သမ္မတ ဦးသိန်းစိန် မြန်မာ-အမေရိကန် ကုန်သည်ကြီးများ တွေ့ဆုံ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် စက်တင်ဘာ (၂၈) ရက် ဒေသ စံတော်ချိန် ညနေ (၆) နာရီတွင် ခေတ္တ တည်းခိုသည့် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ The Mark ဟိုတယ် ဧည့်ခန်းမ၌ မြန်မာ-အမေရိကန် ကုန်သည်ကြီးများ အသင်းမှ ဥက္ကဌ နှင့် အမှုဆောင်များအား လက်ခံ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် မြန်မာ-အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဌ ဦးသိန်းဟန် (ခ) Mr. William H. Su ၊ ဒုတိယ ဥက္ကဌများနှင့် အမှုဆောင် များက မြန်မာနိုင်ငံတွင် ဟိုတယ် လုပ်ငန်း၊ ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်း၊ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း၊ ဓာတုဗေဒ ဆိုင်ရာ လုပ်ငန်းနှင့် ဥပဒေရေးရာ ကိစ္စရပ်များ လာရောက် လုပ်ကိုင် ဆောင်ရွက်နိုင်ရေး အတွက် ဆွေးနွေး တင်ပြကြရာ နိုင်ငံတော် သမ္မတက လုပ်ငန်း တစ်ခုချင်း အလိုက် ပံ့ပိုး ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများ၊ ပြည်သူများ၏ လူမှု စီးပွား ဘ၀ ဖွံ့ဖြိုး တိုးတက်ရေး
အတွက် ဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ပြန်လည် ရှင်းလင်း ဆွေးနွေးပြီး အသင်းအနေဖြင့် ယင်း ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်း မှာကြားသည်။


Popular News Journal ။

No comments:

Post a Comment