ဘုန်းကြီးပေါင်းရာချီ၍ ဆန္ဒပြခဲ့ကြသည်။
ယခုအချိန်၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များသည် အစ္စလာမ်
ဘာသာဝင်များအား ကြောက်ရွံ့သောကြောင့် တောတွေထဲတွင် ပုန်းအောင်းနေ
ရကြောင်း၊ ထိုအစ္စလာမ်ဘာသာဝင်များမှ ဘုန်းကြီးကျောင်း ၂၀နဲ့ ဘင်္ဂလား
-မြန်မာ နယ်စပ်က စီးပွားရေးလုပ်ငန်း ၁၀၀ကျော်ကို မီးရှို့ခဲ့ကြောင်း၊
အပြစ်မဲ့သူများလည်း အသတ်ခံခဲ့ ရကြောင်း ကိုလံဘိုမြို့ စုဝေးပွဲတွင်
ဘုန်းတော်ကြီး ဂါနာစာရာက ပြောကြားခဲ့သည်။
သီရိလင်္ကာသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ် အထူးကိုယ်စားလှယ်
ကလည်း ဘင်္ဂလားဒေ့ရှ် သံရုံးရှေ့တွင် လူပေါင်း (၈၀၀)၀န်းကျင် ငြိမ်းချမ်း
စွာ ဆန္ဒပြခဲ့ကြောင်း အတည်ပြု ပြောကြားခဲ့သည်။
သီရိလင်္ကာက အစ္စလာမ် ဘာသာဝင်များအနေဖြင့် ဘင်္ဂလားဒေ့ရှ် မှ
အစ္စလာမ်ဘာသာဝင်များ၏လုပ်ရပ်ကိုကန့်ကွက်ကြောင်းကြေငြာချက်ကို
အေပီသတင်းဌာနမှ ဖော်ပြခဲ့သည်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာမှုအဖွဲ့ကြီးကလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်
များအား နိုင်ငံအတွင်းရှိလူနည်းစုဝင်များအားကာကွယ်မှုပေးရန် ကြေငြာချက်
တစ်စောင်တွင် တောင်းဆိုခဲ့သည်။
လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဘင်္ဂလားဒေ့ရှ်ရှိ အစ္စလာမ်
ဘာသာဝင်ထောင်ပေါင်းများစွာဟာ ကော့ဘဇာမြို့နှင့် အနီးဝန်းကျင်က
ဗုဒ္ဓဘာသာအဆောက်အဦးများအား ဖျက်ဆီးခဲ့သည်။
၎င်းအကြမ်းဖက်မှုများ စတင်ရခြင်းအကြောင်းမှာ အစ္စလာမ် ကျမ်းစာအုပ်
(ကိုရမ်ကျမ်း)အား မီးရှို့ ဖျက်စီးထားသည့် ပုံကို တွေ့ရှိခြင်းကြောင့် ဖြစ်ကြောင်း
ကိုလည်း သိရသည်။ ထိုမီးရှို့မှုအား ဗုဒ္ဓဘာသာဝင်တစ်ဦးမှ ပြုလုပ်သည်ဟု
ယူဆကား အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး အာမတ်ဂါက အဆိုပါ အထိကရုဏ်းများအား
အတိုက်အခံပါတီနှင့် အစွန်းရောက် အစ္စလာမ်မစ်များ၏ လက်ချက်ဖြစ်ကြောင်း၊
ဤလုပ်ရပ်ကို ရှုတ်ချကြောင်း ပြောကြားခဲ့ သည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များမှလည်း အဆိုပါ အဓိကရုဏ်းများတွင်ပါဝင်
သူ (၃၀၀)ခန့်အား ဖမ်းဆီးထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရွှေမြန်မာမီဒီယာ ။
No comments:
Post a Comment