ဆေးရုံလေးရုံတွင် ကောက်ယူမှု စစ်တမ်းအရ မိခင်မှ ကလေးသို့HIV ပိုးကူးစက်မှု ၁၃ ရာခိုင်နှုန်း အထိရှိနေ

ကျင်းပပြုလုပ် လျက်ရှိတဲ့ မိခင်မှ အိပ်ခ်ျအိုင်ဗွီ ကူးစက်ခြင်း ကာကွယ်ရေးနဲ့ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ကလေးများ ဆိုင်ရာ အကြောင်းအရာများကို
ရုပ်သံ မီဒီယာတွေထံ အသိပေး ရှင်းလင်းတဲ့ အလုပ်ရုံ ဆွေးနွေးပွဲမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ရန်ကုန်မြို့ရှိ ဆေးရုံကြီး လေးခုမှာ စစ်တမ်း ကောက်ယူမှု အရ မိခင်မှ ကလေးသို့ HIV ပိုးကူးစက်မှု နှုန်းဟာ အနည်းဆုံး ၁၁ ရာခိုင်နှုန်းမှ အများဆုံး ၁၃ ရာခိုင်နှုန်း အထိ ကူးစက်မှု ရှိနေတယ်လို့ သိရပါတယ်။

ဒီလို စစ်တမ်း ကောက်ယူခဲ့တဲ့ ဆေးရုံ လေးခု ကတော့ ဗဟို အမျိုးသမီးဆေးရုံ၊ တောင်ဥက္ကလာ ဆေးရုံ၊ မြောက်ဥက္ကလာ ဆေးရုံနဲ့ သင်္ကန်းကျွန်း စံပြဆေးရုံတို့ ဖြစ်ပါတယ်။ အဲ့ဒီလို စစ်တမ်း ကောက်ယူပြီး ရရှိလာတဲ့ စစ်တမ်းတွေ အရ မိခင်မှ ကလေးကို အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်မှုတွေ ရှိနေတာကြောင့် ဒီလို ဖြစ်ပွားမှုကို လျော့ကျ လာအောင် ၂၀၀၁ ခုနှစ် ကတည်းက စတင်ပြုလုပ် ခဲ့ပါတယ်။ အခုလို ပြုလုပ်မှု မှာလည်း မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ ဆေးရုံ ၃၈ ခုမှာ မိခင်များ ကိုယ်ဝန် ဆောင်မှု စတင်စဉ် ကတည်းက သွေးစစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ HIV ပိုးရှိတဲ့
ကိုယ်ဝန်ဆောင် များကို ကိုယ်ဝန် ၁၄ ပတ်မှ စတင်ပြီး ARV ဆေးတိုက်ကျွေးခြင်း တို့ကို ပြုလုပ် ဆောင်ရွက် ပေးလျက် ရှိတယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ ပြုလုပ်ပေးရာ မှာတော့ မြို့နယ်ပေါင်း ၂၀၀ ကျော်ရှိ ကိုယ်ဝန်ဆောင် မိခင် ၈၀ ရာခိုင်နှုန်း ကိုသာ စစ်ဆေးမှုတွေ ပြုလုပ်ပေး နိုင်သေးပြီး ရာနှုန်းပြည့် ဆောင်ရွက် ပေးနိုင်မှုတော့ မရှိသေးဘူးလို့ သိရပါတယ်။

MRTV4 ။

No comments:

Post a Comment