နန်းခင်ဇေယျာ ပရဟိတလုပ်ငန်းများစတင်

  မြန်မာပြည်သားတွေရဲ့အချစ်တော် အလှမယ်လေးနန်းခင်ဇေယျာဟာ သူရည်မှန်းထား ကြေညာထားတဲ့အတိုင်းပဲ ခုဆိုရင် လူမှုရေးလုပ်ငန်း များကို စတင်လုပ်ဆောင်နေပါပြီ။
ဂျပန် အိုကီနာဝါမှာကျင်းပခဲ့တဲ့ Miss International 2012 ပြိုင်ပွဲမှာ သူမဟာ Miss Internet / Miss people choice Award ဆုနှစ်ခုကို ပြိုင်ဘက်နိုင်ငံပေါင်း (၆၇)နိုင်ငံက မယ်တွေထဲမှ အရွေးခံ ဆုဆွတ်ခူးနိုင်ခဲ့သူလေးပါ။ ရန်ကုန်မြို့၊ သုဝဏ္ဏမြို့နယ်၊  မြန်မာနိုင်ငံ ဟိုတယ်လုပ် ငန်းရှင်များ အသင်းချုပ်မှာ (အောက်တိုဘာ၂၄၊ ၂၀၁၂) က ကျင်းပခဲ့တဲ့  သူမရဲ့သတင်းစာရှင်းလင်းပွဲမှာ တိုးဂိုက်စ်ရော၊ အနုပညာလုပ်ငန်း တွေပါလုပ်ဆောင်သွားမယ်လို့  ပြောခဲ့ဖူးပါတယ်

မြိတ်မြို့တွင် အုပ်စုဖွဲ့ပြီး ကားမှန် ရိုက်ခွဲဖျက်ဆီးမှု ဒုတိယအကြိမ် ဖြစ်ပွား

၂၀၁၂ ရက်နေ့ အောက်တိုဘာလ
၃၁ ရက်နေ့ အလွန် နိုဝင်ဘာလ (၁)
ရက်နေ့ နံနက် (၀၁း၃၀) အချိန်ခန့်၌
 မြိတ်မြို့ ကန်ကြီးရပ်ကွက်နှင့် ရေပုန်း
ရပ်ကွက်ရှိ နေအိမ်များ အရှေ့တွင် ရပ်နားထားသော မော်တော်ကားများ

၏ ရှေ့လေကာမှန်နှင့် နဘေးမှန်များအား အမည်မသိ လူငယ်တစ်စုမှ ရိုက်ခွဲ
ဖျက်ဆီးမှု ဖြစ်ပွားခဲ့သည်။

ထို့သို့ လူငယ်တစ်စုမှ ရမ်းကားစွာ ကားမှန်များ ရိုက်ခွဲဖျက်ရှိမှုကြောင့် ရေပုန်းရပ်ကွက်
 ငြိမ်းချမ်းရေး (၂) လမ်းနေ ဦးချစ်ပွေ၏ ကင်တာအမျိုးအစား ကားအမှတ် ၈စ / ၆၈၀၀ မော်တော်ကား ဘေးမှန် ကွဲကြေခြင်း၊ ရေပုန်းရပ်ကွက် စည်ပင်သာယာလမ်းနေ ဒေါ်မိသီ၏ တောင်းအေ့စ် အမျိုးအစား ယာဉ်အမှတ်
 ၈/ဆ- ၄၁၄၉ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း၊ ကန်ကြီးရပ်ကွက်
သာကေတ (၁)လမ်းနေ ဦးအာကာစိုး၏ မတ်တူးအမျိုးအစား ယာဉ်အမှတ် ၄ဂ/ ၉၁၈၃ မော်တော်ယာဉ် ရှေ့လေကာမှန် ကွဲကြေခြင်း စသည့် မော်တော်ယာဉ်

တရားဝင် ငွေလဲစင်တာ လိုင်စင်များ ချပေးတော့မည်

မြန်မာနိုင်ငံတွင် တရားမ၀င် ဒေါ်လာမှောင်ခိုဈေးကွက် ပပျောက်ရေးနှင့် နိုင်ငံတကာ ငွေလဲဈေးကွက်ပုံစံ ဖြစ်ပေါ်စေရန် ယခုနှစ်ကုန်ပိုင်းမှ စတင်ပြီး ငွေလဲလှယ်စင်တာ (Money Changer) ဖွင့်လိုသူများကို တရားဝင်လိုင်စင်များ ချထားပေးရန် စီစဉ်နေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောဆိုလိုက်သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရသစ်အနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင် တန်းနိုင်သော နိုင်ငံခြားငွေကြေး ဈေးကွက် ထူထောင်ရေး ကြိုးပမ်းမှု တစိတ်တပိုင်းအဖြစ် တရားဝင် ငွေလဲလှယ်ရေး လိုင်စင်များကို ဗဟိုဘဏ်က
ထုတ်ပေးသွားရန် စီစဉ်နေကြောင်း၊ ယင်းသို့ ထုတ်ပေးရာတွင်လည်း ဌာနက သတ်မှတ်ထားသော စည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခွင့်ပြုသွားမည်ဖြစ်ပြီး လတ်တလော ပုဂ္ဂလိက ဘဏ်များကိုသာ ငွေလဲလှယ်စင်တာ ဖွင့်လှစ်ခွင့် လိုင်စင်များ ခွင့်ပြုပေးလျှက်ရှိကြောင်း၊ များမကြာမီ ငွေလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်လိုသူတိုင်း လိုင်စင် လျှောက်ထား လုပ်ကိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သူက ဆိုသည်။
“ပထမအဆင့် ဘဏ် အဖွဲ့အစည်းတွေကို Money Changer လိုင်စင်တွေ ချပေးခဲ့ပြီးပြီ။ အခုတခါ ငွေလဲစင်တာ လုပ်ချင်တဲ့သူတွေကို လိုင်စင်တွေ ထပ်ချပေးဖို့ လုပ်နေပါတယ်။ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ထုံးလုပ်နည်းတွေ ဆွဲပြီးပြီ။ အစိုးရအဖွဲ့ဆီ တင်ပြပြီး အတည်ပြုချက်ရတာနဲ့

ပြည်တွင်းငြိမ်းချမ်းရေး ဘာလဲ၊ ဘယ်လဲ


 ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO) နဲ့ ပြည်ထောင်စု အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့အကြား ငြိမ်း ချမ်းရေးဆွေးနွေးပွဲ တရပ်ကို အောက်တိုဘာလ ၃၀ ရက်နေ့မှာ ရွှေလီမြို့၌ တွေ့ဆုံကြမယ်လို့ သိရပေမယ့် ဒီဆွေးနွေးပွဲက ဘယ်လိုရလဒ်တွေပေါ်လာမလဲဆိုတာတော့ စိတ်လှုပ်ရှားစရာ သိပ်မကောင်းပါ။
ဘာကြောင့်လည်း ဆိုတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေနဲ့အစိုးရတို့အကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ် ငန်းစဉ်တွေ နှေးကွေး နေတာ ဟာ အစိုးရအဖွဲ့နှင့်စစ်တပ်တို့ အကြား သဘောထားကွဲလွဲနေတာ၊ စစ်တပ်အနေနဲ့ သတ် မှတ် ထားတဲ့ စည်းကမ်းချက် တွေ ကို မလိုက်နာတဲ့ အတွက် ဖြစ်တယ်လို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ က ဆိုပါ တယ်။
ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့တွေမှာ စစ်တပ်ဘက်မှ ဒု ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဦး ဆောင်ပါဝင်ပြီး၊ အရပ်ဘက်မှာတော့ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော်နဲ့ အစိုး ရ အဖွဲ့ဝန်ကြီးတွေ ပါဝင်တယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဋ္ဌ တဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး စိုးဝင်းနဲ့ ဦးအောင်မင်းတို့ အကြားမှာ သဘောထားကွဲလွဲမှု တချို့ရှိနေတာကြောင့် ငြိမ်းချမ်းရေး ကိစ္စ ထင်သလောက် ခရီးမပေါက်ဘူးလို့ တချို့က ဆိုတယ်။
ငြိမ်းချမ်းရေး ဖော်ဆောင်နေစဉ်ကာလမှာ တိုက်ခိုက်မှုတွေ မလုပ်ဖို့ သမ္မတ အပါအ၀င် ဦးအောင်မင်းတို့

မန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)ရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ လူမင်း

လူမင်းက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ‘ညီကြလာကြ ပါတီဘဝခံယူကြ’ဆိုတဲ့ ပညာပေးဇာတ်ကားကို ရိုက်ကူးနေပါတယ်။ လူမင်းကို အောက်တိုဘာ၂၄ရက် နေ့ က (MANA)မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းက သံတမန်အဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း သိရပါတယ်။
”အစည်းအဝေးမှာ ပြောတာကတော့ ရန်ကုန်တိုင်းဒေသကြီးမှာပဲ ကောက်ခံတာ။ ကျွန်တော်က မဲအများဆုံးရတာကြောင့် သံတမန်ခန့်အပ်ချင်တယ်လို့ ပြောတာပါ။ ဒီလိုပေးတဲ့အတွက် အင်မတန်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်က အခုရက်ပိုင်း၊ လပိုင်းမှာ အလုပ်တအားရှုပ်နေတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေက တအား မွန်မြတ်တယ်။ သူတို့အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ဖမ်းတာမဟုတ်ဘဲ ဖြတ်ချင်စိတ်ရှိရင် လက်ခံဖြတ်ပေးတယ်။ သူတို့တင်မကဘူး။ သုံးစွဲသူရဲ့ မိသားစုကို လည်း ကြည့်ရှု ထောက်ပံ့ပေးတယ်။ ဆေးဖြတ်ပြီးတဲ့အခါ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း ရပ်တည်ချင်ရင်လည်း ပံ့ပိုးပေးတယ်။ တခြားပညာပေး အစီအစဉ်တွေလည်း အများကြီးရှိသေးတယ်။ ဒါတကယ်ကိုလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်လုပ်ရမယ့်

မီးရှို့ ခံခဲ့ရတဲ့ ဘုန်းတော်ကြီးကျောင်းတွေ ပြန်ဆောက်ပေးမယ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့
ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း
၁၉ ကျောင်းကို ပုံစံတူ ပြန်တည်ဆောက်
 ပေးမယ်လို့  ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်
ရှိတ် ဟာဆီနာက ပြောပါတယ်။


မြန်မာတွေက ပန်းဝါမြို့ လို့ သိကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ရာမူးမြို့က ဘုန်းတော်ကြီး
ကျောင်းတွေ ဖြစ်ပြီး၊ ဒီကျောင်းတွေ ပြန်တည်ဆောက်ဖို့ အမေရိကန်ဒေါ်လာ
တသန်းခွဲလောက် သုံးစွဲသွားမယ်လို့  ဆိုပါတယ်။

ဝန်ကြီးချုပ်က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ဒက္ကားမြို့ မှာ တွေ့ ဆုံပြီးနောက်မှာ အခုလို ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ဘုန်းတော်ကြီးကျောင်းတွေကို အရင်ပုံစံအတိုင်း၊ ဒါမှမဟုတ် အရင်ထက် ပိုခမ်းနားအောင်

ရန်ကုန်တက္ကသိုလ် ပြန်လည်ရှင်သန်ပါစေ

ဟိုတစ်လောက ရန်ကုန် တက္ကသိုလ်ထဲသို့ ရောက်သည်။ ဘွဲ့နှင်းသဘင် အဆောက်အအုံကြီးကို ကျွန်တော် ထိုင်ကြည့်နေမိသည်။ သစ်ပုပ်ပင်ကြီးသည် နာဂစ်မှာ လဲပြိုမသွား။ ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ၁၉၇၁ မှ ၁၉၇၅ အထိ စီးပွားရေးတက္ကသိုလ်မှာ ကျွန်တော် ပညာသင်ကြားခွင့်ရသည်။ စီးပွားရေးတက္ကသိုလ်မှာ ပညာ သင်ကြားနေရသော်လည်း ရန်ကုန်တက္ကသိုလ်ပရဝုဏ်ကို ကျွန်တော် ပိုမို တိမ်းညွတ်သည်။ အဓိပတိလမ်းပေါ် ကျွန်တော် နေ့စဉ် လမ်းမလျှောက်ဘဲ မနေနိုင်။ အဓိပတိလမ်းကို ဖြတ်သန်းပြီး တက္ကသိုလ် စာတိုက်သို့ ကျွန်တော်သွားသည်။ အိမ်ကို စာထည့်သည်။ အိမ်ကငွေပို့လျှင် တက္ကသိုလ်စာတိုက်မှာ သွားထုတ်ရသည်။ ကျွန်တော်တို့သည် အိမ်နှင့်အဝေး ရန်ကုန်စီးပွားရေးတက္ကသိုလ်ကို ရောက်လာပြီဆိုတော့ လွတ်လွတ်လပ်လပ် ပျော်ပျော် ရွှင်ရွှင် နေထိုင်ကြသည်။ အိမ်ကတော့ ၁၉၇၁ မှ ၁၉၇၅ ကျပ်တည်းသော စီးပွားရေးခေတ်ကာလမှာ ငွေကြေးကို ခက် ခက်ခဲခဲ ရှာဖွေရ၏။ ထိုအထဲမှ သားထံသို့ ပို့ပေးရ၏။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ကတော့ တက္ကသိုလ်မှာ ပျော်နေကြသည်။ ဘွဲ့နှင်းသဘင်အဆောက်အအုံမှာ အသက်ဓာတ်များ ကပ်ငြိနေသလိုပင်။
ရန်ကုန်တက္ကသိုလ်သည် ဓာတ်တစ်ခုမကကပ်ငြိနေသည်။ သူရဲကောင်းတို့၏ ဝိညာဉ်များ၊ ထူးချွန်ပြောင်မြောက်သူတို့၏ ဝိညာဉ်များသည် ရန်ကုန်တက္ကသိုလ်မှာ ကပ်ငြိနေ၏။ အောင်ဆန်းလား၊

ရခိုင်ပြည်နယ်အတွင်း ဖြန့်ကျက်ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားစာရင်းထုတ်ပြန်

ရခိုင်ပြည်နယ်တွင် လက်ရှိ လုံခြုံရေး
အင်အား ရယူဆောင်ရွက်ထား
သော အင်အားမှာ-


(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူအင်အား ၅၀၀၀ ကျော်
(၂) နစက တပ်ဖွဲ့ဝင် လူအင်အား ၁၀၀၀ ကျော်
(၃) တပ်မတော် တပ်ရင်း ၅၁ ရင်းဖြစ်ပြီး

ဆူပူအကြမ်းဖက်မှုများကို ဖြိုခွဲနှိမ်နင်းရာတွင် မျက်ရည်ယိုဗုံးများ အပါအဝင်
အဓိကရုဏ်းနှိမ်နင်းရေးလက်နက်ကိရိယာများလုံလောက်စွာ ဖြန့်ဖြူးပေးထားပြီး
 ဖြစ်ကြောင်းနိင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး Hmuu zaw facebook
သိရသည်။

ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလာသည့်
 အခြေအနေတွင် လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား မလုံလောက်မှုကို အဓိက ထောက်ပြ
 ဝေဖန်ပြောကြားလျက် ရှိပါသည်။

လတ်တလော အရေးတကြီးလိုအပ်ချက် ဖြစ်သော "စိုးမိုး-တည်ငြိမ်" ဟု အတို

သီလဝါ အထူး စီးပွားရေးဇုံ စတင်ကွင်းဆင်း

သီလ၀ါ အထူးစီးပွားရေးဇုန်ကို မြေဧက ၅၀၀၀ ကျော် ကျယ်ဝန်းပြီး ဟက်တာ ၂၄၀၀ ကျော်ရှိကာ မြေပြင်ကွင်းဆင်း လေ့လာမှုများ စတင်လုပ်ဆောင်နေပြီး ၂၀၁၃ ခုနှစ်တွင် စတင်၍ အခြေခံအဆောက်အအုံများ တည်ဆောက်ခြင်း စတင် လုပ်ဆောင်မည်ဖြစ်ကြောင်း သီလ၀ါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌဦးစစ်အောင်က ပြောသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ် လက်အောက်ရှိ အများပိုင် ကုမ္ပဏီမှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်လုပ်ငန်းရှင်များက ၄၉ ရာခိုင်နှုန်းခန့်ပါဝင်သွားမည်ဖြစ်ကာ အခြေခံအဆောက်အအုံများ ပြီးစီးပါက ဂျပန်နှင့် မြန်မာအပြင် အခြားနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများကိုပါ ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် နံနက်က ရန်ကုန်မြို့ အိုင်ဘီစ်ီခန်းမတွင် ကျင်းပပြုလုပ်သော သီလ၀ါအထူးစီးပွားရေးဇုန် အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ သီလ၀ါ အထူးစီးပွားရေးဇုန်တွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများကို ကြပ်မတ်စိစစ်ရန် မြန်မာအစိုးရဘက်ကလည်း အစိတ်အပိုင်းတစ်ခုအနေဖြင့် ပါဝင်သွားမည်ဖြစ်ကြောင်း အထက်ပါ ဥက္ကဋ္ဌကပင် ပြောသည်။ ''နိုင်ငံတကာ အဆင့်မှာ နောက်ပိုင်းလာရင်းနှီးမြှုပ်နှံသူတွေ ယုံကြည်မှုရစေဖို့ မြန်မာအစိုးရဘက်ကလည်း တစ်စိတ်

ဦးခင်ညွန့် လူမြင်ကွင်း ခပ်စိပ်စိပ် ပြန်ထွက်လာ

 စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း၊ ၀န်ကြီးချုပ်ဟောင်း ဦးခင်ညွှန့်ဟာ တဖြည်းဖြည်းနဲ့ လူမြင်ကွင်း ကို ခပ်စိပ်စိတ်လေး ပြန်လည် ထွက်ပေါ် လာနေပါတယ်။
ဆိုင်းငံ့ပြစ်ဒဏ် ထောင်ဒဏ် ၄၄ နှစ်နဲ့ နေအိမ်အကျယ်ချုပ် ကျခံနေရာက ယခုနှစ်ဆန်းပိုင်းက သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။
လွတ်မြောက်ပြီးနောက်သူက နိုင်ငံရေးလုပ်မှာ မဟုတ်တော့ကြောင်း၊ လူမှုရေး လုပ်ငန်းတွေသာ လုပ်မှာ ဖြစ်တဲ့အကြောင်း၊ အကျဉ်းထောင်တွေထဲ ကျန်ရှိနေသေးတဲ့ တပည့်စစ်ထောက်လှမ်းရေး များ ပြန်လည်လွတ်မြောက်ရေးအတွက်လည်း ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည် အနောက်ဖက် တံခါးမှာ ၀မ်းနည်းဖွယ်ဖြစ်ရပ်တွေဆက်တိုက်ဖြစ်ပေါ်နေချိန်မှာ အခုလို တိုက် တိုက်ဆိုင်ဆိုင် လူမြင်ကွင်းကို ဆက်တိုက်ထွက်ပေါ်လာနေတာလည်းဖြစ်ပါတယ်။
မကြာသေးခင်ကလည်း မန္တလေး မစိုးရိမ်တိုက်သစ်က နိုင်ငံရေးအကျဉ်းသားဟောင်း အရှင် ၀ိရသူနဲ့ အတူ ဘာသာရေးပွဲ တခုမှာ အတူတွဲလျှက် တွေ့ခဲ့ရတဲ့ ဓာတ်ပုံလည်း အရှင် ၀ိရသူရဲ့ ဖေ့စ်ဘုတ် စာမျက်နှာ

ထွက်ပြေးလာသူလူပေါင်း၂၀၀၀ကျော် မောင်တော မြောက်ပိုင်းတွင် နေရာချထားမည်

ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်
နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်း
ဖက်မှုကြောင့် ထွက်ပြေးလာသည့် ဘင်္ဂလီ
လူမျိုး ၂၀၀၀ ကျော်ကို မောင်တောမြို့

နယ် တောင်ပြို အနီးတွင် နေရာချထားရန် အာဏာပိုင်
များမှ စီစဉ်နေသည်။
 သူတို့အား နေရာချထားမည့်နေရာမှာ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြို
အနီး လိပ်ရ ဆိုသည့်နေရာတွင် ဖြစ် ကြောင်း မောင်းတောမြို့မှ မြို့မိ မြို့ဘ