ဒေါ်အောင်ဆန်းစုကြည် ဆိုသည်မှာ

ဒေါ်စုဟာ ပြင်ဆင်မှု မရှိဘဲ နိုင်ငံရေးလောကထဲ ၀င်လာတယ်ဆိုပြီး ပြောတာဟာ မသိတဲ့လူအဖို့ အဓိပ္ပါယ်ကောက် လွဲနိုင်ပါတယ် ။ သူမြန်မာပြည်ကို ရောက်လာရတဲ့ အဓိက အကြောင်းက ဒေါ်ခင်ကြည်ကို ပြုစုဖို့ ဆိုတာ မငြင်းလိုပါဘူး ။ ဒါပေမယ့် သူဟာ အဲဒီမတိုင်မီတလျှောက်လုံး မြန်မာ့နိုင်ငံနဲ့ ပတ်သက်ပြီး လေ့လာဆည်းပူးမှုတွေကို မပြတ်လုပ်ထားတယ် ဆိုတာ အထောက်အထား ရှိပြီးသားဘဲ ၊ သူမ အသက် ၂ နှစ်မှာ ဆုံးသွားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းက သိဖို့လည်း တတ်နိုင်သလောက် လေ့လာဆည်းပူးမှုတွေ လုပ်ခဲ့တယ် ။
မြန်မာနိုင်ငံ အကြောင်းနဲ့ ပတ်သက်ပြီး သူစာတမ်းပြုစုလေ့လာ ထားတာတွေ ရှိခဲ့တယ် ။ မိုက်ကယ်ကိုလည်း မင်္ဂလာပွဲမတိုင်မီကတည်းက ပြတ်ပြတ်သားသား ပြောပြီးသား ” ကျမ တိုင်းပြည်ကသာ လိုအပ်လာရင် ကျမ သွားရမှာ ဖြစ်တယ် ၊ အဲဒီအခါမှာ ကျမနဲ့ ကျမတိုင်းပြည်ကြားမှာ ရှင် ၀င်ပြီး အတားအဆီး မလုပ်ပါနဲ့” တဲ့ ။
အဲဒီ လိုအပ်လာမယ့် အချိန်ဆိုတာကို ရည်ရွယ်ပြီး လေ့လာဆည်းပူးမှုတွေ လုပ်ခဲ့သလို တကယ်ရောက်လာတဲ့အခါမှာလည်း မြန်မာပြည်အတွက် ယောက်ျားကို မပြောနဲ့ သားသမီးကိုတောင် ခေါက်ထားတဲ့ခဲ့သူပါ ။
အမှန်အတိုင်းပြောရရင် ဟိုးအရင်က သူအကျယ်ချုပ်ကျနေစဉ်ကာလအတွင်းမှာ အချိန်တွေ ဘယ်လို ကုန်အောင် နေပါလိမ့်လို့ စဉ်းစားမရဘူး ။ တစ်နှစ်ကိစ္စလည်း မဟုတ်၊ နှစ်နှစ် ကိစ္စလည်း မဟုတ်ဘူးလေ

အိုဘားမားထပ်မံ ရွေးကောက်ခံရမှုအပေါ် မြန်မာ့နိုင်ငံရေးသမားများနှင့် ပညာရှင်များ၏ သုံးသပ်ချက်များ

 ၂၀၁၂ အမေရိကန်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ အိုဘားမားထပ်မံ ရွေးကောက်ခံရမှုအပေါ် မြန်မာ့နိုင်ငံရေးသမားများနှင့် ပညာရှင်များက ကြိုဆိုကြသည်။ အိုဘားမား ထပ်မံရွေးကောက်ခံရမှုမှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာတွင် အမေရိကန်မှ ကူညီထောက်ပံ့မှုများ ပိုမိုရရှိလိမ့်မည်ဟု ၄င်းတို့က တူညီစွာသုံးသပ်ကြသည်။ အိုဘားမားအစိုးရမှာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အနီးကပ်စောင့်ကြည့်နေပြီး၊ တို
းတက်မှုအလိုက် ကူညီပံ့ပိုးအားပေးမှုများကိုလည်း တိုးမြှင့်ပေးလျက်ရှိသည်။ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ပညာရှင်များ၏ အိုဘားမား အနိုင်ရရှိမှုအပေါ် ၄င်းတို့၏ သဘောထား မှတ်ချက်များကို စုစည်းဖော်ပြလိုက်ပါသည်။
ဦးခင်မောင်ဆွေ (ဥက္ကဋ္ဌ- အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)
အမေရိကန်အစိုးရ အဆက်ဆက်ကတော့ ဘယ်ဟာမဆို သူ့အမျိုးသားအကျိုးစီးပွားပေါ်မှာပဲ ရပ်တာပေါ့။ ဒါပေမဲ့ အိုဘားမားနိုင်သွားတော့ အိုဘားမားကတော့ မြန်မာနိုင်ငံအကြောင်းကို နောက်လူတွေထက် ပိုသိတယ်။ မြန်မာနိုင်ငံနဲ့ အဆက်အဆံရှိနေပြီ။ အလုပ်တွေလည်း လုပ်နေပြီဆိုတော့ သူက ပိုအဆင်ပြေတာပေါ့။ သမ္မတအသစ်က သမ္မတအဟောင်းထက်တော့ နိုင်ငံတကာ အခြေအနေကို

နိုင်ငံတော်သမ္မတရဲ့ ပြောကြားချက်နဲ့ စိုးမြတ်နန္ဒာ မျှော်လင့်ထားတဲ့အိပ်မက်

'အကြောင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံတွင် ပိတ်ပင်ထားသည့် တက္ကသိုလ်ကြီး ၃ ခု၌ ပြည်ပမှ တက္ကသိုလ်များ လာရောက်ဖွင့်လှစ်ရန် ၄င်း၏ အမေရိကန် ခရီးတွင် ဖိတ်ခေါ်ခဲ့ပြီး မကြာမီ လာရောက်ဖွင့်လှစ် လာမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတက ယနေ့တွေ့ဆုံပွဲတွင် ထပ်လောင်း ပြောကြားခဲ့သည်' လို့ နိုင်ငံတော် သမ္မတရဲ့ ပြည်တွင်း စာနယ်ဇင်းများ နဲ့ တွေ့ဆုံမှု သတင်းဖော်ပြခဲ့တဲ့အမျှော်လင့်ဆုံး အိပ်မက်တစ်ခုပါ ။ သားကို ပညာတတ်ကြီးလည်း ဖြစ်စေချင်တယ်။ တခြားနိုင်ငံမှာလည်းသူ့ကို သွားမနေစေချင်သလို ကိုယ်လည်း လိုက်ကြည့် မပေးနိုင်ဘူး။ ကိုယ်ချစ်တဲ့ တိုင်းပြည်မှာ ကိုယ့်ယဉ်ကျေးမှုနဲ့ လည်းမဝေးအောင် သားကိုကြီးပြင်းစေချင်တယ်။ ကိုယ့်ကို သူအားကိုးချင်သေးတဲ့ အရွယ်ထိ တာဝန်ကျေပေးဖို့ အသင့်ပါပဲ။ သူကိုယ့်အပေါ် ပြန်တာဝန်ကျေပါ့မလား ဆိုတာမျိုးလည်း မစဉ်းစားဘူး။ အချိန်တန် အရွယ်ရောက်လာရင် ကြိုက်တာ ဆုံးဖြတ်ခွင့်လည်း ပေးဦးမှာ ပါ။ အခုအချိန်လေးမှာတော့ကိုယ်တွေ မရှိတော့မယ့်အချိန်၊ သူ လူတန်းစေ့ နေနိုင်အောင်၊ ပညာတတ်ကြီးဖြစ်အောင် လုပ်ပေးဖို့က ကိုယ့်အပေါ်မှာ တာဝန်အရှိဆုံးပါပဲ။ အခုဆိုရင် သားကကိုယ့်အပေါ်လည်း အရွယ်နဲ့ မလိုက်အောင် နားလည် တတ်တယ်။ စာလည်းကြိုးစားသလို ဒီအရွယ်လေးနဲ့ ချွေတာ တတ်တယ်။ အဆော့သန်တာလေးက လွဲလို့

ဗီဇာငွေထုတ်ကတ်များ မြန်မာနိုင်ငံ၌ တရားဝင် သုံးစွဲနိုင်တော့မည်

ဗီဇာသည် ကမ္ဘာပေါ်တွင် လုပ်ငန်းစဉ်အရပ်ရပ်အား Visanet ကို လည်ပတ်စေပြီး တစ်စက္ကန့်လျှင် ငွေချေမှုပေါင်း ၂၄၀၀၀ ကို တစ်ပြိုင်တည်း ဝန်ဆောင်မှု ပေးနိုင်သကဲ့သို့ အတုလုပ်မှုများမှလည်း သုံးစွဲသူများကို ကာကွယ်ပေးနိုင်ပြီး ကုန်သည်များအတွက်လည်း အာမခံငွေချေမှုများကို
ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။ ယခုအခါ ကမ္ဘာ့အကြီး ဆုံး ငွေပေးချေမှု ကွန်ရက်ဖြစ်သည့် ဗီဇာသည် ဗီဇာငွေထုတ်ကတ်များကို မြန်မာနိုင်ငံ၌ တရားဝင်လက်ခံ သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီ ဖြစ်သည်။
 ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့် နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ဖြင့် သဘောတူညီချက်များကို ရန်ကုန်မြို့

ရန်ကုန်မြို့၏ အမြင့်ဆုံအဆောက်အဦကို ဂျပန်နည်းပညာဖြင့်ဆောက်လုပ်မည်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ကုန်သည် လမ်း၊ အမှတ် (၅၅၅) ရှိ (၁၁၅x ၂၀၀) ပေကျယ်ဝန်းသောမြေကွက် တွင် ဂျပန်နိုင်ငံ၏ ခေတ်မီဆောက်  လုပ်ရေးနည်းပညာဖြင့် အထပ် (၃၆) ထပ်မြင့်မားသည့်ရန်ကုန်မြို့  တော်၏ အမြင်ဆုံးအဆောက် အအုံဆောက်လုပ်ရန် ကြိုတင်ပြင် ဆင်ညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံ ဆောက်လုပ်မည့်မြေကို CB ဘဏ်  ဥက္ကဋ္ဌဦးဇင်မောင်အေးနှင့် ဦးမောင်စိန်တို့က ပိုင်ဆိုင်ပြီးအဆောက် အအုံကို Developer Company အနေဖြင့် စင်ကာပူနိုင်ငံတွင် အခြေစိုက်သောKAWA OIL Pte.,Ltd ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံ သောမြေရှင်တို့ဖြင့်အကျိုးတူပူး ပေါင်း၍ ဆောက်လုပ်မည်ဟုသိရ သည်။

အဆောက်အအုံ၏ပုံစံဒီဇိုင်း နှင့် အဆောက်အအုံဆောက်လုပ်  ခြင်းလုပ်ငန်းများကို ဂျပန်နိုင်ငံ အခြေစိုက် IREE MIYAKE ARCHTECTS & ENGINEERS Co. (IMA) ၏ ဥက္ကဋ္ဌMr. MAKOTO UDAKA က တာဝန်ယူတည်ဆောက်မည်ဖြစ်  သည်။ နိုင်ငံတော်၏သက်ဆိုင်ရာ   ဌာနအသီးသီး၏ခွင့်ပြုချက်များရ ရှိပြီးပါက (၂၀၁၃) ခုနှစ် နှစ်လယ် ပိုင်းတွင်စတင်တည်ဆောက်ကာ (၂) နှစ်ခွဲကြာမြင့်မည်ဟုသိရသည်။ အဆောက်အအုံ၏ (Basement)) မြေအောက် (၄) လွှာတွင်ကားပါ ကင် (Car Parking) ပါရှိမည်ဖြစ်

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့် နောက်လိုက် ၃ ဦးကို သေဒဏ်ချမှတ်

မူးယစ်ရာဇာ စိုင်းနော်ခမ်းနှင့်
 နောက်လိုက် ၃ ဦးကို တရုတ်နိုင်ငံ
ယူနန်ပြည်နယ် ကူမင်းမြို့ တရားရုံးက ယနေ့ သေဒဏ်ချမှတ်လိုက်ကြောင်း
သိရသည်။


အခြားသောနော်ခမ်း၏ အဖွဲ့ဝင်ထဲမှ ၁ ဦးကို ထောင်ဒဏ် ၈ နှစ် ချမှတ်ပြီး
ကျန်သူများကို ဆိုင်းငံ့ပြစ်ဒဏ် သေဒဏ်ချမှတ်ခြင်း ဖြစ်သည်ဟု AP
သတင်းတွင် ဖော်ပြထားသည်။

 ၎င်းတို့သည် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်အောက်တိုဘာလ အတွင်းက ရွှေတြိဂံဒေသ
မဲခေါင် မြစ်အတွင်း ကူးသန်း သွားလာသည့် ကုန်တင်သဘောင်္ပေါ်မှ တရုတ်
 နိုင်ငံသား ၁၃ ဦးကို သတ်ဖြတ်ခဲ့မှုဖြင့်

ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ် ၊ သာမန်အခြေအနေ သို့ပြန် လည်ရောက်ရှိရန် အရေးကြီးကြောင်း ဒေါ်အာင်ဆန်းစုကြည်ပြောကြား

 ရခိုင်အရေးတွင် အဓိကတာ ဝန်ရှိသူသည် အစိုးရဖြစ်ကြောင်းနှင့် သာမန်အခြေအနေ သို့ပြန်လည် ရောက်ရှိ ရန်အရေးကြီးကြောင်း ပြည် သူ့လွှတ် တော်ကိုယ်စားလှယ်ဒေါ်အောင် ဆန်းစု ကြည်က ယနေ့ကျင်း ပလျှက်ရှိသည့် ပြည် သူ့လွှတ်တော်အစည်းအဝေးခေတ္တ ရပ် နား ချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ဖြေ ကြားခဲ့သည်။
ရခိုင်ပဋိပက္ခသည် အားလုံးညီ ညီညတ်ညွှတ် နှင့်နိုင်ငံပြဿနာအဖြစ် ရင် ဆိုင်ဖြေရှင်းလိုသော စိတ်များ မွေးမြူရမည် ဟုယုံကြည်ကြောင်း ကိုလည်းပြည် သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပါတီဥက္ကဌဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ် စားလှယ် များနှင့်အတူတကွ ရခိုင်အရေးနှင့် ပတ် သက်၍ကြေညာချက် တစ်စောင်ထုတ်ပြန် သွားမည်ဖြစ်ပြီး အဆိုပါကြေညာ ချက် သည် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် စုပေါင်းကာ ထုတ်ပြန်သည့် ပထမဆုံးကြေညာ ချက်ဖြစ်ပြီး သဘောထား မှတ်ချက် အနေ ဖြင့် မပေးလိုကြောင်း၊ ဆွေးနွေးလျှက်ပင် ရှိနေသည့် အတွက်တိုင်းရင်းသား များအလို ကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ရခိုင် အရေးကိစ္စ သည် လွယ်လွယ်ကူကူပြီးဆုံး သွားမည်မဟုတ်သကဲ့သို့ လွယ်လွယ်ကူကူ ဖြေရှင်းလို့မရကြောင်း၊ပထမဆုံးတရားဥ ပဒေစိုးမိုးရေးနှင့် လုံခြုံရေး ကို ဂရုစိုက်ရ မည်ဖြစ်ရန်လိုအပ်ကြောင်း၊ ရခိုင်အရေး သည် တရာဥပဒေ စိုးမိုးမှုအခြေအနေပေါ် မူတည်ကြောင်း၊ သာမန်

အိုဘားမား ရဲ့ မြန်မာပြည်ခရီး အစီစဉ်

(၁)အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အိုဘားမားသည် လာမည်နိုဝင်ဘာ ၁၇ ရက်နေနံနက် 11 တွင် နေပြည်တော်လေဆိပ်သို အမေရိကန် Air Force (1)လေယာဉ်ဖြင်ရောက်ရှိလာမည်။
 
() နေပြည်တော်တွင် နိုဝင်ဘာ ၁၇ ရက် ညနေ (၃)နာရီတွင် ယခု သမ္မတအဖြစ်တာဝန်ယူ လှည်ဖျားလုပ်ဆောင်နေသော ဦးသိန်စိန် အစိုးရအဖွဲနှင်တွေ့မည်
 
(၃) နိုဝင်ဘာလ (၁၈) နေနံနက် 11 နာရီတွင် ရန်ကုန်မြိုရွှေတိဂုံ ဘုရားကြီးသို့  သွားရောက်ဖူးမျှော်မည်
 
(၄) နေလည်ခင်း ၁၂ နာရီတွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင်အမေ၇ိကန် သံရုံးမိသားစုဝင်များနှင်တွေ့ဆုံမည်
 
(၅) အမေရိကန် သံအမတ်ကြီးမှ မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးပါတီများမှ