ပူတာအိုတွင် ဆန်တစ်အိတ်လျှင် ကျပ်တစ်သိန်းကျော် ပေးဝယ်နေရ၊ စားသောက်ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်လျက်ရှိ
ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားနေမှု၏ နောက်ဆက်တွဲအကျိုးဆက်အဖြစ် ပူတာအိုမြို့နယ်တွင် ဆန်တစ်အိတ်လျှင် ငွေကျပ် တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်နေပြီး အခြားစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးမြင့်နေပြီး သောကြောင့်  ပြည်သူအများ အခက်အခဲဖြစ်နေကြကြောင်း ပူတာအိုမြို့နယ် မူလရှီဒီးရွာသား ဦးဂျေဆာယက်က ပြောဆိုကြောင်းကို လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့(HREIB)မှ လူ့အခွင်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦး၏ ပြန်လည်ပြောပြချက်အရ သိရသည်။
 “ဆန်တစ်အိတ်ကို တစ်သိန်းကျော်တယ်၊ ဆားငါးဆယ်သားတစ်ထုတ်ကို တစ်ထောင်ကျော်၊ ဖယောင်းတိုင် အသေးတစ်ထုတ်ကို တစ်ထောင်ကျော်ပေးရတယ်။  အခု ရောင်းတဲ့သူလည်းနည်းတယ်၊ ရောင်းတဲ့သူ ရှိရင်လည်း ၀ယ်စားနိုင်တဲ့သူ မရှိဘူးလို့
ဗုဒ္ဓဘာသာဝင်များ အပေါ် အကြမ်းဖက်မှု မြန်မာ အစ္စလာမ်များ ကန့်ကွက်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသတွင်းရှိ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများနှင့် အပြစ်မဲ့ ဗုဒ္ဓဘာသာဝင်များ အား အစွန်းရောက် အစ္စလာမ် ဘာသာဝင် အချို့က အကြမ်း ဖက်မှု များပြု
လုပ်နေခြင်း အပေါ် အစ္စလာမ် အဖွဲ့ အနေဖြင့် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာ ကောင် စီ ဌာနချုပ် တွဲဖက် အတွင်းရေးမှူး ဦးဝဏ္ဏရွှေ က ပြောကြားသည်။
“ဒီလို သာသနာ့ အဆောက်အဦးတွေနဲ့ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်
 နေတာကို ကျွန် တော်တို့ အနေနဲ့ လုံးဝ လက်မခံသလို အပြင်းအထန် ကန့်ကွက် 
ပါတယ်“ဟု ၄င်းကဆိုသည်။
ပြီးခဲ့သော စက်တင်ဘာလ ၂၉ ရက်နေ့က စပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံ
ကော့စ်ဘဇားနှင့် စစ်တကောင်း ဒေသရှိ ဗုဒ္ဓဘာသာဝင်
ဘုန်းတော်ကြီးများ၊ ဗုဒ္ဓ ရုပ်ပွားတော်များနှင့် ယင်းဒေသရှိ ဗုဒ္ဓဘာ
စက်သုံးဆီဆိုင် ၂၃ ဆိုင်ကို ၀င်စစ်ရာ ၂၁ ဆိုင် အခြင်အတွယ် မပြည့်ကြောင်း တွေ့
စွမ်းအင် ၀န်ကြီး ဌာနက ရန်ကုန်မြို့တော် စည်ပင်  သာယာရေး နယ်နိမိတ် အတွင်းရှိ စက်သုံးဆီအရောင်း ဆိုင် ၂၃ အား အောက်တိုဘာ ၆ ရက်(ယနေ့) ရှောင်တခင်စစ်ဆေးရာ ဆိုင်ပေါင်း ၂၁ ဆိုင်ရှိ ပန့်များမှာ သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်း မရှိဘဲ လျော့နည်းနေ သည်ကို တွေ့ရှိရကြောင်း စွမ်းအင်ဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတ်မှတ်အခြင်အတွယ် ပြည့်မီခြင်းမရှိသည့် ဆိုင်ပိုင်ရှင်များထံသို့ တရားဝင်စာဖြင့် သတိပေးသွား မည်ဖြစ်ပြီး ထပ်မံစစ်ဆေးတွေ့ရှိပါက စက်သုံးဆီ သိုလှောင် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင်ကို ပြန်လည် သုံးသပ်သွားမည်ဟု လည်း ကြေညာချက်တွင်ပါ ရှိသည်။
”တက္ကသိုလ်ရိပ်သာလမ်းက မြ၀တီဆိုင်မှာ ဆီထည့်တုန်းက ဂိတ်ကမတက်ဘူးလို့ ပြောတော့ ၀န်ထမ်းက ပြန် ပြောတယ်။ တစ်သောင်းဖိုး ထည့်တာတောင် ဂိတ်က မတက်ဘူးလို့ ပြောတယ်။ အဲဒီကတည်းက အဲဒီဆိုင်မှာ တစ်ခါမှမထည့်တော့ ဘူး” ဟု အငှားယာဉ်မောင်းသူကိုစန်းလင်းအောင်က ပြောသည်။ များသောအားဖြင့် ဓာတ်ဆီတစ်ဂါလန်တွင် ၄ ဒသမ ၅ လီတာရှိသော်လည်း မပြည့်သော ဆိုင်များ၌ လီတာဝက်ခန့် လျော့သည်ကို တွေ့ရှိရကြောင်း ကိုစန်းလင်းအောင်က ပြောသည်။ သတ်မှတ်အခြင်အတွယ် မပြည့်မီသော ဆိုင် ၂၁ ဆိုင်ထဲတွင်
ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် – ဦးဇင်ဝိုင်းနှင့် အင်တာဗျူး
သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၇၃-၇၄ ခုနှစ်မှာ ၁၄ နှစ်သားအရွယ်မှ စတင်ပြီး ရုပ်ရှင်အနုပညာလောကကို ၀င်ရောက်လာခဲ့ကာ အနုပညာလောကရဲ့ အောက်ခြေသိမ်းအလုပ်ကအစ မျိုးစုံ လုပ်ကိုင်လာခဲ့သူပါ။ နောက်တော့ သင်္ကြန်မိုး ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြု ခံခဲ့ရပြီး ဒဏ္ဏာရီဇာတ်ကားနဲ့ပါ ထပ်မံ အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်မှာ မြင့်မြတ်နှလုံးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဌာနဆိုင်ရာ လက်အောက်က လွတ်ကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်၂၀၁၂ ဧပြီလက ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ဆန္ဒမဲများနဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းနဲ့ လိုအပ်ချက်တွေအပြင် ရှေ့ဆက် ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာတွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး ။     ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးမြင့်လာဖို့အတွက် အခြေခံအကျဆုံး အကြောင်းအရာတွေက ဘာဖြစ်မလဲ။
ဖြေ ။     ။ အခြေခံအကျဆုံး အကြောင်းအရာကတော့ (၁) ကျနော်တို့ ရုပ်ရှင်လောကသား အနုပညာရှင်
အင်တာနက်နှင့် ဘာသာရေး စစ်ပွဲ
ဘာသာရေး စစ်ပွဲ (Crusade) ဆိုတာ ဟိုးအရင့်အရင်တွေကတည်းက ရှိခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး ဘာသာရေး စစ်ပွဲကို ဂျေရုစလင်မှာ စတယ်လို့လည်း မှတ်သားရပါတယ်။ ရိုမန် ကပ်သလစ် ဂိုဏ်းဝင်နိုင်ငံများနဲ့ အစ္စလာမ်ဘာသာဝင်နိုင်ငံများ အကြား ဖြစ်တဲ့ စစ်ဖြစ်ပါ တယ်။ ဂျေရုစလင်မြို့ နဲ့ အစ္စရေးတိုင်းပြည် ကိုလုတဲ့ စစ်ပွဲ ဖြစ်ပါတယ်။ အချိန်ကာလကတော့ ၁၀၉၆ ကနေ ၁၀၉၉ ခုနှစ်အတွင်း ဖြစ်ပြီး ရလဒ် ကတော့ အစ္စရေး တိုင်းပြည်တစ်ခုတော့ ရိုမန်ကပ်သလစ် ဘာသာ လက်အောက်သို့ ပြန်လည် ရောက်ရှိသွားပါတယ်။
ဒီတော့ ဘာသာရေး စစ်ပွဲဆိုတာ ဂျေရုစလင်မှာပဲ ဖြစ်ခဲ့တယ်လို့ မှတ်ယူရ မလို ဖြစ်ပါတယ်။ အမှန်တော့ ဘာသာရေး စစ်ပွဲဆိုတာ ယနေ့ခေတ် မှာ နေရာအနှံ့အပြား ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ စာဖတ်သူတို့လည်း သိရှိပြီး ဖြစ်မယ်လို့ ထင်ပါတယ်။ မြန်မာပြည်မှာလည်း ဟိုးအရင်အချိန်ခါ က ဖြစ်ခဲ့သလို အခုလည်း ရခိုင်ပြည်နယ်မှာ ဖြစ် ပျက်နေပါတယ်။ အမှန်တော့ မူရင်းအစက လူမျိုးရေး စစ်ပွဲမျှသာ ဖြစ်ပြီး ဘာသာရေး စစ်ပွဲ အသွင်ပြောင်းလဲသွားအောင် အဘက်ဘက်က မွေးပေးလိုက်တဲ့ မီးဖြစ်ပါ တယ်။ ဒါကြောင့် လက်တလော အင်တာနက်မှာ ပျံ့ နေတဲ့ ပုံက ဗုဒ္ဓ ဆင်းတုတော်များကို ဖျက်ဆီးနေတဲ့ ပုံများ၊ အသရေ ဖျက်နေတဲ့ ပုံများ ဖြစ်ပါတယ်။ တစ်ဖက် အစ္စလာမ်ဘာသာတို့ဘက်က ပြန်ကြည့်ပေး ရင်လည်း အမြင်မတော်တဲ့ Photoshop အမျိုးမျိုးနဲ့ အသရေအဖျက်ခံရတဲ့ ကိုးကွယ်ရာပုံများလည်း တွေ့ရပါတယ်။ ဒီတော့ တစ်ဖက်နဲ့တစ်ဖက် အပြန်အလန် အင်တာနက်မှာ အကြီးအကျယ် စစ်ဖြစ်နေပါတယ်။ ပြည်တွင်း တင်မကပဲ ပြည်ပက အစုအဖွဲ့တွေပါ ပါဝင်လာတာမျိုး ဖြစ်ပါတယ်။
စာဖတ်သူတို့ ဒီ ငြင်းခုန်မှတွေ၊ တိုက်ခိုက်မှုတွေ ပြီးဆုံးသွားမယ်လို့ ယူဆ လား။ တကယ်ပဲ ဒီလို အပြန်အလှန် ပြောဆို မျှဝေမှုများက ဗုဒ္ဓဘာသာနိုင်ငံ ကို တကယ်ပဲ သန့်ရှင်းသွားစေမယ်လို့
မြောင်းမြမှ သဌေးတစ်ဦး ရခိုင်ပြည်သို့ ဗုဒ္ဓရုပ်ပွားတော် ၂၀၀၀ ကျော်လှူဒါန်း
ရခိုင်ပြည်နယ်စစ်တွေမြို့မှ
ရသေ့တောင်မြို့သို့ ဗုဒ္ဓရုပ်ပွားတော်
ငါးရာ အောက်တိုဘာလ ၃ရက်နေ့
 နေ့လည် ၁နာရီခန့်တွင် မော်တော်
ဘုတ်ဖြင့်ပင့်ဆောင်တော်မူခဲ့ကြောင်း
 သတင်းရရှိသည်။
ယင်းဗုဒ္ဓရုပ်ပွားတော်များကို ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်အတွင်းက
သူဌေးတစ်ဦးမှ ဇွန်လအတွင်း ရခိုင်ပြည်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂလီ-ရခိုင်
 အဓိကရုဏ်းအတွင်း ဗုဒ္ဓဘာသာ ရခိုင်ပြည်သူများ ဘုရားရုပ်ထုတော်များကို ထမ်းရွက်လျက် ပြေးလွှားနေကြပုံများကို မြင်တွေ့ရ၊ ဘုန်းတော်ကြီးကျောင်း
များကို မီးရှို့ခံရခြင်းများကို မြင်တွေ့ရ၍ ရင်ထုမနာခံစားရပြီး 'ငါသည်
ဗုဒ္ဓရုပ်ပွားတော်များကို လှူမည်'ဟု စေတနာ သဒ္ဓါတရား စိတ်အားထက်
သန်လာပြီး ရခိုင်ဘေးဒုက္ခကယ်ဆယ်ရေးအဖွဲ့ (ရန်ကုန်)သို့ ဗုဒ္ဓရုပ်ပွားတော်
 (၂၀၀၀)ကျော်လှူဒါန်းခဲ့ရာမှ ရသေ့တော်မြို့နယ်သို့ ရုပ်ပွားတော် ၅၀၀
ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဥပဒေကြမ်းကို အိုဘားမား လက်မှတ်ထိုး အတည်ပြု
မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ချမှတ် အရေးယူ ထားခဲ့တဲ့ ဘဏ္ဍာရေှးနှင့် ပတ်သက်သည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုဆိုင်ရာ ဥပဒေကြမ်းကို ယမန် 
နေ့ အောက်တိုဘာလ ၅ ရက်နေ့ က အတည်ပြုလက်မှတ်ရေးထိုးလိုက်ပါတယ်။ 
လွန်ခဲ့တဲ့ လက အမေရိကန် လွှတ်တော်မှာ ဆွေးနွေးသဘောတူထားတဲ့ မြန်မာနိုင်ငံအပေါ် ဘဏ္ဍာရေး ပိတ်ဆို့ အရေးယူထားမှုများ ဖယ်ရှားရေး ဥပဒေကြမ်းကို အခုလို အမေရိကန် သမ္မတက လက်မှတ်ရေးထိုး လိုက်တဲ့အတွက် ဥပဒေ အတည် ဖြစ်သွားပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ငွေကြေးဆိုင်ရာ အကူအညီပေးနိုင်တော့ မှာ လည်း ဖြစ်ပါတယ်။ 
ဒါဟာ လွန်ခဲ့တဲ့ လက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ အမေရိကန် ခရီးစဉ်ရဲ့ နောက်ကွယ် က အောင်မြင်မှုတွေလည်းဖြစ်ပါတယ်။ 
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကလည်း မြန်မာအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေကို အခုအချိန် မှာ ဖြေလျှော ပေးတာ ထောက်ခံပြီး သမ္မတ ဦးသိန်းစိန်ကတော့ မြန်မာ့ ပြုပြင်ပြောင်းလဲမှု လုပ်လာသည့် အတွက် အရင်ကနဲ့ မတူတော့တာဖြစ်လို့ စီးပွားရေးဒဏ်ခတ်မှုများကို ဖယ်ရှားပေးဖို့
ရန်ကုန်ဘင်္ဂလားဒေ့ခ်ျသံရုံးရှေ့တွင် မြန်မာရဟန်းတော်များတောင်းဆို ဆန္ဒပြ
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် အကြမ်းဖက် လူအုပ်စုများက ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့် ဗုဒ္ဓဘာ သာဝင် များ နေအိမ်များအား မီးရှို့ ဖျက်ဆီးသည့်အပေါ် မြန်မာ ရဟန်းတော်များက ရန်ကုန်မြို့ရှိ ဘင်္ဂလာဒေ့ခ်ျ သံရုံးရှေ့တွင် ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။
ဆန္ဒပြပွဲအား ယနေ့ (အောက်တိုဘာ ၅ရက်) နေ့လည် ၁နာရီအချိန်တွင် ရခိုင် ရဟန်းတော်များ အပါအ၀င်  မြန်မာရဟန်းတော်များနှင့်  ပြည်သူလူထု စုစုပေါင်း ၂၀၀ ခန့် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“ဘင်္ဂလာဒေ့ခ်ျနိုင်ငံမှာ မွတ်ဆလင်တွေက ဗုဒ္ဓဘာသာကို အခုလို စော်ကားတာကို ဦးဇင်းတို့ အနေနဲ့ အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ်။ ဒါဟာ လူမျိုးရေး ဖြစ်တာ မဟုတ်ဘူး။ ဘာသာတခုကနေ တခြား ဘာသာတခုကို စော်ကားတာဖြစ်တယ်။ ဒါကို ဘင်္ဂလာဒေ့ခ်ျအစိုးရအနေနဲ့ အမြန်ဆုံး ဖြေရှင်းပေးဖို့နဲ့ လုပ်ဆောင်ပေးဖို့လိုတယ် ဆိုတာကို ပြောချင်တဲ့ အနေနဲ့ အခုလို ဆန္ဒပြ ရခြင်း ဖြစ်ပါတယ်´´ ဦးဆောင် ဆရာတော်တပါးက မိန့်ကြားသည်။
ဘင်္ဂလာဒေ့ခ်ျတွင် မီးရှို့ အကြမ်းဖက်ခံရသော် ဘုန်းကြီးကျောင်း ဓာတ်ပုံများ၊ လူနေအိမ် ဓာတ်ပုံများ အပါအ၀င် တခြား ဗုဒ္ဓဘာသာအား စော်ကားထားသော ဓာတ်ပုံ ပိုစတာများကို ကိုင်ဆောင်ကာ ဆန္ဒပြ ကန့်ကွက် ခဲ့ကြခြင်းဖြစ်သည်။
ပိုစတာများထဲတွင် မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်မည်ကို ကန့်ကွက်သည့် ပိုစတာများလည်း ပါဝင်ကြောင်း
မြန်မာ-တောင်ကိုရီးယား စီးပွားရေးအဓိကဆွေးနွေးမည်
တောင်ကိုရီးယားနိုင်ငံကို ရောက်လာမယ့် မြန်မာသမ္မတ
 ဦးသိန်းစိန်နဲ့ တောင်ကိုရီးယား သမ္မတအီမြောင်ဘခ် တို့
 တွေ့ဆုံကြတဲ့အခါ ကိုရီးယား ကျွန်းဆွယ်ဒေသ အပါအ
ဝင်ဒေသတွင်း အရေးကိစ္စတွေ ကို ဆွေးနွေးကြမှာ ဖြစ်တယ်
လို့ တောင်ကိုရီးယား ဘက်က ပြောပါတယ်။ မြန်မာသမ္မတ ရဲ့ ခရီးစဉ် ကနေ တောင်ကိုရီးယားနဲ့ မြန်မာနိုင်ငံကြား ဆက်ဆံရေး ပိုပြီး တိုးတက်လာဖို့ မျှော်လင့်တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက
 ကြေညာချက် ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။
မစုမြတ်မွန်က အပြည့်အစုံကို ဆက်ပြီး တင်ပြပါမယ်။
တောင်ကိုရီးယားသမ္မတအီမြောင်ဘခ်ရဲ့ ဖိတ်ကြားချက်နဲ့ Oct ၈ ရက်ကနေ ၁၀ ရက်နေ့အထိ တောင်ကိုရီးယားနိုင်ငံကို လာရောက်မယ့် သမ္မတဦးသိန်းစိန်နဲ့
သမ္မတ အီမြောင်ဘခ်တို့ Oct ၉ ရက်နေ့မှာ တွေ့ဆုံကြမယ် လို့
တောင်ကိုရီးယား သမ္မရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထား ပါတယ်။ ခေါင်းဆောင်
ဆေးရုံလေးရုံတွင် ကောက်ယူမှု စစ်တမ်းအရ မိခင်မှ ကလေးသို့HIV ပိုးကူးစက်မှု ၁၃ ရာခိုင်နှုန်း အထိရှိနေ
ကျင်းပပြုလုပ် လျက်ရှိတဲ့ မိခင်မှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခြင်း ကာကွယ်ရေးနဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ကလေးများ ဆိုင်ရာ အကြောင်းအရာများကို
ရုပ်သံ မီဒီယာတွေထံ အသိပေး ရှင်းလင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ရှိ ဆေးရုံကြီး လေးခုမှာ စစ်တမ်း ကောက်ယူမှု အရ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု နှုန်းဟာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်း အထိ ကူးစက်မှု ရှိနေတယ်လို့ သိရပါတယ်။
ဒီလို စစ်တမ်း ကောက်ယူခဲ့တဲ့ ဆေးရုံ လေးခု ကတော့ ဗဟို အမျိုးသမီးဆေးရုံ၊ တောင်ဥက္ကလာ ဆေးရုံ၊ မြောက်ဥက္ကလာ ဆေးရုံနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံတို့ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်တမ်း ကောက်ယူပြီး ရရှိလာတဲ့ စစ်တမ်းတွေ အရ မိခင်မှ ကလေးကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုတွေ ရှိနေတာကြောင့် ဒီလို ဖြစ်ပွားမှုကို လျော့ကျ လာအောင် ၂၀၀၁ ခုနှစ် ကတည်းက စတင်ပြုလုပ် ခဲ့ပါတယ်။ အခုလို ပြုလုပ်မှု မှာလည်း မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ ဆေးရုံ ၃၈ ခုမှာ မိခင်များ ကိုယ်ဝန် ဆောင်မှု စတင်စဉ် ကတည်းက သွေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ HIV ပိုးရှိတဲ့
ပုဂ္ဂလိက ဘဏ်များကို စိတ်ချယုံကြည်ရန် ဗဟိုဘဏ်အရာရှိ ပြော
ပုဂ္ဂလိက ဘဏ်များအနေဖြင့် ဗဟိုဘဏ်၏ စနစ်တကျ ကွပ်ကဲမှု အောက်တွင် ရှိနေသောကြောင့် စိတ်ချယုံကြည်မှုရှိကြရန် ဗဟိုဘဏ်အရာရှိ တဦးက ပြောဆိုလိုက်သည်။
“ပုဂ္ဂလိက ဘဏ်တွေက မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ စနစ်တကျ ကြီးကြပ်ကွပ်ကဲမှု အောက်မှာ ရှိနေတာပါ။ စည်းကမ်း ဥပဒေများနှင့်အညီ လုပ်ငန်းများကို စိစစ်ခိုင်မာစွာနဲ့ လုပ်ကိုင်နေပါတယ်။ ပုဂ္ဂလိကဘဏ် အားလုံးကို
ပြည်သူလူထုအနေနဲ့ စိတ်ချယုံကြည်စွာနဲ့ အပ်နှံနိုင်ပါတယ်” ဟု ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော် က မဇ္ဈိမကို ပြောသည်။
သောကြာနေ့ နေ့ခင်းက ကောလာဟလ အမျိုးမျိုး ထွက်ပေါ်ခြင်းနှင့် တိုက်ဆိုင်စွာ ပုံမှန်ထက် ငွေထုတ်မှု များပြား ခဲ့သော ကမ္ဘောဇဘဏ်၏ မန်းနေးဂျင်း ဒါရိုက်တာ ဦးမိုးအောင်ဆန်း ကလည်း ပိတ်ရက်ခံခဲ့သည့်အတွက် လူများရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောပြသည်။
“(အောက်တိုဘာလ) ၁ ရက်နေ့ ရုံးပိတ်လိုက်တဲ့အတွက် ၂ ရက်၊ ၃ ရက်၊ ၄ ရက်၊ ၅ ရက်ပဲ ကျန်ပါတော့တယ်ခင်ဗျာ။ ရက်တိုတိုအတွင်းမှာ လူကလည်း နဂိုကလည်း များတဲ့အတွက် ၁ ရက်နေ့ကလည်း ပိတ်ရက်ဖြစ်တဲ့အတွက် လူများ
ခြင်းပဲ ဖြစ်ပါတယ်။ Normal Transaction ပါ။ ကျနော်တို့ ကမ္ဘောဇကြီးကတော့ ခိုင်မာတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ဘဏ်တွေထဲမှာလည်း အကြီးဆုံး အတောင့်တင်းဆုံး ဖြစ်ပါတယ်။ ယုံကြည်မှု မရှိစရာ
မွေးရပ်မြေ ကို ကျေးဇူးဆပ်ချင်တဲ့ အနေနဲ့ မြိတ်ကျွန်းစုများ ခရီးစဉ် ကို ရိုက်ခဲ့တဲ့ လွင်မိုး
ကျွန်တော့်ရဲ့ မွေးရပ်ဇာတိက မြိတ်မြို့လေးပါ။ အမြဲတမ်း ပြန်ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ Life နဲ့ ကိုယ့်ဘဝရဲ့ အကြောင်းအရာမျိုးစုံ စတည် ခဲ့တဲ့နေရာလေးတစ်ခု ဖြစ်တဲ့ မြိတ်မြို့ကို ပြန်ရောက်ပြီး ကျွန်တော်နေခဲ့တဲ့ အိမ်လေးကို ပြန်ရောက်မိတော့ လွမ်းမိတာပေါ့။ နေရာတိုင်းမှာ အကြောင်းအရာ အဖြစ်အပျက်လေး တွေရှိတယ်။ အဲဒီနေရာ ရောက်ရင် အဲဒီနေရာ လေးမှာ ဘာလုပ်ခဲ့ဖူးတယ်။ မြို့ထဲ မှာဆိုရင် ဘယ်နေရာတွေကို သွားခဲ့ ဖူးတယ်။ သူငယ်ချင်းတွေ ဘယ်နေ ရာမှာ ရှိတယ်ဆိုပြီး ပြန်ပြီးသတိရမိ တယ်။ အခုပြန်ရောက်သွား တဲ့အချိန်မှာ အရင်တုန်းကနဲ့ မတူ တဲ့ ကွဲလွဲမှုတွေက လည်း အများကြီး ပေါ့။ အရင်တုန်းကလို သူငယ်ချင်း တွေ ကလည်း ရှိချင်မှ ရှိတော့တာ လေ။ နောက်ပြီး နေရာထိုင်ခင်း လေးတွေက ပုံစံလေးတွေပြောင်း လဲသွားတာလည်းရှိတယ်။
မွေးရပ်ဇာ တိကို ပြန်ဖြစ်တာက ဟိုတစ်လောက အဘိုးဆုံးလို့ ပြန်ဖြစ်တယ်။ နောက် အလုပ်ကိစ္စနဲ့ ပြန်ဖြစ် ခဲ့တယ်။ ကျွန်တော်ရောက်တဲ့အချိန် မှာ မွေးရပ်ဇာတိက အရင်တုန်း က ပုံစံနဲ့ မတူတော့ဘူး။ အလွမ်းသက် သက်ဖြစ်သွားတာပေါ့။ ကိုယ့်နေ ထိုင်မှုနဲ့ အလုပ်နဲ့ ပတ်သက်ပြီး မွေးရပ်ဇာတိက ကျွန်တော့်အတွက် ကင်းကွာ သွားတဲ့နေရာလေး တစ်ခုဖြစ်သွားတယ်။ ဒါပေမဲ့ မွေးရပ်မြေ မြိတ်မြို့ကိုရောက်ရင် တော့ ငယ်ငယ်တုန်းက နေထိုင် ကျင်လည်ခဲ့ဖူးတဲ့ နေရာလေးတွေ ဟာ ကျွန်တော့်အတွက် တစ်ချိန် က အလွမ်းလေးတွေပါပဲ။ မွေးရပ် မြေကို လွမ်းမိတဲ့ အချိန်က သူငယ် ချင်း အပေါင်းအသင်းတွေ နဲ့စုံမိတဲ့ အချိန်တွေ၊ ကျွန်တော့်မြို့နဲ့ ပတ် သက်ပြီးတော့ ပါလာတဲ့ သတင်း လေးတွေ၊ နောက်ပြီး အဲဒီမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးတွေ၊ အိမ်ကို အမျိုးတွေရောက်လာရင် မွေးရပ်ဇာတိကို လွမ်းတယ်။
မြိတ်မြို့မှာ ကျွန်တော် ငယ်ငယ်တုန်းက လေးတန်းအောင် ပြီး ငါးတန်းရောက်ရင် ပုဆိုးဝတ် ရတယ်ဗျ။ ပုဆိုးကလည်း ကလေး ခြေတစ်လှမ်းစာပဲရှိတဲ့ ကလေးပုဆိုး လေးပေါ့ဗျာ။ ကျွန်တော် ငယ်ငယ်
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားသီရိလင်္ကာ(သီဟိုဠ်)နိုင်ငံ၌ ဗုဒ္ဓဘာသာဘုန်းကြီးပေါင်းရာချီ ဆန္ဒပြ
 ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအားတုံ့ပြန်သည့်အနေဖြင့် သီရိလင်္ကာ(သီဟိုဠ်) နိုင်ငံတွင် ဗုဒ္ဓဘာသာ
ဘုန်းကြီးပေါင်းရာချီ၍ ဆန္ဒပြခဲ့ကြသည်။
 ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ်
ဘာသာဝင်များအား ကြောက်ရွံ့သောကြောင့် တောတွေထဲတွင် ပုန်းအောင်းနေ
ရကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင်များမှ ဘုန်းကြီးကျောင်း ၂၀နဲ့ ဘင်္ဂလား
-မြန်မာ နယ်စပ်က စီးပွားရေးလုပ်ငန်း ၁၀၀ကျော်ကို မီးရှို့ခဲ့ကြောင်း၊
အပြစ်မဲ့သူများလည်း အသတ်ခံခဲ့ ရကြောင်း ကိုလံဘိုမြို့ စုဝေးပွဲတွင်
ဘုန်းတော်ကြီး ဂါနာစာရာက ပြောကြားခဲ့သည်။
 သီရိလင်္ကာသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ်
ကလည်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် လူပေါင်း (၈၀၀)၀န်းကျင် ငြိမ်းချမ်း
မြန်မာအလှမယ် မစ္စမြန်မာအင်တာနေရှင်နယ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ယှဉ်ပြိုင်
အောက်တိုဘာလ ၂၁ ရက်နေ့မှာ ဂျပန်နိုင်ငံ၊ အိုကီနာဝါမှာ ကျင်းပ မယ့် Miss International Beauty Pageant 2012 ပြိုင်ပွဲမှာ မြန်မာနိုင် ငံမှ ပထမဆုံး အကြိမ် ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
(၅၂)ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဒီပွဲကြီးမှာ ပါဝင်ဖို့အတွက် Miss Myanmar International ဆုရှင် မနန်းခင်ဇေယျာဟာ အောက်တိုဘာ လ ၁ ရက်နေ့က မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပါပြီ။
ဒီပြိုင်ပွဲကြီးမှာ နိုင်ငံပေါင်း ၅၀ ကျော် မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ် ပြီး မြန်မာနိုင်ငံကိုလည်း ပါဝင်ဖို့အတွက် International Cultural Association မှ ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
ပြိုင်ပွဲဝင်မယ့် မနန်းခင်ဇေယျာက ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်သိပ်မရခဲ့ ဘူး လို့ ဂျပန်နိုင်ငံကို မထွက်ခွာခင်မှာ ပြောခဲ့ပါတယ်။
"ကြိုတင်ပြင်ဆင်မှုမှာတော့ အားရမှု လုံးဝမရှိဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒီပွဲ အတွက် စက်တင်ဘာလ ၂ ရက်နေ့ကမှ စကမ်းလှမ်းတယ်။ ကျွန်မက စက်တင် ဘာလ ၁၀ ရက်ကနေ ၁၅ ရက်နေ့ထိ ဗီယက်နမ် မှာကျင်းပတဲ့ International Travel Expo ကို သွားရတော့ ပြင်ဆင် ချိန်သိပ်မကျန်တော့ဘူး"လို့ အသက် ၂၃ အရွယ် မြန်မာကိုယ်စားပြု အ လှမယ်လေးက ပြောပါတယ်။
ယဉ်ကျေးမှုအသားပေး ပြိုင်ပွဲဖြစ် တာကြောင့် ရတဲ့အချိန်တိုအတွင်းမှာပဲ မြန်မာ့ယဉ်ကျေးမှုကို ဖော်ထုတ်ပြသနိုင်မယ့် ဆင်ယင်မှုတွေ
ဒေါ်အောင်ဆန်းစုကြည်အပြန်ခရီး လူထုကြိုဆို
အမေရိကန် ပြည်ထောင်စုကို  ၁၇ရက်ခရီး လာရောက် ခဲ့တဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အောက်တိုဘာလ ၄ရက် ကြာသပတေးနေ့ ည  ၉နာရီ  ၄၅ မိနစ်မှာ  ကိုရီးယားလေကြောင်းလိုင်းနဲ့  ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်ကို ပြန်လည် ရောက်ရှိလာပြီဖြစ်ပါတယ်။
လေဆိပ်မှာ ထောင်နဲ့ချီတဲ့ လူအုပ်က သောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြသလို  တက္ကသိုလ် ရိပ်သာလမ်း နေအိမ်ရှေ့မှာလည်း  လူအုပ်ကြီးက လာရောက် ကြိုဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဟာ အမေရိကန် နိုင်ငံ အနောက်ခြမ်း Los Angeles မြို့မှာ  သူ့ခရီးစဉ်ရဲ့ နောက်ဆုံး အစီအစဉ် အဖြစ်  မြန်မာမိသားစုတွေနဲ့ တွေ့ဆုံခဲ့ပြီး  သူ့ရဲ့ အမေရိကန် ခရီးစဉ်ကို ကျေနပ်ကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံအတွက်  ကူညီပံ့ပိုးမှုပေးသူတွေကို  ကျေးဇူးတင်ကြောင်း ပြောနိုင်ခဲ့သလို   မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေကို အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို မျက်နှာချင်းဆိုင် ရှင်းပြခွင့် ရခဲ့တဲ့
မြို ပြလမ်းမနံရံတွေပေါ်က လူငယ်တွေရဲ့ လွတ်လပ်ခြင်းအနုပညာသို့မဟုတ် Graffiti Art
မြန်မာနိုင်ငံမှာ ဟစ်ဟော့ပ် ဂီတထွန်း ကားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ရှိလာပြီ ဖြစ်သလို ဟစ်ဟော့ပ်ဂီတရဲ့ ယဉ်ကျေးမှု အစိတ်အပိုင်း တစ်ခုလို့ဆိုကြတဲ့ Graffiti Art ရဲ့ကဏ္ဍ ဟာလည်း ခုချိန်မှာ ခရီးရောက်လာပြီလို့ဆိုနိုင်ပါလိမ့်မယ်။Graffiti Art ကို ၁၉၅ဝ ဝန်းကျင်လောက်က စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပြီး အဲဒီနောက်မှာပြီး မြို့  ပြနံရံ ပန်းချီတစ်ခု အဖြစ် သတ်မှတ်ခဲ့ကြရာ ၁၉၆ဝ၊ ၇ဝ ဝန်းကျင်မှာ ပြည်ပနိုင်ငံ အသီးသီးမှာ ကျယ်ပြန့်လာခဲ့ပြီး တစ်စတစ်စနဲ့ အာရှနိုင်ငံများဘက်ကို ရောက်ရှိ လာရာကနေ၂ဝဝဝ ပြည့်နှစ်အစောပိုင်းကာလတွေမှာတော့ ဟစ်ဟော့ပ်ဂီတနဲ့အတူ မြန်မာနိုင်ငံမှာလည်း Graffiti Art ဟာ ထွန်း ကားကျယ်ပြန့်လာခဲ့တယ်လို့လည်း မှတ်တမ်းပြုကြပါတယ်။  ဟစ်ဟော့ပ်ဂီတကို ခုံမင်ကြတဲ့ လူငယ်အများစုရှိကြသလို၊ Graffiti Art အနုပညာကိုပဲ တစိုက်မတ်မတ်နဲ့ စွဲလမ်းစွာ ဖန် တီးကြသူများလည်း ရှိပါတယ်။ သူတို့အများ စုဟာ ပရိသတ်ရှေ့ကို သိပ်မထွက်ကြဘဲ သူတို့ရဲ့ အနုပညာကိုသာ လွတ်လပ်စွာ ဖန်တီးနေကြသူများဖြစ်ပြီး နံရံဆေးရေးပန်းချီဖြစ်တာကြောင့် တချို့နေရာတွေမှာ အမြင် သဘောထား မတိုက် ဆိုင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ကြရသူတွေလည်းဖြစ်ပါတယ်။ ဒီကနေ့တိုင်းပြည်ရဲ့ ပြောင်းလဲ တိုး တက်မှုနဲ့အတူ မြို့ပြရဲ့ အနုပညာ ပြယုဂ် တစ်ခုအဖြစ်နဲ့ Graffiti လက်ရာတော်တော် များများကို တွေ့လာရပေမယ့် လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု တွေကိုလည်း အထူးဂရုပြုနေကြရပြီဖြစ်တဲ့အတွက် မြို့ပြလမ်းမတွေပေါ်က အုတ်တံတိုင်း နံရံတွေဟာ ပန်းချီအနုပညာဖန်တီးစရာ မီဒီယမ်တွေဖြစ်ခွင့်ရှိမရှိ ပြဿနာတစ်ရပ်ကိုလည်း
ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ်ပြီးဆုံး
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂ပတ်ကျော်ကြာ အမေရိကန်နိုင်ငံ
ခရီးစဉ်ကိုအဆုံးသတ်လိုက်ပြီးဒီကနေ့ဗုဒ္ဓဟူးနေ့မှာကယ်လီဖိုးနီးယားပြည်နယ်လော့စ်အိန် ဂျယ်လိစ်မြို့ကနေ မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဟာ မနက်ဖန် အောက်တိုဘာလ ၄ ရက်နေ့
ညပိုင်းမှာ ရန်ကုန်မြို့ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပြီး မိမိတို့ ပါတီ
အနေနဲ့ သွားရောက်ကြိုဆိုဖို့ ပြင်ဆင်ထားပြီး ဖြစ်ပေမယ့် လေယာဉ်
ဆိုက်ချိန်ဟာ ညပိုင်းဖြစ်တဲ့အတွက် လာရောက်ကြိုဆိုမယ့်  လူထုကို
ဝန်ထုပ်ဝန်ပိုး မဖြစ်စေလိုကြောင်း ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က အမေရိကန်နိုင်ငံ လော့စ်အိန်
ပဋိပက္ခကြောင့် ပျက်စီးသွားသော ရခိုင်အိမ်များအတွက် ဗုဒ္ဓရုပ်ပွားတော် နှစ်ထောင်ကျော် ပင့်ဆောင်လှူဒါန်း
ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဝင်များ ကိုးကွယ်နိုင်ရန် ဥာဏ်တော် ၄ လက်မ အမြင့်ရှိ ဗုဒ္ဓရုပ်ပွားတော် ၂ဝ၁၅  ဆူကို အောက်တိုဘာ ၃ ရက်မှ စတင်ပင့်ဆောင် လှူဒါန်းနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ သိရသည်။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သည့် ပဋိပက္ခများကြောင့် ပျက်စီး ခဲ့ရသော ရခိုင်အိမ်များမှ ဗုဒ္ဓဆင်း တုတော်များအစား လှူဒါန်းခြင်းဖြစ် ပြီး ဗုဒ္ဓဘာသာ ထွန်းကားရေး အတွက်လည်း ရည်ရွယ်ကြောင်း သိရသည်။အဆိုပါ ရုပ်ပွားတော်များကို ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောတို့သို့ ပင့်ဆောင်သွား မည်ဖြစ်ပြီး မြို့နယ်အသီး သီးမှ တာဝန်ခံနိုင်မည့်သူများထံတွင် ရုပ် ပွားတော်များကို ထားရှိမည်ဖြစ် ကြောင်း၊ ၄င်းတို့မှ တစ်ဆင့် လို အပ်သော သူများထံသို့ ရုပ်ပွား တော်များ လှူဒါန်းသွားမည်   ဖြစ် ကြောင်း ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေးကော်မတီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။”မောင်တော အစပ်လိုမျိုး နည်းနည်းဝေးတဲ့ နေရာတွေပေါ့။ လက်လှမ်းမမီတဲ့နေရာတွေထိ အရောက်ပို့ပေးမှာ” ဟု အထက် ပါတာဝန်ရှိသူက ပြောသည်။အဆိုပါ ရုပ်ပွားတော် နှစ် ထောင်ကျော်ကို မြောင်းမြမှ အလှူ
မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်
ရပ်ဆိုင်းထားသည့် မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းထက် ကြီးသော ရေအားလျှပ်စစ် စီမံကိန်း
တစ်ခုကို သံလွင်မြစ်ပ်ါတွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်။ ''ဒီနေ ရာမှာ ကျောက်တောင် တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထား ကလည်း အနည်းဆုံး နေရာဖြစ်နေတယ်'' ဟု အဆိုပါနေရာ ကို ရွေးချယ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ဝန်ကြီး ချုပ်က ပြောသည်။ အဆိုပါစီမံကိန်းကို ယခင်က အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန် လျာထားခဲ့သော် လည်း ယခုအခါ တရုတ် ကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆာင်နေသည်ဟု သိရသည်။အဆိုပါ စီမံကိန်းကို သံလွင်မြစ် ပေါ်တွင် တာတမံနှစ်ဆင့် တည် ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော် ထုတ်ယူနိုင်သည်ဟု ဝန်ကြီးချုပ် ကပြောသည်။ မိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက
အလိုအလျောက် ငွေထုတ် MPU ကတ်များ AGD ဘဏ် စတင်ထုတ်ပေး
စက်တင်ဘာ လလယ်တွင် စတင် မိတ်ဆက်ခဲ့သည့် အစိုးရနှင့် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည့် MPU(Myanmar Payment Union) ကတ် များကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်က ယနေ့ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ ဘဏ်များတွင် ATM (အလိုအလျောက် ငွေထုတ်ကတ်) များ ကိုင်ဆောင် အသုံးပြုလျက် ရှိသောသူများ အနေနှင့် ငွေထုတ်စက် တိုင်းတွင် အသုံးပြုနိုင်သည့် MPU (Myanmar Payment Union) ကတ်များ နှင့် ပြောင်းလဲ အသုံးပြုနိုင်ရန် အောက်တိုဘာ တစ် ရက်နေ့မှ စတင်ကာ အခမဲ့ လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
"ဒီနေ့ MPU ကတ်လာလုပ်တာ၊ ဖောင်ဖြည့်ပြီး ဓါတ်ပုံပေးခဲ့တယ်၊ မနက်ဖြန် ရမယ်လို့ ပြောပါတယ်" ဟု အောက်တိုဘာ ၂ ရက်နေ့တွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်ကတ် အသစ် လာထုတ်သူ တစ်ဦးက ဆိုသည်။ လတ်တလော MPU ကတ် အသုံးပြုနိုင်မည့် ဘဏ်များမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်၊ မြန်မာရှေ
ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်စေလိုလျှင် အခြေခံဥပဒေပြင်ဆင်မှု ဦးစားပေး လုပ်ဆောင်သင့်
 ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်မည်ဆိုလျှင်ကြိုဆိုကြောင်း
 နိုင်ငံတော်သမ္မတ၏ပြောကြားချက်သည် သံတမန်ရေးအရ ရလဒ်ကောင်းများ ပေါ်ထွက်လာရန် ပုဂ္ဂိုလ်ရေးအရ ပြောကြားခြင်းဖြစ်ပြီး အမှန်တကယ်ဖြစ်စေလိုလျှင် အခြေခံဥပဒေကို ပြင်ဆင်နိုင်ရန် ဦးစားပေးဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံရှေ့နေများကွန်ရက် အဖွဲ့ဝင်ဖြစ်သူ ဦးကိုနီက ပြောသည်။
”ဥပဒေ ရှုထောင့်အရဆိုရင် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ် နည်းနဲ့မှ သမ္မတ မဖြစ်ပါဘူး။ ဥပဒေကို ပြင်ဆင်မှရမှာပါ”ဟု ၄င်း ကပြောသည်။ ၂ဝဝ၈ ခုနှစ်က အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အခြေခံ ဥပဒေ အခန်း ၃ ပုဒ်မ ၅၉ ပါ နိုင်ငံ တော်သမ္မတနှင့် ဒုတိယသမ္မတများ ၏ အရည်အချင်း ဖော်ပြချက် အချက် ၇ ချက်၌ မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါး ပါး သော်လည်းကောင်း၊ မိမိ၏ဇနီးသို့မဟုတ်ခင်ပွန်းသော်လည်းကောင်း၊ ထို တရားဝင်သားသမီးတစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်း ကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်င
ံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ။ ထိုသူများ သည် နိုင်ငံခြားအစိုးရ၏ လက် အောက်ခံဖြစ်သူ သော်လည်း ကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူသော်လည်းကောင်း ခံစား ရသော အခွင့်အရေးများနှင့် ကျေး ဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူ များ မဖြစ်စေရဟု ပုဒ်မခွဲ(စ)အဖြစ် ဖော်ပြထားခဲ့သည်။
ယင်းအချက်သည် လက်ရှိ အင်္ဂလန်နိုင်ငံသား သားကြီးအလက် ဇန်းဒါးနှင့် သားငယ်ကင်အဲရစ်တို့ ၏ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်မှာ ငြိစွန်းနေခြင်းကြောင့် သမ္မတအဖြစ် တင်မြှောက်ရန် အ
ကား အရစ်ကျဝယ်ယူခြင်း အတွက် စနစ်အသစ်
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်ချေးငွေဌာနသည် အငှားဝယ်ယူ ရောင်းချသော စနစ်ဖြင့်   မော်တော်  ယာဉ်ဝယ်ယူလိုသူများကို ဝန်ဆောင်မှု ပေးလျက်ရှိသည်။
ယခင်က ငွေကြေးအာမခံဖြင့်သာ ဝယ်ယူနိုင်ကြသည့်စနစ်အစား၊ ယခုအခါတွင် ငွေကြေးအာမခံမလိုဘဲ မည်သူမ ဆို ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း
သတင်းကောင်း ပေးအပ်ပါသည်။
၁။ ရောင်းချသည့်မော်တော်ယာဉ်အား မြန်မာ့အာမခံလုပ်ငန်းတွင် အလုံးစုံ အာမခံထားရှိပေးရမည်။
၂။ သက်တမ်းမပြည့်မီ ပြန်လည်ပေးဆပ်သော ချေးငွေများအတွက် ငှားရမ်းခ ပြန်လည်ထုတ်ပေးခြင်း (Refund) နှင့် အရစ်ကျ ပေးသွင်းရန် ပျက်ကွက်ခြင်းများအတွက် ပျက်ကွက်ကြေး (Penalty) စနစ်များ လည်း ရှိပါသည်။
၃။ သက်တမ်းနှင့် နှုန်းထားများ -
သက်တမ်း ၁နှစ် ကနဦး ပေးသွင်းငွေ ၂၀% သတ်မှတ်ပါက -
ခြောက်နိုင်ငံ သံဃာများ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ထံ အိတ်ဖွင့် ပေးစာကမ်း
ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများနှင့်
ရဟန်းတော်များ၏ လုံခြုံရေး အာမခံ
ချက် ပေးရန် အတွက် ဘန်ကောက်မြို့
ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင်
မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံအချို့မှ သံဃာ အပါး ၁ဝဝ နီးပါးခန့် အောက်တိုဘာ ၂ ရက်နေ့ နံနက်က စုစည်း ဆန္ဒပြ၍ ဘင်္ဂလားဒေ့ရှ် အစိုးရထံ အိတ်ဖွင့်ပေးစာ တစောင် ပေးအပ်ခဲ့ကြသည်။
“ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အခြားနိုင်ငံတွေက ဗုဒ္ဓဘာသာ ရဟန်းတော်တွေ ပါတယ်။ ခြောက်နိုင်ငံလောက် ရှိမယ်၊ သံရုံးရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သံရုံးထဲကတော့ ထွက်ပြီး တစုံတရာ တုန့်ပြန်တာ မရှိဘူး။ ဝန်ထမ်းတဦး ထွက်လာ တယ်၊ ဘုန်းဘုန်းတို့က အိတ်ဖွင့်ပေးစာကို ပေးလိုက်ပြီး ဒီစာကို ဝန်ကြီးချုပ်ဆီ ပို့ပေးဖို့ မေတ္တာရပ်ခံခဲ့တယ်” ဟု ဦးဆောင်ဆန္ဒပြသူ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အရှင်အာနန္ဒာ က မဇ္ဈိမအား မိန့်ကြားသည်။
စက်တင်ဘာလ ၂၉ ရက်နေ့ သန်းခေါင် အချိန်ခန့်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင်၊ ပင်းဝါရွာကြီး (ခေါ်) ရာမူး Ramu ဒေသရှိ ဘုန်းကြီးကျောင်းများနှင့် စေတီများအား လူအုပ်ကြီးမှ စတင်တိုက်ခိုက်ဖျက်ဆီး၍ မီးရှို့ခဲ့ကြသည်။
ကော့ဘဇားခရိုင်နှင့် စစ်တကောင်းနယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၉ ကျောင်း၊ သိမ် ၃ လုံးခန့်နှင့်
ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ဒီမိုကရေစီအကူးအပြောင်းများကို ချီးကျူးဂုဏ်ပြုရင်း အမေရိကခရီးစဉ်ကို အဆုံးသတ်
                                                                   မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
                                                                    ဒေါ်အောင်ဆန်းစုကြည်သည်
 အရှေ့ဥရောပ၊ တောင်အာဖရိကနှင့် လက်တင်အမေရိကနိုင်ငံများ၏ ဒီမိုကရက်တစ်အကူးအပြောင်းပုံစံများကို ချီးကျူးဂုဏ်ပြုရင်း
ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအနေဖြင့် ကိုယ်ပိုင် ဒီမိုကရေစီပုံစံ ဖြစ်ပေါ်လာအောင် ပြုလုပ်ရမည်ဖြစ်ကြောင်းနှင့်
အမေရိကတွင် ရှိသည့်ပုံစံနှင့် တူနိုင်လိမ့်မည် မဟုတ်ကြောင်း အောက်တိုဘာလ ၂ ရက်နေ့က ပြောကြားခဲ့သည်။
"မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီက အမေရိကရဲ့ ဒီမိုကရေစီပုံစံလိုတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံက အမေရိက
မဟုတ်လို့ပဲ"ဟု ဒေါ်အောင်ဆန်းစုကြည်က လော့အင်ဂျလိစ်မြို့တွင် မြန်မာမိသားစုများနှင့် တွေ့ဆုံရာတွင်
ထည့်သွင်းပြောကြားခဲ့သည်။
"နိုင်ငံတိုင်းကတော့ ကိုယ်ပိုင်ဒီမိုကရေစီကို ပုံဖော်ကြတာပဲ။ ဒီမိုကရေစီဆိုတာ အပေါ်ကနေ
ကျေးလက်ဒေသများအား ဂျီအက်စ်အမ်မိုဘိုင်းဖုန်း အရစ်ကျရောင်းမည်
“တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကမြို့နေလူတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျေးလက်ဒေသများတွင် ဂျီအက်စ်အမ် မိုဘိုင်းဖုန်းများကို အရစ်ကျပေးချေစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ကျပ်နှစ်သိန်းတန် ဂျီအက်စ်အမ်ဖုန်းများကို အောက်တိုဘာလ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ရောင်းချပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်တာဝန်ခံ အင်ဂျင်နီယာများထံ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။ တန်းစားတွေ မပါဘဲ ကျေးလက်နေ ပြည်သူတွေကို အဓိကဦးစားပေးပြီး ရောင်းချပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။ ဂျီအက်စ်အမ်ဖုန်း တစ်မျိုးတည်းကိုသာ အရစ်ကျစနစ်နဲ့ ရောင်းပေးမှာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင် ကနဦးအနေဖြင့် ကျပ် ၄၀၀၀၀ ပေးသွင်းရမည်ဖြစ်ပြီး ယင်းနောက် ကျန်ရှိသည့် ကျပ်တစ်သိန်းခြောက်သောင်းအား တစ်လချင်းစီ ခွဲဝေပေးသွင်းသွားရန် စီစဉ်ထားကြောင်း
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများအတွက် ထိုင်းနိုင်ငံတွင် ရဟန်းတော်များ ဆန္ဒပြ (သတင်း/ဓါတ်ပုံ)
ဒီနေ့ ထိုင်းနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့မှာ အကြမ်းဖက်သမားတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ပျက်စီးသွားတဲ့ ဗုဒ္ဓဘာသာကျောင်းများအတွက် ဆန္ဒပြပွဲတစ်ခုကို ဘင်္ဂလားရဟန်းတော်များစုက ဆင်နွဲခဲကြပါတယ်။ 
ဒုတိယအကြိမ် နိုင်ငံတကာ ICT ပြပွဲ တွင် အဆင့်မြင့် နည်းပညာ ကုမ္ပဏီများ ပါဝင်မည်
နိုင်ငံတကာ နည်းပညာ ကုမ္မဏီများ အဓိက ပါဝင် ပြသကြမည့် ဒုတိယ အကြိမ် နိုင်ငံတကာ နည်းပညာပြပွဲ ကို အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ရန်ကုန်မြို့ ၊ ဦဝိစာရလမ်းရှိ တပ်မတော် ခန်းမ ၌ ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်များ အသင်း (MCIA) မှ မီဒီယာ တာဝန်ခံ ဦးဇော်လင်း က ပြောကြားခဲ့သည်။
အဆိုပါ ပြပွဲတွင် နိုင်ငံတကာ နည်းပညာ ကုမ္ပဏီများ ကအဓိကထား ဝင်ရောက်ပြသ ရန် ဖိတ်ကြားထားပြီး အမေရိကန် ၊ တရုတ် ၊ ထိုင်ဝမ် ၊ အစ္စရေးနှင့် စင်္ကာပူ အစရှိသော နိုင်ငံများ ပါဝင်မည် ဟုလည်း အဆိုပါပွဲနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂၆ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်း မှ တာဝန်ရှိသူများက ပြောကြားသည် ။
အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၂၁ ခန်း ပါဝင် ပြသမည်ဟု သိရှိရပြီး ကုန်ပစ္စည်းများ ထက် အဆင့်မြင့် နည်းပညာပိုင်းကို ဦးစားပေး ပြသသွားမည် ဟုလည်း ၄င်းတို့က ပြောကြားခဲ့ပြီး ပြည်တွင်း ပြည်ပ ဧည့်သည် သုံးသောင်းခွဲခန့် တက်ရောက်မည်ဟု မျှော်မှန်းထားကြောင်းလည်း သိရှိရသည် ။
ထို့အပြင် အဆိုပါပြပွဲ ကျင်းပနေစဉ် အောက်တိုဘာလ ၁၃ ရက်နေ့ မနက် ၉ နာရီ မှ ၁၂ နာရီ အတွင်း တွင် ချက်ထရီယံ ဟိုတယ်၌ နိုင်ငံတကာ လုပ်ငန်းရှင်များနှင့် ပြည်တွင်း လုပ်ငန်းရှင်များအတွက် သီးသန့်
ဘုန်းတော်ကြီးကျောင်း မီးရှို့တိုက်ခိုက်မူ လူပေါင်း ၁၆၀ ကျော် ဖမ်းဆီး၊ ၆၀၀ ကျော်တရားစွဲ
ဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်
 တိုက်ခိုက်သူတွေကို ဘင်္ဂလာရဲအဖွဲ့က
 လိုက်လံ ဖမ်းဆီးနေ တဲ့ နေရာမှာ အခု
အခါ လူပေါင်း ၁၆၆ ဦးကို ဖမ်းဆီး
ထားပြီ ဖြစ်တယ်လို့ ပြည်ထဲရေး
ဖမ်းဆီးတဲ့ အထဲမှာ ၉၃ ဦးက ကော့စ်ဘဇားခရိုင်က ဖြစ်ပြီး ၇၃ ဦးက စစ်တကောင်း
က ဖြစ်ပါတယ်။
စစ်တကောင်းမြို့ ပိုတီယာမှာလည်း လူပေါင်း ၂၆ ဦးကို ဖမ်းဆီးပြီး ၆၀၀ ကျော်ကို
တရားစွဲဆိုထား တယ်လို့ ပြောပါတယ်။
အခု မီးရှို့မူဟာ လွန်ခဲ့တဲ့ စနေနေ့က ဒေသအခေါ် ရာမူး( မြန်မာ အခေါ် ပန်းဝါ)မှာ
 စတင် ဖြစ်ပွား ခဲ့ပြီး နောက်ပိုင်းမှာတော့ နေရာ ၄ ခုကို ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။
မီးရှို့မူကြောင်း ကျောင်းပေါင်း ၂၂ ကျောင်း ပျက်စီးသွားခဲ့ပြီး အဖိုးတန် ဗုဒ္ဓ
လာမည့်နွေတွင် ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒထုတ်ဖော်ရန် မလိုတော့ဟု လျှပ်စစ်ဝန်ကြီးပြော
ပြီးခဲ့သည့် နွေရာသီက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ၍ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ပြည်သူများ ဆန္ဒဖော်ထုတ်ခဲ့သော ရန်ကုန်မြို့တော်၌ လာမည့် နွေရာသီတွင်မူ ထိုကဲ့သို့သော အဖြစ်မျိုး ထပ်မံ မဖြစ်ပေါ်ရန် ယခုကတည်းက ကြိုတင် စီစဉ်ထားကြောင်း  လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ယနေ့ ပြောကြားသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကား လေးနေရာတွင် မဂ္ဂါဝပ် ၅၀ စီရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံများ ပုဂ္ဂလိကမှ တည်ထောင် လုပ်ကိုင်ခြင်းဖြင့် ရန်ကုန်မြို့တော် အတွက် မဂ္ဂါဝပ် ၂၀၀ ခန့် ထောက်ပံ့နိုင်မည် ဖြစ်သည်။ ထို့အပြင် ရှိပြီးသား မဂ္ဂါဝပ် ၃၀၀ ခန့်နှင့် နယ်က ဝင်ရောက်လာမည့် ဓာတ်အားများနှင့် ပေါင်းပါက ယခင်နှစ်ကကဲ့သို့ အကျဉ်းတန်သည့် အဖြစ်မျိုး မဖြစ်နိုင်တော့ကြောင်း အဆိုပါ ဝန်ကြီးရုံး၌ ယနေ့ ကျင်းပပြုလုပ်သော လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ဖိတ်ခေါ် ဆွေးနွေးပွဲတွင် ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်သည်။ လူဦးရေ များပြားသည့်အပြင် စက်ရုံ၊ အလုပ်ရုံများလည်း ဖွံ့ဖြိုးလာသည့် ရန်ကုန်မြို့တော်အတွက် ၂၀၀၆ ခုနှစ်က လျှပ်စစ်ဓာတ်အား ၅၅၀ မဂ္ဂါဝပ်ခန့်သာ အသုံးပြုခဲ့သော်လည်း ယမန်နှစ် နွေရာသီက မဂ္ဂါဝပ် ၈၅၀ ခန့်အထိ သုံးစွဲခဲ့ကြောင်း၊ တစ်နိုင်ငံလုံး အနေဖြင့် မဂ္ဂါဝပ် ၁၈၅၀ ခန့် လိုအပ်ပြီး ၁၅၅၀ ခန့်သာ ဖြန့်ဖြူးပေးနိုင်သည့်  အချိန်တွင် မဂ္ဂါဝပ် ၂၀၀ ခန့် ပို့လွှတ်နေသော ရွှေလီ-မန်ဆန် ဓာတ်အားလိုင်း မိုင်းခွဲခံလိုက်ရ၍ ဓာတ်အား ပြတ်တောက်မှု ပြဿနာ ကြီးသွားခဲ့ခြင်း ဖြစ်သည်ဟု ဝန်ကြီးက ရှင်းလင်း ပြောကြားသည်။ တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဓာတ်အားသုံးစွဲမှု နှစ်စဉ် ၁၅ ရာခိုင်နှုန်း
ကမ္ဘာ့မြင်ကွင်းမှာ မြန်မာခေါင်းဆောင်နှစ်ဦးမောင်နှမရင်းချာ တွေ့ဆုံမှု အပေါ်အနုပညာရှင်တို့၏ ပီတိစကားသံများ
အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင်ကျင်းပပြုလုပ်မည့် ၆၇ကြိမ် မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ တက်ရောက် မိန့်ခွန်းပြောရန် ရောက်ရှိနေ သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ နှုတ်ဆက် ခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများက ကြည်နူးဝမ်းမြောက်ဖွယ်ရာ သတင်းအဖြစ် ဖော်ပြကြသည်။အဆိုပါ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ မောင်နှမရင်းချာပမာ ရပ်ဝေးမြေခြားမှာ ဧည့်ခရီးသည် မြန်မာ့ ခေါင်းဆောင်ကြီး နှစ်ဦးချစ်ကြည် ရင်းနှီးစွာ တစ်ဦးနှင့် တစ်ဦးကြိုဆိုနှုတ်ဆက်ကြခြင်း ကြည်နူးဖွယ်မြင်ကွင်း အပေါ် အနုပညာရှင် များက 
ဤသို့ ဆိုခဲ့ကြသည်။
ကျွန်မတို့ တိုင်းသူပြည်သားတွေ အားလုံး အတွက် ဒါဟာ ကောင်းသော လက္ခ ဏာပါ . . .ထွန်းအိန္ဒြာဗို
“ရည်ရွယ်ချက် တူတဲ့လူအချင်းချင်း ကမ္ဘာ့ပြယုဂ်မှာရော၊ မြန်မာ့ပြယုဂ်မှာရော ချစ်ချစ်ခင်ခင် ရှိတာဟာ ကျွန်မတို့ တိုင်းပြည် အတွက် အလားအလာကောင်းပဲ။ ကျွန်မတို့က အများကြီး ဝမ်းသာ စွာကြိုဆိုပါတယ်။ ချစ်ချစ်ခင်ခင် ရှိတယ် ဆိုတာ တိုင်းပြည် အတွက် အလုပ်တွေ အများကြီး တူညီစွာ ဆက်လက်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က လမ်းလျှောက်ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင် ခဲ့ကြတဲ့သူများကို တရားရုံး ဆင့်ခေါ်
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့က
 လမ်းလျှောက်ဆန္ဒပြပွဲမှာ ဦးဆောင် ပါဝင်
ခဲ့ကြတဲ့ ကချင်ငြိမ်းချမ်းရေး ကွန်ရက်
 ခေါင်းဆောင် ဦးမရန်ဂျော်ဂွန်းနဲ့
 ဒေါ်မေစံပယ်ဖြူ (ခေါ်) အယ်လ်ခေါန်ထွဲ တို့ကို
ဒီကနေ့ မနက် (၁၀) နာရီမှာ စမ်းချောင်းမြို့နယ် တရားရုံးက ဆင့်ခေါ်ခဲ့ပြီး လာမယ့်
 အောက်တိုဘာလ (၃) ရက်နေ့ကို ရုံးချိန်း သတ်မှတ် လိုက်ပြီလို့ သိရပါတယ်။
ဒီအမှုကို မြို့နယ်ရဲစခန်းက တရားလိုအဖြစ် စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။
 ကချင်ငြိမ်းချမ်းရေး ကွန်ရက်ခေါင်းဆောင်  ဦးမရန်ဂျော်ဂွန်းနဲ့ ဒေါ်မေစံပယ်ဖြူ
တို့ကို အရပ်ဘက် အသင်းအဖွဲ့အစည်း တွေက ကူညီပံ့ပိုးပေးကြဖို့  ရှိပါတယ်လို့ ဦးမရန်ဂျော်ဂွန်းက ပြောပါတယ်။
"ဒီနေ့ကတော့ ဒီအမှုတွဲကို တရားရုံးကနေ လက်ခံပြီးတော့ ကျွန်တော်တို့ကို ဒီကိစ္စနဲ့
ပတ်သက်ပြီးတော့ တရားစွဲဆိုထားတဲ့ အကြောင်း၊ တရားခွင်အရ တရားဥပေဒေ
အရ တရားရုံးကနေ ဆက်လက် ဆောင်ရွက်သွားမယ့်အကြောင်း၊ ပြီးရင်
သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်းလိုက်ပြီ
 သဘင်လောကနဲ့ ပြည်သူလူထု ပိုပြီး ထိတွေ့လာတော့မလား။မြန်မာနိုင်ငံ သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်းလိုက်ပါပြီ။ ဒီအကြောင်း အသိပေး ရှင်းလင်းပွဲကို သောကြာနေ့က ရန်ကုန်မြို့ Parkroyal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
 သဘင်သမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီ
ချစ်ဦးညို (စာရေးဆရာ) - ဥက္ကဋ္ဌ
ဦးနန်းဝင်း (ဇာတ်မင်းသား) - ဒုဥက္ကဋ္ဌ
ဒါရိုက်တာ မောင်သီ - ဒုဥက္ကဋ္ဌ
ဦးသိန်းဇော် (ဇာတ်မင်းသား) - အတွင်းရေးမှူး
ဇာတ်မင်းသားဖိုးချစ် - တွဲဖက်အတွင်းရေးမှူး 
ဒေါ်မမနိုင် (ရုပ်သေးပညာရှင်) - တွဲဖက်အတွင်းရေးမှူး 
မြန်မာ့သဘင်သမဂ္ဂမှာ ပါဝင်မယ့် အလွှာများ
မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ရန်ကုန်တွင်ကျင်းပရန် မသေချာသေး
၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို ရုပ်ရှင်လော ကသားအများစုနေထိုင်ရာ ရန်ကုန်မြို့တော်၌ ကျင်းပရန်အတွက် တစ်စုံတစ်ရာသေချာသည်ဟု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ယခုနှစ်အတွင်း ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီး မြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပပေးရန် ရုပ်ရှင်အစည်းအရုံးအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနထံ တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေကတော့ ဒီအခမ်းအနားကို ရန်ကုန်မှာလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ လုပ်ပေးမယ်၊ မလုပ်ပေးဘူးဆိုတာတော့ ဘာမှအကြောင်းမပြန်သေးဘူး။ ဒါပေမဲ့ လုပ် ပေးမယ်လို့တော့ထင်ပါတယ်။ ဘာလို့လဲဆိုတော့
ပြည်သူလိုလားရင် ဒေါ်စုသမ္မတ ဖြစ်နိုင်လို့  ဦးသိန်းစိန်ပြော
မြန်မာ သမ္မတ ဦးသိန်းစိန်ကို ဘီဘီစီ အင်္ဂ
လိပ်ပိုင်းက တွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။
အဲဒီ တွေ့ ဆုံ မေးမြန်းခန်းမှာ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို
 မြန်မာ ပြည်သူလူထုက အနာဂတ် မြန်မာ နိုင်ငံရဲ့ သမ္မတ အဖြစ် မြင်ချင်
 ကြတယ် ဆိုရင် သူ့အနေနဲ့ လက်မခံ နိုင်စရာ မရှိဘူးလို့ ဘီဘီစီ
အင်္ဂလိပ်ပိုင်း ကိုပြောပါတယ်။မြန်မာ နိုင်ငံ မှာအာဏာရှင် စနစ်ကနေ ဒီမိုကရေစီ စနစ်ကို ကူးပြောင်း မှုတွေ
လုပ်လာ နိုင်ခဲ့တာဟာလည်း မြန်မာ ပြည်သူတွေရဲ့ လိုချင် တောင့်တမှု တွေကြောင့် သာဖြစ်တယ်လို့လည်း ပြောပါတယ်။
နိုင်ငံတော်သမ္မတကြီး လေဆိပ်တွင်စောင့်ကြိုနေသူများကို နှုတ်ဆက်(သတင်း/ဓါတ်ပုံ)
 နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး အကြိမ် အဖြစ် ကုလသမဂ္ဂ ညီလာခံတွင် မိန့်ခွန်း ပြောကြား ခဲ့သည့် ပြည်ထောင် စု မြန်မာ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အား အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၈နာရီကရန်ကုန်မြို့အပြည်ပြည်ဆိုင်ရာ လေဆိပ်လမ်းမတွင်ဂုဏ်ပြုကြိုဆိုရန်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်။
၆၇ကြိမ်မြောက်ကမ္ဘာကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က နိုဗယ်ငြိမ်းချမ်းရေး ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလ သမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဟောင်း ဦးသန့်တို့၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံသား တစ်ဦးအနေဖြင့် ဂုဏ်ယူမိကြောင်း ထည့်သွင်းပြောကြားခဲ့သည်
တိဘက်ဒေသ လွတ်မြောက်ရေး မီးရှို့ဆန္ဒပြသူသေဆုံး
တရုတ်အစိုးရရဲ့ အုပ်စိုးမှုကို ဆန့်ကျင်တဲ့ အနေနဲ့ နိုင်ငံ အနောက်ဘက် Qinghai ဒေသမှာ တိဘက် အမျိုးသားတဦး ကိုယ့်ကိုယ်ကို မီးရှို့အဆုံးစီရင် သွားတဲ့အတွက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ တိဘက်လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ Yushu တိဘက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်မှာရှိတဲ့ Zadoi မြို့နယ်မှာ စနေနေ့က အဆုံးစီရင်မှု ဖြစ်ပွားခဲ့တာလို့လည်း ဗွီအိုအေကို ပြောပြခဲ့ကြတာပါ။
အသက် ၂၇ နှစ် အရွယ်ရှိ Yungdung ဆိုသူဟာ တိဘက်ရိုးရာ ၀တ်စုံကို ၀တ်ဆင်ပြီး တရုတ်ဈေးဆိုင်တွေရှေ့ ဖြတ်လျှောက်ပြီး မီးရှို့သတ်သေခဲ့တာလို့ Yushu ဒေသခံတွေနဲ့ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဒရမ်ဆလာအရပ်က တိဘက်အရေး လှုပ်ရှားသူ အသိုင်းအ၀ိုင်းက ပြောပါတယ်။ မသေမီမှာ တိဘက်ဒေသ လွတ်မြောက်ရေးနဲ့ တရုတ်အစိုးရဟာ တိဘက် ဘာသာရေးကို ဖျက်ဆီးနေတယ် ဆိုတဲ့ ကြွေးကြော်သံတွေ အော်ဟစ်ခဲ့တယ်လို့လည်း ပြောပါတယ်။
အခုသေဆုံးမှုနဲ့ပါဆိုရင် ၂၀၀၉ ခုနှစ် ကတည်းက တရုတ်နိုင်ငံ တိဘက်ဒေသမှာ ကိုယ့်ကိုယ်ကို
သမ္မတ ဦးသိန်းစိန် မြန်မာ-အမေရိကန် ကုန်သည်ကြီးများ တွေ့ဆုံ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၈) ရက် ဒေသ စံတော်ချိန် ညနေ (၆) နာရီတွင် ခေတ္တ တည်းခိုသည့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌ နှင့် အမှုဆောင်များအား လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးသိန်းဟန် (ခ) Mr. William H. Su ၊ ဒုတိယ ဥက္ကဌများနှင့် အမှုဆောင် များက မြန်မာနိုင်ငံတွင် ဟိုတယ် လုပ်ငန်း၊ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း၊ ဓာတုဗေဒ ဆိုင်ရာ လုပ်ငန်းနှင့် ဥပဒေရေးရာ ကိစ္စရပ်များ လာရောက် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေး တင်ပြကြရာ နိုင်ငံတော် သမ္မတက လုပ်ငန်း တစ်ခုချင်း အလိုက် ပံ့ပိုး ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများ၊ ပြည်သူများ၏ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး
ဘင်္ဂါလီများ ရန်ကုန်တိုင်း ဒေသကြီးအတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်လာမှုကြောင့် စစ်ဆေးအရေးယူနေ၊
ဘင်္ဂါလီလူမျိုးများ ရန်ကုန်တိုင်း ဒေသကြီး
အတွင်းသို့ နည်းမျိုးစုံဖြင့် ၀င်ရောက်နေ
မှုကြောင့် စစ်ဆေးအရေးယူမှုများ ယခင်
ကထက် ပိုမိုပြုလုပ်နေရကြောင်း သက်
ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရှိရသည်။သြဂုတ်လ ၂၉ ရက်နေ့မှ စက် တင်ဘာလ ၂၅ ရက်နေ့အထိ  ရန်ကုန် တိုင်းဒေသကြီးအတွင်းသို့ တရားမ၀င်သော နည်းလမ်းများဖြင့် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုး ၁၉ ဦးအား ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။ယင်းကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့သော ဖြစ်စဉ်မှာ  ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့တွင် မှော်ဘီမြို့နယ်၊ အမှတ် ၄ လမ်းပူးပေါင်း စစ်ဆေးရေး ဂိတ်၌ စစ်တွေမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးတွင် ဘင်္ဂါလီလူမျိုး ၁၄ ဦးတို့အား စစ်ဆေးတွေ့ ရှိခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်စက်တင် ဘာလ ၂၄ ရက်နေ့တွင် မရမ်းကုန်း မြို့နယ်၊ ဦးဗဟန်လမ်းရှိ နေအိမ်တစ်အိမ်သို့ ရှောင်တခင် ၀င်ရောက်စစ်ဆေးခဲ့ရာ အရှုက္တူရီ(၁၈)နှစ် ဘင်္ဂါ လီ/အစ္မလာမ်၊ မင်းပြားမြို့နယ်ရခိုင် မြို့နယ်နေသူ တရားဝင်ခရီးသွားလာခွင့်ပြုချက် ယာယီသက်သေခံ လက်မှတ်များ ပါရှိခြင်းမရှိဘဲ ခရီးသွား
အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်
 ယူကေရှိ လူတစ်သန်း နီးပါးမှာ အကိုက်အခဲ ပျောက်ဆေးကို အလွန်အမင်း သုံးစွဲ တာကြောင့် ခေါင်းကိုက်ခဲ့ကြကြောင်း  ကျန်းမာရေး စောင့်ကြည့်သူတွေ ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဆေးဝါး အသုံးပြု လွန်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာဟာ အက်စ်ပရင်၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်လို NSAIDs တွေကို တစ်လမှာ ၁၅ ရက်ကျော်ကြာတဲ့အထိ သုံးတာ၊ ဒါမှမဟုတ် opioids၊ ergots နဲ့ triptans၊ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကို ပေါင်းစပ်ပြီး တစ်လမှာ အနည်းဆုံး ၁၀ ရက်ခန့် သောက်တာ တို့ကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ခေါင်းကိုက် တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ပိုသောက်လေ၊ ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာလေဖြစ်ပြီး စက်ဝိုင်း တစ်ခုလို ဖြစ်နေတာပါလို့ လေ့လာသူ ပါမောက္ခ မာတင်ကဆိုပါတယ်။
ခေါင်းကိုက်ဝေဒနာ ရှိသူ လူ ၅၀ မှာ တစ်ဦးနှုန်းဟာ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာကြောင့် ခေါင်းပိုကိုက်ရတယ်လို့ ခန့်မှန်း ထားပါ တယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို အလွန်အမင်း သုံးစွဲနေတဲ့ လူနာတွေကို အကိုက်အခဲပျောက်ဆေးမှီဝဲမှု ချက်ချင်းရပ်ဖို့ ပြောကြားသင့်ကြောင်း ဆရာဝန်တွေကို NICE လမ်းညွှန်ချက်အသစ်က အကြံပြုထားပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို ကုသဖို့ရာအတွက် အပ်စိုက်ကုထုံးလို နည်းမျိုးကို