ကမ္ဘာ့မြင်ကွင်းမှာ မြန်မာခေါင်းဆောင်နှစ်ဦးမောင်နှမရင်းချာ တွေ့ဆုံမှု အပေါ်အနုပညာရှင်တို့၏ ပီတိစကားသံများ

အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင်ကျင်းပပြုလုပ်မည့် ၆၇ကြိမ် မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ တက်ရောက် မိန့်ခွန်းပြောရန် ရောက်ရှိနေ သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ နှုတ်ဆက် ခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများက ကြည်နူးဝမ်းမြောက်ဖွယ်ရာ သတင်းအဖြစ် ဖော်ပြကြသည်။အဆိုပါ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ မောင်နှမရင်းချာပမာ ရပ်ဝေးမြေခြားမှာ ဧည့်ခရီးသည် မြန်မာ့ ခေါင်းဆောင်ကြီး နှစ်ဦးချစ်ကြည် ရင်းနှီးစွာ တစ်ဦးနှင့် တစ်ဦးကြိုဆိုနှုတ်ဆက်ကြခြင်း ကြည်နူးဖွယ်မြင်ကွင်း အပေါ် အနုပညာရှင် များက 
ဤသို့ ဆိုခဲ့ကြသည်။

ကျွန်မတို့ တိုင်းသူပြည်သားတွေ အားလုံး အတွက် ဒါဟာ ကောင်းသော လက္ခ ဏာပါ . . .ထွန်းအိန္ဒြာဗို
 
“ရည်ရွယ်ချက် တူတဲ့လူအချင်းချင်း ကမ္ဘာ့ပြယုဂ်မှာရော၊ မြန်မာ့ပြယုဂ်မှာရော ချစ်ချစ်ခင်ခင် ရှိတာဟာ ကျွန်မတို့ တိုင်းပြည် အတွက် အလားအလာကောင်းပဲ။ ကျွန်မတို့က အများကြီး ဝမ်းသာ စွာကြိုဆိုပါတယ်။ ချစ်ချစ်ခင်ခင် ရှိတယ် ဆိုတာ တိုင်းပြည် အတွက် အလုပ်တွေ အများကြီး တူညီစွာ ဆက်လက်
လုပ်ကိုင်မယ်လို့ မျှော် လင့်လို့ရတယ်။ အဲဒါကြောင့်ကျွန်မတို့ တိုင်းသူပြည်သားတွေ အားလုံး အတွက်
 ဒါဟာကောင်းသော လက္ခဏာပါပဲ။ ကြိုဆိုရမှာပါ”

အင်မတန် ချစ်စရာကောင်းတဲ့ အပြုအမူဖြစ် သလို ပြည်သူ၊ ပြည်သားတွေအတွက်လည်း အင်မတန်ပီတီဖြစ်စေတဲ့ . . . လူမင်း
   
 အမေစုက သမ္မတကြီးကို ယုံကြည်တယ်။ အဲဒီလိုပဲ ပြည်သူ တွေက သမ္မတကြီးအပေါ် ယုံကြည်မှုတွေ တိုးလာတယ်။
လက်တွဲဆောင် ရွက် မှုက ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပြီး အမေစုဘက် ကလည်း လုပ်ပိုင်ခွင့်တွေ သမ္မတကြီးနဲူ့နလနူ တန်းတူ လောက်များ ရခဲ့ရင် ဘယ်လောက်များ ကောင်းမလဲပေါ့။ ရည်ရွယ်ချက်၊ လုပ်ဆောင် ချက်တွေတူတယ်။ ဒီလို အမေစုက သမ္မတ ကြီးကို တွေ့ဆုံဂါရဝပြုတာက အင်မတန် ချစ်စရာကောင်းတဲ့ အပြုအမူဖြစ်သလို ပြည်သူ၊ ပြည်သားတွေအတွက်လည်း အင်မတန်ပီတီဖြစ်စေတဲ့ တွေ့ဆုံမှုတစ်ခုပါ။ ကိုယ့် တိုင်းပြည်မှာ မဟုတ်ဘဲ နိုင်ငံခြားမှာ တွေ့ဆုံမှုကပေါ့”

ပြည်သူပြည်သားတစ် ယောက်အနေနဲ့ အလွန်ပဲ စိတ်ချမ်းမြေ့ဖွယ် ရာပါပဲ…ဇင်ဝိုင်း

“သွေးသား ရင်းချာမောင်နှမနှစ်ဦးကို တွေ့ရသလိုပဲ ကျွန်တော်တို့စိတ်ထဲမှာ ကိုယ့် မိဘများ၊ ကိုယ့်ဦးလေး အဒေါ်ကို မြင်ရသလို ပဲ ခံစားရတယ်။ တကယ်လည်း စိတ်ထဲမှာ ကြည်နူးရပါတယ်။ ဝမ်းသာ ရပါတယ်။တကယ် လည်း မြန်မာပြည်ရဲ့ ရှေ့ရေးအတွက် အလွန် ကိုမှပဲ မျှော်လင့်ချက်တွေ ပိုကြီးလာပါတယ်။ ပြည်သူပြည်သား တစ်ယောက် အနေနဲ့ အလွန် ပဲ စိတ်ချမ်းမြေ့ဖွယ်ရာပါပဲ။ အားရှိ ဖွယ်ရာ မြင်ကွင်းပါ။ သူတို့ရဲ့ မျက်နှာမှာဆိုလည်းတစ် ဦးနဲ့တစ်ဦး တကယ့်ကိုပွင့်ပွင့်လင်းလင်းရှိပါ တယ်။ ဟန်ဆောင်မှုတွေမဟုတ်ဘဲ တကယ့် ရင်ထဲကလာတဲ့ အပြုံးတွေ ခင်မင်ရင်းနှီးမှု တွေပါပဲ”

ဒါဟာအပြု သဘော ဆောင်တဲ့ ကိစ္စတွေဖြစ်တဲ့ အတွက်ကောင်း ပါတယ်…ရသ

“ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင် တွေ ကိုယ်တိုင်က ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီဖွံ့ဖြိုးတိုးတက်မှုကို သူတို့ လည်း သဘောကျကျေနပ်ကြတယ်လို့ ပြောကြ တယ်။ ကျွန်တော်တို့ပြည်သူတွေလည်း ကြည်နူးပါတယ်။ ဒါဟာအပြု သဘော ဆောင်တဲ့ ကိစ္စတွေဖြစ်တဲ့အတွက် ကောင်း ပါတယ်။ ဒီထက်ပိုပြီးကောင်းမွန်တဲ့အနာဂတ် ကို မျှော်လင့်လို့ရဖို့ကတော့ ခေါင်းဆောင် နှစ်ဦးတည်းနဲ့လည်း မဖြစ်ပါဘူး။ ကျွန် တော်တို့နောက်လိုက်နောက်ပါတွေ ကိုယ်တိုင် လည်း စည်းလုံးညီညွတ်စွာနဲ့ အပြုသဘော ဆောင်တဲ့ကိစ္စတွေကို များများလုပ်ပေးခြင်း အားဖြင့် ပိုကောင်းတဲ့ဒီမိုကရေစီနိုင်ငံတော်သစ်ကို တဖြည်းဖြည်း နဲ့ရောက်လာမှာပါ++
နွေးထွေးတဲ့ကြိုဆိုမှုတွေ၊

နွေးထွေးတဲ့ရင်းနှီး မှုတွေ၊ နွေးထွေးတဲ့ဆက်ဆံမှုတွေ …အနဂ္ဂ

“နိုင်ငံတော်သမ္မတကို လူထုအကုန်လုံး သိကြတဲ့ ဒီမိုကရေစီခေါင်းဆောင်က သွား တွေ့တယ်ဆိုတာကတော့ ဒါက ဖြစ်လည်း ဖြစ်သင့်တယ်။ လုပ်လည်း လုပ်သင့်တယ်။ ဒီ တစ်ခေါက်မှာ အန်တီစုလုပ်ပြသွားတဲ့ဟာကို လည်း နောက်ထပ်လက်ဆင့်ကမ်းမယ့် ဂျန်န ရေးရှင်းတွေ အကုန်လုံးက ဒါကို ယဉ်ကျေးမှု တစ်ခုအနေနဲ့ ဆက်လက်ထိန်းသိမ်းမယ်ဆို ရင်တော့ ကျွန်တော်တို့ရဲ့ မြန်မာ့လူ့အသိုင်း အဝိုင်းက ဒီထက်ပိုပြီးတော့ လှပတဲ့လူ့ အသိုင်းအဝိုင်းဖြစ်လာမှာပါ။ ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေကြတဲ့အခါ တစ် ယောက်နဲ့တစ်ယောက် ပူးပေါင်းပြီးလုပ် သင့်တဲ့အလုပ်တွေကို အကုန်လုပ်ရမှာပါ။ နွေးထွေးတဲ့ကြိုဆိုမှုတွေ၊ နွေးထွေးတဲ့ရင်းနှီး မှုတွေ၊ နွေးထွေးတဲ့ဆက်ဆံမှုတွေနဲ့ ကျွန်တော် တို့ရင်ထဲမှာ တည်ဆောက်မှပဲ ယုံကြည်မှု အားကပိုပြီးတော့များလာလိမ့်မယ် လို့ထင်ပါတယ်”

ဒီတွေ့ဆုံမှုကသမိုင်းတွင် သွားတဲ့ ပုံစံမျိုးလေးလည်း ဖြစ်သွားတယ်…သံသာဝင်း

“နိုင်ငံ့ခေါင်းဆောင်တစ်ယောက်ကို လေးစားမှုနဲ့အတူ တကူးတကသွားတွေ့တဲ့ အန်တီစုရဲ့စိတ်ထားကိုလည်း သံသာတို့က အားကျရတယ်။ ဒီတွေ့ဆုံမှုက သမိုင်းတွင် သွားတဲ့ ပုံစံမျိုးလေးလည်း ဖြစ်သွားတယ်။ အဲဒီအတွက် တအား ဂုဏ်ယူတယ်။ သူတို့ နှစ်ယောက်ရဲ့တွေ့ဆုံမှုကလည်း တအားထူး ခြားတယ်။ ဒီမိုကရေစီလမ်းကြောင်းအတွက် ရောင်နီထပ်သန်းတာပေါ့။ သံသာတို့ကတော့ မျှော်လင့်တယ်။ တချို့ကလည်း မျှော်လင့်ရဲ သလို၊ မမျှော်လင့်ရဲသလိုဖြစ်နေတယ်။ ဘယ် တော့ နောက်ပြန်ဆုတ် သွားမလဲဆိုတဲ့ စိုးရိမ် မှုမျိုးရှိနေတဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ ဒါကို ကြည့်ခြင်းအားဖြင့်တော့ နောက်လှည့် မယ်ဆို တဲ့ သံသယ ကိုတော့ နည်းနည်းလေး ဖျောက်ပေးတဲ့ သဘောတရား တော့ရှိ တယ်။သံသာ တို့ပြည်သူတွေရော၊ အစိုးရအနေနဲ့ ရောအများကြီး သွားစရာတွေ ရှိပါသေးတယ်”

ကိုယ့်နိုင်ငံမှာရှိတဲ့ တိုင်းပြည်က ခေါင်းဆောင်တွေက တကယ်ကို ဒီမိုကရေစီလမ်း ကြောင်းကို ဖွင့်ပေးနေပြီ…ကြည်ဖြူသျှင်

“တအားကို ဂုဏ်ယူပါတယ်။ ပြောမယ် ဆိုရင် ကိုယ့်နိုင်ငံမှာရှိတဲ့ ခေါင်းဆောင်တွေ က တကယ့်ကို ဒီမိုကရေစီလမ်းကြောင်းကိုဖွင့် ပေးနေပြီ။ ဖွင့်ပေးတဲ့အတိုင်းပဲ အဆင့်ဆင့် ပေါ့။ ပြည်ပက ဘယ်လောက်ပဲ တွန်းအားပေး ပေး တကယ်တမ်းကျတော့ ပြည်တွင်းမှာရှိတဲ့ သူတွေရဲ့လုပ်ရပ်က အရေးကြီးဆုံးပါပဲ။ ဒါမှပဲ ဒီမိုကရေစီလမ်း ကြောင်းပေါ်မှာ အောင်အောင် မြင်မြင်နဲ့လျှောက်လှမ်းနိုင်မယ်လို့ ယုံကြည် တယ်”

ပေါ်ပြူလာအဖွဲ့။

No comments:

Post a Comment