မြစ်ဆုံထက်ကြီးသော ရေအားလျှပ်စစ်စီမံကိန်း သံလွင်မြစ်၌ ဆောက်မည်

ရပ်ဆိုင်းထားသည့် မြစ်ဆုံ ရေအား လျှပ်စစ်စီမံကိန်းထက် ကြီးသော ရေအားလျှပ်စစ် စီမံကိန်း
တစ်ခုကို သံလွင်မြစ်ပ်ါတွင် တည်ဆောက်ရန် ပြင်ဆင်နေကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပြောသည်။ အဆိုပါ စီမံကိန်းသည် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် တာဆန်းတွင် တည်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၁ဝဝ ထုတ်ယူနိုင်မည်ဟု သိရသည်။ ''ဒီနေ ရာမှာ ကျောက်တောင် တွေပဲ ရှိတယ်။ ပြောင်းရွှေ့ရမယ့် ဒေသခံ အနေအထား ကလည်း အနည်းဆုံး နေရာဖြစ်နေတယ်'' ဟု အဆိုပါနေရာ ကို ရွေးချယ်ရခြင်း အကြောင်းနှင့် ပတ်သက်၍ ဝန်ကြီး ချုပ်က ပြောသည်။ အဆိုပါစီမံကိန်းကို ယခင်က အီတာလျံ-ထိုင်းကုမ္ပဏီနှင့် ပူးပေါင်း လုပ်ဆောင်ရန် လျာထားခဲ့သော် လည်း ယခုအခါ တရုတ် ကုမ္ပဏီနှင့် မြန်မာလုပ်ငန်းရှင်များ ပူးပေါင်း လုပ်ဆာင်နေသည်ဟု သိရသည်။အဆိုပါ စီမံကိန်းကို သံလွင်မြစ် ပေါ်တွင် တာတမံနှစ်ဆင့် တည် ဆောက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ယခုလက်ရှိ အသုံးပြုနေသော လျှပ်စစ် ပမာဏ၏ နှစ်ဆကျော် ထုတ်ယူနိုင်သည်ဟု ဝန်ကြီးချုပ် ကပြောသည်။ မိုင်းတုံမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဝင်းမြတ်ဦးက
''ဒီစီမံကိန်းက ထွက်ရှိလာတဲ့ လျှပ်စစ် ဓာတ်အားတွေကို ရှမ်းပြည်နယ် အတွက် အသုံးပြုပေးပြီးတော့ ရရှိ လာတဲ့ အကျိုးအမြတ် တချို့ကို ပြည်နယ်ဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် ထည့်ဝင်ပေးမယ်ဆို ရင်တော့ ကန့်ကွက် စရာမရှိပါဘူး''ဟု ပြောသည်။ အဆိုပါ ဆည်တမံ ဆောက်လုပ်မည့် ကိစ္စကို အင်န်ဂျီအို တချို့မှ ယခင်က ကန့်ကွက်မှုများ ပြုလုပ် ထား သော်လည်း ရှမ်းတိုင်း ရင်းသား လက်နက်ကိုင် RCSS နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု များ ပြေလည်ပြီးပါက စီမံကိန်းဖြစ် မြောက်လာနိုင်ကြောင်း ၄င်းက ပြောသည်။ အဆိုပါ စီမံကိန်း ဆောက်လုပ်မည့် နေရာသည် ယခင်က နယ်မြေမတည်ငြိမ် မှုကြောင့် ပြည် သူအများစုမှာ ပြောင်းရွှေ့သွားခဲ့ရ ပြီး တောင်နှစ်လုံးကြားတွင် တည်ရှိ၍ လယ်မြေအနည်းငယ် သာရှိကြောင်း ၄င်းကပြောသည်။ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဆိုပါစီမံကိန်း မှ ထွက်လာမည့် လျှပ်စစ်ဓာတ် အားများကို ရှမ်းပြည်နယ် အနှံ့ သွယ်တန်း၍ မဟာဓာတ်အားလိုင်း သို့လည်း ချိတ်ဆက်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ စီမံကိန်းကို ဖော်ဆောင်နေသော ပြည်တွင်း ပြည်ပကုမ္ပဏီများမှာ CTGC ၊IGOEC နှင့်EGAT တို့ဖြစ်ကြောင်း သိရသည်။


Popular Journal ။

No comments:

Post a Comment