ဒေါ်အောင် ဆန်းစုကြည် ကို သူရဲကောင်း အဖြစ် ၀ါရှင်တန် ဒီစီ မှာ ကြိုဆို


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် ပြည်ထောင်စု၊ ၀ါရှင်တန် ဒီစီကို စက်တင်ဘာလ ၁၇ ရက်နေ့ ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ခန့်လောက်က ရောက်လာတဲ့ အချိန်မှာ သူရဲကောင်းအဖြစ် ကြိုဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ပြည်ထောင်စုကို ဆိုက်ရောက်ချိန်မှာ ဘဲ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသား တချို့ ပါဝင်တဲ့ အကျဉ်းသား ၅ ရာကျော်ကို မြန်မာအစိုးရက လွတ်ငြိမ်းသက်သာ ခွင့် ပေးလိုက်ပါတယ်။ ဒါက လည်း ပြုပြင်ပြောင်းလဲရေး သမား သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန် ပြည်ထောင် စု ကို နောက်တပတ် မလာခင် ရှေ့ပြေး လက္ခဏာ အသစ်တခုလည်းဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်ထိ နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စု နှစ် ၂ ခုနီးပါး နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကတော့ အခုဆို နှစ်ပေါင်း ၂၀ ကျော်ကာလအတွင် အမေရိကန် ပြည်ထောင်စုကို ပထမဆုံး ရောက်လာခဲ့ပါပြီ။ ဒီကနေ့ အင်္ဂါနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီကလင်တန်နဲ့ တွေ့ကြမှာဖြစ်ပါတယ်။
နောက်နေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အရပ်သားတဦးအနေနဲ့ အမြင့်ဆုံး ဆု တံဆိပ်ဖြစ်တဲ့ ကွန်ဂရက် လွှတ်တော်ဆိုင်ရာ ရွှေတံဆိပ်ဆုကို
လက်ခံဖို့ ကက်ပီတိုလ် လွှတ်တော် အဆောက်အအုံကို သွားမှာလည်းဖြစ်ပါတယ်။
သမ္မတ အိုဘားမားကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ သူ့ရဲ့ နောက်ထပ် သမ္မတ သက်တမ်းအတွက် ကမ်ပိန်းလုပ် နေတာကိုတောင် ခဏ ရပ်မယ်ဆိုတဲ့ သတင်းကလည်းလူတော်တော်များများက ထင်ကြေးပေး
နေကြပါတယ်။ ဒီအစီအစဉ် နဲ့ပတ်သက်လို့တော့ အိမ်ဖြူတော်က ဘာမှတ်ချက်မှ မပေးပါဘူး။
မြန်မာ့လူ့အခွင့်အရေးကိစ္စ တလျှောက်လုံး ကြိုးစားလုပ်ဆောင်နေတဲ့ လွှတ်တော်အမတ် ဂျိုးခရိုလီကတော့ ကွန်ဂရက် ရွှေ တံဆိပ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး စိတ်တွေ လှုပ်ရှားနေပါသတဲ့။ သူ့လိုဘဲ စိတ်လှုပ်ရှားနေသူ တွေ အများကြီးပါ။
ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မတိုင်ခင်ကာလကတော့ အမေရိကန်ကို အလည်လာခဲ့ဖူးပါတယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန် ပြန်ထောင်စု နယူးယောက်မြို့မှာ ရုံးစိုက်တဲ့ ကမ္ဘာ့ ကုလသမဂ္ဂမှာ ၁၉၆၉ ခုနှစ်က နေ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

မြန်မာပြည်သား မှ ။

No comments:

Post a Comment