ဖွဲ့စည်းပုံ ခုံရုံးပြင်ဆင်တဲ့ ဥပဒေကြမ်း သမ္မတ လက်မှတ်ထိုး

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုင်ရာ ခုံရုံး ဥပဒေ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဥပဒေ အဖြစ် ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတ လက်မှတ် ရေးထိုးပြီး ယမန်နေ့က ထုတ်ပြန်ခဲ့တာ ကို သတင်းထုတ်ပြန်ရေး အဖွဲ့က   ယနေ့ ဇန်န၀ါရီလ ၂၂ ရက် တွင် ကြေညာထားပါတယ်။ 

 
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
သတင်းထုတ်ပြန်ရေးအဖွဲ့
သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၃ )
၂၀၁၃ ခုနှစ်၊  ဇန်နဝါရီလ    ၂၂     ရက်
၁၃၇၄ ခု၊ ပြာသိုလဆန်း     ၁၁    ရက်
“နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” ကို ဥပဒေအဖြစ် ပြဋ္ဌာန်းရေး ဆောင်ရွက်မှုအား သတင်းထုတ်ပြန်ခြင်း
၁။          “နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် အတည်ပြုပြီး  နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် (၁၈-၁၁-၂၀၁၂) ရက်တွင် ပေးပို့သည်။ နိုင်ငံတော်သမ္မတက ပေးပို့လာသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ဆန့်ကျင်သော ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်