တရုတ်အပေါ် ပြည်သူတွေ ဘာ့ကြောင့် အမြင်မကြည်ရတာလဲ ?

တရုတ်နဲ့ မြန်မာဆက်ဆံရေး သမိုင်းအကျဉ်းကို ပြန်ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံဟာ လူဦးရေ သန်း ၁ ထောင် ကျော် ရှိတဲ့အတွက်ကြောင့် ၁၉၅၀ လောက်မှာ တရုတ်နိုင်ငံမှာ စားစရာမရှိလောက်အောင် အငတ်ဘေးကြီး ၂ ခါကြုံခဲ့ရစဉ်ကာလက တရုတ်ပြည်မက တရုတ်နွယ်ဖွားများ နဲ့ မြန်မာနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ယူနန်တရုတ်တွေဟာ မြန်မာပြည်ထဲကိုအစုလိုက်အပြုံလိုက် ၀င်ရောက် နေထိုင် ခဲ့ကြရာ မှ မြန်မာပြည်တရုတ်နွယ်ဖွားတွေ တိုးပွားလာခဲ့ရပါတယ်။ 

အဲဒီအချိန်အခါက တရုတ်နွယ်ဖွားတွေဟာ မြန်မာပြည်ထဲမှာပေါက်စီရောင်း၊ ခေါက်ဆွဲကြော်ရောင်း ဘ၀နဲ့ ကြုံရာအလုပ် ကျရာအလုပ်များကို လုပ်ကိုင် ရှာဖွေ စားသောက်ခဲ့ကြရ ပါတယ်။ 

အဲဒီခေတ် ကွန်မြူနစ် မော်စီတုန်းတို့ ကြီးစိုးနေတဲ့အချိန်ဖြစ်ပါတယ်။ တရုတ်ပြည် အငတ်ဘေး ဆိုက်နေချိန် မှာ တရုတ်ပြည်ကြီးကို ကယ်တင်မဲ့ ကယ်တင်ရှင် ပေါ်လာပါတယ်။ သူကတော့ တိန့်ရှောင်ဖိန် ပဲဖြစ်ပါ တယ်။ သူဟာ တရုတ်နိုင်ငံကြီးကို ပြုပြင်ပြောင်းလဲရေးတွေ စပြီးလုပ်ခဲ့ရာ ကနေ နိုင်ငံရပ်ခြားရောက်နေကြ တဲ့ တရုတ်နွယ်ဖွား ပညာတတ်တွေ၊ အတွေးအေခ်ါပညာရှင်တွေ၊ အသိပညာရှင်တွေအားလုံးကို ဖိတ်ခေါ်ပြီး တရုတ်ပြည်ကြီးရဲ့ စီးပွားရေးကို စတင်ပြောင်းလဲခဲ့ပါတယ်။ 

တရုတ်ပြည်ကြီးရဲ့ စီးပွားရေးကို စတင်ပြောင်းလဲရာမှာ ကုန်ထုတ်စွမ်းအား နဲ့ လူသားအရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ အိမ်နီးချင်း နိုင်ငံတွေရဲ့ လူမှုလိုအပ်ချက်တွေကို တစ်ဖက်က စစ်တမ်းကောက်ခဲ့ပါတယ်။

အဲဒီလို စစ်တမ်းကောက်တဲ့နေရမှာ မြန်မာပြည်ဟာ တရုတ်စီးပွားရေးကိုချဲ့ထွင်ရမယ့်အဓိကနိုင်ငံတစ်နိုင်ငံ အဖြစ် မြင်လာပါတယ်။ တစ်နည်းအားဖြင့် တရုတ်ပြည်ရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် ဈေး ကွက်ပစ်မှတ်အဖြစ် မြန်မာနိုင်ငံဟာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ 

ဒါကြောင့် တရုတ်ပြုပြင်ပြောင်းလဲရေးသမားကြီး တိန့်ရှောင်ဖိန်ဟာ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို ချက်ချင်းပြောင်းလဲပြီး မြန်မာအစိုးရနဲ့ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် တည်ဆောက်ခဲ့ပါတယ်။ 

အဲဒီကာလက မြန်မာနိုင်ငံမှာ အိမ်စောင့်အစိုးရအဖြစ်ထင်ရှားတဲ့ ဦးနေ၀င်း လက်ထက်မှာဖြစ်ပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံမှာ တက်လာတဲ့ ၁၉၅၈ အိမ်စောင့် အစိုးရနှင့်သော်လည်းကောင်း၊ ၁၉၆၂ တော်လှန်ရေး ကောင်စီအစိုးရနှင့်သော်လည်းကောင်း၊ ၁၉၈၈ နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးနှင့်