာနိုင်ငံ၊ ကေလဏိယတက္ကသိုလ် (University of KELANIYA)၏ ဘွဲ့လွန် ပါဠိနှင့် ဗုဒ္ဓဘာသာပညာသင် ကျောင်းမှ ဘွဲ့လွန်ဒီပလိုမာ (PG Dip.) (ဗုဒ္ဓဘာသာပညာ)၊ မဟာဝိဇ္ဇာ (M.A.) (ဗုဒ္ဓဘာသာပညာ)၊ အင်္ဂလိပ်စာမှ ဗုဒ္ဓဘာသာ (Certified English through Buddhism) အောင်လက်မှတ် တို့ကိုရရှိပြီး၊ ၄င်းတက္ကသိုလ်တွင်ပင် မဟာဒဿနိကဗေဒဘွဲ့ (M.Phil.) – (ဗုဒ္ဓဘာသာ ပညာ) ကို တစ်နှစ်တာ သုတေသနပြုခဲ့ပြီး အရည်အချင်းပြည့်မှီခဲ့၍ ပါရဂူဘွဲ့ (Ph.D.) အတွက် ၃ နှစ်တိုင်တိုင် သုတေသနပြုနေခဲ့ပြီး ယင်းဘွဲ့အတွက်

Miss Myanmar နန်းခင်ဇေယျာ ရဲ့ မေတ္တာရပ်ခံချက်

အခုဆိုရင် ညီမကို အစဉ်တစ်စိုက်စောင့်ရှောက်အားပေးပြီး vote လုပ်ပေးနေတဲ့ ညီမကိုပံ့ပိုးသူ ပရိတ်သတ်များဟာ လုံးဝ မမျှော်လင့်ထားအောင် များပြားလာပါတယ်။ ညီမကိုယ်တိုင်တောင်မှ ညီမကို ပံ့ပိုးအားပေးမည့် Supporter အင်အား ဒီလောက်ရလာမယ်လို့ မမျှော်လင့်ရဲခဲ့ပါဘူး။
အဲ့ဒီအတွက် ညီမအပေါ်မှာထားရှိကြတဲ့ အားလုံးရဲ့ပံ့ပိုးမှု နဲ့ မျှော်လင့်ချက်တွေအတွက် မဖော်ပြတတ်လောက်အောင် ကျေး ဇူးတင်ရှိသလို၊ အခုလို ညီမ ရေခြားမြေခြားမှာ ယှဉ်ပြိုင်နေချိန်မှာ ညီမတို့မြန်မာနိုင်ငံသားအားလုံးရဲ့ ကိုယ့်နိုင်ငံသားအခြင်းခြင်း စောင့်ရှောက်ကူညီမှု၊ အားပေးမှုနဲ့ ညီမအပေါ်မှာ နွေးထွေးမှုတွေရရှိတာကိုလည်း ဘယ်တော့မှ မေ့လို့ရမှာ မဟုတ်ပါဘူး။
ဒီနေ့မနက် အိပ်ရာနိုးတဲ့ အချိန်မှာ ညီမရဲ့ Vote အရည်အတွက်ကို ၀င်ကြည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်လင့်ထားတဲ့ အရည်အတွက်ကို ရရှိထားတဲ့ အတွက် မဖော်ပြတတ်အောင်ကို ၀မ်းသာဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံသားတွေရဲ့ ကိုယ့်လူမျိုးကိုယ်ချစ်တဲ့စိတ်နဲ့ အအိပ်ပျက်၊ အစားပျက်၊ အလုပ်ပျက်ခံပြီး ကိုယ့်နိုင်ငံသူတစ်ယောက်နိုင်ဖို့ အတွက် အင်တိုက်အားတိုက်ပံ့ပိုး အားပေးတတ်တဲ့စိတ်တွေကိုလည်း နိုင်ငံခြားသူ/နိုင်ငံခြားသား တွေကြားမှာ ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောပြလေ့ရှိပါတယ်။

ဒါပေမယ့် ဒီနေ့မှာ ညီမရဲ့ သူငယ်ချင်း နိုင်ငံခြားသူတစ်ချို့က ညီမကို စေတနာသက်သက်နဲ့ သတိပေးစကားပြောလာပါတယ်။ အဲ့ဒါကတော့ ညီမရဲ့ Facebook Account Wall မှာ သူတို့တွေ့လိုက်ရတဲ့ Auto Refreshing Software အကြောင်းပါ။ ညီမက ကွန်ပျူတာအကြောင်းလည်း

ရွှေFM သုံးနှစ်ပြည့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရွှေ FM ၏ သုံးနှစ်ပြည့် အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်း အနားကို အောက်တိုဘာလ ၆ ရက်နေ့ ည ၆ နာရီခွဲအချိန်က အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ အခမ်းအနားဖျော်ဖြေမှု အစီအစဉ်တွင် ဇော်ဝင်းထွဋ်၊ လင်းလင်း နှင့် အမျိုးသမီးအဆိုတော်များ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနား အစီအစဉ် အရ ထူးခြားစွာချီးမြှင့်သော အကောင်း ဆုံး စုံတွဲတေးရေးသားသူဆုကို ဟင်္သာတထွန်းရင်က မိသားစု ကန်တော့ပွဲသီချင်းဖြင့် ရရှိခဲ့သည်။ တစ်နှစ်တာ အတွင်း ပရိသတ်သီချင်း  အတောင်းအများဆုံး တေးသံရှင်အမျိုးသားနှင့် အမျိုးသမီးဆုကို ဆိုတေးနှင့် အေသင်ချိုဆွေတို့က ရရှိခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့် ဂီတမှာပါအောင်မြင်သော အနုပညာရှင် အမျိုးသားဆုကို ရန်အောင်၊ အမျိုးသမီးဆုကို ဝိုင်းစုခိုင်သိန်းတို့က ရရှိခဲ့သည်။ တစ်နှစ်တာအတွက် ရွှေFM ၏ အအောင်မြင်ဆုံး တေးသီချင်းဆုကို ”အလွမ်းပြေ အနမ်း” သီချင်းဖြင့် ဘန်နီဖြိုးက ရရှိခဲ့ပြီး ယခုနှစ်မှ

စစ်တွေ အုပ်စုချင်း တင်းမာမှု ပစ်ခတ်လူစုခွဲ

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ရခိုင်အမျိုးသားတွေနဲ့ ဘင်္ဂလီ အစ္စလာမ် ဘာသာဝင်တွေကြား အောက်တိုဘာလ ၁၂ရက်နေ့ည ၇နာရီအချိန်လောက်ကစပြီးတော့ တင်းမာမှုတွေဖြစ်ခဲ့ပါတယ်။ တဖြေးဖြေးနဲ့ လူအုပ်ဟာ ထောင်နဲ့ချီလာတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်တာ သေနတ်တွေ မိုးပေါ်ထောင်ဖောက်တာတွေ အထိဖြစ်ပွားခဲ့ရပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
အောက်တိုဘာလ ၁၂ရက်နေ့ မနက်ပိုင်းကတော့ ဒေသခံရခိုင်လူမျိုးတွေ၊
ဟိန္နူလူမျိုးတွေက OIC ရုံးကို လက်မခံနိုင်ကြောင်းနဲ့ ဘင်္ဂလားဒေရှ့်မှာ
ဗုဒ္ဓဘာသာဝင်တွေကို အကြမ်းဖက်နေတာတွေရပ်ဖို့တောင်းဆိုခဲ့ကြပြီး ဘင်္ဂလားဒေရှ့်ကောင်စစ်ဝန်ရုံးကို စာပေးပို့ခဲ့ပါတယ်။
ဒီ့နောက်မှာတော့ စစ်တွေမြို့က ဘင်္ဂလီဒုက္ခသည်စခန်း ၂ခုကနေ စတင်ပြီး
မငြိမ်မသက်ဖြစ်ရာကနေ စစ်တွေမြို့က ဘင်္ဂလီ အစ္စလာမ်ဘာသာဝင်တွေ အများဆုံး နေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ လူစုလူဝေးနဲ့စတင်ခဲ့တာပါ။  ဒီ့နောက်

ခရီးသွားဝင်ရောက်မှုစာရင်း၌ တရုတ်လူမျိုးဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ

မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ လာရောက်ရာတွင် အဓိက၀င်ပေါက်ဖြစ်သော ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခရီးသွားဝင်ရောက်မှု၌ တရုတ်လူမျိုးခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်ခရီးသွားများက ဒုတိယနေရာသို့ ရောက်ရှိ လာကြောင်း သတင်းရရှိပါသည်။
၂၀၁၂ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလကုန်ပိုင်းအထိ ရန်ကုန်ဝင်ပေါက်မှ ခရီးသွားဝင်ရောက်မှုတွင် ထိုင်းလူမျိုးခရီးသွားဦးရေသည် နှစ်စဉ်ကဲ့သို့ပင် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ယခင် ဒုတိယနေရာတွင် ရပ်တည်လေ့ရှိသော တရုတ်လူ မျိုး ခရီးသွားဦးရေကို ကျော်လွန်ကာ ဂျပန်လူမျိုးခရီးသွားဝင်ရောက်မှုက ဒုတိယနေရာသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။
''ဂျပန်ခရီးသွားတက်လာတာက tourist  နဲ့ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားဆိုပြီးရှိတဲ့နေရာမှာ စီးပွားရေးကိစ္စနဲ့လာတဲ့ ခရီးသွားကပိုများတယ်။ ဘာကြောင့်လဲဆိုတော့ ODA(Official Development Assistance) ကို ဖွင့်လိုက်တော့ ဒီလို တက်လာတာပေါ့။INGO တွေ၊ ကုမ္ပဏီတွေက အဖွဲ့တွေက ဘာတွေလုပ်လို့ရနိုင်မလဲဆိုပြီး လာကြည့်ကြတာများပါတယ်''ဟု Nature Lovers ခရီးသွားကုမ္ပဏီမှ

မီးရထားပေါ်မှ စွန့်စွန့်စားစားဈေးသည်များဘဝ

အထက်ပိုင်းမြန်မာပြည် မန္တလေး-မြစ်ကြီးနား မီးရထားလမ်း ပိုင်း၊အောက်ပိုင်းမြန်မာပြည် မန္တလေး-ရန်ကုန် မီးရထားလမ်းပိုင်း များတွင်သာမက မြန်မာပြည်ဒေသ  အသီးသီးရှိ မီးရထားလမ်းပိုင်းများ ရှိ အစုန်အဆန်ကူးလူးသွားလာ  နေကြသော မီးရထားများပေါ် တွင် ပုံစံမျိုးစုံသော ဈေးသည်များ  က သက်ဆိုင်ရာကို ပုံစံမျိုးစုံဖြင့် ပေးကမ်းချဉ်းကပ်၍ ဈေးရောင်း  နေကြရကြောင်းသိရသည်။
ရန်ကုန်-မန္တလေးလမ်းပိုင်း တွင် ဆေးလိပ်၊ကွမ်းယာမီအစ ရေသန့်ဗူး၊မုန့်မျိုးစုံ၊ကြက်ဥပြုတ်၊  ဘဲဥပြုတ်၊ပြောင်းဖူးပြုတ်ထိ သယ် ဆောင်ရောင်းချကြပြီး ခရီးသွား များလိုအပ်မည်ထင်သော ပစ္စည်း မျိုးစုံကို ရောင်းချတတ်ကြသည်။  တစ်ဦးလျှင် ရင်းနှီးမတည်ငွေ ကျပ်နှစ်သောင်းမှ သုံးလေးသောင်း     ထိရှိသည်ကို တွေ့နိုင်သည်။
ထို့နောက် အသွား/အပြန်  ရထားက တစ်စီးထဲဖြစ်၍ အစု အဖွဲ့အလိုက် အသွား/အပြန်လုံ   ခြုံရေးတာဝန်ကျရဲတပ်ဖွဲ့အတွက်   ၅၀၀၀ကျပ်၊လက်မှတ်စစ်အဖွဲ့ အတွက် ၅၀၀၀ကျပ်ပေးဆောင်ရ  ကြောင်းသိရသည်။အဆန်၅အထူး    ရထားဖြင့် ရန်ကုန်-မန္တလေးခရီး စဉ်တွင်

အိုအိုင်စီရုံး နဲ့ ဘင်္ဂလားဒေ့ရှ် အရေး မန်းသံဃာများ ဆန္ဒထုတ်ဖော်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင် ပန်းဝါခေါ် ရာမူးမြို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ မီးရှို့ဖျက်ဆီးခံရတဲ့ ကိစ္စ၊ မြန်မာနိုင်ငံမှာ အိုအိုင်စီရုံးခန်း ဖွင့်မယ့်ကိစ္စတွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ သံဃာတော် အပါး (၁၀၀၀) ကျော်ဟာ မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် အတွင်းမှာ  နေ့လည်ပိုင်းက လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။  စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ရာမှာ သံဃာတော်တွေဟာ ၂၀၀ရ ရွှေဝါရောင် တော်လှန်ရေးတုန်းက ရွတ်ဆိုခဲ့ကြသလိုမျိုး မေတ္တာပို့ ဆုတောင်းစာတွေကို  ရွတ်ဆိုခဲ့ကြပါတယ်။
အဲဒီလို ဆန္ဒဖော်ထုတ်ခဲ့ကြရာမှာ  မြ၀တီမင်းကြီးကျောင်းတိုက် ဆရာတော် ဦးဝိရိယဘိဝံသ နဲ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယ ဘုန်းတော်ကြီးကျောင်း နာယက ဆရာတော် ဦးဝီရသူ တို့က သြ၀ါဒ စကားတွေ မိန့်ကြားခဲ့ပါတယ်။
ဒီလိုဆန္ဒဖော်ထုတ်ရတာနဲ့ပတ်သက်ပြီး ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်တဲ့ မြ၀တီကျောင်း ဆရာတော် ဦးဝိရိယဘိဝံသက RFA ကို အခုလို

ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတာဟာ နိုင်ငံတကာက ပေးတဲ့ ဆုတွေ လိုချင်လို့မဟုတ်ပါဘူး

ယနေ့ညနေပိုင်းတွင် ကြေညာခဲ့သော ငြိမ်းချမ်းရေးနိုဘယ်ဆု နှင့် ပတ်သက်ပြီး သမ္မတရုံး တာဝန်ရှိသူ ဦးဇော်ဌေး က The Voice Weekly သို့ အောက်ပါအတိုင်းမှတ်ချက်ပြု ပြောကြားသည်။
"နိုဗယ်ကြေညာတဲ့ ကိစ္စကို သမ္မတ မသိပါဘူး။ သမ္မတက ၀န်ကြီးတွေ အစည်းအဝေးခန်း ထဲရောက်နေ ပါတယ်။
ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်ဖို့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်နေတာဟာ အဖွဲ့အစည်းတွေ   နိုင်ငံတကာက ပေးတဲ့ ဆုတွေ လိုချင်လို့မဟုတ်ပါဘူး။ ပြည်သူဘ၀ တိုးတက်ပြီး ဒီ လမ်းကြောင်း   ပေါ်ရောက်စေချင်တဲ့အတွက် ကြိုးစားလုပ်ဆောင်နေတာပါ။

ယခင် အစိုးရ လက်ထက် ၀န်ကြီးချုပ် ဘ၀နဲ့ တာဝန်ထမ်းဆောင်စဉ်က နိုင်ငံတကာ တက္ကသိုလ်အချို့က ဆုတံဆိပ် ချီးမြင့်ဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမယ့် လက်မခံခဲ့ပါဘူး။

သမ္မတကြီးရဲ့ စိတ်ဆန္ဒကတော့ ရိုးရိုးပဲနေချင်တယ် ထင်ပေါ်ကျော်ကြားတာကို မလိုချင်ပါဘူး။ Short List

နိုင်ငံရေး ကမောက်ကမ ဖြစ်စေရန် တိုက်ခိုက်ကြခြင်းဟု ကမ္ဘောဇဘဏ် ဥက္ကဌဆို

မြန်မာနိုင်ငံတွင် ဘဏ်ခွဲ အများဆုံး ဖွင့်လှစ်ထားသော ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း ကို ခေါ်ယူ စစ်ဆေးနေသည် ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ရက်ပိုင်း အတွင်း ငွေကြေးများ ပြန်လည် ထုတ်ယူနေ ကြသည်ဟု ကောလဟာလများ ထွက်ပေါ်ခြင်းမှာ နိုင်ငံရေး ကမောက် ကမ ဖြစ်စေ ရန် တိုက်ခိုက်ခြင်းသာ ဖြစ်ကြောင်း ဦးအောင်ကိုဝင်း က ယနေ့ မီဒီယာ များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

" ကောလဟာလ ဖြန့်လိုက်ရင် ငွေကြေး ကမောက်ကမ ဖြစ်မယ်။ အဲဒီလို ဖြစ်ရင် နိုင်ငံရေး က မောက်ကမ ဖြစ်မယ်။ ဒါကြောင့် တစ်စုံ တစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်း တစ်ခုက တိုက်ခိုက် တယ်လို့ မြင်ပါတယ်" ဟု ၄င်းက ဆိုသည်။ ၄င်းအနေဖြင့် High Profile နေခြင်း ကြောင့် ပြဿနာ များသည့် အတွက် Low Profile နေ ကြောင်း ယခု ကောလဟာလ ထွက်ခြင်းမှာ Low Profile နေခြင်းနှင့်

ဗုဒ္ဓဂယာကို ဗုံးခွဲမယ်ဆိုတဲ့သူ ၃ ဦး ဖမ်းမိ

 အိန္ဒိယနိုင်ငံ ဘီဟားပြည်နယ် ဂယာမြို့က မဟာဗောဓိ စေတီတော်အပါအ၀င် အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီနဲ့ မွန်ဘိုင်းမြို့တွေမှာ ဖောက်ခွဲရေးတွေလုပ်ဖို့ ကြံစည်နေတဲ့ အိန္ဒိယ မူဂျာဟစ်ဒင်အဖွဲ့ဝင် ၃ ယောက်ကို ဖော်ထုတ် ဖမ်းဆီးလိုက်တယ်လို့ ဒေလီရဲပြောပါတယ်။
မကြာခင် ရောက်လာတော့မယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေ၀ါလီပွဲတော်အတွင်း မြို့တော် နယူးဒေလီရဲ့ အထင်ကရနေရာ၊ ဘာသာရေး အဆောက်အဦတွေ၊ လူစည်ကားမယ့်နေရာတွေမှာ ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း၊ နိုင်ငံတကာက ဗုဒ္ဓဘာသာဝင် ဘုရားဖူးတွေ အများစု လာကြတဲ့ ဗုဒ္ဓပွင့်တော်မူခဲ့တဲ့ ဂယာက မဟာဗောဓိ စေတီတော် ပရ၀ုဏ်အတွင်း အပါအ၀င် တခြား သာသနိက အဆောက်အဦနေရာတွေမှာလည်း ဖောက်ခွဲရေးတွေ လုပ်ဖို့ စီစဉ်ထားတဲ့အကြောင်းကို တရားခံ ၃ ယောက်က ဖြောင့်ချက်ပေး ၀န်ခံခဲ့တယ်လို့ မနေ့ညနေက လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေလီရဲမှူးက ပြောပါတယ်။ 

ဘီဟားပြည်နယ်ရဲတပ်ဖွဲ့ကို ဒီကိစ္စ အကြောင်းကြားထားပြီး ဂယာက မဟာဗောဓိ စေတီတော်ဝင်းအတွင်းမှာ လုံခြုံရေးအထူးချထားကြောင်း၊ အခု ဖမ်းမိထားတဲ့ တရားခံတွေနဲ့ ဆက်စပ်နေတဲ့ အကြမ်းဖက်သမားတွေကိုလည်း ဆက်လက်ရှာဖွေ ဖော်ထုတ်နေတယ်လို့

မင်းသား၇ယောက်နဲ့ မင်းသမီး၇ ယောက်ပါဝင်မယ့် ရုပ်ရှင် ဇာတ်ကားကြီးရုပ်ရှင်အစည်းအရုံးကရိုက်ကူး မှာဖြစ်ကြောင်း လူမင်းပြော

လူမင်းက ‘စံချိန်သစ်’ ဆိုတဲ့ ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူတွဲ ရိုက်ကူးနေပြီး မြင့်မြတ်နဲ့ ပထမဆုံးတွဲဖက် ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လူမင်း နဲ့မြင့် မြတ် တို့က စိတ်ချင်းပြောင်းသွားပြီး သူ့အိုက်တင်၊ကိုယ့် အိုက်တင်ပြောင်း လုပ်ရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ကိုယ်မပါတဲ့ ဇာတ်ဝင်ခန်း ရိုက်လည်း မလာဘဲနေလို့ မရဘဲ သူ့အိုက်တင်တွေ လိုက် ကြည့်ရတယ် လို့ဆိုတဲ့လူမင်းက.. ”မြင့်မြတ်ဇာတ်ကားတွေ ပြန်ကြည့် တယ်။ သူဘယ်လို အိုက်တင်တွေ လုပ်လေ့ ရှိလဲပေါ့။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဒီ ဇာတ်လမ်းအရ အိုက်တင် ခွဲပေးထား တာရှိ တယ်။ ဇာတ်ကားတွေကိုတော့ အမြဲကြည့် ဖြစ်နေတာပါပဲ။ တီးမိခေါက်မိရှိပေမယ့် ဒီလိုရိုက်မယ်ဆိုတော့ တစ်ခါပြန်ပြီး သေချာ အောင်ကြည့်ရ တယ်”လို့ ပြောပြပါတယ်။
ရုပ်ရှင် အစည်းအရုံးကနေ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်ကြမယ့် အတွက် အနု ပညာရှင်တွေနဲ့ အောက်တိုဘာလ ၃ရက်နေ့ ကရုပ်ရှင် အစည်း အရုံးမှာ တွေ့ဖြစ် ကြတယ်

လန်ဒန်မှာ ရဟန်းတော်တွေ ဘင်္ဂလာက ဗုဒ္ဓဘာသာ အရေးအတွက် ဆန္ဒပြ

လန်ဒန်မှာ ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေနဲ့ ရာဂဏန်းခန့်ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ မနေ့က (အောက်တိုဘာ ၁၁ ရက်) လန်ဒန်မြို့
ပါလီမန် စကွဲလ် (Parliament Square) ရှေ့မှာ ဘင်္ဂလာဒေခ်ျ့က ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြပွဲ တစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။


အဲဒီ ဆန္ဒပြပွဲကို Bangladesh Buddhist Association UK – British Sri Lanka Forum တို့နဲ့ မြန်မာ ဗုဒ္ဓဘာ သာ ဘုန်းတော်ကြီးတွေ၊  ယူကေနိုင်ငံရောက် နိုင်ငံတကာ ဗုဒ္ဓဘာသာဝင်တွေကနေ စုပေါင်းပြုလုပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ၊ ထိုင်း၊ ဘင်္ဂလာဒေခ်ျ့၊ သီရိလင်္ကာ စတဲ့ နိုင်ငံတွေက ရဟန်းတော် ၂၃ ပါး ကြွရောက် ချီးမြှင်ြ့ပီး လူကတော့ ၁၅၀ နဲ့ ၂၀၀ အကြားမှာ ရှိလိမ့်မယ်လို့ ဆန္ဒပြပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ တစ်ဦးက ပြောပါတယ်။

တက်ရောက်လာကြသူတွေအထဲမှာ ဗြိတိန် အထက်လွှတ်တော်က  Lord Averic ဆိုတဲ့ ပုဂ္ဂိုလ်

Miss Internet ဆု ရဖွယ်ရှိတဲ့ နန်းခင်ဇေယျာ

ဂျပန်နိုင်ငံ အိုကီနာဝါကျွန်း နိုင်ငံတကာမယ်ပြိုင်ပွဲကြီးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့  Miss Internet ဆုအတွက် အွန်လိုင်းမှာ မဲပေးနေတာ နန်းခင်ဇေယျာက မဲအများဆုံး ရနေပါပြီ။

Miss Internet ဆုအတွက် ပြိုင်ပွဲကော်မတီရဲ့ flickr  စာမျက်နှာမှာ မဲပေးနေကြတာပါ။


နန်းခင်ဇေယျာကို မဲပေးပုံ


၁။ နန်းခင်ဇေယျာရဲ့ ပုံအထက်မှာ Favourite ဆိုတာကို ကလစ်ပါ။
 flickr မှာ ကိုယ့်အကောင့် ရှိတယ်၊ sign in ထားတယ် ဆိုရင် သူ့ကို မဲပေးမှု ပြီးပါပြီ။
၂။ အကောင့် မရှိသေးဘူး ဆိုရင်တော့ ကလစ်လိုက်တာနဲ့ Facebook သို့မဟုတ် Gmail တို့ကတဆင့် ၀င်ရမယ့် စာမျက်နှာတခု ပေါ်လာပါမယ်။
Gmail ကနေ ၀င်မယ် ဆိုရင် login name, password တို့ကို ထုံးစံအတိုင်း ဖြည့်ရပါတယ်။ ဒါ့အပြင် 

မြန်မာ့ရုပ်ရှင်နေ့မှာ နိုင်ငံရေး သူရဲကောင်းဆု ပါ ပေးအပ်မယ်

လာမယ့် အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် မြန်မာ့ ရုပ်ရှင်နေ့ အခမ်းအနားမှာ ထူးထူးခြား
ခြား ဆု တွေ ချီးမြှင့်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

နိုင်ငံရေး ဆောင်ရွက်မှုတွေမှာ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြတဲ့ အနုပညာရှင်များကို ရုပ်ရှင် သူရဲကောင်း ဆု တွေ ချီးမြှင့်ဖို့ ရှိတယ်လို့ နိုင်ငံပိုင် ရုပ်မြင်သံကြားကလည်း ကြေညာသွားခဲ့ပါတယ်။ 

 ရုပ်ရှင်လောကသားတွေထဲက ထောင်ကျခံပြီး နိုင်ငံရေး လုပ်တဲ့သူတွေအတွက် ဂုဏ်ယူနေတဲ့ အစည်းအရုံး ဥက္ကဌ စကားအရ ဇာဂနာကတော့ ဒီဆုအတွက် ကျိန်းသေနေပြီလို့ ပြောဆိုနေကြပါတယ်။ 

အဲဒီထဲမှာတော့ လူရွှင်တော် ဇာဂနာ၊ နာရေး ကူညီမှုအသင်း( ရန်ကုန်)က ဦးကျော်သူ၊ သရုပ်ဆောင် ရဲတိုက်တို့ဟာ ဆုရ နိုင်ခြေများတယ်ဆိုတဲ့ ခန့်မှန်းမှုတွေလည်း ရှိပါတယ်။

ပြည်သူရင်ပြင်၌ ရှေးဟောင်းအမြောက်ကြီး တူးဖော်တွေ့ရှိ(သတင်း/ဓာတ်ပုံ)

ပြည်သူရင်ပြင်၌ အဆောက်အဦးဆောက်လုပ်ရန်အတွက
                                            တွင်းတူးစဥ်မြေဆယ်ပေအနက် အရောက်တွင် ရှေးဟောင်းအမြောက်
ကြီးတူးဖော်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းအမြောက်ကြီးမှာ အရှည် ၁၃ ပေ ၁ လက်မ၊လုံးပတ် ၁၀ ပေ ၃ လက်မ ပြောင်းအချင်း ၁၈ လက်မ ၊ ကျဉ်ထွက်ပေါက် ၉ လက်မ ရှိကြောင်းသိရသည်။
ထိုအမြောက်ကြီးကို မြေတူးစက် ၂စီးဖြင့် မြေပေါ်သို့ လှိမ့်တင်ခဲ့ရပြီး မည်သည့်ခေတ်က အမြောက်ဖြစ်ကြောင်းကို ရှေးဟောင်းသုတေသနဦးစီးဌာန မှစုံစမ်းစစ်ဆေးသွားမည်ဟု

ရွေတိဂုံ ဘုရား မဖူးလိုက်ရဘဲ ကွယ်လွန်သွားတဲ့ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်ပြီး ရဲဘော်သုံးကျိပ်ဝင်နှင့် ဗမာပြည်ကွန်မြူနစ် ပါတီ၏ ခေါင်းဆောင် တစ်ဦး ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် အောက်တိုဘာလ ၁၀ ရက်နေ့ နံနက် ၃ နာရီ မိနစ် ၃၀ အချိန်ခန့်က တရုတ်နိုင်ငံ ကူမင်းမြို့ရှိ ဆေးရုံကြီး၌ ကွယ်လွန်သွားကြောင်း သတင်း ရရှိပါသည်။

ကွယ်လွန်ချိန်တွင် အသက် ၉၃ နှစ်အရွယ် ရှိပြီဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော်သည် စက်တင်ဘာလအတွင်းကပင် ကူမင်းမြို့ရှိ ဆေးရုံကြီး၌ အရေးပေါ် ဆေးကုသမှု ခံယူနေရသူ ဖြစ်ကာ မကွယ်လွန်မီ နောက်ဆုံးအချိန်က မြန်မာနိုင်ငံသို့ လာရောက်ပြီး ရွှေတိဂုံဘုရား ဖူးမျှော်ရန် ဆန္ဒရှိနေခဲ့သူ ဖြစ်ပါသည်။

၁၉၁၈ခုနှစ်ဖွား တစ်ဦးဖြစ်သော ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောသည် ပဲခူးတိုင်း၊ သာယာဝတီခရိုင်

စစ်တွေမြို့တွင် အမျိုးသမီး ၄၀၀၀ ကျော်OIC အလိုမရှိကြောင်း မိုးရေထဲတွင် ဆန္ဒပြတောင်းဆို(သတင်း/ဓါတ်ပုံ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် ယနေ့နေ့လည်ပိုင်းက ရခိုင်အမျိုးသမီး ၄၀၀၀ ကျော်က အဖြူရောင် တီချပ် အင်္ကျီများကို ဝတ်ဆင် ၍ စီတန်းလှည့်လည် ဆန္ဒ ဖော်ထုတ်ခဲ့ရာ ခိုးဝင်လာသူများကို အလိုမရှိ၊ မြန်မာပြည်တွင်
ဘယ်အချိန်ကမျှ ရိုဟင်ဂျာ မရှိ၊ မြေမျို၍ လူမျိုးမပျောက် လူမျိုမှ လူမျိုးပျောက်မည်၊ မြန်မာ့ ပြည်တွင်းရေးကို OIC မစွတ်ဖက်နဲ့၊
 ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ ကို လေးစား လိုက်နာရန်၊

မုံရွာတွင် ဆိုင်ကယ်တိုက်မှု တစ်နေ့တခြားပိုများ

မုံရွာတွင် ဆိုင်ကယ်တိုက်မှု ပိုမိုများပြားလာစစ်ကိုင်းတိုင်းဒေသကြီးရှိ လူဦးရေ တစ်သိန်း ခြောက်သောင်းခန့် နေထိုင် သော အထက် ချင်းတွင်း စီးပွားရေး မြို့တော် မုံရွာတွင် ဆိုင်ကယ် စီးရေ တိုးပွားလာခြင်း နှင့်အတူ ဆိုင်ကယ် တိုက်မှုများ တစ်နေ့တခြား ပိုမို များပြားလာလျှက် ရှိကြောင်း ယာဉ်ထိန်းရဲ အရာရှိ တစ်ဦးက ပြောကြားသည်။ အဓိကမှာ လူသွားလူလာများသော လမ်းများ အလွန် ကျဉ်းမြောင်းခြင်း
နှင့် ဆိုင်ကယ် ဦးရေ တိုးပွား လာနေမှု များကြောင့် ယာဉ်တိုက်မှုများ ဖြစ်ပွားလျှက် ရှိခြင်းဖြစ်ပြီး ဆိုင်ကယ်တိုက်မှုများ တိုးပွားလာနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ မုံရွာမြို့တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည့် လွန်ခဲ့သော ငါး နှစ်အချိန်က တစ်ပတ်လျှင် ယာဉ်တိုက်မှု ၁ မှု သာ ဖြစ်ပွားခဲ့ပြီး၊ လက်ရှိ အချိန်တွင် သုံး ရက်လျှင် တစ်မှုနီးပါး ဖြစ်ပွားလာကြောင်း နှင့် သွားလာမှုများသည့် ကျောက္ကာလမ်းမကြီးနှင့် ဗိုလ်ချုပ်လမ်းတို့တွင် အဖြစ်များကြောင်း ၄င်းက ဆိုသည်။ မုံရွာပြည်သူ့ဆေးရုံကြီးသို့ ယာဉ်တိုက်မှုကြောင့် ရောက်ရှိလာသည့် လူနာ အလွန်များပြားပြီး အများစုမှာ ဆိုင်ကယ်တိုက်မှုများဖြင့် ရောက်ရှိလာသူ များဖြစ်ကြောင်း ပြည်သူ့ဆေးရုံမှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ဆိုသည်။ လက်ရှိအချိန်တွင် ဆိုင်ကယ် မှတ်ပုံတင်ခြင်းကာလကို တစ်လ တိုးမြှင့်ထားပြီး စစ်ကိုင်းတိုင်း

ဆူဇူကီ ကား စက်ရုံ မြန်မာမှာ တည်ဆောက်မယ်

အိန္ဒိယ နိုင်ငံတွင် ထုတ်လုပ် တပ်ဆင်သည့် Maruti Suzuki Car၊ ဓာတ်ပုံ- autoinfoz.com  ဂျပန်နိုင်ငံက ဆူဇူကီ မော်တာ ကော်ပိုရေးရှင်းကြီးက မြန်မာနိုင်ငံမှာ စက်ရုံဆောက်ဖို့ အစီအစဉ်ရှိပြီး တနှစ်မှာ ကား အစီးပေါင်း ၂၀၀၀၀ က ၃၀၀၀၀ ( ၂ သောင်းကနေ ၃ သောင်းထိ) တပ်ဆင် ထုတ်လုပ်ဖို့ အစီအစဉ် ရှိပါတယ်တဲ့။  ကမ္ဘာ့ အကြီးဆုံး စက်မှု ပေါင်းစုံ ကုမ္ပဏီတွေထဲက တခုရဲ့ မြန်မာ့ တိုးတက်မှုတွေကို တွန်းအားပေး ဖို့ ဖြစ် တယ်လို့ သတင်းရင်း မြစ်တခုက ဆိုပါကြောင်း ယနေ့နေ့စွဲနဲ့ အာဆာအိ ရှင်ဘွန် သတင်းတပုဒ်မှာ ဆိုပါ တယ်။  ဒီလိုဆိုရင် မြန်မာနိုင်ငံမှာ ကားတပ်ဆင် စက်ရုံတွေ ရောက်လာမယ်ဆိုတော့ အလုပ်အကိုင်တွေလည်း ရဖို့

ဒုံးကျည်တွေကြွားမယ့်အစား ပြည်သူကို ဝအောင်ကျွေးသင့်

တောင်ကိုးရီးယားရဲ့  ပဲ့ထိန်းတပ် ဒုံးကျည်တွေကို လက်ရှိထက် သုံးဆပိုမိုတဲ့ အကွာအဝေးထိ ပစ်နိုင်စွမ်း ရှိအောင် ချဲ့ထွင်ခွင့်ပြုတဲ့ စစ်ရေးသဘောတူညီ ချက်တစ်ရပ်ကို အမေရိကန်နဲ့ တောင်ကိုးရီးယားတို့
လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာမှာ မြောက်ကိုးရီးယားက သူ့ရဲ့ ဒုံးကျည်တွေဟာ အမေရိကန် ပြည်ထောင်စုအထိ ရောက်အောင် ပစ်နိုင်စွမ်းရှိတယ်လို့ အောက်တိုဘာ (၉)ရက်နေ့ အင်္ဂါနေ့က သတိပေးလိုက်ပါတယ်။

ပြုံယမ်းမြို့တော် မြောက်ကိုးရီး ယား အမျိုးသားကာ ကွယ်ရေးကော်မရှင် ရဲ့ ပြောရေးဆိုခွင့်ရှိသူ က မြောက်ကိုးရီးယားမှာ မဟာဗျူဟာမြောက်ဒုံးကျည်တပ်ဖွဲ့တွေ ရှိနေပြီးတော့ အမေရိကန် ပြည်ထောင် စုကိုသာ မက အမေရိကန်စစ်စခန်းတွေရှိရာ တောင်ကိုးရီးယား၊ ဂျပန်နဲ့ ဂူအမ်ကျွန်းတွေကိုပါ

ထိုင်းနိုင်ငံ မိုးပျံရထားလမ်းတည်ဆောက်ရေး လုပ်ငန်းခွင်သေဆုံးမှုကုမ္ပဏီမှ ဘတ်တစ်သိန်းပေးလျှော်

    ဘန်ကောက်မြို့ ဖက်ကဆင်လမ်းမကြီး စရန်တက္ကသိုလ်အနီး မိုးပျံမီးရထားလမ်းဆောက် လုပ်ရေး လုပ်ငန်းခွင်တွင်းငြမ်း စင်ပေါ်မှ  ပြုတ် ကျသေ  ဆုံးမြန်မာ အလုပ်သမားတစ်ဦး အတွက် ကျန်ရစ်သူဇနီးအား Subpen Company Limited မှ လျှော်ကြေးဘတ်ငွေ တစ်သိန်းပေးကြောင်း သိရှိရသည်။
              သေဆုံးသွားသူအတွက်နစ်နာကြေးဘတ်၁သိန်းကိုကူညီရေးဆရာတော်ဦးဇောတိက  မြန်မာ

အလုပ်သမားအရာရှိ ဦးကျော်ကျော်လွင့် နှင့် ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသား များ အဖွဲ့ MAT တို့၏ဆောင်ရွက် မှုကြောင့် ယနေ့တွင် ရရှိခဲ့သည်။
        သေဆုံးသူမှာပဲခူးတိုင်း၊ ကျောက်ကြီးမြို့ နယ်၊  ညောင်ပင်သာရွာမှ အသက် (၃၈ နှစ်) ကိုဇော်မင်းဦး   ဖြစ်သည်။ သေဆုံးသူမှာ နဝရတ်ကုမ္ပဏီမှ MOU ဖြင့် ထိုင်းနိုင်ငံသို့ ဇွန်လ ၅ ရက်နေ့က ရောက်ရှိ လာခဲ့ သူဖြစ်သည်။      ထိုပန်းရံဆိုဒ်တွင် ၃ လကြာလုပ်ခဲ့ပြီး စက်တင် ဘာလ ၂၃ ရက်နေ့ ညဘက်အလုပ်အလုပ်နေ စဉ် ညဥ့်၁နာရီခွဲ ခန့်တွင် ငြမ်းစင်ပေါ်မှ ပြုတ်ကျသေ ဆုံးသွားခဲ့သည်။
     သေဆုံးသူ ကိုဇော်မင်းဦးတွင် အသက် (၃၄ နှစ်) အရွယ် ဇနီးဖြစ်သူမရီသန်းနှင့် သမီး မသန်းသန်းဌေး အသက် (၁၅ နှစ်)၊ သား မောင်ကျော်သက်ဦး အသက် (၁၂ နှစ်)၊ သား မောင်ဖြိုးသီဟ အသက် ( ၉နှစ်)တို့

ထိုင်းနိုင်ငံမှ မြန်မာရွှေ့ပြောင်းအလုပ်သမားများ မြန်မာနိုင်ငံထဲသို့ ပြန်လည်ဝင်ရောက် လုပ်ကိုင်မှုများပြားလာ

ထိုင်းနိုင်ငံတွင်လုပ်အားခနည်းပါးလာမှုနဲ့
လူနေမှုအသုံးစရိတ် မြင့်မားလာခြင်းကြောင့်
 မြန်မာရွှေ့ပြောင်းအလုပ်သမားများမှ မိမိနိုင်ငံမှ စက်ရုံများသို့ ပြန်လည်သွားရောက်
လုပ်ကိုင်မှု များပြားလာကြောင်း သိရှိရသည်။


မြန်မာနိုင်ငံအတွင်း ပုဂ္ဂလိက စက်ရုံများတွင် လုပ်အားခ တစ်လကို ကျပ်ငွေ ၈၀၀၀၀မှ ၁၀၀၀၀၀အထိရရှိခြင်းနှင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နှင့် ပတ်ဝန်းကျင်မြို့များတွင် လုပ်အားခ တစ်လကို ဘတ်ငွေ ၃၀၀၀မှ ၄၀၀၀အထိ ရရှိရန် အလွန်ခက်ခဲသောကြောင့် ရွှေပြောင်းအလုပ်သမားများအနေဖြင့် မိမိနိုင်ငံတွင်သာ ပြန်လည်အလုပ်လုပ်ကိုင်ရန် သွားရောက်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

"အလုပ်သမားတွေက ပဲခူးနဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ပုဂ္ဂလိကပိုင် စက်ရုံတွေ အလုပ်လုပ်ဖို့ ပြန်ကြတာများတယ်၊ တစ်ချို့ကျတော့လည်း မြန်မာနိုင်ငံရဲ့အခြေအနေကို အသေချာမသိလို့ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ဖို့ထွက်လာကြတဲ့သူတွေရှိပါတယ်။ ထိုင်းနိုင်ငံမှာ အရင်ကတည်းက အလုပ်လုပ်ကိုင်နေတဲ့သူတွေကျတော့ ထိုင်းမှာရတဲ့လစာနဲ့ မြန်မာမှာရတဲ့လစာ

လုံခြုံမှုအတွက် မျှော်လင့်နေကြရသည့် အဆောင်သူလေးများဘဝ

အပျိုကြီးဖြစ်၍ ဇီဇာကြောင်သည်ဟု အများက သတ်မှတ်ခြင်းခံရသူ ဒေါ်ကြည်
မှာ အလုပ်ကြောင့် မောက်မာသည့်ပုံ ပေါက်နေသည်။ မတစ်ရာ သမီးတွေကို
အုပ်ချုပ်နေရသူဖြစ်ခြင်းကြောင့် ယခုလို မျက်နှာပေါက်တင်းနေရခြင်းဖြစ်ဟန်
တူသည်။ "အဆောင်မှာက နှစ်ရှည်ပြီး အလုပ်လုပ်တဲ့သူတွေ များလာတယ်။ 
အရင်တုန်းက ကျောင်းသူတွေ သင်တန်း လာတက်တဲ့ကောင် မလေးတွေ အတွက်
 ရည်ရွယ်ပြီးဖွင့်တာ။  တချို့ကျတော့ ကျောင်းပြီး သွားလို့ အလုပ်လုပ်ဖို့ ဆက်နေတဲ့သူတွေ လည်းရှိတော့   နောက်ပိုင်းမှာ လှည်းတန်းလိုနေရာမျိုးတွေမှာ အဆောင်တွေက ပိုများလာတာ။ သူတို့ကို ကိုယ့်ညီမ၊ သားသမီးလို ချစ်တော့ အမြဲဆို ဆုံးမနေရ တယ်။ဟု ဒေါ်ကြည်က ဆိုသည်။
 ရန်ကုန်မြို့ ကမာရွတ်လှည်းတန်းရှိ လမ်းမတိုင်းလိုလိုတွင် အမျိုးသား/အမျိုးသမီးအဆောင်များ တစ်နှစ်ထက် တစ်နှစ်တိုးမြင့်လာသည်ကို တွေ့နေရသည်။

လှည်းတန်းအဆောင်အသိုင်းအ၀ိုင်း၌ အမျိုးသမီးဆောင်အနီးပတ်ဝန်းကျင်တွင် ယောင်္ကျားလေး ဆောင်များထက် လူပိုစည်ကား တတ်ပြီး၊ မိန်းမလှလေးများ စုဝေးရာ အဆောင်ရှိ ညနေခင်းများဆိုလျှင်  ကိုလူပျိုတို့က လျှောက်ပြန်သံပေး၊   ခေတ်ပေါ်၂သိန်းတန် ဖုန်းတွေနဲ့ ဟန်ထုတ်ရှိုးပြထိုင်စောင့်ခြင်းများ နှင့် လက်ဘက်ရည်ဆိုင်ထိုင်၊ ထမင်းကျွေးစသည့်လူမှုကိစ္စများနှင့့်  ည(၁၀)နာရီဝန်းကျင်အထိ စည်ကားလေ့ရှိ သော

ထိုင်းရောက် မြန်မာများနဲ့ လူကုန်ကူးမှု

                                                                ထိုင်းနိုင်ငံ တောင်ပိုင်းချွန်ဘူရီမြို့နယ် လှေဆိပ်တခုမှာ
 ရောင်းစားခံရတော့မယ့် မြန်မာနိုင်ငံသား ၉ ယောက်ကို
 မကြာသေးခင် ရက်ပိုင်းက ကယ်တင်ခဲ့ပါတယ်  ဒီလ ၅ ရက်နေ့မှာ
 ကယ်လိုက်တာလို့ ဆိုပါတယ်။
“မြန်မာနိုင်ငံသား ၉ ယောက်ကို အတင်း အဓမ္မ အလုပ် 
လုပ်ခိုင်းပြီးတော့ ပိုက်ဆံ မပေးဘူး၊ နောက်ပြီးတော့ ထွက်ပြေးဖို့ 
ကြိုးစားမယ် ဆိုရင်လည်း နှိပ်စက်ခံရမယ်၊ ထမင်း မကျွေးဘူး ဆိုပြီးတော့
 ခြိမ်းချောက်တာတွေ ရှိတယ်” လို့ ထိုင်းသတင်းမှာ ရေးထား ပါ တယ်။
သတင်းတွေ အရ ဆိုရင် လှေဆိပ်မှာ အရောင်းစားခံရသူတွေအထဲမှာ အသက် မပြည့်တဲ့ သူတွေ ပါတယ်၊ အများစုကတော့ အသက်၂၀ ကျော် အရွယ်တွေ ဖြစ်ကြတယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသခံတွေ ဖြစ်ပါတယ် တဲ့။

ဒါနဲ့ဆက်စပ်ပြီးတော့ လူကုန်ကူးမှု ကျူးလွန်တယ်လို့ ယူဆရတဲ့ ထိုင်းနိုင်ငံသား ၂ ယောက်၊

မြန်မာနဲ့ တောင်ကိုရီးယားသမ္မတတို့ ၂ နိုင်ငံဆက်ဆံရေးတိုးမြှင့်ဖို့ ဆွေးနွေး

မြန်မာသမ္မတ ဦးသိန်းစိန်ဟာ သူ့ရဲ့ တောင်ကိုရီးယားခရီးစဉ် ဒုတိယနေ့ ဒီကနေ့ ညနေစောင်းက သမ္မတ အီမြောင်ဘတ်နဲ့ တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုတွေကို အာမခံမယ့် သဘောတူညီမှု ရ ရှိအောင် နှစ်နိုင်ငံအကြား ဆွေးနွေး ညှိနှိုင်းသွားကြမယ်လို့ တောင်ကိုရီးယားသမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ သမ္မတ ဦးသိန်းစိန်ဟာ တောင်ကိုရီးယားနိုင်ငံ က အလတ်စားနဲ့ အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။


တောင်ကိုရီးယားနိုင်ငံကို သုံးရက်ကြာ တရားဝင် အလည်အပတ် ရောက်ရှိနေတဲ့ သမ္မတ ဦးသိန်းစိန် ကို တောင်ကိုရီးယားနိုင်ငံ ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော် အခမ်းအနားနဲ့ ကြိုဆိုတဲ့အသံတွေကို

RFA Facebook ဘာကြောင့် ပိတ်သွားရတာလဲ

ကျွန်တော် RFA Facebook ရဲ့ ပရိတ်သတ်တစ်ဦးပါ ။ လွန်ခဲ့တဲ့ ၃- ၄ ရက်လောက်ကတည်းက ၀င်ကြည့်လို့မရတော့တာပါ။ ပရိတ်သတ် နှစ်သောင်းနီးပါးရှိတဲ့ RFA Facebook ကို အခုတော့ ပိတ်လိုက်ပြီတဲ့ဗျာ ။ အကြောင်းက ပြီးခဲ့တဲ့လတွေကတည်းက ပွထနေတဲ့ RFAဌာနတွင်း ကာမဖေါက်ပြန်သောင်းကျန်းမှု အရှုပ်တော်ပုံနဲ့ RFA ဌာနမှူးဒေါ်ငြိမ်းရွှေရဲ့ ဂျာနယ်လစ်ဇင်းကို ၀ိုင်းပြီးဝေဖန်ကြလို့ မခံနိုင်တဲ့အဆုံး RFA Facebook စာမျက်နှာပါ ရပ်လိုက်တာလို့ကြားရပါတယ်။

အချို့သော ဖဘ စာမျက်နှာတွေ FNGလို သတင်းစာမျက်နှာတွေမှာပါ ဒီအကြောင်းတွေရေးနေတာလဲ ဖတ်လိုက်ရပါတယ်။ ဒီလောက် လူပြောသူပြောများနေမှတော့ RFA မှာ ဘာတွေဖြစ်နေပြီလဲလို့ စိတ်ဝင်စားမိတာအမှန်ပါ။ RFA ဆိုတာက ကျွန်တော်တို့လူထုက အားထားရတဲ့ သတင်းဌာနထဲက တစ်ခုပါ။ သတင်းအမှောင်ချခံထားရတဲ့ ခေတ်ကတည်းက အဖိနှိပ်ခံပြည်သူတွေရဲ့အသံကို ကြိုးစားလွှင့်ပေးခဲ့လို့ RFAကို ကျေးဇူးတင်မိပါတယ်။ အခုတောာ့ RFA ဌာနတွင်းမှာ မကြားဝံ့ မနာသာ မကြားချင်စရာ ဖေါက်ပြန်မှုတွေဖြစ်နေတာ ကြားရ နားထောင်ရတော့ စိတ်ထဲ မသတီဖြစ်မိတာလည်းအမှန်ပါ။

RFA ဘာလဲ ဘယ်လဲဆိုတဲ့ မေးခွန်းတွေလည်း တသီတတန်းကြီး အတွေးထဲဝင်လာပါတယ်။ ဇတ်လမ်းကတော့ ရှင်းပါတယ်။ RFAအယ်ဒီတာ ဦးခင်မောင်စိုးက အသံလွှင့်သတင်းထောက် မခင်ခင်အိတို့

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်တွင် ၀န်ထမ်းတစ်ဦးမှ ပြန်ခိုင်းခြင်းကြောင့် မကျေနပ်သည့်လူတစ်စုက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာ ၀ိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုဖြစ်ပွားခဲ့

ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင်ဝန်ထမ်းတစ်ဦးမှ ညကိုးနာရီကျော်သွား၍ ပြန်ခိုင်းရာမှစ၍ မကျေ မနပ်ဖြစ်နေသူများက ဆိုင်ကယ်များဖြင့်ပြန်လာပြီး မင်းမဲ့စရိုက်ဆန်စွာဖြင့် အခြားသူများကိုပါ ၀ိုင်းဝန်း ရိုက်နှက် ထိုးကြိတ်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာလ ၁ရက်နေ့ ည ၉နာရီကျော်တွင် ကမာရွတ်မြို့နယ်ရှိ အင်းယားကန်ဘောင် လုံခြုံရေးဝန်ထမ်းတစ်ဦးက ကန်ဘောင်ပေါ်မှ ဆင်းခိုင်းခဲ့သဖြင့် မကျေမနပ်ဖြစ်နေသောသူများက ည ၁၁ နာရီဝန်းကျင်တွင် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး အဆိုပါဝန်ထမ်းကို ၀ိုင်းဝန်းထိုးကြိတ်ရိုက်နှ
က် ခဲ့ကြောင်း သိရသည်။

ဝိုင်းဝန်းထိုးကြိတ်ခဲ့သည့်သူများက လုံခြုံရေးဝန်ထမ်းအပြင် ကန်ဘောင်တွင်ရှိနေသည့် ဆိုင်ဝန်ထမ်းများ ကိုလည်း လိုက်လံ၍ ဓားဖြင့်ခုတ်ခဲ့ကြောင်း သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ အင်းယားကန်ဘောင်တွင်ဖွင့်လှစ်ထား သည့် ရွှေမိ သားစု စားသောက်ဆိုင်မှ တာဝန်ခံဖြစ်သူ ကျော်မင်းစိုးက '' ကန်ဘောင်က လုံခြုံရေးဝန်ထမ်းတွေ က ည ၉နာရီကျော်ရင် လာပြီးလည် ပတ်တဲ့သူတွေကို ပြန်ဖို့ပြောနေကြတာပဲ။ အဲဒီနေ့က အုပ်စုတစ်စုက ကန်ဘောင်မှာရှိတဲ့ အမှိုက်ပုံးကိုကန်လိုက်တာ လဲသွားလို့ အဲဒီလုံခြုံရေးဝန်ထမ်းကပြန်ထောင်ဖို့ သွာြးေ ပာ ခဲ့ တာကိုလည်း သူတို့မကျေနပ်ဖြစ်ခဲ့တယ်။ အဲဒါနဲ့ သူတို့အဖွဲ့ကဆိုင်ကယ် ၉စီးနဲ့ ကန်ဘောင် အနောက်ဘက် ကနေ ပြန်တက်လာပြီးတော့ ရန်ရှာသွားတယ်။ ည ၁၁နာရီလောက် မှာ အယောက် အစိတ်နဲ့ သုံးဆယ်ကြားမှာရှိတဲ့သူတွေက ကန်ဘောင်ပေါ်ကို ဖြန့်တက်လာပြီးတော့ အဲဒီလုံခြုံရေးကို ရှာပြီး

ရန်ကုန်မြို့တွင် နှစ်စဉ်ကြေးဖြင့်ငှားသော ယာဉ်နားရာနေရာ ရှေ့နှစ်တွင် ခွင့်မပြုတော့

လက်ရှိနှစ်စဉ်ကြေးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ငှားရမ်းထားသော ကိုယ်ပိုင် ယာဉ်ရပ်နားနိုင်သည့်နေရာများ (ကားပါကင်)  အားလုံးကို ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်ကုန်(၂၀၁၃ ခုနှစ်မတ်လ ၃၁ ရက်နေ့နောက်ဆုံး) တွင် ထပ်မံခွင့်မပြုတော့ဘဲ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ခွင့်မပြုတော့ကြောင်းကို အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်း ကားရပ်ရန်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၂ ခုနှစ်က စတင်ပြီး အခွန်ပေးဆောင်ကာ  ၁ စတုရန်းပေလျင် ၈၀၀ကျပ်နှုန်းဖြင့် နောက်ဆုံးခွင့်ပြုပေးကြောင်း၊  ထိုသို့ နှစ်စဉ်ကြေးပေးဆောင်ပြီး ငှားရမ်းထားခြင်းမှာ  ၂၄ နာရီအပိုင် ရပ်နားခွင့်ပြုထားခြင်းမဟုတ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့မှာ တဖြေးဖြေးတိုးလာတဲ့ မော်တော်ယာဉ်တွေ အဆင်ပြေစွာ ရပ်နားနိုင်ဖို့ ရည်ရွယ် ပြီး

မြစ်ကြီးနားမြို့တွင် အုပ်စုဖွဲ့သားမယား ပြုကျင့်သူများအား ဖမ်းဆီးရမိ

၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃ ရက် ည ၉ နာရီ ၅ မိနစ်တွင် မြစ်ကြီးနားမြို့၊ ကြာရာပတ္တီး (ဘီ) နယ်မြေ၊ တပ်ကုန်း ရပ်ကွက်၊ ဦးချစ်ဆွေ၏ ရာဘာခြံဝင်း

အတွင်းရှိ နေအိမ်တွင် နေထိုင်သော ဒေါ်----- (၄၀)နှစ် (ဘ) ဦးဖုန်းငို၊ ရာဘာခြံ အလုပ်သမသည် သား(၂)ဦး၊ အမီး(၃) ဦးတို့ နှင့် အတူ အိပ်ပျော်နေစဉ် နေအိမ်ပေါ်သို့ လူတက်လာသံကြား၍ လန့်နိုးပြီး ကြည့်ရှုရာ နေအိမ်ပေါ်၌ အမည် မသိလူ (၁) ဦး၊ နေအိမ်

အနောက်ဘက်တွင် အမည်မသိ လူ(၂)ဦး၊ နေအိမ် အရှေ့ဘက် ထိုင်ခုံတွင် မျက်နှာအား ပုဆိုးစည်း ထားသော လူ(၁)ဦး၊ ရာဘာခြံ အပြင်ဘက်တွင် အမည်မသိ လူ (၂) ဦး၊ ပေါင်း (၆) ဦးအား ဓားကိုယ်စီ ကိုင်ဆောင် ထားသည်ကို တွေ့ရှိခဲ့ပြီး လူ (၃) ဦးမှာ ဒေါ်------နှင့် သမီးအကြီး ဖြစ်သူ ------- (၁၄)နှစ်၊ (ဘ) ဦးသန်းလွင်၊ ရာဘာခြံ အလုပ်သမ (၂) ဦးတို့ အား ဒေါ်------၏ နေအိမ် အနောက်ဘက်တွင် ရှိသော ဒေါ်------- (၃၀) နှစ် (ဘ) ဦးတင်ထွန်း၊ ရာဘာခြံ အလုပ်သမ၏ နေအိမ်သို့ ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

၂။  ဒေါ်-------၏ နေအိမ်သို့ ရောက်ရှိသောအခါ နေအိမ် အတွင်း ခင်ပွန်းဖြစ်သူ ဦးချစ်ဝေ၊ ကလေးငယ် (၂) ဦးနှင့် အိပ်ပျော်နေစဉ် အဆိုပါ လူ(၃)ဦးမှ တံခါးအား တွန်းဖွင့်ပြီး “အိမ်ရှင် တို့ ထကြထကြ”

ထားဝယ်ဒေသတွင် ထိုင်းနိုင်ငံမှ တရားမ၀င် ဆိုင်ကယ်များကို အစိုးရတပ် ဖမ်းဆီးနေ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊
 မေတ္တာမြို့နယ်ခွဲ သပြုချောင်းရွာမှ
စ၍အာရှလမ်းမကြီးတစ်လျှောက်တွင်
 အောက်တိုဘာလ ၅ ရက်နေ့မှစ၍

ထိုင်းနိုင်ငံဘက်ခြမ်းမှ တရားမ၀င် ခိုးဝင်လာသော ဆိုင်ကယ်များကို နယ်မြေခံ အစိုးရစစ်တပ်များက ဖမ်းဆီးအ ရေးယူလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံအတွင်းရှိ ကန်ချနပူရီခရိုင်တွင် ဆိုင်ကယ်ပျောက်ဆုံးမှု များပြားလာသဖြင့် ထိုင်းအာဏာပိုင်များ ၏ အကူအညီတောင်းခံမှုကြောင့် ထိုသို့ ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုင်းစစ်တပ်နှင့် နီးစပ်သူတစ်ဦးက ကေ အိုင်စီသို့ ပြောသည်။

၎င်းက “အရင်က တရားဝင်ရော၊ တရားမ၀င်ရော အကုန်ရတယ်။ အခုနောက်ပိုင်း မရတော့ဘူး။ လမ်းတွေပိတ်ပြီးတော့ ဖမ်း တာ။ ပိုက်ဆံပေးလည်း မရတော့ဘူး။ ဆိုင်ကယ်လည်း အ၀င်မခံတော့ဘူး”ဟု ပြောဆိုသည်။

လက်ရှိ ဆိုင်ကယ်ဖမ်းဆီးသည့် ထိုဒေသမှာ ကရင်အမျိုးသားအစည်းအရုံး-KNU တပ်မဟာ(၄) လှုပ်ရှားရာ

သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ရောက်ရှိ

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။
တောင်ကိုးရီးယား နိုင်ငံကို ကျေးလက် စက်မှုလုပ်ငန်း အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး သရုပ်ဖော် ထားတဲ့ သမိုင်းပြတိုက်ကို သမ္မတ ဦးသိန်းစိန် သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာတော့ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုတွေ အတွက် အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်

ပြည်သူလိုလားလျှင် သမ္မတတာဝန်ယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်
 တဦးအနေဖြင့် ပြည်သူလူထု လိုလားလျှင် သမ္မတအဖြစ် တာဝန်ယူမည်ဖြစ်ပြီး ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို ဆက်လက် ကြိုးပမ်း လုပ်ဆောင် သွားမည် ဖြစ်ကြောင်း ပြောဆိုလိုက်သည်။
ယနေ့ နံနက်က ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပပြုလုပ်သော
 အမေရိကန် ပြည်ထောင်စုခရီးစဉ် ဆိုင်ရာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
“ကျမက နိုင်ငံရေး ပါတီတခုရဲ့  ခေါင်းဆောင်ပဲ။ နိုင်ငံရေးပါတီ တခုရဲ့  ခေါင်းဆောင် ဆိုမှတော့

မြန်မာ့ ဘဏ္ဍာရေး ဥပဒေ အသက်ဝင်ရန် ဥပဒေ တစ်ရပ် အိုဘားမား လက်မှတ်ထိုး

                                                             အိုဘားမားက မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးကို
 ထောက်ပံ့ ပေးနေသော နိုင်ငံတကာ ဘဏ္ဍာရေး အဖွဲ့အစည်းများအား အမေရိကန် ထောက်ခံ အားပေးရာတွင် ပိုမို 
လွယ်ကူစေမည့် ဥပဒေ တစ်ရပ်ကို လက်မှတ် ရေးထိုး ထုတ်ပြန်
လိုက်ကြောင်း သတင်းရရှိသည်။
ထိုဥပဒေသည် ပြီးခဲ့သည့်လက ကွန်ဂရက်တွင်
 မြန်မာအပေါ် အမေရိကန်က ဘဏ္ဍာရေးနှင့် အခြား
 ပိတ်ဆို့မှုများ ရုပ်သိမ်းပေး အပြီး ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဥပဒေမှာ သမ္မတ ဦးသိန်းစိန် ဦးစီး ဆောင်ရွက်နေသော နိုင်ငံရေး ပွင့်လင်းမှုကို အားပေးရန် ဖြစ်သည်။ အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက သမ္မတ လက်မှတ် ရေးထိုးလိုက်သော ယခု ဥပဒေသစ်သည် မြန်မာနိုင်ငံ၌ ကောင်းမွန်သော အုပ်ချုပ်ရေးနှင့် စီးပွားရေးပေါ်လစီ ဖြစ်ပေါ်စေရန် ခိုင်မာအားကောင်းသော အဖွဲ့အစည်းများကို ထောက်ခံပံ့ပိုးပေးသွားမည်ဟု ဆိုသည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေး နယ်ပယ်ထဲ၌ မြန်မာနိုင်ငံ ပြန်လည် ပေါင်းစည်း ၀င်ရောက်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တို့ကို

ဘုန်းကြီးကျောင်းများကို ကာကွယ်ပေးရန် မြန်မာ နစက ဘင်္ဂလားဒေ့ရှ်ကို တောင်းဆို

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်တရိုဘန်ခရိုင်၊ နတ်ကျောက်စရီမြို့နယ်ရှိ ဒူဆိုးရီကျေးရွာ စာသင်ကျောင်းတွင် ယမန်နေ့က ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်ခြားစောင့်တပ် အစည်းအဝေးတွင် ဗုဒ္ဓဘာသာ ဘုန်ကြီးကျောင်းများကို အကာအကွယ်ပေးရန် မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ကို တောင်းဆိုလိုက်သည်။
နံနက် ၁၀ နာရီမှ ၁၁ နာရီအထိ ကျင်းပသည့် ယင်းအစည်းအဝေးတွင် ဘင်္ဂါလီများ တရားမဝင် သွားလာနေမှုများကို ပူးပေါင်း တားဆီးရေးအပြင် ဘုန်းကြီးကျောင်းများ အကာအကွယ်ပေးရေး ကိစ္စကိုပါ ထည့်သွင်းဆွေးနွေးခြင်း ဖြစ်ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒူဆိုးရီ ရွာသူကြီး ဦးမောင်နုက ဧရာဝတီသို့ ပြောသည်။
“နစကဘက်က တောင်းဆိုတာက ဘုန်းကြီးကျောင်းတွေကို လုံခြုံရေးပေးဖို့ကိစ္စကို BGB ပြန်ဖြေတာက အခုလည်း ဘုန်းကြီးကျောင်းတွေကို သူတို့ အစိုးရက လုံခြုံရေးတွေ ချထားပေးတယ်ဆိုတာကို ပြောတယ်။ ဘင်္ဂလာဒေ့ရှ်ဘက်က တောင်းဆိုတာကတော့ ဘင်္ဂါလီတွေ တရားမဝင်လမ်းကနေ ဘင်္ဂလားဘက်ကို မလာနိုင်အောင် တားဆီပေးဖို့ ကိစ္စကို တောင်းဆိုတယ်။ နောက်ပြီး နှစ်နိုင်ငံ နယ်စပ်အစည်းအဝေးတွေ ပုံမှန်ဖြစ်ဖို့ BGB ဘက်က လိုလားတယ် ပြောတယ်။ အဲ့ဒါကို နစကကတော့ သူတို့အနေနဲ့ အထက်ကို

အစိုးရ နဲ့ ပုဂ္ဂလိကကျောင်းစနစ်

လွတ်လပ်ရေးရကတည်းက မြန်မာပြည်မှာ အစိုးရကျောင်းနဲ့ ပုဂ္ဂလိကအလွတ်ပညာသင်ကျောင်းဆိုပြီး ကျောင်းနှစ်မျိုးရှိခဲ့ပါတယ်။ ၁၉၆၂ ခု စစ်အစိုးရအာဏာသိမ်းချိန်ကစပြီး ဆိုရှယ်လစ်စနစ် နိဂုံးချုပ်တဲ့ ၁၉၈၈ ခုနှစ်အထိ ပုဂ္ဂလိကကျောင်းတွေကို ပိတ်ပစ်တဲ့အတွက် အစိုးရကျောင်းပဲကျန်ပါတယ်။ ဒါပေမဲ့ အစိုးရကျောင်းကို အားမရသူတွေက အလွတ်ပညာရေးကို အားကိုးကြပါတယ်။ ဘာသာရပ်အလိုက် ကျူရှင်ပေးတာကို ၁၉၆၄ အလွတ်ပညာသင် ဥပဒေက ခွင့်ပြုတာမို့ အလွတ်ပညာသင်ကျောင်းတွေ မဆလ ဆိုရှယ်လစ်ခေတ်မှာလည်း ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း ဈေးကွက်စနစ်ကျင့်သုံးတဲ့အခါ ပုဂ္ဂလိကကျောင်းတွေ ပြန်လည်ခေတ်စားလာပါတယ်။
အင်္ဂလိပ်စာ၊ ကွန်ပြူတာ၊ စာရင်းကိုင်ပညာနဲ့ တခြားစီးပွားရေးပညာကို ဆည်ပူးချင်သူဟာ

နိုဗယ်ငြိမ်းချမ်းရေးဆုခန့်မှန်းချက်များတွင် သမ္မတဦးသိန်းစိန်အမည်ပါဝင်

စတော့ဟုမ်း၊ အောက်တိုဘာ-၈
ယခုနှစ်အတွက် နိုဗယ်ဆုရာသီစတင်နေ
ပြီဖြစ်ရာ နိုဗယ်ငြိမ်းချမ်းရေးဆုအတွက်
ခန့်မှန်းချက်များတွင် မြန်မာနိုင်ငံ
သမ္မတ ဦးသိန်းစိန်၏အမည်လည်း
ပါဝင်ကြောင်းသိရသည်။


နိုဗယ်ငြိမ်းချမ်းရေးဆုကော်မတီက အမည်စာရင်းတင်သွင်းခံရသူများ၏
အမည်များကို ထုတ်ဖော်ပြောကြားလေ့မရှိပေ။ သို့သော် နော်ဝေးနိုင်ငံ

အော်စလိုမြို့မှ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူဒ်၏ အကြီးအကဲ
မစ္စတာ ခရစ်ရှန်ဘာ့ဂ်ဟာဗီကင်က ငြိမ်းချမ်းရေး ကော်မတီ၏