ကျိုက်ထီးရိုးဘုရား အမှီပြု၍ အဂတိလိုက်စားမှု အရေးမယူလျှင် ဆန္ဒပြမည်ဟု MDCFကပြော

ကျိုက်ထီးရိုးဘုရား အမှီပြု၍ အဂတိ လိုက်စားနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိ သူများမှ အရေးယူဆောင်ရွက်မှု မရှိပါက ဆန္ဒပြတောင်းဆိုသွားရန် ရှိကြောင်း ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) မှခေါင်းဆောင် ကိုထင်ကျော်ကပြောသည်။ "သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒီလိုမှ မဆောင်ရွက်ပေးရင် ကျွန်တော်တို့ နည်းဗျူးဟာအတိုင်း လုပ်မယ့်နေ့ကို သတ်မှတ်မယ်။ မလုပ်ခင် တစ်ပတ်သုံးရက်ကြိုပြီး အားလုံးကို အကြောင်းကြားသွားမယ်။ နိုင်ငံရေးအရ ဆောင်ရွက်သွားမယ်" ဟု ၎င်းကပြောသည်။

လေလံစနစ်ကြောင့် အဓမ္မအလှူခံခြင်း၊ ဘုရားဖူးရာသီတွင် တည်းခိုခန်းခတစ်ည လျှင် ကျပ်သုံးသောင်းမှ လေးသောင်းထိယူနေခြင်း၊ အိပ်ခန်းတစ်ခန်း လျှင် တစ်ညတည်းခိုခ ကျပ်တစ်သိန်းအထိ ယူနေခြင်းများကို တားမြစ်ပေးရန် နိုင်ငံတော်သမ္မတရုံးသို့ ယခုလ ၁ ရက်တွင် တိုင်ကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ MDCF သည် ယနေ့ နေလည် ၁
နာရီတွင် မြောက်ဥက္ကလာပ မြို့နယ်ရှိ ဥတ္တရခန်းမတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ် ခဲ့သည်။

TEASHOP TALK ။

No comments:

Post a Comment