အာဖဂန် ရှေးဟောင်း ဗုဒ္ဓဘာသာ ယဉ်ကျေးမှု နယ်မြေ ကို ဖျက် ဆီး ပြီး တရုတ် အစိုးရ က ဓာတ်သတ္တု တူးဖော်

တရုတ် အစိုးရ ပိုင် တရုတ် ဓာတ်သတ္တု  ရှာဖွေရေး အုပ်စု ကော်ပိုရေးရှင်း (MCC) က အာဖဂန်
နစ္စတန် နိုင်ငံ အရှေ့ ပိုင်း လိုဂါ ပြည်နယ် မှာ ရှိ တဲ့ လွန်ခဲ့ တဲ့ နှစ်ပေါင်း ၂၆၀၀ နီးပါးက  ရှေးဟောင်း
ဗုဒ္ဓယဉ်ကျေးမှု အနုပညာလက်ရာ တွေ ရှိ တဲ့ သမိုင်း ၀င်  အမွေ အနှစ် ဒေသ ကို ဖျက်ဆီး ပြီး ဓာတ်
သတ္တု မိုင်း ရှာ ဖွေ ရေး လုပ် ငန်း တွေ ကို လုပ်ဆောင် ဖို့  စတင် နေတာ ကြောင့် နိုင်ငံ တကာ က 
ရှေး ဟောင်း ယဉ်ကျေးမှု နဲ့  သုတေသန ပညာရှင် တွေ ၊ ဗုဒ္ဓဘာသာ ၀င်တွေ ၊ အာဖဂန် နစ္စတန်
က မွတ်ဆလင် တွေ က ပြင်း ပြင်း ထန် ထန် စတင် ကန့် ကွက် နေ ကြ ပါပြီ ဖြစ်ပါတယ်။
လိုဂါ က ရှေးဟောင်း သုတေသန နယ်မြေ ဟာ ဗုဒ္ဓ ခောတ် ပန်းချီ ပန်းပု လက် ရာ အနုပညာ တွေ
ကို အများဆုံး တွေ့ ရ တဲ့ နေရာ  ဖြစ် ပြီး ၊ ကြေးခောတ် က အသုံး အဆောင် ပစ္စည်း တွေ ကို ပါ တွေ့ 
ရှိ နိုင်တဲ့ သမိုင်း ၀င် ပိုး လမ်း မ ကြီး ပေါ် မှာ ရှိ တဲ့ နေရာ ဖြစ်ပါတယ်။
အာဖဂန် နစ္စတန် နိုင်ငံ  ရဲ့  မြို့ တော် ကဘူးလ် မြို့  ရဲ့  အရှေ့  တောင် ဘက် ၂၅ မိုင် အကွာ မှာရှိတဲ့
မာစ် အိုင်နက် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ ဟာ ကမ္ဘာ မှာ ရှေး အကျဆုံး ဗုဒ္ဓဘာသာ နယ်မြေ

ဂက်စ်နှင့်ဓာတ်ဆီပူးတွဲးသုံးနိုင်ပြီးပလပ်ပေါက်ထိုးအားဖြည့်ပြီး မောင်းရတဲ့လျှပ်စစ်ကားလာပြီ

 စက်တင်ဘာ ၂၃ တနင်္ဂနွေနေ့တွင် ကျရောက်မည့် ပလပ်ပေါက်ထိုးသည့်နေ့ကို ကျင်းပရန် အမေရိကန်မြို့ကြီး ၆၀ ကျော်တွင် အသင့်ဖြစ်နေကြသည်။ထဲထဲဝင်ဝင် ပါဝင်မည့်သူတို့မှာ အရေအတွက် ထောင်သောင်းချီသော လျှပ်စစ်မော်တော်ယာဉ်ပိုင်ရှင်များဖြစ်သည်။ လျှပ်စစ်ဓာတ်အားသုံး ကားကြီးကားငယ် ဆိုင်ကယ် အသုံးပြုနေသူတို့က ပလပ်ပေါက်ထိုးသည့်နေ့ကျင်းပစဉ် ၎င်းတို့၏ စီးတော်ယာဉ်များအကြောင်း ပရိသတ်က စုံစမ်း မေးမြန်းလာပါက လိုလိုလားလား ဖြေကြားကြမည်ဟု အွန်လိုင်းလှုံ့ဆော်မှုများတွင် ရေးသားထားသည်ကို တွေ့နေရသည်။ကယ်လီဖိုးနီးယားပြည်နယ်တွင် လျှပ်စစ်မော်တော်ယာဉ် အများအပြား သုံးစွဲနေကြသည်။တခြားလောင်စာသုံး မော်တော်ယာဉ်များထက် လျှပ်စစ်မော်တော်ယာဉ်တို့က ဈေးကြီးမြင့်သော်လည်း ရေရှည်တွင် လျှပ်စစ်ယာဉ်က အကုန်အကျ သက်သာသည်။ဓာတ်ဆီမဲ့တော်လှန်ရေးဆင်နွဲနေသည့် လျှပ်စစ်ကားကို တဖြည်းဖြည်း လူကြိုက်များလာသည်။  မနက်ဖြန် လျှပ်စစ်ဓာတ်အားသုံး ကားကြီးကားငယ် ဆိုင်ကယ်များ လမ်းတကာ လှည့်လည်ကြသည့်အခါ ဓာတ်ဆီမဲ့၊ ဓာတ်ငွေ့မဲ့ လျှပ်စစ်ကားတို့ကို ပိုမို အာရုံစိုက်လာကြမည်ဟု မျှော်လင့်နေကြသည်။ လျှပ်စစ်ဓာတ်သုံးယာဉ်များ ဖြစ်သောကြောင့် စက်သံဆူညံခြင်း၊ မီးခိုးထွက်ခြင်းတို့နှင့် ကြုံရမည် မဟုတ်ပေ။Fed Ex, Coca Cola, Duane Reade

တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ဘန်ကီမွန် မျှော်လင့်

 မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ အားလုံး ပါဝင်နိုင်သည့် ဒီမိုကရေစီရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် သမ္မတဦးသိန်းစိန်နှင့် အတူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားမည်ဟု ကြီးမားသည့် မျှော်လင့်ချက်ထားရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ဌာနချုပ်တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။''ဒါနဲ့ ပတ်သက်လို့လည်း ကျွန်တော့်အနေနဲ့ သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို ချီးကျူးဂုဏ်ပြုကြောင်း ပြောကြားလိုပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ နိုင်ငံရေး တည်ငြိမ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လမ်းကြောင်းပေါ်မှာ အတူတကွ လမ်းလျှောက်နေကြပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်လက် ထောက်ခံမှုအပေါ်မှာလည်း တကယ့်ကို အားကိုးအားထားပြုပါတယ်" ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က ပြောကြားခဲ့သည်။
  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အကောင်အထည်ဖော်မှုတွင် ဒေါ်အောင်ဆန်းစုကြည်၏

ပြည်ပဧည့်များ Visa Credit Card စနစ် နောင်သုံးလတွင် စတင် သုံးနိုင်တော့မည်

မြန်မာနိုင်ငံသို့ လာရောက်မည့် ပြည်ပဧည့်များ ငွေကြေး သုံးစွဲရာတွင် အဆင်ပြေစေနိုင်မည့် Visa Credit Card စနစ်ကို လာမည့် သုံးလအတွင်း စတင် အသုံးပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်နေကြောင်း  ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ အဆိုပါစနစ် အသုံးပြုနိုင်ရန်အတွက် Visa Int'l (Asia-Pacific) LLC နှင့် Visa Worldwide Pte.Ltd. တို့မှ တာဝန်ရှိသူများက စက်တင်ဘာ ၁၃ ရက်တွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ဝန်ကြီး ဦးဌေးအောင်နှင့် တွေ့ဆုံခဲ့ကြသည်။ ၎င်းတို့အနေဖြင့် ကမ္ဘောဇဘဏ် (KBZ)၊ သမဝါယမဘဏ် (CB) အပါအဝင် ဘဏ်သုံးဘဏ်တို့နှင့် စတင် ဆောင်ရွက်မည်ဖြစ်ပြီး အဆိုပါကိစ္စနှင့် ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်လည်း တွေ့ဆုံ ဆွေးနွေးထားကြောင်း သိရသည်။ အဆိုပါစနစ်နှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက "နိုင်ငံခြားသားတွေ အနေနဲ့ ငွေတွေ အများကြီး သယ်လာစရာ မလိုတော့ဘူးလေ။ သူတို့ရဲ့ ငွေကို အခုလို ကတ်နဲ့ ယူလာတော့ သူတို့အတွက်လည်း အဆင်ပြေတယ်။ ငွေအများကြီး သယ်လာရလို့ စိုးရိမ်ရတဲ့ ဒုက္ခလည်း ကင်းတယ်" ဟု ရှင်းပြသည်။ Visa Credit Card စနစ် သုံးစွဲမှုအား ပထမအဆင့် အနေဖြင့် မြန်မာနိုင်ငံရှိ ဘဏ်များ၏ ATM စက်များ၌ သုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပြီး ဒုတိယအဆင့် အနေဖြင့်

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဝမ အကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်



နဝမ အကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်  အာဆီယံ နိုင်ငံများ ကိုယ်စား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ Mr. Xi Jinping? လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong? ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tun Dung? အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး Mr. Ma  Biao နှင့် တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး Mr.  Ma  Biao? တရုတ် နိုင်ငံတကာ ကုန်သွယ်မှု ကဏ္ဍ ကိုယ်စားလှယ် Mr. Guo Hucheng နှင့် အာဆီယံနိုင်ငံများ ကိုယ်စား ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံ အဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု

မန္တလေးမြို့ သေဆုံးခြင်း သီချင်းနဲ့ ပတ်သက်ပြီး လင်းလင်း ရဲ့ ဖွင့်ဟချက်

၈၈ မျိုးဆက် ရန်ပုံငွေပွဲမှာ အနုပညာ သမားတွေရဲ့ ရပိုင်ခွင့်တွေ အတွက် လက်မှတ် ရေးထိုးပေးခဲ့တဲ့ လင်းလင်း အကြောင်းကို ပြီးခဲ့တဲ့ အပတ် ပေါ်ပြူလာ မှာဖော်ပြခဲ့ ပါတယ်။ အဲဒီပွဲမှာ ရရှိတဲ့ အနုပညာကြေး ၄ သိန်း ဆိုတာဟာ နောက်ပိုင်းမှာ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာ လင်းလင်းကို ဆက်လက်ပြီး မေးမြန်းတဲ့ အခါ အခုလို ပဲ ပြန်လည် ဖြေကြား ပါတယ်။
“၄ သိန်းဆိုတဲ့ ပမာဏ တစ်ခုက တစ်သမတ်တည်းတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ အနေနဲ့ ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီပမာဏချည်း ပဲပေးရမယ် ဆိုတာက မဖြစ်နိုင်ဘူး။ တစ်ဦးချင်းစီ ရဲ့အနုပညာဟာ ကွာသလို တစ်ဦးချင်းစီရဲ့ အနုပညာ ခံယူချက်ကလည်း တူမှာမဟုတ်ဘူး။ အနုပညာ အပေါ် တန်ဖိုး ထားပြီး ရလိုမှုလည်း ကွာသေးတယ်။ အမျိုးမျိုး ရှိတယ်ပေါ့။ တစ်မျိုးက ကွာလတီ ထိန်းတဲ့ အနုပညာသမား၊ တစ်မျိုးက ပေါ်ပင်လိုက်တဲ့ အနုပညာသမား၊ အဲဒီမှာတော့ ကွာသွားတာ ပေါ့။ ကွာလတီ ထိန်းတဲ့ အနုပညာသမားက ရိုက်ကူးရေး ပါရေး၊ မပါရေးဟာ သူ့အတွက် အရေးမကြီးဘူး။ သူ့အနုပညာကို တန်ဖိုးထားပြီး လာပေးတာမျိုးကိုပဲ လိုချင်တယ်။ လိုချင်တဲ့ အခါ သူ့ပမာဏက ၄ သိန်းလည်း ဖြစ်မယ်၊ ၅ သိန်းလည်း ဖြစ်မယ်၊ ၁ဝ သိန်းလည်း ဖြစ်ချင် ဖြစ်မယ်၊ အလကား ပေးတာမျိုးလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါက ကွာလတီ ထိန်းတဲ့ အနုပညာသမား။ ပေါ်ပင်လိုက်တဲ့ သူတွေကျတော့ ၄ သိန်းလည်း အရေးမကြီးဘူး။ ၃ သိန်း လည်း အရေးမကြီးဘူး။ ရုပ်သံမှာ များများ ပါ နိုင် ဖို့၊ ပြည်သူရှေ့မှာ များများ

ရော်ဂျာမိုးနဲ့ ရှောင်ကွန်နရီတို့ နှစ်ဦးကို လိုက်မီတော့မယ့် ဒန်နီရယ်ခရိတ်

လက်ရှိ ကာလမှာ Skyfall ဇာတ်ကား အတွက် အသည်းအသန် ရိုက်ကူး နေရသူ ဂျိမ်းစ်ဘွန်း မင်းသား ဒန်နီရယ်ခရိတ် တစ်ယောက် ပရိုဂျူ ဆာတွေကို ဘယ်လို ချုပ်လိုက်တယ် မပြောတတ်ဘူး၊နောက်ထပ်(၂)ကား ထပ်ရိုက်ဖို့ စာချုပ်ကိုချုပ်နိုင်လိုက် ပါပြီတဲ့။
ဒီစာချုပ်မတိုင်ခင်ကလည်း Skyfall ပြီးရင်တစ်ကားထပ်ရိုက်ဖို့ အတွက်သဘောတူပြီးသားဖြစ်လို့ အခု (၂)ကားနဲ့ပေါင်းလိုက်ရင် စုစုပေါင်း ဂျိမ်းစ်ဘွန်း(၆)ကားအထိ ခရိတ်ပါဝင် ခွင့်ရစေမယ့်အခြေအနေဖြစ်နေပါတယ်။
Casino Royal နဲ့ YhQuantum of Solace ဇာတ်ကားတွေအပြီးမှာ အခု Skyfall ကိုဆက်လက်ပြသမှာပါ။ ဒီ(၃)ကားပြီးတဲ့အခါကြိုတင်ပြီးသဘောတူထားတာ(၁)ကား၊ နောက်ဆုံးစာချုပ်လိုက်တာ(၂)ကားနဲ့ပေါင်းရင်ဒန်နီရယ်ခရိတ်အတွက်(၆)ကား ဖြစ်လာမှာပါ။တစ်စုံတရာချွတ်ချော်မှု မဖြစ်ခဲ့ဖူးဆိုရင်ပေါ့လေ။ ဒီအတိုင်း သာ အကောင်အထည်ပေါ်လာခဲ့ရင် ဒန်နီရယ်ခရိတ်ဟာ ငယ်ငယ်ရွယ်

ဒေါ်အောင်ဆန်းစုကြည် နဲ့ကုလအတွင်းရေးမှုးချုပ် ဘန်ကီမွန်း တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်စံချိန် ဒီကနေ့မနက်ပိုင်းမှာ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂရုံးချုပ်ကို ရောက်ရှိနေပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ တွေ့ဆုံပြီး၊ ပူးတွဲ သတင်းစာရှင်းပွဲတခုလုပ်ခဲ့တဲ့အကြောင်း ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဟာ အမေရိကန်စံချိန် ဒီကနေ့ မနက်ပိုင်း ၁၀နာရီလောက်မှာ ကုလသမဂ္ဂဌာနချုပ်ရုံးမှာပဲ သီးခြားတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အတွင်းရေးမှုးချုပ်နဲ့ အတူ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာဗီဂျေးနမ်ဗီးယား နောက် ကုလအတွင်းရေးမှုးချုပ်ရဲ့ ဇနီးဖြစ်သူလည်း ပါဝင်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို သူအနေနဲ့ ကြိုဆိုကြောင်း၊ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ မစ္စတာဘန်ကီမွန်းကပြောပါတယ်။  မြန်မာနိုင်ငံကို သူသွားရောက်စဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် က ကြိုဆိုခဲ့ပြီးတော့ ။ အဲဒီမှာရှိကတည်းက ဒေါ်အောင်ဆန်းစုကြည် အမေရိကန်ပြည်ထောင်စုကို လာရင် ကုလသမဂ္ဂရုံးချုပ်ကို လာရောက်ဖို့ မစ္စတာဘန်ကီမွန်းက ဖိတ်ကြားခဲ့တယ်။
ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်မှုတွေ ကမ္ဘာ့ လူ့အခွင့်အရေးရဲ့

ထိုင်းကို အနိုင်ယူပြီး ဗိုလ်လုပွဲ တက်တဲ့ မြန်မာအမျိုးသမီးအသင်း

အာဆီယံ ချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီးအသင်းကတော့ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး အိမ်ရှင် ဗီယက်နမ်အသင်းနဲ့ ချန်ပီယံလုဖို့ ဗိုလ်လုပွဲကို တက်သွားပါပြီ။ဒီပွဲမှာ မြန်မာအမျိုးသမီးအသင်းက ဂိုးအဖြစ် မေခင်ယမင်း၊ နောက်တန်း ကစားသမားတွေ အဖြစ် မြင့်မြင့်အေး၊ ခင်သန်းဝေ၊ မိုးမိုးဝါ၊ ဖူးပွင့်ခိုင်၊ အလယ်တန်းမှာတော့ သန်းသန်းထွေး၊ ခင်မာလာထွန်းနဲ့ ရှေ့တန်းကစားသမား
တွေအဖြစ် စန်းစန်းမော်၊ မေသူကျော်၊ ရီရီဦးနဲ့ နီလာမြင့်တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်ဒါဟာ စင်္ကာပူအသင်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ ဂျပန်နည်းပြ ကုမာဒါရဲ့ကစားပုံပဲဖြစ်ပြီး ဒဏ်ရာက ပြန်လည်
သက်သာလာတဲ့ ခင်မာလာထွန်းကြောင့် မြန်မာ ကွင်းလယ်ဟာ ပိုပြီး အားရှိလာပါတယ်။မြန်မာအသင်းအနေနဲ့ ပထမပိုင်းတလျှောက်လုံး ထိုင်းအသင်းကို ဖိအားပေး ကစားသွားခဲ့ပေမယ့် ဂိုးရဖို့ အခွင့်ကောင်းတွေကိုတော့ အသုံးချနိုင်ခြင်း မရှိခဲ့ပါဘူး။နည်းပြ ကုမာဒါရဲ့ပွဲထွက်ကစားပုံဟာ တိုက်စစ်ကို ဦးစားပေးလိမ့်မယ်လို့ ထင်ရပေမယ့်လည်း တိုက်စစ်ဆင်မှုထက်
နောက်တန်းကစားပုံကို ပိုမိုအာရုံစိုက်ခဲ့ပြီး ထိုင်းအသင်းရဲ့ ပြန်လှန်ထိုးဖောက်မှုတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ ထိုင်းအသင်းက ကစားကွက် ပိုကောင်းလာခဲ့ပြီး မြန်မာ အသင်းကတော့ တန်ပြန်တိုက်စစ်နဲ့ ကစားရတဲ့အနေအထားကို ရောက်ရှိသွားခဲ့ပါတယ်။ထိုင်းအသင်းက မြန်မာအသင်းဘက်ကို ဖိအားပေး ကစားမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တကယ်တမ်း ဂိုးရသွား
တာက မြန်မာအသင်းပဲ ဖြစ်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ မြင့်မြင့်အေး ထိုးပေးတဲ့ ညာတောင်ပံက ဖြတ်တင်ဘောကို ကွင်းလယ် တိုက်စစ်ကစားသမား စန်းစန်းမော် က ခေါင်းတိုက်

လူငယ်မင်းသားတွေ ပြောသမျှ လူငယ်ဖက်ရှင် လူငယ်အမြင်


အခုခေတ်မှာ လူငယ်တွေဟာ အနာဂတ် ရည်မှန်းချက်ကိုယ်စီနဲ့ တက်ကြွ နေတာတွေ့ရပါတယ်။ တိုးတက်ချင်စိတ်၊ သင်ယူလိုစိတ်၊ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေကြ ပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ကိုယ်ကျွမ်းကျင်ရာနဲ့ ကူညီအားဖြည့်နေကြသူ လူငယ်တွေလည်း အများအပြား တွေ့နေရ ပါတယ်။ လူငယ်တွေကို တိုင်းပြည် ရဲ့ အနာဂတ် ကြယ်ပွင့်များလို့ ပြောကြတာလည်း ရှိသလို၊ ကနေ့ခေတ် လူငယ်တွေဟာ ဖက်ရှင်ကျကျ၊ စတိုလ်ကျကျနဲ့ ကိုယ့်ရည်မှန်း ပန်းတိုင်ကို ရောက်ဖို့ ယုံကြည်ချက် အပြည့်နဲ့ လျှောက် လှမ်းနေကြပြီဖြစ်ပါတယ်။ ယုံကြည်ချက်ကို လျောက်လှမ်းရင်း အောင်မြင်မှု ပန်းတိုင်ဆီသို့ ခရီးဆက်နေကြတဲ့ လူငယ် သရုပ်ဆောင် ဟိန်းဝေယံနဲ့   အောင်ရဲလင်းတို့ရဲ့ လူငယ်ဖက်ရှင်၊ လူငယ်အမြင် သူတို့ရဲ့ စကားတွေကို အခုလို ဖော်ပြလိုက်ပါတယ်။

ဟိန်းဝေယံ
 
ခေတ်ရဲ့ပြောင်းလဲမှုနဲ့အတူ လူငယ်တစ်ယောက် အနေနဲ့ ပြင်ဆင်ထားမှု
ခေတ်နောက်ကျလို့လည်း မဖြစ်သလို ခေတ်ရဲ့ရှေ့ကိုလည်း ကိုယ်က ရောက်နေလို့မဖြစ်ဘူး။ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့တော့ လိုတယ်။ လူတိုင်း လူတိုင်းက သူ့ပုံစံနဲ့သူတော့ ရှိကြတယ်။ တချို့ကျတော့လည်း သွက်သွက်လက်လက် ရှိပြီး တချို့ ကျတော့ အေးအေးဆေးဆေး နေတတ်ကြတယ်။ ဒါပေမဲ့ လူငယ် တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ ဝတ်စား ဆင်ယင်မှု အပိုင်းကိုပြောရမယ် ဆိုရင်
ကျွန်တော်ကအခုခေတ် လူငယ်တွေ ဝတ်စား နေသလိုပုံစံမျိုးနဲ့ ကိုယ်သွားတဲ့နေရာနဲ့ သင့်တော်တဲ့ဝတ်စား

ဆက်သွယ်ရေးနှင့် အင်တာနက် လုပ်ငန်း ၀န်ဆောင်မှုအတွက် အဖွဲ့အစည်း ၅ ခုအား ပဏာမ ထပ်မံ ရွေးချယ်

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်းရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက် လုပ်ငန်းများ ဆောင်ရွက်ဖို့
အတွက် ပုဂ္ဂလိက ကုမ္ပဏီတွေကို တင်ဒါ ခေါ်ယူထားရာ မှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၅ ခုကို ပဏာမ ထပ်မံရွေးချယ် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အခုလို ပဏာမ ရွေးချယ် ထားတဲ့ အဖွဲ့အစည်း ၅ ခုဟာ ပြည်ပမှ နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ အဖွဲ့အစည်းများ ဖြစ်တယ်လို့ သိရပါတယ်။
ဆက်သွယ်ရေးနဲ့ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ဖို့ အတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တင်ဒါခေါ်ယူ ခဲ့ရာမှာ တင်ဒါ တင်သွင်းတဲ့ အဖွဲ့အစည်း ၆၄ ခုရှိခဲ့ပြီး အဲဒီထဲကမှ အဖွဲ့အစည်း ၁၁ ခုကို ရွေးချယ်ခဲ့ ပါတယ်။ အဆိုပါ အဖွဲ့အစည်း ၁၁ ခုထဲကမှ အခုအခါ မှာတော့ အဖွဲ့အစည်း ၅ ခုကို ထပ်မံ ရွေးချယ် သွားမှာ ဖြစ်ပါတယ်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ အဆိုပါ အဖွဲ့အစည်း ၅ ခုရဲ့ တင်ပြချက် တွေကို

မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး

မြန်မာ့တပ်မတော်နဲ့ စစ်ရေးပူးတွဲ လုပ်ဆောင်ဖို့ တပ်မတော် အရာရှိများကို သင်တန်းပေးဖို့ အလားအလာတွေကို အမေရိကန်နဲ့ မြန်မာ စစ်ဘက် အရာရှိတွေ ဆွေးနွေး ညှိနှိုင်းနေကြပြီလို့FinancialTimesကယနေ့သတင်း ရေးသား ဖော်ပြလိုက်ပါတယ်။စစ်ဘက်ဆိုင်ရာအရာရှိတွေသာမက အရပ်ဘက်လုံခြုံရေးအရာရှိတွေပါ တက်ရောက်တဲ့ အဲဒီဆွေးနွေးပွဲတွေမှာ အမေရိကန် ပူးတွဲ စစ်ဦးစီးမှူးများ ရုံးနဲ့ လက်ထောက် ကာကွယ်ရေးဝန်ကြီးများရုံးက အရာရှိတွေပါ တက်တယ်လို့ သတင်းက ဆိုပါတယ်။တချိန်တည်းမှာပဲ ဗြိတိန်နဲ့ ပြင်သစ်တို့ကလည်း ရုတ်သိမ်းထားတဲ့ စစ်သံမှူးတွေ မြန်မာပြည်မှာ ပြန်လည်ခန့်ထားဖို့ စ စီစဉ်နေကြပြီလို့ သံတမာန်သတင်းရပ်ကွက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။သတင်းပေးပို့ချက်အရ အမေရိကန်နဲ့ မြန်မာတွေအကြား ကနဦးဆွေးနွေးမှုတွေဟာ စစ်ရေးနဲ့မဆိုင်တဲ့ မဟာဗျူဟာ လေ့လာရေး သင်တန်းတွေ စ ပေးဖို့နဲ့

ပွင့်လင်းရာသီမှာ မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲများ ကျင်းပမည်

အခုနှစ် ပွင့်လင်းရာသီမှာ အောက်တိုဘာလကစပြီး ဒီဇင်ဘာလအထိ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကားပြပွဲကြီးများကို ဆက်တိုက်ကျင်းပသွားမယ်လို့ သိရတယ်။ သည်ပြပွဲကြီးမှာ အိမ်သုံး၊ လုပ်ငန်းသုံး မော်တော်ယာဉ်များ၊ မီးစက်ကြီးများနဲ့ အခြားစက်ပစ္စည်းများကို အထူးလျှော့ဈေးနဲ့ ရောင်းချခြင်း၊ အရစ်ကျ ငွေချေးစနစ်နဲ့ ရောင်းချခြင်း၊ အင်တာနက်မှ တိုက်ရိုက်လေလံဆွဲပေးခြင်း၊ ဘဏ်နဲ့ ချိတ်ဆက်ပြီး ချေးငွေစနစ်နဲ့ ရောင်းချခြင်းအပြင်အိမ်တိုင်ရာရောက်မှာယူတင်သွင်း ရောင်းချပေးခြင်းတို့ 
ဒါ့အပြင် ကားဘက်ထရီ၊ ကားတာယာ၊ ချောဆီအမျိုးမျိုး၊ ကားအလှဆင်ပစ္စည်းများနဲ့ အခြားကားပစ္စည်း မျိုးစုံကိုပါ ရောင်းချသွားမယ်လို့ သိရပါတယ်။ပြပွဲရက်တွေက အောက်တိုဘာ ၂၇ ရက်ကနေ ၃၀ ရက်နေ့အထိကို ဒဂုံမြို့နယ် ဦးဝိစာရလမ်းရှိ မိုင်ဒါကွင်း (မြို့မကွင်းကြီး) မှာ တစ်ကြိမ်၊ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ အမ်စီစီခန်းမမှာ နိုဝင်ဘာလ ၁၆ ရက်ကနေ ၁၉ ရက်အထိ တစ်ကြိမ်နဲ့ ဒီဇင်ဘာလ ၂၂

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိန်းအမှတ်အဖြစ်ဆန္ဒထုတ်ဖော်

                                                       

  
သောကြာနေ့ နံနက် ၄ နာရီခန့်ကတည်းက ထွက်ခွာမည့်ကားများ အဆင်သင့်
ရှိနေကြသော်လည်း ရဲများက အဆိုပါ မော်တော်ယဉ်လိုင်းကို ဖိအားပေးခဲ့ခြင်းကြောင့်
ကားများထွက်ခွာခြင်း မရှိခဲ့ပေ။ထို့ကြောင့် ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်အနေဖြင့် ပြည်သူ့ရင်ပြင်ဘက်သို့ သွားရောက်ကာ စီတန်းလှည့်လည်မှုပြုလုပ်ရန် ထွက်ခွာခဲ့သော်လည်း စမ်းချောင်းမြို့နယ် ရဲစခန်းမှ စခန်းမှူး ဦးအောင်သိန်း က ၎င်းပိုင်နယ်အတွင်း စီတန်းလှည့်လည်မှုမပြုလုပ်ရန် ဟန့်တားမှုများ ပြုလုပ်ခဲ့သည်။“နယူးမန္တလာထွန်းက ကား ငါးစီးလုံး ပြန်လှည့်သွားကြတယ်။ နေပြည်တော်အတွက်ပဲ
စီတန်းလှည့်လည်ဖို့ စာတင်ထားတာဆိုတော့ ပြည်သူ့ရင်ပြင်ရှေ့မှာ ဆက်ပြီး
လမ်းလျှောက်ကြဖို့ကို ရဲတွေက ခွင့်မပြုဘူး။
 အခုတော့ပြည်သူ့ရင်ပြင်ရှေ့က ကားမှတ်တိုင်မှာပဲ ငြိမ်းချမ်းရေးကွန်ယက်က
လူတွေရော၊ သတင်းထောက်တွေရော ရှိနေတယ်” ဟု အဆိုပါနေရာသို့

မြန်မာ နိုင်ငံက လူမှုရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူ ၅ ဦးကို NED အဖွဲ့က ဒီမိုကရေစီ ဆု ချီးမြှင့်

ဝါရှင်တန်မှာ မြန်မာ နိုင်ငံက လူမှုရေးနဲ့ ဒီမိုကရေစီရေး လှုပ်ရှား တက်ကြွသူ ၅ ဦးကို NED အဖွဲ့က ဒီမိုကရေစီ ဆု ချီးမြှင့် ခဲ့ပါတယ်။ဒီပွဲမှာ ၈၈ မျိုးဆက် ကျောင်းသား တွေ အားလုံး နိုင်ငံကူး လက်မှတ် မရလို့ မလာတဲ့ မင်းကိုနိုင်က လွဲပြီး ခွန်ထွန်းဦး၊ ကျော်သူ၊ ဒေါက်တာ စင်သီယာ မောင် နဲ့ ဦးအောင်ဒင် တို့ တက်ရောက် ဆုလက်ခံ ခဲ့ကြပါတယ်။မြန်မာ့ ဒိမိုကရေစီ ရေးအတွက် နှစ်ရှည်လများ အနစ်နာခံ အကျဉ်းကျခံပြီးစိုက်လိုက်မတ်တတ် ဆောင်ရွက်လာတဲ့ ပြည်တွင်း ပြည်ပကအတိုက်အခံ ခေါင်းဆောင်များ၊ လူမှုရေး လှုပ်ရှားသူ များကို ချီးမြှင့်တာ ဖြစ်ပြီး အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ကျင်းပ ခဲ့ပါတယ်။
ဒီဆု ရခြင်းထက် မြန်မာ နိုင်ငံက စစ်ဘေးတွေ၊ ပညာရေး၊ ကျန်းမာရေး ၊ သဘာဝ ဘေးဒဏ်ခံ ပြည်သူတွေ အတွက် ပိုတိုး ရွက်ဆောင်သွားရမယ်လို့ ဆုရှင် နာရေး ကူညီမှု အသင်းက ဦးကျော်သူက ဘီဘီစီကို ပြောပါတယ်။ရှမ်း တိုင်းရင်းသား များ ဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဋ္ဌဌ ခွန်ထွန်းဦး ကလဲ

အာဆီယံဆူဇူကီးဖလားခြေစစ်ပွဲကို ကွင်းထဲအထိလာရောက်အားပေးခဲ့ကြတဲ့ အနုပညာရှင်တို့ရဲ့အသံ

အာဆီယံ ဆူဇူကီး ဖလား ခြေစစ်ပွဲ ဝင်ဖို့အတွက် ပြင်ဆင်နေ တဲ့ မြန်မာ့ လက်ရွေးစင် အသင်း ဟာ ပထမဆုံး နိုင်ငံ တကာ ခြေစမ်းပွဲ အနေနဲ့ စင် ကာပူအသင်းနဲ့ စက်တင်ဘာလ ၁၁ရက်နေ့ ညနေ ၄နာရီ က ရန် ကုန်မြို့ သုဝဏ္ဏ ကွင်းမှာ ခြေစမ်း ကစား ခဲ့ပါတယ်။ ဒီပွဲ ကစား ဖို့ မြန်မာ အသင်း ဟာ ပြင်ဆင်ချိန် ၂ရက်သာ ရရှိခဲ့ပြီး နည်းပြချုပ် ကိုရီးယား လူမျိုး ပတ်ေ ဆာင်ဟွာက လည်း ပြင်ဆင်ချိန် နည်းပါးလို့ ကစား သမား တွေ ကို နည်း ဗျူဟာ မသင်ကြားနိုင်ဘဲ စိတ်ဓာတ် ပိုင်းကို သာ မြှင့်တင်ပေးထား တယ်လို့ ပြောပါတယ်။မြန်မာ ပရိသတ် တွေက လည်း ကိုယ့်မြေ၊ ကိုယ်ရေမှာ ကစား တာမို့ အိမ်ရှင် ဂုဏ်မရိုင်း စေဘဲ မျှမျှ တတနဲ့ စည်းကမ်း ရှိရှိ အားပေးခဲ့ ကြပါ တယ်။ စင်ကာပူ အသင်းက ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစား ခဲ့ပြီး ပထမ ပိုင်းက တော့ ဂိုးမရှိ သရေ ရလဒ် နဲ့သာပြီးဆုံး ခဲ့ပါ တယ်။ ဒုတိယ ပိုင်း ၅၃မိနစ် မှာ မြန်မာ နောက်ခံ လူအမှား ကနေ အဂူးကတ် ရှ်မီးယားက စင်ကာပူ အသင်း အတွက် ဦးဆောင် ဂိုးသွင်း ပေးခဲ့ ပါတယ် ။ကြည်လင်း ၊မိုးဝင်း၊ သိန်းသန်း လင်း၊နိုင်လင်းဦး ၊ရာဇာ ဝင်းသိန်းတို့ ဝင်လာ ချိန် မှာတော့ မြန်မာ အသင်း အသာ ရရှိခဲ့ ပြီး စင်ကာပူ အသင်း ကိုမြန်မာ အသင်း ကို ဖိအားပေး ကစားနိုင် ခဲ့ပါတယ်။ ပွဲချိန် မိနစ်၈ဝ မှာ သိန်းသန်း ဝင်း ရဲ့ဘယ် တောင်ပံဖြတ်တင်ဘော ကို ဒေးဗစ်ဒန်း က လှလှ ပ ပ ဒေါင့် ဖြတ်မြေ မကျ ကန်သွင်း ကာ အိမ်ရှင် ဂုဏ်ပြန် ဆယ် ခဲ့ပါတယ်။ ပွဲအပြီး မှာတော့ နှစ်သင်း စလုံးက မျှတတဲ့ ရလဒ် အနေနဲ့ တစ်ဖက် တစ်ဂိုး ဆီ သရေ ရလဒ်နဲ့ပဲ ပွဲပြီးဆုံး ခဲ့ပါတယ်။မြန်မာ့ လက်ရွေးစင် အသင်း အနေနဲ့ ဆူဇူကီး ဖလား ခြေစစ်ပွဲ မဝင်ခင် ဂျပန်နိုင်ငံ ကိုသွား ပြီး ခြေစမ်း ပွဲတွေ ကစားမှာ ဖြစ်တယ် လို့ သိရ ပါတယ်။ မြန်မာ့ လက်ရွေးစင် အသင်း ရဲ့ ဆူဇူကီး

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်လုပ်ငန်းရှင်တို့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲ ပြုလုပ်မည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း
တို့ ပူးပေါင်း၍ 9th Joint Meeting of Myanmar-Japan CCI Business Cooperation Committee ကို စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပမည် ဖြစ်သည်။
ယင်းအစည်းအဝေးတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းများအလိုက် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မြန်မာ-ဂျပန် ကုန်သည်/စက်မှု အသင်းများစီးပွား ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ပူးတွဲအစည်းအဝေး တွင်တွေ့ဆုံပြီး အကျိုးစီးပွား အတွက် အသေးစိတ် ညှိုနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
အထက်ပါအစည်းအဝေးနှင့် လုပ်ငန်းအလိုက် ဆွေးနွေးပွဲသို့ တက်ရောက်သော စီးပွားရေးလုပ်ငန်းရှင်များ

သန်းနဲ့ချီတဲ့ Apple ချစ်သူတွေ၂၁ /စက်တင်ဘာမှာ စတင်ရောင်းမယ့် iPhone 5 ကိုစောင့်ဆိုင်းနေကြ

ကမ္ဘာတလွှားက သန်းနဲ့ချီတဲ့ Apple ချစ်သူတွေက ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကမ္ဘာ တလွှား နိုင်ငံပေါင်း ၉ နိုင် ငံမှာရှိတဲ့ Apple စတိုးတွေ ကရောင်းချ မယ့် iPhone 5 ကို သူထက်ငါ အလျင် ရရေးအတွက် တန်းစီ စောင့်ဆိုင်းနေကြတာ မနေ့ ကတည်းကပါ။
နယူးယောက်မြို့က တိုကျိုမြို့ထိ ကမ္ဘာတလွှား မြို့ကြီးတွေက Apple စတိုးဆိုင်တွေရှေ့မှာ iPhone 5 ကို ရူးသွပ်စွာ စောင့်ဆိုင်းနေသူတွေက လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ယာယီတဲတွေ ထိုးပြီးနေတဲ့ သူတွေတောင် ရှိပါသတဲ့။ အခုလို လူတွေ တန်းစီစောင့်နေကြတာကလည်း ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီး တခုက နောက်ဆုံး ပေါ် စမတ်ဖုန်းကို ဒီကနေ့ ဒေသစံတော်ချိန် ၈ နာရီမှာ သက်ဆိုင် ရာ နိုင်ငံပေါင်း ၉ နိုင်ငံက Apple စတိုး ဆိုင်ကြီး ၃၄ ဆိုင်မှာ iPhone 5 ကို စတင် ရောင်းချပေးသွားမှာဖြစ်လို့ပါဘဲ

ပြည်ပရောက် မြန်မာတွေ ညီညွတ်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကြ ပည်ပရောက် မြန်မာတွေ ညီညွတ်ကြဖို့  ၀ါရှင်တန် ဒီစီ  မြန်မာ မိသားစုများ တွေဆုံပွဲမှာ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မြန်မာမိသားစုတွေ မေးမြန်းထားတဲ့ မေးခွန်း အများစုမှာတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပါတ်သတ်တဲ့
မေးခွန်း အများဖြစ်နေတာတွေ့ ရပါတယ်။ မေးခွန်းတွေ အားလုံးကို ဖြေကြားသလောက်ဖြစ်သွားပြီ
မကြာခင် မိနစ်ပိုင်း အတွင်းမှာ တွေ့ ဆုံပွဲ အောင်မြင်စွာ ပြီးဆုံးတော့မှာပါ

ဓာတ်မြေသြဇာဖြင့် ကြီးပြင်းသော ဟင်းရွက်စိမ်းများ၏ အန္တရာယ်

ဟင်းသီးဟင်းရွက် စိမ်းများကို စားခြင်းဟာ ကျန်းမာရေးနှင့် ညီညွတ် သော စားသောက်မှု ဖြစ်သော်လည်း ၄င်းတို့ဟာ ဆိုးဝါးပြင်းထန် သည့် သွေး ရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းကို များစေကြောင်း ထိုင်ဝမ်ဆရာဝန် တစ်ဦးက သတိပေးပြောဆိုလိုက်ပါ တယ်။
ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ဖြစ်သော ထိုသူ၏ ပြောဆို ချက်အရ မကြာသေးခင်က ဆေးရုံ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ Acute Methemoglobinaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်ခု ကို ခံစားခဲ့ရပါတယ်။ သွေးနီဥများ အတွင်း အောက်စီဂျင်သယ်ယူနိုင် သော မော်လီကျူးများ မထုတ်လုပ် နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
သူမ စားသောက်သော ဟင်းသီးဟင်းရွက် များဟာ ဓာတ်မြေဩဇာတစ်ခု ဖြစ် သည့်Nitrites နိုက်ထရိုက်များကို လွန်လွန်ကဲကဲ သုံးစွဲကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါကို ဖြစ်စေသော အများဆုံးအကြောင်းရင်းကတော့ Nitrates နိုက်ထရိတ် အများအပြား ပါဝင်သော စားစရာများဖြစ်သည့် ထပ်ဖြည့်ပစ္စည်း (Additives) များ ဖြစ်ပါတယ်။
၎င်းတို့ကို ဟော့ဒေါ့၊ ဝက်ပေါင်ခြောက် စသည်တို့ထဲတွင် တာရှည်အထားခံအောင် ထည့်လေ့ရှိပါတယ်။ ထိုင်ဝမ်ကျွန်းတွင် အပင်များ ရှင်သန်ကြီးထွားစေရန်အတွက် နိုက် ထရိတ် အမြောက်အမြားပါဝင်သော ဓာတ်မြေဩဇာများ သုံးလေ့ရှိကြောင်း သိရပါတယ်။ ယခုဖော်ပြခဲ့တဲ့ လူနာဟာ နှစ် ရှည်လများ သက်သတ်လွတ် စားလာ ခဲ့ပြီးနောက်မှ အဆိုပါရောဂါရလာခြင်း ဖြစ်ပါတယ်။
ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံးခုန်မြန်ခြင်း

တရုတ်နိုင်ငံသား ၁၃ ဦးအားသတ်ဖြတ်မှု မူးယစ်ရာဇာ နော်ခမ်းငြင်းဆို

၂၀၇က်နေ့ စက်တင်ဘာ ၂၀၁၂  — လွန်ခဲ့သောနှစ်က မဲခေါင်မြစ်အတွင်း တရုတ် ကုန်တင်သင်္ဘော နှစ်စင်းအား ပစ်ခတ် တိုက်ခိုက်မှုနှင့် တရုတ်နိုင်ငံသား ၁၃ ဦးအား သတ်ဖြတ်မှုတို့ဖြင့် စွပ်စွဲဖမ်းဆီး၍ ရုံးတင် စစ်ဆေးခံနေရသော မူးယစ်ရာဇာ နော်ခမ်း က ၎င်းအနေဖြင့် ထိုတိုက်ခိုက်မှုအားစီစဉ်ခဲ့ခြင်း မရှိကြောင်း ငြင်းချက် ထွက်ဆိုလိုက်သည်။ကြာသပတေးနေ့က တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်း တရားရုံး၌ ရုံးထုတ်စစ်ဆေးစဉ် စွပ်စွဲခံရသူ ခြောက်ဦးအနက်
ခေါင်းဆောင် နော်ခမ်းက ထိုသို့ငြင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း ဆင်ဟွာ သတင်းတရပ်တွင် ရေးသားပါရှိသည်။“အဲဒီအချိန်တုန်းက အဲဒီအကြောင်းကို ကျနော် မသိပါဘူး။ သူတို့ ကျနော့်ကို မပြောပါဘူး။ နောက်ကျမှသာ ကျနော် သိရတာပါ” ဟု နော်ခမ်း က ထွက်ဆိုခဲ့သည်။
ရုံးမထုတ်မီက မီဒီယာများနှင့် တွေ့ဆုံစဉ်က ထိုတိုက်ခိုက်မှုနှင့် ပတ်သက်၍ ဝန်ခံ ပြောဆိုခဲ့သော်လည်း တရားရုံးတွင်မှုပြောင်းပြန် ထွက်ဆိုလိုက်ခြင်း ဖြစ်သည်။၎င်းတို့ ခြောက်ဦးအား နိုင်ငံတကာ လူသတ်မှု၊ မူယစ်ဆေးဝါးမှု၊ ပြန်ပေးဆွဲမှုနှင့် သင်္ဘော အပိုင်စီးမှုတို့ဖြင့် စွဲဆိုထားခြင်း ဖြစ်သည်။၂ဝ၁၁ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့က မြန်မာ-လာအိုနှင့်ထိုင် သုံးနိုင်ငံ ဆုံသည့် ရွှေတြိဂံ နယ်မြေရှိ မဲခေါင်မြစ်ပေါ် တွင် တရုတ်အလံတင် သင်္ဘော နှစ်စင်းအား ထိုင်း ပါမောင်း အထူးတပ်ဖွဲ့မှ ရပ်တန့်စေရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ပစ်ခတ်မှုအတွင်း သင်္ဘောပေါ်ပါ တဦး သေဆုံးခဲ့သော်လည်း

ဂျွန်ဘမ်း၏ မြန်မာ မီဒီယာများနှင့် သတင်းစာ ရှင်းလင်းပွဲ

အင်္ဂလန်နှင့် လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်းသည်  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ရုံး အစည်းအဝေး ခန်းမတွင် မီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် ၊ Digicel ကုမ္ပဏီ၏ အာရှဒေသတွင်း အမှုဆောင်အရာရှိချုပ် ဗနက်ဆာ ဆလိုဝီ၊ အင်္ဂလန်နှင့် လီဗာပူး ကစားသမားဟောင်း ဂျွန်ဘမ်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် မီဒီယာများနှင့် အခြားဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာ  မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဦးဇော်ဇော်က အဖွင့်အမှာစကား ပြောကြားရာတွင် မိမိတို့ အနေဖြင့် ယခုလို Digicel ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရခြင်းကြောင့် ကျေနပ် ၀မ်းမြောက်မိသလို မိမိတို့၏ လူငယ်ကစားသမားများမှာလည်း ဘောလုံးပညာများ သင်ကြားပို့ချခံယူခဲ့ရသည့်အတွက် အနာဂတ်တွင် မြန်မာ လူငယ် များမှာ ဘောလုံး စွမ်းရည် တိုးတက်မြင့်မားလာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။ ဆက်လက်ပြီး ဂျွန်ဘမ်းက မြန်မာနိုင်ငံမှ ယူ-၁၂ လူငယ် ကစားသမား များမှာ နာခံတတ်မှု စွမ်းရည် မြင့်မားပြီး နောင် အနာဂတ်တွင် စနစ်တကျ သင်ကြားနိုင်ပါက အောင်မြင်ထူးချွန်သူများ ဖြစ်လာနိုင်ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
  ထို့အပြင် ဂျွန်ဘမ်းက ပြောကြားရာ၌ မိမိအနေဖြင့် မြန်မာ လူငယ် ကစားသမားများကို လေ့ကျင့်

ငါးထောင်တန် ငွေဖြည့် ကတ်ရောင်းချခွင့် မည်သူ မဆို လျှောက်ထားနိုင်

ကျပ်ငါးထောင်တန် ငွေဖြည့်ကတ်များ အားရောင်းချ ခွင့်ကို မည်သူမဆို ကိုယ်စား လှယ်လျှောက်ထားပါက ပေးအပ် သွားမည်ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် Elite Tech ကုမ္ပဏီမှ သိရသည်။ အဆိုပါ ငွေဖြည့်ကတ်များအား ယခုလ တတိယအပတ်မှ စတင်ရောင်းချပေး သွားမည်ဖြစ်ကြောင်း ရောင်းချပေးရာတွင်လည်း Elite Tech ဆိုင် သီးသန့် ရောင်းချပေးခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။
''ကတ်တွေ အမြန်ဆုံး ရောင်းချနိုင်ဖို့ ကြိုးစားနေပါတယ်။ ရောင်းပေး တဲ့အခါမှာလည်း လက်ရှိငွေဖြည့်ကတ်ရောင်းတဲ့ ပုံစံအတိုင်း ကိုယ်စား လှယ်တွေ ပေးသွားမှာပါ။ စာချုပ်ချုပ်တဲ့အပေါ် မူတည်ပြီး ကိုယ်စား လှယ်တွေ အကျိုးခံစားခွင့် ပိုရရှိမှာပါ''ဟု Elite Tech ကုမ္ပဏီမှ ဒုတိယအထွေ ထွေမန်နေဂျာ ဦးမင်းသက်ပိုင်က ပြောသည်။ ထုတ်လုပ်ရောင်းချပေးမည့် ငွေဖြည့်ကတ် အမျိုးအစားများမှာ CDMA 800 MHz၊ GSM နှင့် CDMA 450 MHz တို့ဖြစ်ကြောင်း CDMA 800 MHz ငွေဖြည့်ကတ် အရောင်မှာ ခဲရောင်အနု၊ CDMA 450 MHz အရောင်မှာ ရွှေဝါ ရောင်အနုနှင့် GSM ကတ်အရောင်မှာ အစိမ်းနုရောင် ဖြစ်ကြောင်း သိရသည်။ ငွေဖြည့်ကတ်သက်တမ်းများမှာ ဖုန်းအတွင်းတွင် ငွေမဖြည့်သွင်းမီ ကာလတွင် ၆ လအထိ ထားရှိပေးထားပြီး ဖုန်းအတွင်းငွေဖြည့်သွင်းပြီး သက်တမ်းမှာ ၄ လဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန် ချက်များအရ သိရသည်။
''ငွေဖြည့်ကတ် ရောင်းချပေးရာမှာလည်း သတ်မှတ်နှုန်းထက် ပိုမရောင်းအောင် ကိုယ်စားလှယ်တွေကို

ဒေါ်အောင်ဆန်းစုကြည်အမေရိကန်ကွန်ဂရက်စ်လွှတ်တော်ကဂုဏ် ပြုပေးအပ်တဲ့Congressional Gold Medal ဆုကိုလက်ခံရယူ

ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ကွန်ဂရက်စ်လွှတ်တော်က အရပ်သားတွေကို ဂုဏ်ပြုပေး အပ်တဲ့ ဆုတွေထဲမှာ အမြင့်ဆုံးဖြစ်တဲ့ Congressional Gold Medal ဆုကို   ဗုဒ္ဓဟူးနေ့တုန်းက လက်ခံရယူခဲ့ပါတယ်။ Capitol Hill လွှတ်တော် အဆောက်အအုံမှာလုပ်ခဲ့တဲ့ ဆုပေးပွဲအခမ်းအနား ကို အမေရိကန်ပြည်ထောင်စုရဲ့ ထိပ်တန်းလွှတ်တော်အမတ်တွေအပြင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် သမ္မတဟောင်းကတော် လော်ရာဘုရှ်တို့ကလည်း တက်ရောက်ပြီးတော့ ချီးကျူးဂုဏ်ပြုစကားတွေကို ပြောခဲ့ကြပါတယ်။ ဒီ ကွန်ဂရက်စ် လွှတ်တော် အကြောင်း အပြည့်အစုံကိုတော့ ကိုယ်တိုင်တက်ရောက် သတင်းယူခဲ့တဲ့ ကိုသိန်းထိုက်ဦးက တင်ပြပေး ထားပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးလုပ်ငန်းစဉ်တွေဟာ သမ္မတဦးသိန်းစိန် ဦးဆောင် တဲ့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့်ဆိုပြီး အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က ချီးကျူး ပြောဆိုသွားပါတယ်။

တချိန်တည်းမှာ ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းတွေ အခက်အခဲတွေ အများကြီး ရှိနေသေး တယ်လို့လည်း သူက ဆိုပါတယ်။

ကွန်ဂရက်စ်လွှတ်တော်ရဲ့ရွှေတံဆိပ်ဆုပေးပွဲအခမ်းအနားမှာ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်၊ အောက်လွှတ်တော်သဘာပတိ John Bohner၊ ရီပတ်ဗလစ်ကန် ဆီးနိတ် လွှတ်တော်

အမဲလိုက်စစ် ခွေးစက်ရုပ် အမေရိကားမှတီထွင်


အမေရိကန်စစ်ဘက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ဘက်သုံးခွေးစက်ရုပ်နှစ်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုပ်များကို အမဲလိုက်ခွေးကြီးများ ဟုခေါ်ဆိုပြီး ကြည်းတပ်သားများအတွက် ထောက်ပံ့မှုပေးရန် တီထွင်ခဲ့ခြင်းဖြစ်ကာ မည်မျှမြေမျက်နှာပြင် ကြမ်းတမ်းသည်ဖြစ်စေ၊ စစ်သည်များအတိုင်း လိုက်ပါသွားလာနိုင်ပြီး အလေးချိန် ပေါင်၄၀၀ အထိသယ်ဆောင်နိုင်ကာ မိုင်၂၀ခရီးအထိ လောင်စာဆီထပ်မဖြည့်ပဲ သွားလာနိုင်သည်။ ယခုအခါ

ဒီဇင်ဘာမှာ မြန်မာမင်းသား ၃ယောက်၊ ဂျပန်မင်းသမီး တစ်ယောက်နဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာဝင်းထွန်းထွန်း

ဒါရိုက်တာဝင်းထွန်းထွန်းက ရုပ် ရှင်ရိုက်ရင် ဒရာမာပဲရိုက်မယ်လို့ ပြော ထားခဲ့ဖူးပြီး သူပြောတဲ့စကားအတိုင်း ပါပဲ အခုအခါမှာလည်း ‘စုန်းပြူး’ဆို
တဲ့ ဒရာမာရုပ်ရှင်ကား ကြီး ပြင်ဦးလွင်မှာ ရိုက်ကူးနေပါတယ်။ ”ကိုယ်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ပြောတဲ့စကား တည်အောင်လည်း ဟာသကားတွေ ခေတ်စားတဲ့ ၄နှစ် ကျော်၊ ၅နှစ်မှာ ကျွန်တော် ရုပ်ရှင်တစ်ကားမှ မရိုက်ဘဲနေခဲ့ပါတယ်”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။ အခုရိုက်နေတဲ့ စုန်းပြူးဇာတ်ကို နေတိုးယူလာတာဖြစ် ပြီး ဒရာမာဆိုရင် သူက လည်း ကြိုက်တာကြောင့် ရိုက်ဖြစ်တာလို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။ အဲဒီကားမှာ သုံးဖို့အတွက် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကိုလည်း ဝယ်ယူဖို့ ကြိုး စားနေတယ်လို့ပြောတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရုပ်ရှင်လေးကား ဒီနှစ်ထဲမှာ ရိုက်မယ်လို့ပြောထားပေမယ့် နှစ်ကားပဲ ရိုက်ဖြစ်တော့မယ်လို့ သိရတာကြောင့် မေး ကြည့်တော့ ”အခုအနေအထားအရ ဗီဒီယိုယိမ်းယိုင်တဲ့ အနေအထားမှာရှိတယ်။ ကိုယ်က ဗီဒီယိုနဲ့ ထမင်းစားခဲ့ဖူးတယ်။ အဲဒီတော့ နောက်ဆုံး ဗီဒီယိုလောကပျောက် သွားတဲ့အထိ အတူရှိနေမယ်။ ဗီဒီယိုနဲ့ ထမင်းစားနေတဲ့သူ ၅သောင်း ကျော်ရှိတယ်။ ကိုယ့်ဆီ ရုပ်ရှင်ကားကြီးလာလို့ ရုပ်ရှင်ပဲ ရိုက်တော့မယ်ဆိုရင် မဖြစ်သေးဘူး။ ကိုယ် ပြန်ကြည့်ရဦးမယ် အဲဒါကြောင့်ပါ”လို့ ပြောပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရုပ်ရှင်ကားကြီး ရိုက်တဲ့အခါမှာလည်း သူနဲ့ ဟိုးအရင် ဗီဒီယိုရိုက်ကတည်းက
တွဲလာတဲ့သူ့ အဖွဲ့သားတွေနဲ့ပဲ ရိုက်ကူးတာဖြစ်ပြီး သူ့အဖွဲ့သား၁၅ယောက်နဲ့ လက်တွဲပြီး အလုပ်လုပ်လာ တာ၁ဝနှစ်ကျော်ပြီလို့ ဒါ ရိုက်တာ ဝင်းထွန်းထွန်းကပြော ပါတယ်။ ဒါရိုက်တာဝင်းထွန်းထွန်းက ဒီဇင်ဘာမှာ နောက်ထပ် ရုပ်ရှင် တစ်ကားကို ရိုက်ကူးဖို့စီစဉ် နေပြီး အဲဒီကားမှာ ဂျပန်မင်းသမီး

ဂျပန်အကူအညီဖြင့် ၂၀၁၃တွင် အင်တာနက်မြန်နှုန်း 10GBအထိ တိုးမြှင့်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်မည်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှလက်ရှိ အသုံးပြုခွင့်ပေးထားသော အင်တာနက်မြန်နှုန်းများကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် ၂၀၁၃ခုနှစ်တွင် အင်တာနက်မြန်နှုန်း 10GBအထိ တိုးမြှင့်သုံးစွဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည် ။ အင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်ရာ၌လည်း ဂျပန်နိုင်ငံမှ နည်းပညာပိုင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ပညာရပ်ပိုင်းဆိုင်ရာများဖြင့် ဆောင်ရွက်ကြမည်ဖြစ်သည်။ ထိုသို့ မြန်နှုန်း တိုးမြှင့်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမှီ အင်တာနက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည် ဟုသိရသည်။'' ဆီးဂိမ်းစ်အမီ  အင်တာနက်ကောင်းကောင်း တိုးမြှင့်အသုံးပြုနိုင်အောင် ဆောင်ရွက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆီးဂိမ်းမှာ နိုင်ငံခြားသားတွေနဲ့ ပြည်သူတွေပါ အင်တာနက်ကို အကောင်းဆုံးအသုံးပြုနိုင်အောင်ပါ '' ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထိုသို့အင်တာနက် ကွန်နက်ရှင်များ ကောင်းမွန်ရန် ဆောင်ရွက်ပြီးပါကလည်း အင်တာနက်ကွန်နက်ရှင်

လှိုင်သာယာ ကျူးကျော်များ၏ ဘဝတည်ငြိမ်ရေး ဆင်းရဲသားရွှေမြို့တော် နှစ်ကုန်တွင် တည်ပေးမည်

”လှိုင်သာယာမှာ ရှိနေတဲ့ ကျူးကျော်နေထိုင်သူတွေအတွက် သားစဉ်မြေးဆက် အခြေချနေထိုင် ဖို့နဲ့ ဆင်းရဲမွဲတေမှုကို လျှော့ချရေး အတွက် အောက်ခြေကနေစတင် ပြောင်းလဲရင် ပိုမိုထိရောက်မယ် လို့ ယုံကြည်ပါတယ်။
အဲဒါကြောင့် ”ဆင်းရဲသား ရွှေမြို့တော်ကို တည် ဆောက်ရတာပါ” ဟု ဦးမြင့်သိန်းက ပြောသည်။
ဆင်းရဲသားေ ရွှမြို့တော်စီမံကိန်း အား ယာယီမတည်ငွေကျပ်သိန်း ၁ဝဝ ကိုဦးမြင့်သိန်းကထည့်ဝင်ပေး မည်ဖြစ်ပြီး မြို့တော်တွင်နေထိုင်သူ များကတစ်လလျှင် ကျပ် ၃ဝဝဝဝ နှုန်ြး ဖင့် သုံးနှစ်တိတိ ပေးဆောင်ရ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့တော်၌ ပေ ၂ဝ × ပေ ၅ဝ မြေကွက်ပေါ်တွင် ၁၅ ပေ × ပေ ၂ဝ ဝန်းကျင်အိမ် တည် ဆောက်မည်ြ ဖစ်ပြီး အိမ်နောက် ဘက်၌ မွေးမြူရေးလုပ်ကိုင်နိုင်
ရန်နေရာ ထားရှိမည်ဖြစ်ကြောင်း၊ ပထမနှစ်၏ ခြောက်လအတွင်း ဝါးအိမ်များအပြီး ဆောက်လုပ်မည် ဖြစ်ပြီး အိမ်ဆယ်လုံးပြီးတိုင်း နေ ထိုင်သူများအား မဲစနစ်ဖြင့် စတင် နေရာချပေးမည်ဖြစ်ကြောင်း ၄င်း

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိုဘားမားနဲ့တွေ့ဆုံ

အမေရိကန် ပြည်ထောင်စုမှာသီတင်း၃ပတ်နီးပါးကြာခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှု အသေးစိတ်နဲ့ ပတ်သက်လို့တော့ တစုံတရာ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney ကတော့ မြန်မာနိုင်ငံမှာ တရားမျှတပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့ ဒီမိုကရေစီ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာလူထုရဲ့ လှုပ်ရှားမှုတွေ အပေါ် အမေရိကန် ပြည်ထောင်စုက နှစ်ပေါင်းများစွာ အားပေး ထောက်ခံမှုတွေကို ထပ်မံ အတည်ပြု ပေးနိုင်မယ့် အခွင့် အလမ်း တရပ်အဖြစ် ရည်ညွန်း ပြောဆိုသွားပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာတော့  မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းမှုတွေ အတွက်

Apple ကပြောသော iPhone 5 အချက်အလက်များ

The new iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်က အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ္စကိုမှာ ထုတ်ဖော်ပြသပြီး ပါဝင်လာမယ့် အသေးစိတ်အချက် အလက်များကို Apple အဖွဲ့ မှ ယခုလို ရှင်းလင်းဖော်ပြထားပါတယ်။

အထူ၊ အတိုင်းအတာ၊ အသွင်အပြင်၊ အလေးချိန်

၇.၆ မီလီမီတာ ထူတဲ့အတွက် ယခင်က iPhone 4S ထက် ၁၈ ရာခိုင်နှုန်း ပါးသွားတယ်လို့ ဆိုပါတယ်။ Display အရွယ်အစားက ၃.၅ လက်မတွေချည်း ထုတ်လုပ်ခဲ့ရာမှ ယခု ၄လက်မ ဖြစ်သွားပါတယ်။ ဒီတော့ Homepage မှာ icon တွေကို role ငါးခုအထိ ပြသနိုင်တယ်လို့ ဆိုပါတယ်။ အလူမီနီယမ် နဲ့ ဖန် နှစ်မျိုးတည်းသာ အသုံပြုပြီး တည်ဆောက်ထားပါတယ်။ Apple ရဲ့  top ကွာလတီ ပစ္စည်းတွေချည်း အသုံးပြုတယ်လို့ ဆိုပါတယ်။ အလေးချိန် ကတော့ ၁၁၂ ဂရမ်ဖြစ်ပြီး iPhone 4S ထက် ၂၀ ရာခိုင်နှုန်း ပေါ့သွား ပါတယ်။

Display

Display resolution က ၁၁၃၆x၆၄၀, ၃၂၆ ppi ရှိတယ်လို့ ဆိုပါတယ်။ Retina Display ကိုအသုံးပြုထားတဲ့အတွက် The new iPad လိုပဲ မျက်နှာပြင် ကျယ်ကျယ်မှာ ရုပ်ထွက်

iPhone 5 သည် မြန်မာတွင် သုံးနေသော SIM Card စနစ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ စိတ်ဝင်စားလျက်ရှိ

iPhone 5 သည် မြန်မာနိုင်ငံ တွင် လက်ရှိ အသုံးပြုလျက် ရှိသော SIM Card စနစ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ Apple product အရောင်းဆိုင်များနှင့် ဝယ် ယူအသုံးပြုရန် စောင့်ဆိုင်းလျက် ရှိသူများ စိတ်ဝင်စားလျက်ရှိကြ ကြောင်း သိရသည်။
“အခု iPhone 5 အသုံးပြုတာ က Nano-SIM Card စနစ် ဖြစ်နေ တယ်။ မြန်မာနိုင်ငံမှာ လက်ရှိသုံး နေတဲ့SIM card တွေထက် အရွယ် အစားရော၊ အထူအပါးရော သေး တယ်။ ဒါကြောင့် ကတ်ချိုးတဲ့ အခါ တော်တော်လေး ခက်သွား လိမ့်မယ်။ ကျွန်တော့် ခန့်မှန်းချက် အရဆိုရင်တော့ ၅၀း၅၀ ပဲ။ စင် ဒီမှာရနိုင်ဖို့ တော်တော်သေချာ သွားပြီ။ ဖုန်းလက်ထဲရောက်တော့ မှပဲရ၊ မရသိရမှာပါ” ဟုGolden Dragon ဖုန်းဆိုင်မှ ကိုကျော်ဇော ဟိန်းက ပြောသည်။
iPhone 5 သည် မြန်မာနိုင်ငံ သို့စက်တင်ဘာလ ကုန်ပိုင်းလောက် တွင်ရောက်ရှိနိုင်ဖွယ်ရှိပြီး ရောက် ရှိလာပါကလည်း ဈေးကွက်မည် ကဲ့သို့ဖြစ်မည်ကို ခန့်မှန်း လျက်ရှိ ကြသည်။ “နည်းစနစ်နဲ့ အရွယ်အစား က ပြောင်းလဲသွားပေမယ့်design က ဒီdesign ကြီးပဲ။ Apple ဆိုတဲ့ ကုမ္ပဏီဆိုတော့လဲ တစ်ခုခုတော့ ထူးခြားဖို့ မျှော်လင့်ရတာပဲလေ။ ဒီ ကSIM ကတ်တွေနဲ့ သုံးလို့ရ/ မရကလဲ မသေချာသေးတော့ ဈေး

အဆီပါသော အစားအစာများက ဦးနှောက်ကို ပျက်စီးစေနိုင်ပါသလား

ပြည့်ဝ ဆီကြွယ်ဝစွာ ပါဝင်သော အစားအစာ များက ဦးနှောက် အတွင်းရှိ လူ တစ်ယောက်၏ အစာစားချင် စိတ်ကို ထိန်းညှိပေးသော နေရာအား ပျက်စီးစေနိုင်ကြောင်း လေ့လာမှု တစ်ခုမှ တွေ့ရှိ ထားပါတယ်။

ဦးနှောက်ရဲ့ အောက်ခြေမှာရှိ သော ဟိုက်ပိုသားလမတ်စ်လို့ခေါ်တဲ့ နေရာက လူတွေစားသုံးသော အစား အစာ၏ ပမာဏနှင့်

စွမ်းအင်သုံးစွဲမှု ကို ထိန်းချုပ်ပေးပါတယ်။ အဝလွန်သူ များတွင် ဤထိန်းချုပ်မှု ပျက်ပြား သွားပြီး အလုပ်မလုပ်တော့တဲ့အတွက် အစားတွေ ပိုစားမိခြင်းဖြစ်ပါတယ်။
ကြွက်များဖြင့် စမ်းသပ်မှုအရ အဆီမြင့် မားသော အစားအစာများက ဟိုက်ပို သားလမတ်စ်ကို

ထိခိုက်ဒဏ်ရာဖြစ် စေကြောင်း သိရပါတယ်။ ထိုမှတစ်ဆင့် စွမ်းအင်ထိန်းညှိမှု ပျက်ပြားသွား ပြီး

အမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခုကို အမျိုးသာဥယျာဉ်အဖြစ် လုပ်ကိုင်ရန် တင်ဒါလျှောက်ထားသူ ၁၅ ဦးရှိ

ရှေးဟောင်းအမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခုကို အမျိုးသားဥယျာဉ်အဖြစ် လုပ်ကိုင်လို ၍ တင်ဒါတင်ထားသော ပုဂ္ဂလိကလုပ်ငန်းရှင် ၁၅ ဦးရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမည့် အမျိုးသားယာဉ်ကျေးမှု အမွေအနှစ်လေးခုမှာ မြန်နန်းစံကျော် ရွှေနန်းတော် နန်းမြို့ရိုးနှင့် ကျုံး၊ တံတားဦး ဆင်ကျုံးခံတပ်နှင့်သပြေတန်းခံတပ်၊ ရွှေဘိုနယ် ရွှေဘုံရတနာ မင်္ဂ လာနန်းတော်၊ ပဲခူးမြို့ရှိကမ္ဘောဇသာဒီနန်းတော်တို့ ဖြစ်သည်။ ယင်းအမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခု ကို အမျိုးသားဥယျာဉ်အဖြစ် လုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့သည်။

“ဒီလကုန်ရင်တော့ တင်ဒါပိတ်တော့မယ်။ စိတ်ဝင်စားပြီးတင်ဒါလာဝယ်တဲ့လုပ်ငန်းရှင် ၁၅ ဦး ရှိတယ်။ အဆိုပြုလွှာကိုတော့ ဒီလကုန်မှ တင်ပြီးရွေးမယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အမျိုးသားဥယျာဉ်အဖြစ် ပုဂ္ဂလိကကို ချထားပေးရာတွင် လုပ်ကိုင်ခွင့်ရသော လုပ်ငန်းရှင်စည်း ကမ်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များ မပျက်စီးရန်ပြုပြင်ထိန်းသိမ်းခြင်းများ၊ ယင်းဒေသတစ်ဝိုက်တွင်

မြန်မာ့ ဘတ်စ်ကက်ဘော တိုးတက်ရေး အမေရိကန် ကူညီမည်


အရှေ့တောင်အာရှ ပြိုင်ပွဲများနှင့် ၁၆ နှစ်ကြာ ကင်းဝေးနေသည့် မြန်မာဘတ်စ်ကက်ဘော အားကစား တိုးတက်ရေး အကူ အညီ ပေးရန် အမေရိကန် ဘတ်စ်ကက်ဘော အဖွဲ့(NBA)မှ အားကစားသံတမန် အဖွဲ့ မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိနေသည်။
အဆိုပါ သံတမန်အဖွဲ့တွင် မြောက်ကာရိုလိုင်းနားအခြေစိုက် ရှားလော့ထ် ဘော့ပ် ကက်စ် (Charlotte Bobcats) အသင်း၏ မန်နေဂျာ မြန်မာနိုင်ငံဖွား ရစ်ချတ်ချို အပါအ၀င် စုစုပေါင်း ၄ ဦးပါဝင်ပြီး ယမန်နေ့က ရန်ကုန်မြို့ တော်ဝင် စင်တာတွင် ဘတ်စ် ကက် ဘော ၀ါသနာရှင်များအား သရုပ်ပြ ကစားမှုများ ပြုလုပ်ခဲ့သည်။
ယနေ့ နံနက်ပိုင်းကလည်း ယင်းအားကစား သံတမန်အဖွဲ့သည် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မိုးလုံလေလုံ အားကစားရုံ၌ မြန်မာနိုင်ငံ ခြင်းလုံး အဖွဲ့ချုပ်နှင့် မြန်မာ့ရိုးရာ ခြင်း အလှခတ် ကစားသည်။
လတ်တလောတွင် မြန်မာဘတ်စ်ကက်ဘော နည်းစနစ်ပိုင်းဆိုင်ရာနှင့် ကစားသမားတဦးချင်း

တောင် ကိုရီးယား 4 Minute အဆိုအဖွဲ့ ယာဉ် မတော် တဆမှုဖြစ်ပွား


တောင် ကိုရီးယား အမျိုး သမီးအဆို အဖွဲ့ဖြစ်သည့် 4 Minute အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က ယာဉ် မတော် တဆမှု ဖြစ်ပွားသော်လည်း ကံကောင်း ထောက်မစွာဖြင့် အဖွဲ့ဝင် အားလုံး ကြီးကြီးမားမား ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။  4 Minute အဖွဲ့သည် ဖျော်ဖြေပွဲ ကျင်းပမည့် အိုဆန်မြို့သို့ သွားရာ လမ်းတွင် ၎င်းတို့ စီးလာသည့် ကားနှင့် ရှေ့မှ ကားတို့ တိုက်မိ ခဲ့ခြင်းဖြစ်သည်။   ယာဉ် မတော် တဆမှု ဖြစ်ပွားခြင်း ကြောင့် အိုဆန်မြို့   မြို့သူမြို့သား များ၏ အထိမ်း အမှတ်   အခမ်း အနား တွင် ဖျော်ဖြေ တင်ဆက်နိုင်မှု မရှိသည့် အတွက် ပရိသတ်
များကို တောင်းပန်ကြောင်း ၎င်းတို့၏  အေဂျင်စီက ပြောကြား ခဲ့သည်။  အိုဆန် ပွဲတော်၌ ဖျော်ဖြေမှု ပျက်ကွက်ခဲ့သည့် အတွက် 4 Minute အဖွဲ့ သားများ ကလည်း ပရိသတ် များကို တောင်းပန်ကြောင်း

မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ထပ်မံ လျှော့ချရေးအပေါ် ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


အလည်အပတ်ရောက်ရှိနေသည့် နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်
က ပြောကြားကြောင်း ဘီဘီစီ သတင်းဌာနကရေးသားဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီးနောက် အထက်ပါအတိုင်း
 ပြောဆိုခြင်းဖြစ်သည်။

"ပိတ်ဆို့အရေးယူမှုတွေ လျှော့ချပေးဖို့ကိစ္စကို ကျွန်မ အလေးအနက်ထောက်
ခံပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ပြည်သူတွေ အနေနဲ့ သူတို့ရဲ့ကိုယ်ပိုင်ဘဝနဲ့ ကံကြမ္မာ
အတွက်ကိုယ့်ဘာသာကိုယ်တာဝန်စတင်ယူနိုင်ပြီ(ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ပြီ)
လို့ထင်မြင်မိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

 နောက်ဆုံးမှာ ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဒီမိုကရေစီစနစ်ကို ကျွန်မတို့ထူထောင်ရမှာဖြစ်
ပါတယ်" ဟုအမေရိကန်ကွန်ဂရက်ရွှေတံဆိပ်ဆုလက်ခံရယူရန်ရှိသည့်
 ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမားသည် ပြီးခဲ့သည့် ဇူလိုင်လအတွင်း

လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ် ဖော်ဆောင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်စီစဉ်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပြည်တွင်း၌ ၀င်ရောက်ရင်းနှီးမြှုပ်နှံချိန်တွင် ဈေးနှုန်းများနှင့် ဘဏ်များတည်ငြိမ်မှု ရှိစေရန်အတွက် လွတ်လပ်သော ငွေကြေးမူဝါဒတစ်ရပ်ကို လာမည့် ၂၀၁၃ နှစ်ဝက်ကာလ၌ ဖော်ဆောင်သွားရန် စီမံထားသည်။

လွှတ်တော်သည် ရှေ့လ၌ နိုင်ငံတော်ဗဟိုဘဏ်၏ လုပ
်ပိုင်ခွင့်နှင့် သီးခြားအမှီအခိုကင်းစွာ ရပ်တည်နိုင်မှုကို ချဲ့ထွင်ပေးမည့် ဥပဒေသစ် ပြဋ္ဌာန်းရန်လည်း စဉ်းစားနေသည်ဟု ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက ဘလွန်းဘာ့ဂ်သတင်းနှင့် အင်တာဗျူးတစ်ခုတွင် စက်တင်ဘာ ၁၄ က ပြောကြားသည်။ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ IMF နှင့် ထိုင်းဗဟိုဘဏ်တို့သည်လည်း မြန်မာအရာရှိများကို သင်တန်းပေး လေ့ကျင့်လျှက်ရှိရာ မကြာမီ ပြီးဆုံးတော့မည်ဖြစ်သည်။ ဦးမောင်မောင်ဝင်းက "ကျွန်တော်တို့ နောက်ကျနေပါတယ်။ ဒါကြောင့် ကြိုးစားလုပ်ဆောင် ရပါမယ်။ လေ့ကျင့်ရေး သင်တန်းအစီအစဉ်တွေပြီးတာနဲ့ ငွေကြေးဖောင်းပွမှုကို

မန္တလေးတံတားဦး ဟိုတယ်ဇုန်သစ် စီမံကိန်းမှာ လုပ်ငန်း လုပ်ကိုင်ခွင့် အဆိုပြုလွှာ ၁၀၀ ကျော်အထိ ရှိနေပြီ


မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မန္တလေး ဒေသမှာ ဟိုတယ်ဇုန် အဖြစ် ဖေါ်ထုတ်မယ့် တံတားဦး ဟိုတယ်ဇုန် အသစ်မှာ
မြေနေရာ လျှောက်ထားပြီး ဟိုတယ် တည်ဆောက်ခွင့်ပြုဖို့ အတွက် လျှောက်ထားတဲ့ လုပ်ငန်း အဆိုပြုလွှာ တွေဟာ ယခု လက်ရှိမှာ လျှောက်လွှာ တစ်ရာကျော် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတားဦး ဟိုတယ်ဇုန် အတွက် အဆိုပြုလွှာတွေ ကိုတော့ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မန္တလေး ဟိုတယ်ဇုန်တို့မှာ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်ဇုန် မှာတော့ လုပ်ငန်းရှင်များ အတွက် မြေနေရာ ချထားပေးမှုကို လုပ်ငန်းရှင် တစ်ဦးလျှင် အနည်းဆုံး မြေဧက ၅ ဧက ချထားပေးမှာ ဖြစ်သလို မြေဧကများ ထပ်မံ လိုအပ်ပါက လိုအပ်သလို

မိုဘိုင်းဖုန်း သန်း ၃၀ စီမံကိန်း ဖျက်ပြီ ပြည်သူတွေရဲ့ ဖုန်းပိုင်ဆိုင်မှုနှုန်းကို ၅၀ ရာခိုင်နှုန်းအထိ မြှင့်တင်မည်


ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း တာဝန် ယူကာစ ၂၀၁၁ ခုနှစ်က အစိုးရအဖွဲ့နဲ့  ပြည် သူတွေကို တရားဝင်တင်ပြထားတဲ့ ၅  နှစ် အတွင်း တယ်လီဖုန်း သန်း ၃၀ တပ်ဆင်ရေး   စီမံကိန်းကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာတဦးက ပြောပါတယ်။  လက်ရှိ အြေပာင်းအလဲ စီမံကိန်းသစ်အရ မြန်မာ့ ဆက်သွယ်ရေးကို ကော်ပိုရေးရှင်းအဖြစ် ဖွဲ့စည်းကာ ဆက်သွယ်ရေးလက်အောက်မှာ ဖက်စပ် ကုမ္ပဏီ ၄ ခု  ဖွဲ့စည်းမှာဖြစ်ကြောင်း၊   ဒီ ဖက်စပ် ကုမ္ပဏီတွေအြဖစ် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ရတနာပုံ တယ်လီပို့စ် အပြင်အခြား ပြည်တွင်းပြည်ပ
ကုမ္ပဏီ ၂ ခုကိုလည်း ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမှာဖြစ်ကြောင်း၊ ဒီအတွက် မူလ စီမံကိန်းကို ပယ်ဖျက်လိုက် တာ  ဖြစ်ကြောင်း ပြောပါ တယ်။  ဆက်သွယ်ရေးရဲ့ မူလစီမံကိန်းအရ ၂၀၁၁-၁၂ မှာ

ငါးထောင်တန် ငွေဖြည့်ကတ် ရန်ကုန် ဈေးကွက် စဖြန့် ပြီ

ရန်ကုန် ဈေးကွက်တွင်းသို့ ငါးထောင်တန်ငွေဖြည့်ကတ်များအား 18.9.2012 နေ့  ညနေ၌ စတင်ဖြန့် ချီပေးသွားတော့မည့် ဖြစ်ကြောင်း E - Lite Tech ရုံးချုပ် မားကတ်တင်းဌာနက ပြောသည်။ "ဒီနေ့ ညနေရန်ကုန်ကို စဖြန့်မယ်။
မနက်ဖြန်လောက် ဆိုရင်နယ်တွေမှာပါ သုံးလို့ ရလောက်ပါပြီ" ဟု ၄င်း ဌာနက ဆက်ပြောသည်။ ယခင် GSM, CDMA 450 နှင့် CDMA 800 တို့ အတွက် တစ်သောင်း၊ သုံးသောင်း၊ FEC 20 နှင့် FEC

ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးအကြောင်းပြောဆိုဆွေးနွေးမှုအားတိုက်ရိုက်လွှင့်ထုတ်မည်


အမေရိကပြည်ထောင်စု ငြိမ်းချမ်းရေးအင်စတီကျူ့ အဆောက်အဦးတွင် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံရေးအကြောင်းပြောဆိုဆွေးနွေးမှုအားတိုက်ရိုက်လွှင့်ထုတ်မည်။
နှစ် ၂၀ကျော်အတွင်းပထမဆုံးအကြိမ် အမေရိကန်နိုင်သို့ ရောက်ရှိလာသည့် ဒီမိုကရေခေါင်းဆောင်ဒေါ်အောင်းဆန်းစုကြည်သည် မြန်မာနိုင်ငံရေး ခက်ခဲစွာထိခိုက်ပျက်စီးလွယ်မှုကြားကနေ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့ရတဲ့ အကြောင်းအရာများကို အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးအင်စ တီကျူအဆောက်အဦးမှာ ယနေ့ည မြန်မာစံတော်ချိန် (၁၂)နာရီတွင်(This event will be webcast live beginning at 12:30pm EST on September 18, 2012.) ပြောဆိုဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ တွေ့ဆုံဟောပြောပွဲသို့ အမေရိကန်နိုင်ငံခြားဝန်ကြီးတက်ရောက် မိတ်ဆက်စကားပြောကြားမည်ဖြစ်ပြီး အောက်ပါဝက်ဆိုဒ်မှ တိုက်ရိုက်လွှင့်ထုတ်မည်ဖြစ်သည်။

မြန်မာမီဒီယာအဖွဲ့ အာဆီယံ -တရုတ်ကုန်စည်ပြပွဲတက်ရောက်


တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင်ကျင်းပသည့် န၀မအကြိမ်မြောက် “အာဆီယံ-တရုတ်ကုန်စည်ပြပွဲ”သို့တက်ရောက်ရန် မြန်မာမီဒီယာအဖွဲ့သည် စက်တင်ဘာလ ၁၈ ရက်တွင် ထွက်ခွာသွားခဲ့သည်မြန်မာမီဒီယာအဖွဲ့တွင်ဦးဟိန်းလတ်( ပေါ်ပြူလာဂျာနယ်)၊ ဒေါ်ရည်မွန်(အလင်္ကာဝတ်ရည်မဂ္ဂဇင်း)၊
 ဒေါ်နေနွယ်မိုးအောင် ( Trade Times)၊ ဒေါ်အေးသီတာလွင်( Myanmar Times) နှင့် The Farmer

သမ္မတ ဦးသိန်းစိန် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး တက်ရောက်မည်


တရုတ်နိုင်ငံမှာ စက်တင်ဘာလ ၁၈ ရက်ကနေ ၂၂ ရက်နေ့အထိ ကျင်းပမယ့် (၉) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန်တက်ရောက်မှာ ဖြစ်ပါတယ်။
သမ္မတရဲ့ တရုတ်ခရီးစဉ်ဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်လာတဲ့ မြန်မာနိုင်ငံအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့လည်း ချစ်ခင်ရင်းနှီးမှု ခိုင်ခိုင်မြဲမြဲ ရှိသေးတယ်ဆိုတာ ဖော်ပြလိုတဲ့သဘောမျိုး တွေ့ရတယ်လို့ တရုတ်ပြည်အခြေစိုက် ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းက ပြောပါတယ်။
“အခုလာတဲ့ ကိစ္စဟာ အမေရိကန်ကို မသွားခင် နှစ်နိုင်ငံဆက်ဆံရေးကို Balance လုပ်တဲ့သဘောမျိုး ရှိတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုခါက ဦးသိန်းစိန်တို့ အစိုးရဟာ အနောက်နိုင်ငံတွေနဲ့ အကြီးအကျယ် စပြီးတော့ တွဲနေတဲ့အခါ ဆိုတော့ ဒီဘက်က အထင်မမှားအောင် သူလုပ်ဖို့ အများကြီးလိုပါတယ်။ တကယ်ဆိုတော့ တရုတ်ပြည်ဘက်က ကြည့်လိုက်လို့ရှိရင် ဒီအချိန် တရုတ်ပြည်မှာလည်း ၁၈ ကြိမ်မြောက် ပါတီညီလာခံ လုပ်တော့မှာ။ အဲဒီအတွက် အကြီးအကျယ်

ဒေါ်အောင် ဆန်းစုကြည် ကို သူရဲကောင်း အဖြစ် ၀ါရှင်တန် ဒီစီ မှာ ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို ဆိုက်ရောက်ချိန်မှာ ဘဲ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်တဲ့ အကျဉ်းသား ၅ ရာကျော်ကို မြန်မာအစိုးရက လွတ်ငြိမ်းသက်သာ ခွင့် ပေးလိုက်ပါတယ်။ ဒါက လည်း ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင် စု ကို နောက်တပတ် မလာခင် ရှေ့ပြေး လက္ခဏာ အသစ်တခုလည်းဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ထိ နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စု နှစ် ၂ ခုနီးပါး နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုဆို နှစ်ပေါင်း ၂၀ ကျော်ကာလအတွင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး ရောက်လာခဲ့ပါပြီ။ ဒီကနေ့ အင်္ဂါနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့ တွေ့ကြမှာဖြစ်ပါတယ်။
နောက်နေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အရပ်သားတဦးအနေနဲ့ အမြင့်ဆုံး ဆု တံဆိပ်ဖြစ်တဲ့ ကွန်ဂရက် လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ်ဆုကို

အကျဉ်းသား ၅၁၄ဦး ကို သမ္မတက လွတ်ငြိမ်း ချမ်းသာခွင့် ပေး

နိုင်ငံခြားသားအကျဉ်းသားတွေအပါအ၀င်အကျဉ်းသားစုစုပေါင်း၅၁၄ ယောက်ကိုသမ္မတကလွတ်ငြိမ်းချမ်း
သာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့အကြောင်း ကြားဖြတ်အထူးသတင်းတရပ် မကြာသေးခင်က အချိန်ပိုင်းကပဲ မြန်မာ့ရုပ်မြင်သံကြား ကနေ ကြေညာသွားပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ဖို့အတွက် သမ္မတ ဦးသိန်းစိန် အမေရိကန် ပြည်ထောင်စုကို မကြာခင် ရက်ပိုင်းမှာပဲ ရောက်လာရှိဖို့ အချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက ပြောပြပေးပါမယ်။
နိုင်ငံခြားသား အကျဉ်းသားတွေ အပါအ၀င် အကျဉ်းသား စုစုပေါင်း ၅၁၄ ယောက်ကို နိုင်ငံတော် သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တဲ့ အကြောင်းကို ဒီကနေ့ ညနေ ၄ နာရီက ကြားဖြတ် သတင်းတရပ်နဲ့ မြန်မာ့ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာပါ။ ဒါနဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဆက်သွယ် မေးမြန်းကြည့်တော့ အကျဉ်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဌေးက

ချစ်သောမျက်စိဖြင့် ရှုကြစေ

                                                                  
ဗုဒ္ဓအလိုအရ လူအဖြစ် လူဘ၀သည် ရနိုင်ခဲသောအဖြစ်၊ ရနိုင်ခဲသော ဘ၀ဖြစ်ရကား
ရရှိလာသော လူ့ဘ၀ကို အချည်းနှီးသော အဓိပ္ပါယ်မဲ့သော ဘ၀ဖြစ်သည်ဟု မမြင်ချေ။
ထိုသို့ရနိုင်ခဲသော လူအဖြစ် လူ့ဘ၀အဖြစ်ကို ရရှိပိုင်ဆိုင်နေသော သင်သည်
လူပီသသောလူ ဖြစ်အောင် လူနှင့်ပီသသော အလုပ်တို့ကို ဘာတွေများ လုပ်ဆောင်ခဲ့ပြီး
ပါပြီလဲဆိုတာ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်တတ်ဖို့ လိုအပ်လှပေ၏။


လူပီသသော လူဟုဆိုရာတွင် လောက၌ ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်၍ ကိုယ်လက်
အင်္ဂါ ပြည့်စုံသူ လူ ဟုသမုတ်အပ်သူမှန်သမျှကို လူပီသသောသူ ဖြစ်၏ ဟူ၍ကား