ဘိုင့်ဘိုင် ချက်ကြီး

နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများ အားကိုး အားထားပြုခဲ့ ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့ လာခဲ့ကြ ပါပြီ။ အသက်အရွယ် အားဖြင့်လည်း စိန်ရတု တိုင်လာပြီဖြစ် သည့် သူ့မှာ နာမကျန်း သည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါး သွားသည့် ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ် သည်။ သူ့ဘဝရဲ့နေဝင်ချိန်က သိပ်မဝေးတော့။ သူ့ကိုလူတွေက ချက်ကြီးလို့ ခေါ်ကြသည်။ များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ် ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည် ဝမ်းဗိုက်ပူပူကြီး ရှိသော ချက်ပလက် (Chevrolet) ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။
ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ဝင်ရောက် လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီး ပြီးဆုံးသွား၍ ဂျပန်များပြန် ထွက်ခွာသွားသည့်အခါ ချက်ကြီး တို့ ကျန်ရစ်ခဲ့သည်။ နောက်ပိုင်း တက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော ပိုင်းက ရန်ကုန်မြို့ ခရီးသွား လုပ်ငန်း စတင်ရာတွင် ချက်ကြီး တို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက် ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည်ခြင်္သေ့၊ယုန်၊ဆင်၊ ကြံ့၊
ပုစွန်၊ နဂါးစသဖြင့် တိရစ္ဆာန်အရုပ်တံဆိပ်များ တပ်ဆင်ကာ ခရီးသွားပြည်သူများကို ဝန်ဆောင်မှုပေးခဲ့ကြသည်။
ယာဉ်ငါးစီးဖြင့် စတင်ခဲ့သော ရန်ကုန်မြို့တွင်း ဘတ်စ် ကားလုပ်ငန်းကို အိမ်စောင့်အစိုးရက ၁၉၅၉ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်တွင် ပုဂ္ဂလိကအဖြစ်မှ ဖျက်သိမ်း၍ အရုပ်တံဆိပ်များ အစားယာဉ်လိုင်းနံပါတ်များ စတင်သတ်မှတ်ခဲ့သည်။ သို့နှင့် ၁၉၆၂ ခုနှစ်ဩဂုတ်လ ၂၀ ရက်တွင်ရန်ကုန်မော်တော်ယာဉ် လိုင်းပေါင်းစုံကြီးကြပ်အုပ်ချုပ်ရေးကော်မတီပေါ်ပေါက်လာ ခဲ့ပြီး ၁၉၆၅ ခုနှစ်တွင် ယခု မထသအဖြစ် ပြောင်းလဲခဲ့သည်။ မြို့တွင်းခရီးသွား လုပ်ငန်း တွင် သက်တမ်းအရှည်ကြာ ဆုံးဖြစ်သည့် မထသသည်ပင် ရွှေရတုတိုင်တော့မည်ဖြစ် သည်။ ချက်ကြီးတို့ သက်တမ်းကတော့ မထသထက်ပင် ကြာမြင့်ခဲ့သည်။ ယာဉ်ကိုယ်ထည်ပေါ်က အရုပ် များကို နံပါတ်အဖြစ် ပြောင်းလဲ လိုက်သော်လည်း မထသသည် ချက်ကြီးတို့ကိုပင် ဆက်လက် အားကိုးခဲ့ရသည်။ ထိုစဉ်က ယာဉ် မလုံလောက်မှုကြောင့် စက်မပါ သော နောက်တွဲယာဉ်တပ်ဆင် ထားသည့် နှစ်စီးတွဲယာဉ်များပင် ပေါ်ပေါက်ခဲ့ဖူးသည်။
"၈၂ နောက်ပိုင်းမှာ ဒီကားပဲ ရွေးစီးတာ။ အန္တရာယ်ကင်းလို့။ အဲဒီတုန်းက ဗိုက်ပူနဲ့ ဟိုင်းလပ် ပဲရှိတယ်။ ချက်ကြီး သူ့ဖီးလ်နဲ့သူ အေးဆေးမောင်းတယ်" ဟု လှိုင် မြို့နယ်အတွင်းနေထိုင်သူ အ သက်(၅၀)ကျော်အရွယ် အမျိုး သားကြီးတစ်ဦးက ပြောသည်။ ချက်ကြီးတို့ စရောက်လာ စဉ်က သံထည်ဘော်ဒီဖြစ်သော် လည်း ဘတ်စ်ကားနှင့် ကုန်တင် ယာဉ်အဖြစ် ပြေးဆွဲရန် သေးငယ် သောကြောင့် မြန်မာ့တီထွင် ပညာ ရှင်ကြီးများက သစ်သားဘော်ဒီအ ဖြစ် ပြောင်းလဲခဲ့ကြသည်။ "ဗိုက်ပူက အင်ဂျင်ခေါင်း ပါးတယ်။ ကွဲလွယ်တယ်။ ရေမယို၊ ရေမပြတ်ရဘူး။ မောင်းရတာ နည်းနည်းတော့ ခက်တယ်။ တခြားကားတွေက ကလပ်၊ ဘရိတ်၊ လီဗာ၊ အဲဒီလိုအစဉ်လိုက် ရှိတယ်။ ဗိုက်ပူမှာက ကလပ်၊ လီဗာ၊ ဘရိတ် ဖြစ်နေတယ်" ဟု ၁၉၈၆ ခုနှစ်ခန့်ကတည်းက ချက် ကြီးနှင့်ဒေါ့ဂျစ်ကားများကိုစမောင်း လာခဲ့သော ယာဉ်မောင်း ဦးသန်း အောင်က ပြောပြသည်။
ချက်ကြီးကားများသည် အသက်အရွယ်အားဖြင့် ကြီးရင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှု များလည်း ကြီးမားနေပြီဖြစ်သည်။ အများစုသော ချက်ကြီးများတွင် လူစီးသာမက ကုန်ပစ္စည်းပါတင် သောကြောင့် သစ်သားကြမ်းခင်း ပေါ်တွင် အနံ့အသက်ဆိုးများက စွဲကျန်နေလေ့ရှိသည်။ အခြေခံ လူတန်းစားများနှင့် လက်လုပ် လက်စားဈေးသည်များအတွက် အားကိုးအားထားပြုရသော်လည်း အများစုကမူ ကားကောင်းများ ကိုသာ စီးနင်းလိုကြသည်ပဲ ဖြစ် သည်။ ချက်ကြီးကားကို စီးနင်းရာ တွင် မကြိုက်သည့်အချက်များကို လည်း အသက် ၃၅ နှစ်အရွယ် ကိုဇင်မင်းထွန်းက - "အရမ်းနှေးပါတယ်။ စီယာ တိုင်ကတစ်ဖက်စောင်းနေပြီး ကားစီးရင် တစောင်းကြီးမောင်း နေတယ်လို့ ခံစားရတယ်။ ကား ဘော်ဒီတွေကဆွေးနေလို့ တိုက် လိုက်ရင် ခံနိုင်ရည်ရှိမယ် မထင် ဘူး။ ထိုင်စီးတော့လည်း သစ်သား ထိုင်ခုံပေါ်မှာ တဒုန်းဒုန်းနဲ့ နာ တ ယ်။ မ တ်တ တ်ရပ်စီးေ တာ့ လည်း အရပ်ရှည်ရင် ခေါင်းနဲ့အမိုး နဲ့ ခဏခဏမိတ်ဆက်တယ်" ဟု ပြောပြသည်။ တဖြည်းဖြည်းနှင့် ချက်ကြီး တို့တွင်ယှဉ်ပြိုင်ဘက်များပေါ်လာ သည်။ ဘီအမ်၊ ရိန်းဂျား(KM)၊ ဟိုင်းလပ်၊ ဒိုင်နာ၊ ကန်ဒါ၊ မီနီ ဘတ်စ်စသဖြင့် ပြောင်းလဲလာ သည့် ခေတ်နှင့်အညီ ယာဉ်အမျိုး အစားအသစ်အသစ်များက လမ်း ပန်းဆက်သွယ်ရေး လုပ်ငန်းများ သို့ ဝင်ရောက်လာခဲ့သည်။
၁၉၉၁ ခုနှစ်တွင် စီးတီးဘတ်စ်များ ထပ် မံဝင်ရောက်လာပြီး ချက်ကြီးတို့ နေရာစပျောက်ခဲ့တာ ဖြစ်သည်။ သို့သော်လည်း ဆယ်စုနှစ်တစ် ခုကြာအောင်တော့ ချက်ကြီးတို့ တောင့်ခံနိုင်ခဲ့ကြပါသည်။ ၂၀၁၀ ခုနှစ် နောက်ပိုင်း တွင် ချက်ကြီးတို့အပါအဝင် ဟိုင်း လပ်နှင့် ဒိုင်နာများကို မြို့တွင်း ပြေးဆွဲခွင့် မပြုတော့ဘဲ ဆင်ခြေ ဖုံးမြို့နယ်များနှင့် မြို့တွင်းခြောက် မြို့နယ်ပြင်ပတွင်သာ ပြေးဆွဲစေ ခဲ့သည်။ ရန်ကုန်မြို့တွင် နေ့စဉ် လူ ပေါင်းလေးသန်းကျော်က ဝမ်းရေး အတွက် ဆင်ခြေဖုံးနှင့် မြို့တွင်းသို့ ယာဉ်များဖြင့် သွားလာလှုပ်ရှား နေကြပြီး မထသမှ ယာဉ်အစီး ၂၂၀ဝ ကျော်၊ သန်မြန်သူ၊ ငြိမ်း ချမ်းရေး၊ ရွှေဧည့်သည်၊ ကန္တာ ရဝတီ၊ ပါရမီ၊ ပြည်ခိုင်ဖြိုးစသော တခြားပုဂ္ဂလိက ယာဉ်လိုင်းများ နှင့် ပေါင်းလျှင် ခရီးသည်တင် ယာဉ်ပေါင်း လေးထောင်ကျော်က နေ့စဉ်ပြေးဆွဲနေရသည်ဟု သိရ သည်။
၂၀၁၁ ခုနှစ်တွင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံရေး၊ ဖျက် သိမ်းရေးအစီအစဉ်အရ ချက်ကြီး တို့၏ နေဝင်ချိန်ကို ရောက်လာ ခဲ့သည်။ ကားတင်သွင်းခြင်း လုပ် ငန်းများ ခေတ်စားလာသည်နှင့် ကျပ်သိန်း ၂၀၊ ၃၀ သာရှိသည့် ချက်ကြီးတို့ တန်ဖိုးမှာ ကျပ်သိန်း ၁၀ဝ အထိမြင့်တက်လာခဲ့သည်။ ချက်ကြီးတို့၏ ပိုင်ရှင်များသည် သူတို့ကို သံယောဇဉ်ဖြတ်ခဲ့ကြ သည်။ ဈေးကောင်းရသည်နှင့် စွန့် လွှတ်ပစ်ခဲ့ကြသည်။ ချက်ကြီးတို့ နှင့်အတူ ဒုက္ခရောက်ကြရသူများ မှာ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်များ၊ ၄င်းတို့၏ မိသားစုများ ပင်ဖြစ်သည်။ "နှမြောတယ်။စိတ်မကောင်း ဘူး။ ပြီးတော့ အလုပ်တစ်ခုက နေ နောက်တစ်ခုပြောင်းတာ လွယ် တာမှမဟုတ်တာ" ဟု ယခင်က ချက်ကြီးယာဉ်မောင်းနှင်ဖူးသူ တစ်ဦးက ဆိုသည်။ မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်တွင် နှစ်ပတ်အတွင်း ချက် ကြီးအစီး ၉၀ ခန့်ရောင်းထွက်သွား သည်အထိ ချက်ကြီးတို့ရေပန်း စားခဲ့သည်။ သို့သော် အသစ်ဝင် ရောက်လာမည့် ကားသစ်ကား ကောင်းများအတွက် ချက်ကြီးတို့ ပေးဆပ်လိုက်ရခြင်းဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီး မော် တော်ယာဉ်လိုင်းပေါင်းစုံ ထိန်း သိမ်းရေးကော်မတီ လက်အောက် တွင် နှစ်လေးဆယ် ကျော်သက် တမ်းရှိသည့် ချက်ကြီးတို့ စစ် ကျန်ဘတ်စ်ကား ၃၀ဝ ကျော်ရှိ ခဲ့ပြီး အမှတ်(၄၀)နှင့် အမှတ် (၃၆) ယာဉ်လိုင်းများက ယခု လက်ရှိတွင်လည်း ပြေးဆွဲလျက် ရှိသေးကြောင်း သိရသည်။ တခြား စစ်ကျန်ဘတ်စ်အများစုကတော့ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရေး အစီအစဉ်နှင့်အတူ ပါသွားခဲ့ပြီ ဖြစ်သည်။ "ကညနက သက်တမ်းကုန် ပြီလို့ ပြောထားတဲ့ယာဉ်တွေ ပြေး ဆွဲခွင့်မရှိတော့ပါဘူး။ ပြေးဆွဲရင် လည်း အဲဒါက ကြားကားဖြစ်နေ ပြီ။ ယာဉ်ထိန်းဥပဒေအရ အရေး ယူခံရနိုင်ပါတယ" ဟု မော်တော် ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မြို့တွင်း) ဥက္ကဠ ဦးလှအောင်က ရှင်းပြ သည်။
ယခုနှစ် စက်တင်ဘာလ ထိ အပ်နှံရမည့် စစ်ကျန်ယာဉ် ၂၂ စီးခန့်ရှိနေသေးပြီး တချို့မှာ သံရည်ကျိုစက်သို့ ပို့ဆောင်လိမ့် မည်ဖြစ်ကြောင်း ဦးလှအောင်က ဆိုသည်။ ချက်ကြီးတို့ကတော့ ဖျက် သိမ်းရေးဌာနသို့ ရောက်ရှိပြီး အရိုးတခြား အသားတခြားဖြစ် သွားမှာတော့ သေချာပါသည်။ ချက်ကြီးတို့အပေါ် သမိုင်းဝင်စစ် ကျန်ယာဉ်အိုကြီးများဟူ၍ တန် ဖိုးထားညှာတာ မည့်သူက ရှား ပါးပါလိမ့်မည်။ လူအများက တစ်ချိန်တစ်ခါက ကျေးဇူးရှင်ကို မျက်ကွယ်ပြုရက်ကြသော်လည်း အမြတ်တနိုးတန်ဖိုးထား စိတ် ဝင်စားသူများလည်း ရှိနေပါ သည်။ သူတို့ကတော့ ကမ္ဘာလှည့် ခရီးသည် နိုင်ငံခြားသားများပဲ ဖြစ် ပါသည်။ ကမ္ဘာ့နိုင်ငံများတွင် အမှတ် တရ ထိန်းသိမ်းထားသော ယာဉ် တစ်မျိုးမျိုးကတော့ ရှိတတ်ကြပါ သည်။ လန်ဒန်မြို့တွင် အများ စိတ်ဝင်စားသည့် ယာဉ်မှာ လန်ဒန် ဘတ်စ်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် တုတ်တုတ်ယာဉ် ဖြစ်ပါသည်။ ထိုသို့ပင် မြန်မာနိုင်ငံသို့ လာ ရောက်လည်ပတ်ကြသည့် ကမ္ဘာ လှည့်ခရီးသွားများမှာ ဒုတိယ ကမ္ဘာစစ်ကျန် နိုင်ငံခြားအင်ဂျင်၊ မြန်မာ့လက်ရာ ချက်ပလက်ဗိုက် ပူတို့ကို အထူးတလည်စိတ်ဝင်စား ကြသည့်အတွက် ခရီးသွားလုပ် ငန်းများ၊ ဟိုတယ်များမှာ ချက် ကြီးယာဉ် တချို့ကို ဝယ်ယူ၍ မွမ်း မံပြင်ဆင်အသုံးပြုခြင်းများ ရှိနေ သည်။
"ဗိုက်ပူကားတွေရဲ့ အစိမ်း၊ အနီ၊ အဖြူပတ်ဒီဇိုင်းကို Tour တွေက အရမ်း Crazy ဖြစ်တယ်။ တချို့လည်း လေဆိပ်အကြိုအပို့ ကို အဲဒီကားနဲ့သုံးတယ်။ တစ် ယောက်ကို ၁၀ ဒေါ်လာလောက် နဲ့ ဝန်ဆောင်မှုအပေါ်မှာ ဧည့် သည်တွေကကျေနပ်အားရတယ်။ ဒါတွေကို ထိန်းသိမ်းသင့်ပါတယ်။ ရန်ကုန်က လေးဘီးကားနဲ့ ဗိုက်ပူ ကားတွေကို ကမ္ဘာကသိတယ်" ဟု Myanmar Voyage ခရီး သွားလုပ်ငန်းအကြီးအကဲဖြစ်သူမှ ဦးသက်လွင်တိုးကပြောသည်။ ချက်ကြီးကားများနှင့် အကြို အပို့လုပ်ခြင်းကို ကမ္ဘာလှည့်ခရီး သည်များက နှစ်သက်ကြသည့်အ တွက်ွှသကမ ကုမ္ပ ဏီများအနေနှင့် လည်း ချက်ကြီးကားဟောင်းများ ကို ဝယ်ယူကာ စက်ပိုင်းဆိုင်ရာပြု ပြင် ပြောင်းလဲမှုများနှင့် လိုင်စင် ယူလုပ်ဆောင်သင့်ကြောင်း ဦး သက်လွင်တိုးက အကြံပြုသည်။
"အန်းတစ်အနေနဲ့ အထင် ကရနေရာမျိုးတွေမှာ ဟိုနားဒီနား သုံးဖို့အတွက် အသင့်တော်ဆုံး ပဲလို့ ထင်တယ်" ဟု ချက်ကြီးကား ကို စီးနင်းဖူးသော အသက် ၃၀ ကျော်အရွယ် ကိုတင်ထွဋ်လှိုင်က ပြောသည်။ ရန်ကုန်မြို့တွင် အမှတ်(၄၀) နှင့် (၃၆) ယာဉ်လိုင်းများ ဆက် လက်ပြေးဆွဲနေသကဲ့သို့ မော်လ မြိုင်မြို့တွင်လည်း အမှတ်(၇) ယာဉ်လိုင်းမှ လက်ရှိပြေးဆွဲလျက် ရှိနေသေးသည်။ ထိုသို့ပင် တခြား မြို့များတွင်လည်း စစ်ကျန်ချက် ပလက် ဗိုက်ပူကြီးများကို သုံးစွဲနေ ကြဆဲ ဖြစ်သည်။ "ချက်ပလက်တွေက အနှစ် ၇၀ ကျော်ရှိနေကြပြီ။ သုံးဖို့မသင့် တော့တဲ့ အခြေအနေထိ ရောက် နေပြီ။ အနားပေးသင့်ပါပြီ။ တချို့ ကို ပြတိုက်မှာ ထားသင့်တယ်။ မထသက ရွှေရတုတိုင်နေသလို ဒီကားတွေကလည်း စိန်ရတုတိုင် နေပြီ" ဟု မြို့တွင်းစီးယာဉ်လိုင်းပိုင် ရှင်တစ်ဦး ဖြစ်သည့် ဦးမျိုးနိုင်က ပြောသည်။ ရှေးဟောင်းသုတေသန ဦး စီးဌာနအနေဖြင့် ရှေးယခင်မြန်မာ မင်းများလက်ထက်မှ အသုံးပြုခဲ့ သော ပစ္စည်းများကို သာ ရှေး ဟောင်းအမွေအနှစ်အဖြစ် ပြ တိုက်များတွင် ထိန်းသိမ်းထားခဲ့ပြီး ဒုတိယကမ္ဘာစစ်လက်ကျန် ယာဉ် ဟောင်းတချို့ကိုတော့ ထိန်းသိမ်း ရန် အစီအစဉ်မရှိကြောင်း သိရ သည်။ ချက်ကြီးပိုင်ဆိုင်သူ တချို့ အတွက်တော့ ပြင်ဆင်ရန် မတတ် နိုင်သည်က တစ်ကြောင်း၊ ယာဉ် သစ်တင်သွင်းရန် ငွေမလိုက်နိုင် သည်ကတစ်ကြောင်း စသဖြင့်အ ကြောင်းအမျိုးမျိုးဖြင့် နှစ်ပေါင်း များစွာ လက်တွဲလာခဲ့ရသူကို လက်တွဲဖြုတ်ခဲ့ကြရတော့သည်။
"နောက်ဆို ချက်ပလက် ဗိုက်ပူကားတွေကို မြင်ရတော့မှာ မဟုတ်ဘူး။ ဓာတ်ပုံတွေထဲမှာ ပြန် ကြည့်မှ နောက်လူတွေ မြင်ဖူး တော့မ ယ်။ အခုတောင် သိပ် မကျန်တော့ဘူး။ နောက်နှစ်တွေ ဆို ရှိတော့မှာ မဟုတ်ဘူး။ ဟို တယ်တွေက ချက်ပလက်တွေကို တော်တော်ကောင်းအောင် ပြင် ထားတာတွေ့ဖူးတယ်။ ငပလီမှာ လည်း ရှိတယ်။ ပါရမီစိန်ဂေဟာ ရှေ့မှာလည်း ချက်ပလက်ကားကို သေချာလှလှပပ ပြင်ဆင်ပြီး ကော်ဖီဆိုင်လို လုပ်ထားတာ ရှိ တယ်။ အခု ကျန်နေသေးတဲ့အ ထဲက တချို့ကို မဖျက်ဆီးပစ်ဘဲ ပြန်ပြင်ပြီး အသုံးဝင်တဲ့ တစ်နေ ရာမှာ သုံးသင့်တယ်။ ဗိုက်ပူကား တွေ မျိုးတုံးနေပြ" ဟု ရန်ကုန်မြို့ ခံတစ်ဦးက ဆိုသည်။ သံရည်ကျိုစက်သို့ ရောက်ရှိ သွားသည့် ယာဉ်များ မနည်းတော့ သည့်အတွက် တဖြည်းဖြည်းနှင့် ချက်ကြီးကိုမြင်တွေ့ရမှုလည်း လျော့ပါးလာခဲ့ပြီ ဖြစ်သည်။ ချက် ကြီးတို့ နေရာတွင် စီးတီးဘတ်စ် အကောင်းစားကြီးများက နေရာ ဝင်ယူသွားခဲ့ပြီ ဖြစ်သည်။
"အခုလက်လွန်သွားပြီ" ဟု ယခင်က ချက်ကြီးမောင်း နှင်ဖူးပြီး လက်ရှိစစ်ကျန် ဒေါ့ ဂျစ်ယာဉ်အိုတစ်စီးကို ပိုင်ဆိုင် ထားဆဲဖြစ်သော ဦးသန်းအောင် က သက်ပြင်းချရင်း ပြောပါသည်။ ချက်ကြီး၏ နေဝင်ချိန်မှာ မဝေးတော့ပါ။ သူက အိုမင်းလွန်း နေပြီ ဖြစ်သည့်အတွက် လုပ်ငန်း ခွင်ဝင်ရန်လည်း မစွမ်းနိုင်တော့ ပါ။ ပိုင်ရှင်ဖြစ်သူရဲ့စိတ်ထဲမှာ ဘာ တွေတွေးနေသည်ဆိုတာ ချက် ကြီး မသိနိုင်ပါ။ သူ့ဘဝရဲ့ နောက် ဆုံးအချိန်မှာ ဘာတွေဖြစ်လာဦး မည် ဆိုတာလည်း ချက်ကြီး မသိ နိုင်ပါ။ တစ်ချိန်က သူ့ကိုအားကိုး အားထားပြုခဲ့ကြသူတို့သည်ပြောင်း လဲလာသည့် ခေတ်နှင့်အညီ သူ့ကို စိမ်းစိမ်းကားကားပင် နှုတ်ဆက် လိုက်ကြပါပြီ။ ။

YOYAR LAY ။

No comments:

Post a Comment