စစ်အင်အားကြီး အမေရိကန် အပါအ၀င် အာရှနိုင်ငံ အချို့ပါဝင်သော ကမ္ဘာ့အကြီးဆုံး
‘ကော်ဘရာဂိုး’ စစ်ရေးလေ့ကျင့်မှု ကို လေ့လာရန် မြန်မာနိုင်ငံ အမေရိကန်
ပြည်ထောင်စုက ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
ကော်ဘရာဂိုးလ်
စစ်ရေးလေ့ကျင့်မှုကို အမေရိကန် စစ်သားတစ်သောင်းကျော် အပါအ၀င် ထိုင်းနှင့်
အခြားအာရှနိုင်ငံများမှ နှစ်စဉ်ပူးတွဲ ပြုလုပ်လေ့ရှိသည်။
ယင်းသည်
၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်ရေးအရ ဆက်ဆံမှုဖြတ်တောက်ပြီးနောက်ပိုင်း
အမေရိကန်နှင့် မြန်မာ စစ်ရေးပူးတွဲ ဆောင်ရွက်ရန် ပထမဆုံးအဆင့်
ခြေလှမ်းဖြစ်ကြောင်း Reuters
ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်သူ မြန်မာနိုင်ငံသား ၄၂ ဦး ဖမ်းဆီးခံရ
ထိုင်း-မြန်မာနယ်စပ် မြ၀တီခရိုင် ကနေ တဆင့် ထိုင်းနိုင်ငံထဲ တရားမ၀င်
ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၄၂ ဦးကို ဒေသခံ အာဏာပိုင်တွေက ဒီနေ့
ဖမ်းဆီးရမိ ခဲ့တယ်လို့ မန်နေဂျာ အွန်လိုင်း ထိုင်းသတင်းက ဖော်ပြသွားပါတယ်။
ထိုင်းနိုင်ငံ မြောက်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပရပ်ကွက် အနောက်က ကြံတောထဲမှာ နိုင်ငံထဲ ခိုးဝင်သူလို့ ယူဆရတဲ့ လူတစု ဖြတ်ဝင်လာကြောင်း ကျေးရွာလုံခြုံရေးတပ်ဖွဲ့ကနေ မဲဆောက်မြို့နယ်မှူးဆီကို အကြောင်းကြားခဲ့တဲ့အတွက် နယ်မြေလုံခြုံရေးရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့အတူ သွားရောက် စစ်ဆေးခဲ့ရာမှ မြန်မာနိုင်ငံသား ၄၂ ဦးကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ခိုးဝင်လာသူတွေဟာ တာ့ခရိုင် တဘက်ကမ်း မြ၀တီကနေ တောတောင်တွေထဲ ခြေလျင်ဝင်လာပြီး

နန်းခင်ဇေယျာ ဘာ ဆုရမှာလဲ
ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ အလှမယ်ပြိုင်ပွဲမှာ မြန်မာ
နိုင်ငံက မနန်းခင်ဇေယျာဟာ အွန်လိုင်း ကနေ မဲပေးတဲ့ ပရိသတ်
အကြိုက်ဆုံးမဲ(People Choice Award) ရဲ့ ထိပ်ဆုံးမှာရှိတယ်လို့
နိုင်ငံတကာအလှမယ် (Miss International) ပြိုင်ပွဲဝင်သူတွေအကြောင်း သတင်း ဖော်ပြတဲ့ မစ်ဆိုဆိုလိုဂျီ (Missosology) ၀က်ဘ်ဆိုက်က ပြောဆိုထားပါတယ်။
မြန်မာနိုင်ငံက အလှမယ် တဦးအနေနဲ့ နှစ်ပေါင်း ၅၀ အတွင်း နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို ပထမဆုံး ပြန်လည် ယှဉ်ပြိုင်ခြင်း လည်း ဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ အပြီးသတ်ယှဉ်ပြိုင်ရမယ့် ပအို့ဝ် တိုင်းရင်းသူ နန်းခင်ဇေယျာ အပါအ၀င် ပြိုင်ပွဲဝင် ၆၉ ဦးစလုံးဟာ ဂျပန် နိုင်ငံ အိုကီနာဝါ ကျွန်းမြို့ကလေးမှာ လေ့လာစရာတွေ မပြတ်လေ့လာ နေရပါတယ်။
အလှမယ်တွေဟာ စင်ပေါ်မှာ ဘယ်လောက်ပြောဆိုနိုင်သလဲဆိုတာရယ်၊ ရေကူးဝတ်စုံဝတ် အလှပြပြိုင်တာရယ် နဲ့ ပွဲတက်ဝတ်စုံ ၀တ်ပြိုင်ပွဲတွေပေါ် မူတည်ပြီး အမှတ်ရရှိမှာဖြစ်ပါတယ်။ စင်ပေါ်မှာ ကောင်းကောင်းပြောဆိုနိုင်ရင် မေးခွန်းတွေ ဖြေနိုင်ရင်တော့ ၁၀ ရာခိုင်နှုန်း ရမှာဖြစ်ပြီး ကျန်တဲ့ပြိုင်ပွဲနှစ်ခုအတွက် ၄၅ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။
အမျိုးသမီး တဦးရဲ့ ခန္ဓာကိုယ် ကျစ်လျစ်လှပမှုသာမက အတွေးအခေါ်၊ ဗဟုသုတ ပြောဆိုနိုင်စွမ်းတွေကိုပါ

အိန္ဒိယမှ မြန်မာသို့ ငြိမ်းချမ်းရေး ဗုဒ္ဓလက်ဆောင် လှူဒါန်းမည်
ရွှေတိဂုံဘုရားတွင် တည်ထားပူဇော်နိုင် ရန်အတွက်
ဉာဏ်တော် ၁၆ ပေရှိ ဗုဒ္ဓရုပ်ပွားတော် တဆူကို အိန္ဒိယနိုင်ငံမှ
‘ငြိမ်းချမ်းရေး လက်ဆောင်’ အဖြစ် ပေးပို့ လှူဒါန်းမည်ဟု သိရှိရသည်။
အေဒီ ၅ ရာစု၊ ဂုပတ္တမင်းဆက်ခေတ် အနုပညာလက်ရာ ပုံစံအတိုင်း ထုံးကျောက်ဖြင့် ပြန်လည်ထုဆစ်ထားသည့် ထိုင်တော်မူ ရုပ်ပွားတော်ကို လာမည့် သီတင်းပါတ်အတွင်း ရေကြောင်းလမ်းဖြင့် ပင့်ကာ ရန်ကုန်မြို့တွင် တည်ထား ကိုးကွယ်နိုင်မည် ဖြစ်သည်။
ဒီဇင်ဘာလအတွင်း ကျင်းပရန်ရှိသည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ကွန်ဖရင့်တွင်လည်း ဖူးမြော်ကြည်ညိုနိုင်ရန်
ပြသထားမည်ဟု Times of India တွင် ရေးသားထားသည်။
မည်သည့်ကိုယ်တော်ပုံတူ ဖြစ်နိုင်မည်ကို အသေအချာ မသိရှိရသေးသော်လည်း UP ပြည်နယ်၊

မြန်မာကို အမေရိကန် အခိုင်အမာ ထောက်ခံမည်

ဒီလိုပြောလိုက်တာဟာ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်နဲ့ နိုင်ငံတကာ
ငွေကြေးရံပုံငွေအဖွဲ့ (IMF) တို့လိုမျိုး အဖွဲ့ အစည်းတွေထံက
ဘဏ္ဍာရေးအထောက်အပံ့တွေ ပေးနိုင်ဖို့ လမ်းခင်းပေးလိုက်တာပဲ ဖြစ်ပါတယ်။
“နိုင်ငံတကာ ဘဏ္ဍာရေး အင်စတီကျူးရှင်းတွေက မြန်မာနိုင်ငံကို ကူညီတဲ့အပေါ်
ထောက်ခံတာဟာ အမေရိကန်ပြည် ထောင်စုရဲ့ အကျိုးစီးပွားနဲ့ကိုက်ညီတယ်လို့
နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာလ ၁၂ ရက်နေ့မှာ အခိုင်အမာ
ပြောကြားလိုက်တာပါ” လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဆိုပါတယ်။
“နိုင်ငံခြားရေးဝန်ကြီးက အဲ့ဒီလို ပြောလိုက်တာဟာ
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီအင်စတီကျူးရှင်းတွေကနေ တဆင့် မြန်မာနိုင်ငံကို
ကူညီထောက်ပံ့ဖို့နဲ့ မြန်မာပြည်ရဲ့
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း လုံးဝရပ်တန့်ဖို့ ပြည်သူ့ညီလာခံက တောင်းဆို
မုံရွာခရိုင် ဆားလင်းကြီး မြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း
လုပ်ခွင့်ရ ကုမ္ပဏီနဲ့ ဒေသခံတွေကြား စီမံကိန်း ရပ်တန့်ဖို့ ကိစ္စ အငြင်းပွား
နေချိန်မှာ ဒေသခံတွေ ဘက်က လက်ပံတောင်း ပြည်သူ့ ညီလာခံ ဆိုပြီး လက်ပံတောင်း
ဒေသခံတွေ ဦးဆောင်တဲ့ တွေ့ဆုံပွဲ တခုကို ကြာသပတေး နေ့က စပြီး မနက်ဖြန်
အောက်တိုဘာ ၁၉ ရက်နေ့ထိ လက်ပံတောင်း တောင်ခြေက ဆည်းတည်း ရွာမှာ
ကျင်းပနေပါတယ်။
ဒီပြည်သူ့ ညီလာခံမှာ ယူအန်အေ တိုင်းရင်းသား လူမျိုးများ မဟာမိတ်
အဖွဲ့ဝင် ကချင်၊ ရခိုင် ကယား၊ ဇိုမီး၊ ရှမ်း၊ ကိုးကန့် စတဲ့ တိုင်းရင်းသား
အဖွဲ့တွေ ကျောင်းသား အရေးနဲ့ အလုပ် သမား လယ်သမား အရေး လုပ်ဆောင်တဲ့ အဖွဲ့
၃၈ ဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ဒေသခံ အင်အား စုစုပေါင်း ၁ သောင်းကျော်
တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့ ညီလာခံမှာ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့ ၊ ရခိုင်ပြည်နယ်မှာ ၁၈၂၄ ခုနှစ် မတိုင်ခင် ရောက်ရှိခဲ့တဲ့ ဘင်္ဂ္လီ လူမျိုးများကို နိုင်ငံသား အဖြစ် သတ်မှတ် အခွင့်အရေး ပေးဖို့၊
ဒီကနေ့ ညီလာခံမှာ လက်ပံတောင်း တောင် ကြေးနီ စီမံကိန်းကို လုံးဝ ဖျက်သိမ်းဖို့ ၊ ရခိုင်ပြည်နယ်မှာ ၁၈၂၄ ခုနှစ် မတိုင်ခင် ရောက်ရှိခဲ့တဲ့ ဘင်္ဂ္လီ လူမျိုးများကို နိုင်ငံသား အဖြစ် သတ်မှတ် အခွင့်အရေး ပေးဖို့၊
ရုပ်ရှင် သူရဲကောင်းဆုတွေနဲ့ မြန်မာ့ရုပ်ရှင်နေ့ ( ရုပ်/သံ)

နေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရုပ်ရှင် သူရဲကောင်းဆုတွေ ချီးမြှင့်ခဲ့ကြောင်း ဧရာဝတီက ရုပ်သံနဲ့ ရိုက်ကူး တင်ဆက် ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယကို လာမည့်လ သွားမယ်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ အိမ်နီးချင်း အိန္ဒိယ
နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။
ဒါဟာ နှစ်ပေါင်း ၄၀ လောက် ကင်းကွာခဲ့တဲ့ အိန္ဒိယ နိုင်ငံကို ပြန်လည် ရောက်ရှိ မှာလည်းဖြစ်တယ်လို့ ဟိန္ဒူ စီးပွားရေး သတင်းနဲ့ The Telegraph သတင်းစာတွေက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အိန္ဒိယနိုင်ငံမှာ ရက်သတ္တ တပတ်ကြာနေထိုင်မှာဖြစ်ပြီး ဂျာဝါဟာလာ နေရူး အမှတ်တရ အနေနဲ့လည်း နိုဝင်ဘာလ ၁၄ ရက်နေ့မှာ မိန့်ခွန်းတခု ပြောမှာဖြစ်တယ်လို့ ဆိုပါတယ်။
အိန္ဒိယအရာရှိတွေအဆိုအရ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒေလီမြို့ပြင်ကိုလည်း သွားရောက်နိုင်တယ်လို့ ဆိုပေမယ့် ခရီးစဉ် အတိအကျကိုတော့ မသိရသေးပါဘူး။
အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းမ်ကလည်း ဒီနှစ် အစောပိုင်း ရန်ကုန်ကို သွားတုန်း က ဒေါ်အောင်ဆန်း စုကြည် ကို အိန္ဒိယ နိုင်ငံကို လာဖို့ ဖိတ်ခေါ်ခဲ့ပြီး ပုဂ္ဂိုလ်ရေးအရလည်း မိန့်ခွန်း ပြောပေးဖို့ ဖိတ်ကြားခဲ့ပါ

ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ပေါ်မူတည်၍ မြန်မာ-၀မ်ပေါင်က ဥပဒေအရ ဆောင်ရွက်မည်ဟုဆို
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍
သုံးသပ်ပြီး ဥပဒေကြောင်းအရ အရေးယူ
ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မြန်မာ-၀မ်ပေါင်
ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မြန်မာ-၀မ်ပေါင်
ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
အောက်တိုဘာ လ ၁၅ ရက်တွင် ပြုလုပ်သောရှင်းလင်းပွဲ၌ ပြောသည်။
အောက်တိုဘာ လ ၁၅ ရက်တွင် ပြုလုပ်သောရှင်းလင်းပွဲ၌ ပြောသည်။
အဆိုပါကုမ္ပဏီ၏ အထွေထွေမန်နေ ဂျာ မစ္စတာဂန်းရီက “ကျွန်တော်တို့ ထပ် ဖြစ်လာမည့်
နောက်ဆက်တွဲဖြစ်ရပ်တွေ ကိုကြည့်ပြီး ဆုံးဖြတ်ပါမယ်။ ဆုံးဖြတ်ပြီး ရင် ကုမ္ပဏီနာမည်ကို ထိခိုက်
လာတာမျိုး များလာပြီဆိုရင်တော့ ဥပဒေကြောင်း အရ ဆောင်ရွက်တော့မှာပါ။ ကျွန်တော် တို့မှာ
ဒီလိုလုပ်ပိုင်ခွင့်ရှိပါတယ်” ဟု သတင်းဌာနတစ်ခုက ဘာသာရေးဆိုင် ရာ ဘုရား၊ ပုထိုး ဖျက်ဆီးခံရ
သည်ဟု သတင်းလွှင့်မှုအပေါ်တွင် ကုမ္ပဏီက ပြန်လည်ဖြေရှင်းမှုပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
၌ ပြောကြားသည်။

မြန်မာ-၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ-ယန်စီ ကုမ္ပဏီသည် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများ
ဖြစ်ပြီး ရေရှည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေရန် ရည်ရွယ်
ထားကြောင်း၊ အစောပိုင်းကတည်းက မြန်မာနိုင်ငံ၏ ဘာသာ၊ သာသနာ လုပ်ထုံးလုပ်နည်းများကို
လေးစားမှုရှိရန် ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ၀က်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ရုပ်သံသတင်းမီဒီယာ
တစ်ခု၏ မေး မြန်းချက်တွင် “လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးသွားခဲ့တဲ့ ဘုရား စေတီနဲ့
တစ်ခု၏ မေး မြန်းချက်တွင် “လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးသွားခဲ့တဲ့ ဘုရား စေတီနဲ့
ကန်ဒေါ်လာ အဟောင်းအနွမ်း များလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်
ကန်ဒေါ်လာ အဟောင်း အနွမ်း၊ အစုတ် အပြဲများကို အစိုးရပိုင် ဘဏ်များနှင့်
ပုဂ္ဂလိက ဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေး တော့မည်ဟု
ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောသည်။ တင်းကျပ်သော
စနစ်တို့ဖြင့် ကန်ဒေါ်လာ လက်ခံမှုကို ဆောင်ရွက်နေသော ဘဏ်တို့အပေါ် လက်ရှိတွင်
ဝေဖန်မှု ပြစ်တင်မှုများ ရှိနေသည်။ နိုင်ငံ၏ ငွေကြေး ဈေးကွက်အမြင့်ဆုံး
အာဏာပိုင် အဖွဲ့အစည်းဖြစ် သည့် ဗဟိုဘဏ်က ထိုသို့ လက်ခံ ဖြေရှင်းပေးခြင်း
ကို မည်သည့် အချိန်တွင် စတင် ဆောင်ရွက်ပေးမည်ဟု အတိအကျ ပြောကြားခြင်း
မရှိပေ။
ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ''အချိန် အတိအကျ ပြောဖို့ထက်
ကျွန်တော်တို့ လုပ်ထုံး လုပ်နည်းတွေအရ ပုဂ္ဂလိကဘဏ်တွေကို အစည်းအဝေး
အရင်ခေါ်ရပါဦးမယ်။ ဆွေးနွေးသဘောတူ ညီချက်နဲ့ ငွေကြေးဌာနကနေ တရား ဝင်
ကြေညာချက်ထုတ်ပြီး တော့မှ လဲလှယ်ပေးသွားဖို့ ရှိပါတယ်'' ဟု
အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ် လှည့်လည်ပူဇော်ပွဲ စတင်
ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးဖောင်တော်ဦးဘုရား
ရုပ်ပွားတော်မြတ်များကို အင်းလေးကန်ပတ်လည်ရှိ ကျေးရွာများနှင့်
ညောင်ရွှေမြို့အပါအ၀င်(၂၁)ဌာန သို့ ပထမဦးဆုံးဌာနဖြစ်သည့်
အင်းတိန်ကျောင်းသို့ အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၇ နာရီက စတင်
ကြွချီခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။စတင်မကြွချီမီ ပထမပိုင်း အစီအစဉ်အဖြစ် နံနက် ၄ နာရီမှ ၅နာရီအတွင်း
ဆရာတော် သံဃာတော်များနှင့် ပရိသတ်အားလုံးက နမ္မောတဿ သုံးကြိမ်ရွတ်ဆို၍
အခမ်းအနားဖွင့်လှစ်ပြီး အင်းလေး နမ့်ဟူးကျောင်းရဟန်းတော် ဦးဝိဇယကမာရ်အောင်
မန္တလေး လေဆိပ်မှာလည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးတော့မယ်
မန္တလေးမြို့ အပြည်အပြည်ဆိုင်ရာ လေဆိပ်ကြီးမှာ နိုင်ငံခြားသားတွေအတွက်

အခုဆိုရင် ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီလို့
နေပြည်တော်ရှိ လ၀က ၀န်ကြီး ဌာနက
တာဝန်ရှိသူပြောကြားချက်ကို ကိုးကားပြီး နိုင်ငံပိုင် ရုပ်မြင်သံကြားသတင်းက
ဆိုပါတယ်။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာတွေနဲ့ ၀န်ထမ်းတွေကို အဆင့်သင့် ထားရှိ ထားပြီး ပြည်ပလေယာဉ် ဆိုက်ရောက်လာတဲ့အပေါ် ဘယ်လို ထုတ်ပေးရမယ်ဆို တာ လေ့လာ
စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။
မန္တလေး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးဖို့ ကောင်တာ ၄ ခုနဲ့ ရိုးရိုးဗီဇာ ထုတ်ပေးမှု

အကျင့်ပျက်ခြစားသော ယာဉ်ထိန်းရဲ တည်ဆဲဥပဒေအပြင် ရဲကျင့် ဝတ်ဖောက်ဖျက်မှုနှင့်ပါ အရေးယူမည်
ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်ပိုင်ရှင်များနှင့်
ယာဉ်မောင်း သူများထံမှ ဥပဒေမဲ့ အ ခကြေးငွေ များ တောင်းခံနေသည့်
အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန် တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အကျင့်ပျက်ခြ စားနေသော ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များအား တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှူး၏ အမိန့်အရ စုံစမ်းဖော်ထုတ်အရေးယူသွားရန်ဆေ
ထိုသို့ အကျင့်ပျက်ယာဉ်ထိန်း ရဲဝန်ထမ်းများအား စုံစမ်းဖော် ထုတ် အရေးယူရန်အတွက် သက်ဆိုင်ရာ ခရိုင်အလိုက် ခရိုင်ရဲ
တပ်ဖွဲ့မှူးများမှ ဦးဆောင်ကွပ်ကဲ၍ ဖော်ထုတ်အရေးယူသွားရန် တိုင်း ဒေသကြီး
ရဲတပ် ဖွဲ့မှူးမှ ညွှန်ကြား ထားကြောင်း၊ ဖော်ထုတ်ဖမ်း ဆီးရမိပါက
တည်ဆဲဥပဒေများ အပြင် ရဲကျင့်ဝတ် ချိုးဖောက်မှုဖြင့်ပါ ထိရောက်စွာ
အရေးယူအပြစ်ပေး သွားရန်စီစဉ်ထားကြောင်း ရန်ကုန် တိုင်းဒေသကြီး
မန္တလေးမြို့တွင် လမ်းကြိတ်စက်ဖြင့် ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ဘော
လုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင်လမ်းကြိတ်စက်ဖြင့်
ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာလမ်းလုပ်ငန်းဆောင်
ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့ရောက်သွားခဲ့သည်။
မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်
သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူ
တရားမဝင် ရှယ်ယာများအတွက် အခွန်ဝန်ကြီးဌာန သတိပေး

ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲလာချိန်တွင် ဘဏ္ဍာရေးနှင့်
အခွန်ဝန်ကြီးဌာနသည် ဘဏ်များနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ စနစ်ကျစွာ
ပေါ်ထွန်းရန် လုပ်ဆောင်ဆောင်လျက်ရှိကြောင်း၊ စီးပွားရေးအခွင့်အလမ်း
များပြားလာချိန် အင်တာနက်၊ အီးမေးလ်နှင့် မီဒီယာများမှတဆင့်
ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းလိုင်စင် ရရှိပြီဟုဆိုကာ
ငွေကြေးထည့်ဝင်ခိုင်းမှုများနှင့် အစုရှယ်ယာ ခေါ်ယူမှုများ ရှိလာကြောင်း၊
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ယင်းသတင်းများအပေါ် ချက်ချင်းတုံ့ပြန်
ဆောင်ရွက်လျက်ရှိကြောင်း ၄င်းက ဆိုသည်။
“နိုင်ငံခြားကို အခြေပြုထားတဲ့ ကုမ္ပဏီတခု၊ နှစ်ခုလောက်ကနေပြီးတော့
Investment Bank
ရှေ့နေများ ဆန္ဒထုတ်ဖော်
တရားရုံးချုပ်အဆောက်အဦကို ဟိုတယ်ဖွင့်လှစ်ရန် ပုဂ္ဂလိကသို့
လွှဲပြောင်းခဲ့ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ကို
ပြတိုက်အဖြစ်ပြုလုပ်ရန် ပုဂ္ဂလိကသို့ ငှားရမ်းခြင်းတို့အား မကျေနပ်သဖြင့်
ရှေ့နေများကွန်ရက်ဦးဆောင်၍
လမ်းသုံးလမ်းကို လျှောက်နေတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

မေး-အရင်က ကြည်ဖြူသျှင်ဆိုတာ အနုပညာသမားတစ်ယောက်ပေါ့။ အခုအချိန်မှာ နိုင်ငံရေးလောကထဲဝင်လာတော့ အနုပညာသမားတစ်ယောက်အပြင်နိုင်ငံရေးသ မားတစ်ယောက်လည်းဖြစ်လာတယ်။ဒီလိုနိုင်ငံရေးသမားတစ်ယောက်ဖြစ်လာတော့ဇာတ်လမ်းတွေရွေးချယ် တဲ့အခါမှာအရင်နဲ့မတူပြောင်းလဲသွား တာမျိုးတွေရှိလာနို င်မလား။
အဖြေ-ဟုတ်တယ်။ ကျွန်မရဲ့စိတ်ကတစ်မျိုး ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် ခေတ်ဆန်တဲ့ကားတွေ၊ သည်း ထိတ်ရင်ဖိုကားတွေ၊ ထူးထူးဆန်းဆန်းကားတွေ တအားရိုက်ချင်တယ်။ ဒါပေမဲ့ အခုအချိန်ကျတော့ ကျွန်မကပရဟိတတွေလုပ်ဖြစ်တယ်။နောက်ပြီးနိုင်ငံရေးလောကထဲ ဝင်လာဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်က ခုနကဇာတ်ကားတွေ မရိုက်ချင်တော့ဘူး။ ဆင်ဆာလွတ်လပ် ခွင့်သာအပြည့်အဝရမယ်ဆိုရင်
ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေသုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်မည်
ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား
ကစားရုံ ၌ပြုလုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း
ထုတ်ပြန်ကြေညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစတင်ကာ နေပြည်တော်၌ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီး
ခြောက်ကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့၌
ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု
ချီးမြှင့်ရန် အတွက် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများအား
စိစစ်အကဲဖြတ်ခြင်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ
ထိုင်းနိုင်ငံရှိ တရားမ၀င် အလုပ်သမား ၄ သိန်းခန့် ပြန်ပို့ ခံရနိုင်
ထိုင်းနိုင်ငံတွင်
တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်း အလုပ်သမား ၄ သိန်းခန့်သည်
လာမည့် ဒီဇင်ဘာလ အတွင်း ၎င်း တို့၏ နိုင်ငံများသို့ ပြန်ပို့ခံရဖွယ်ရှိသည်ဟု
ထိုင်း အလုပ်သမား ၀န်ကြီးဌာနက ပြောကြားလိုက်သည်။
ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင်
ထိုင်း အလုပ်သမားဝန်ကြီး Padermchai Sasomsap က ပြောကြောင်း ယမန်နေ့ထုတ်
ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။
ယင်း အလုပ်သမားများကို ထိုင်း အစိုးရအနေနှင့် Nationality Verification
Process (NVP) နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ် အရ လူဦးရေ ၁၇ သိန်း
ရှိသည့်အနက် ၁၃ သိန်း အတည်ပြုပေးထားပြီး ကျန်ရှိသည့် လူ ၄ သိန်းသည်
နောက်ဆုံး သတ်မှတ် ပေးထား သော ဒီဇင်ဘာလ ၁၄ ရက်နေ့ မတိုင်ခင် မှတ်ပုံတင်ရန်
ပျက်ကွက်ပါက ပြန်ပို့ခံရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အလုပ်သမားဝန်ကြီးဌာန အနေနဲ့ မှတ်ပုံတင်ရေး လုပ်ငန်းစဉ်မှာ
ပူးပေါင်းဆောင်ရွက်မှုတွေ မလုပ်ရင် ရွှေ့ပြောင်းအလုပ်သမား တွေ ကို
မိခင်နိုင်ငံကို ပြန်ပို့သွားမှာ ဖြစ်ပါတယ်”ဟု Padermchai က
ပြည့်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် ထပ်မံရွေးချယ်ခံရ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး
ပါတီက ပထမဆုံးအကြိမ် ကျင်းပသော
ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ
များ၊ အ ထွေထွေအတွင်းအရေးမှူး အပါ
အ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်
၄၄ ဦးကို ရွေးချယ် အတည်ပြုခန့်အပ်လိုက်ရာ၊ ပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ပင်
ဖြစ် လာသည်။
လေးရက်ကြာ ကျင်းပသောညီလာခံအစည်းအဝေး၏သုံးရက် မြောက်နေ့(ယနေ့)
တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်မြေ ၁၉ခုအတွက် ဗဟိုကော်မတီဝင်
၂၉၀ကျော်ကို စတင်ရွေးချယ်သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၄ ဦးကို ထပ်မံရွေးချယ်ခဲ့ရာ ယခင်ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များအားလုံး ရွေးချယ်ခံရပြီး
၎ဦး မှာ ထပ်တိုးလာသည်။
ဒုတိယဥက္ကဋ္ဌမှာ ယခင်တစ် ဦးသာ ရှိရာမှ သူရဦးရွှေမန်း၊ သူရ ဦးအေးမြင့်၊
ဦးဌေးဦး သုံးဦးဖြစ်လာပြီး၊ သူရဦးရွှေမန်းမှာ ပါတီ ဥက္ကဋ္ဌက တာဝန်မ

ANA လေကြောင်းလိုင်း တိုကျို- ရန်ကုန် တိုက်ရိုက်ပြေးဆွဲ
ဂျပန်နိုင်ငံ တိုကျိုမှ
မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ All Nippon Airling – ANA
လေကြောင်းလိုင်းဟာ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ ညနေမှ စတင်ကာ
တိုက်ရိုက်ပြေးဆွဲမှု စတင်ခဲ့ပါတယ်။
ပျံသန်းချိန် ၆ နာရီကျော် ကြာမြင့်တဲ့ တိုကျို- ရန်ကုန် လေကြောင်း
ခရီးစဉ်အတွက် တပတ်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ စနေ ၃ ရက်မှာ အသွားအပြန်
တကြောင်းစီကို ဘိုရင်း ၇၃၇ ဂျက်လေယာဉ်တွေနဲ့ ပျံသန်းဖို့ ရှိပါတယ်။
၁၉၉၆ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အထိတော့ ဂျပန်နိုင်ငံ အိုဆာကာ-
ရန်ကုန်မြို့တို့ကို တိုက်ရိုက်ပြေးဆွဲခဲ့ ဖူးပြီး အခုခရီးစဉ်ကိုတော့
ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံ ခရီးစဉ်က
စတင်ပြောဆိုဆွေးနွေးမှု လုပ်ခဲ့တာလို့ သိရပါတယ်။
မနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ တိုကျိုကနေ ရန်ကုန်ကို ထွက်ခွာလာတဲ့
ခရီးစဉ်ကို
Miss International ပြိုင်ပွဲ Miss Internet ဆုအတွက် နန်းခင်ဇေယျာ ဆန္ဒမဲ ငါးသန်းကျော်ဖြင့် ဦးဆောင်နေ
Miss International ပြိုင်ပွဲ Miss Internet Award ဆုအတွက် အင်တာနက်မှတစ်ဆင့် မဲပေးရွေးချယ်ရာ၌
မြန်မာ ကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာအတွက် ၀င်ရောက်ကြည့်ရှု မဲပေးသူ အရေအတွက်မှာ ငါးသန်းကျော်ရှိပြီဖြစ်သည်ဟု သိရှိရသည်။
Miss Internet Award ဆုနှင့် ပရိသတ်အကြိုက်ဆုံး အလှမယ်ဆု (Miss International 2012 People Choice Award) ဆုများအတွက် အင်တာနက်မှတစ်ဆင့် တရားဝင်မဲပေးနိုင်ကြောင်း နန်းခင်ဇေယျာက အင်တာနက် facebook စာမျက်နှာမှတစ်ဆင့် တရားဝင်အသိပေး ပြောကြားထားပြီး ပြိုင်ပွဲကာလတစ်လျောက်တွင် အားပေးနေသည့် မြန်မာပရိသတ်များကိုလည်း အထူးကျေးဇူးတင်ကြောင်း ၄င်း၏လက်ရေးစာသားဖြင့် အသိပေး ပြောကြားခဲ့သည်။
လက်ရှိ အချိန်တွင် Miss International ပြိုင်ပွဲဝင် အလှမယ်များကို အင်တာနက်မှတစ်ဆင့် တရားဝင်မဲပေးနိုင်ရန် www.miss-international. org ၏ Flickr (http://www.flickr.com/photos/64086169@N03/sets/72157631640709082/ ) စာမျက်နှာတွင် ပြုလုပ်ထားပြီး အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ဆုံးထားပြီး မဲပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၁၅ ရက်နေ့အထိ သိရှိရသော စာရင်များအရ နန်းခင်ဇေယျာကို ၀င်ရောက်ကြည့်ရှုသူ view ၅၀၄၁၄၂၉ ဦး၊ favourite အရေအတွက် ၇၅၀၀ ကျော်၊ comment ရေးသားသူ ၁၅၉၉၉ ဦးတို့

ကာတာ လေကြောင်းလိုင်းမှ ရန်ကုန်- ဒိုဟာ ခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲမည်
ကာတာနိုင်ငံ၏ အမျိုးသားလေ ကြောင်း လိုင်းဖြစ်သော ကာတာအဲ ဝေးမှ ခရီးသည်
များအတွက် ကမ္ဘာ တစ်ဝန်းရှိ ခရီးစဉ် ၉ဝ ကျော်နှင့်ချိတ် ဆက်၍ ဒိုဟာ-
ရန်ကုန် ခရီးစဉ်ကို နေ့စဉ်တိုးချဲ့ပျံသန်းမည့်အကြောင်း
စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တို ဘာ ၅ရက်၊နံနက် ၁ဝနာရီက The
Strandဟိုတယ်တွင်ကျင်းပပြုလုပ် ခဲ့ သည် ။အဆိုပါအခမ်းအနားတွင် ကာတာ
လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်Mr. Ahbar Al Baherက
ကာတာလေကြောင်းလိုင်း၏ ဒိုဟာ- ရန်ကုန်ခရီးစဉ်နှင့် ပတ်သက်ပြီး
ရှင်းလင်းပြောကြားခဲ့ကာ မေးမြန်းမှုများကို လည်း ပြန်လည်ဖြေကြားခဲ့ သည်။ကာတာ
လေကြောင်း လိုင်းသည်ရန်ကုန်မြို့ ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲတဲ့
အစီအစဉ်ကို အောက်တို ဘာ ၂၈ နေ့မှစပြီး အပတ် စဉ် နေ့စဉ်ပြေးဆွဲမှာဖြစ်
ကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်မှာစတင်ပြေးဆွဲခဲ့သောကာ
ပခုက္ကူမြို့ ၊ရန်ကုန် ၊စစ်တွေ ၊ရသေ့တောင်၊ မြို့ များတွင် OIC အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ဖေါ်နေ( ရုပ်သံ)
OICအလိုမရှိဆန္ဒဖော်ထုတ်သူသံဃာ့တော်
များနှင့် ပြည်သူတို့သည်ဗဟန်း၊ေ၇ွှတိဂုံဘုရား
အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီးရှေ့မှ
ဆူးလေသို့ စီတန်းလှည့်လည်
လာပြီဟု သိရသည်။
ထို လမ်းလျောက် ဆန္ဒဖော်ထုတ် စီတန်းလှည့်လည်ရာတွင် သံဃာ့တော်
အပါး ၂၀၀ ခန့်နှင့် ပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး OICအလိုမရှိဆိုင်းဘုတ်များ

ပြည်တွင်း၌ OIC အလိုမရှိ ကြောင်းကမ္ဘာက သိရှိစေရန် ပြသခြင်းဖြစ်သည်ဟု
ဆန္ဒဖော်ထုတ် သူတစ်ဦးကပြောသည်။
တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးတစ်ဦးက OIC ကို ပြည်တွင်း ၌ ရူံးဖွင့်ခွင့်မပေးထား၍ဆန္ဒမဖော်ထုတ်ရန် ဖုန်းဆက်အကြောင်းကြားလာကြောင်း
မြန်မာကျပ်ငွေ အပါအ၀င် ငွေအတုလုပ်တဲ့ ဂိုဏ်း တာကာသန်း ၁၀၀ကျော်နှင့် ဒက္ကားတွင် ဖမ်းမိ
ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒက္ကာမြို့တွင် မြန်မာ
ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတု
လုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း
၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့
က ဖမ်းဆီးခဲ့သည်။
ကျပ်ငွေတွေ အပြင် ငွေစက္ကူမျိုးစုံ အတု
လုပ်သည့် ဂိုဏ်းတစ်ခုကို ငွေစက္ကူ အတု သန်း
၁၀၀ ကျော်နှင့် အတူ ဘင်္ဂလာရဲက ယမန်နေ့
က ဖမ်းဆီးခဲ့သည်။
ရူပီငွေ အတု ၈၈၀၀၀၀ ကို ရှာဖွေ ဖမ်းဆီမိခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီးခံရသူ (၁၀) ဦးထဲတွင် အမျိုးသမီး ၃ ဦးပါဝင်ပြီး ထိုအထဲတွင် ဇာမန်ဆိုသော
အမျိုးသားမှာ ဒင်္ဂါးအတု လုပ်သည့် အတွေ့အကြုံ ၁၄ နှစ်ခန့်
ရှိပြီဟု ဆိုသည်။ဇာမန်မှ ၎င်းသည် အိန္ဒိယ ရူပီများကိုသာမက မြန်မာ ကျပ်ငွေနှင့် ဘူတန် ငွေများ
ကိုလည်း ပြုလုပ်သည်ဟု ထုတ်ဖေါ် ပြောဆိုကြောင်း ရဲက ပြောဆိုသည်။
သို့သော် ယခု ငွေအတု ဖမ်းဆီးမိရာတွင် မြန်ကျပ်ငွေ အတုများ
OIC အလိုမရှိ ဆန္ဒဖော်ထုတ်သူများ ဆူးလေသို့ စီတန်းလှည့်လည်
OIC အလိုမရှိ ဆန္ဒ ဖော်ထုတ်သူ သံဃာ့တော်များနှင့် ပြည်သူတို့သည် ဗဟန်း
၊ေ၇ွှတိဂုံဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်း ဘုရားကြီးရှေ့မှ ဆူးလေသို့
စီတန်း လှည့်လည် လာပြီဟု သိရသည်။
ထို လမ်းလျောက် ဆန္ဒဖော်ထုတ် စီတန်း လှည့်လည်ရာတွင် သံဃာ့တော်အပါး ၂၀၀ ခန့်နှင့် ပြည်သူ ၁၀၀ ကျော်ပါဝင်ပြီး OIC အလိုမရှိ ဆိုင်းဘုတ်များ ကိုင်ဆောင်ထားကြောင်း ပေါ်ပြူလာနယူးစ် သတင်းထောက်က ပြောသည်။
ပြည်တွင်း၌ OIC အလိုမရှိ ကြောင်းကမ္ဘာက သိရှိစေရန် ပြသခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ် သူတစ်ဦးကပြောသည်။
တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ၀န်ကြီးတစ်ဦးက OIC ကို ပြည်တွင်း ၌ ရူံးဖွင့်ခွင့် မပေးထား၍

နိုင်ငံတကာ ငွေချေးနိုင်ဖို့ မြန်မာကို အမေရိကန်ကူညီမည်
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ
ဆက်ပြီး ရှိနေမယ်ဆိုရင် ကမ္ဘာ့ဘဏ်အပါအ၀င် နိုင်ငံတကာ
ငွေကြေးအဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံ ဆက်ဆံရေး ပုံမှန်အတိုင်း
ဖြစ်လာစေဖို့ ထောက်ခံ ကူညီသွားမယ်လို့ အမေရိကန်ပြည်ထောင်စု က
ပြောလိုက်ပါတယ်။ ကမ္ဘာ့ဘဏ် နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့နဲ့
မြန်မာနိုင်ငံအကြား ဆက်စပ်မှု လုပ်လာချိန်မှာပဲ အမေရိကန်ပြည်ထောင်စု
အနေနဲ့ကလည်း မြန်မာနိုင်ငံကို ဒီအဖွဲ့အစည်းတွေ ပုံမှန် ငွေချေးငှားမှုတွေ
ဖြစ်လာစေဖို့ အကူအညီ ပေးသွားမယ်လို့ ပြောသွားတာပါ။
“အခု လက်ရှိ သွားနေတဲ့ ပြုပြင် ပြောင်းလဲရေးတွေဟာ အားရကျေနပ်စရာပါ၊
ဒါပေမဲ့ အခုလို ကမ္ဘာ့ဘဏ်တို့ အာရှဖွံ့ဖြိုးရေး ဘဏ်တို့
ပါဝင်လာခြင်းအားဖြင့် ဒီ ပြုပြင်ပြောင်းလဲမှုတွေ ခိုင်မာစေဖို့
ကမ္ဘောဒီယားဟောင်း ဘုရင်မင်းသားကြီး သီဟာနု နှလုံးရောဂါနဲ့ ကွယ်လွန်
ကမ္ဘောဒီယားဟောင်း ဘုရင် Norodom Sihanouk ဟာ နှလုံးရောဂါနဲ့ တရုတ်နိုင်ငံ ဘေဂျင်းက ဆေးရုံ တရုံမှာ နှလုံးရောဂါနဲ့ လွန်သွားပါပြီ။
ကွယ်လွန်ချိန်မှာ သူဟာ အသက် ဂ၉နှစ်ရှိပါပြီ။
ရှုတ်ထွေးလှတဲ့ ကမ္ဘောဒီယား နိုင်ငံရေးမှာ နှစ်ပေါင်း ၆ဝကျော် အဓိက နေရာက ပါဝင်ခဲ့သူ ဖြစ်ပါတယ်။
ဗီယက်နမ်နဲ့ ခမာနီတွေက ကမ္ဘောဒီးယားကို မသိမ်းပိုက်ခင် သီဟာနုဟာ အတွက်အချက်မှားပြီး ခမာနီတွေနဲ့ မဟာမိတ် ပြုခဲ့သလို သူ့လက်ထက်မှာ အိမ်နီးချင်း ဗီယက်နမ်မှာ အမေရိကန် စစ်ပွဲ ဖြစ်ခဲ့တာကြောင့် သူ့နိုင်ငံဟာလည်း စစ်ထဲကျရောက်ခဲ့ပါတယ်။
၁၉၄၁ ခုနှစ်တုန်းက ပြင်သစ်က တင်မြှောက်ပေးခဲ့လို့ နန်းတက်ခဲ့ရတဲ့ သီဟာနုဟာ ၁၉၅၃ ခုနှစ်မှာ

မြန်မာ ကစားသမားများ၏ ကစားပုံ ပရိသတ်များ မကြိုက်
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပ နေသော ဆူဇူကီး ဖလား
ခြေစစ်ပွဲ၏ အုပ်စု နောက်ဆုံး ပွဲစဉ် တစ်ခုဖြစ်သော မြန်မာအသင်းနှင့် လာအို
အသင်းတို့၏ ပွဲတွင် ကစားသမား အချို့၏ ကစားပုံ စနစ် မကျခြင်း၊ အပင်ပန်းခံ
ကြိုးစား အားထုတ်မှု နည်းပါးခြင်းနှင့် နည်းပြ ဖြစ်သူ၏ လူစားလဲမှု အပေါ်
မကျေနပ်ခြင်း များကြောင့် မြန်မာ ပရိသတ်များမှာ လာအိုအသင်းသို့ ပြောင်းလဲ
အားပေးခဲ့ကြောင်း အဆိုပါပွဲသို့ သွားရောက် သတင်းရယူနေသည့် The Voice Weekly
သတင်းထောက်မှ သတင်းပေးပို့သည်။
"ဒီနေ့ပွဲက ခက်ခဲတဲ့ ပွဲတစ်ခုပါ။ ရာသီဥတုကလဲ အရမ်းပူပါတယ်။ဒီအတွက်
ကစားသမားတွေ ထင်သလောက် မကစားနိုင်တာကို ပရိသတ်တွေ နားလည်ပေးစေ ချင်ပါတယ်"ဟု
မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဆိုသည်။
ယနေ့ မြန်မာအသင်းနှင့် ကစားခဲ့သော အုပ်စု နောက်ဆုံးပွဲစဉ်နှင့် ပတ်သက်၍
လာအိုအသင်း နည်းပြချုပ် ကူမာရာက "ဒီနေ့ပွဲနဲ့ ပတ်သက်လို့ ကံကောင်းတာ
မကောင်းတာကို မပြောလိုတော့ပါဘူး၊ ရာသီဥတု ပူပြင်းမှု ကတော့ နှစ်သင်းလုံး
ခံစားကြရတာပါပဲ။ မြန်မာ ပရိသတ်တွေက လာအို လာအိုလို့
မျှော်စင်ကျွန်းတွင် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပမည်
မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူး၍ Gandamar Wholesale မှ အဓိကပံ့ပိုးကူညီ ကာ တောင်ကလေး ရိုးရာလက်ဝှေ့အသင်း၊ ရတနာစံတော် ကုမ္ပဏီနှင့် မြန်မာမီဒီယာဂရု(ပ်) တို့ပူး ပေါင်း စီစဉ်သည့် ''လက်ခုပ်သံညံမစဲ မျှော်စင်ကျွန်းမှ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ'' ကို အောက်တိုဘာ ၂၅ ရက် ညနေ ၆ နာရီတွင် ကရဝိက်ဥယျာဉ်မျှော်စင်ကျွန်း ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ယှဉ်ပြိုင်ထိုးသတ်ကြမည့် မြန်မာ့ လက်ဝှေ့အကျော်အမော်များမှာ
တွေ့မရှောင်(နဂါးမာန်)နှင့် သတ္တိအောင် (တောင်ကလေး)၊
ကညောထူး(ရွှေကုက္ကိုလ်)နှင့် စောဂေါ်မူတို(T & T)၊
ပဲပြားမောင်မောင်(ရွှေကုက္ကိုလ်)နှင့် ထက်အောင်ဦး (တောင်ကလေး)၊ စောလှကြည်ထူး
(တောင်ကလေး)နှင့်
ဒေါင်းသည်းချေ(ဝါဆို)၊ ဝီလျှံ(ရွှေ ကုက္ကိုလ်)နှင့် ရွှေဖလား(နဂါးမာန်)၊
ဆက်ထူးအောင် (တောင်ကလေး)နှင့် လှစ်လှစ်လေး
KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်
ကရင်အမျိုးသားအစည်းအရုံး (KNU)
တရာရေးဌာန တာဝန်ခံ ဖဒိုစောဒေးဗစ်ထော
ဟာ နှလုံး အဆုတ် ဆီးချိုရောဂါတွေနဲ့
ရန်ကုန်မြို့က မင်္ဂလာဒုံ စစ်ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ည ၁၀ နာရီ ၃၇ မိနစ်မှာ ဖဒိုစောဒေးဗစ်ထော
ကွယ်လွန်သွားခဲ့ကြောင်း သူ့ကို အနီးကပ် ကြည့်ရှုပေးနေတဲ့ ဒေါက်တာ
စိုင်မွန်သာက ပြောပါတယ်။
ကေအန်ယူအနေနဲ့ မြန်မာအစိုးရနဲ့ ဧပြီလအတွင်းက အပစ်ရပ်ပြီးနောက်
ဆက်ဆံရေးရုံးတွေ ဖွင့်ဖို့ သဘောတူခဲ့ပြီးတဲ့နောက် ဖဒို ဒေးဗစ်ထော ဟာ
ဘားအံမြို့မှာ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးနောက်၊
စက်တင်ဘာ ၃၀ ရက်နေ့က ရန်ကုန်မြို့ကို အလည်လာရောက်စဉ်မှာ ကျန်းမာရေး
မကောင်းတဲ့အတွက် SSC ဆေးရုံကို တက်ရောက် ကုသခဲ့တာ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၂ ရက်နေ့မှာ တပ်မတော်ခုတင် ၁,၀၀၀ ဆေးရုံကို ရွှေ့ပြောင်းပြီး

မြန်မာ့ သနပ်ခါး အကြောင်း ထိုင်းနိုင်ငံက ရုပ်မြင်သံကြား တခုမှာ အကျယ်တ၀ံ့ ဖော်ပြ (ရုပ်သံ/သတင်း)
သနပ်ခါးမှာ ကျောက်ပြင်နဲ့ တွဲသုံးရတာမို့ ကျောက်ပြင်လုပ်ငန်းကိုပါ စနစ်တကျ မှတ်တမ်းရိုက်ကူး ပြသ ထားပါတယ်။ စိတ်ဝင်စားစရာ အလွန်ကောင်းစွာနဲ့ ထိုင်းတွေလည်း မြန်မာစကားတွေ ပြောပြီး တင်ဆက် ထားတာပါ။ ထိုင်း ရုပ်သံ နာမည်ကြီးတွေနဲ့ တင်ဆက်ထားတာဖြစ်ပါတယ်။
ထိုင်းတွေလည်း မြန်မာ့သနပ်ခါးရဲ့
အသားအရေးကို ကောင်းစေတဲ့ လျို့ဝှက်ချက်တွေ ကို ကောင်းကောင်း သိလာပြီး
ကျယ်ကျယ်ပြန့်ပြန် သုံးစွဲဖို့ ဖြစ်လာနေပါပြီ။
မြန်မာမိန်းကလေးတွေကတော့ ကိုယ့်ရိုးရာ သနပ်ခါးရဲ့ ကောင်းခြင်းတွေကို မေ့ပြီး တိုင်းတပါးက ဓာတု
ကလေးမြို့တွင် တရား မဝင် ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦး ဖမ်းမိ
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကလေးမြို့တွင် နယ်စပ် ဖြတ်ကျော်လမ်းများမှတရား မဝင်
ခိုးဝင် လာသော ဘင်္ဂါလီ လူမျိုး(၁၆)ဦးအား
အောက်တိုဘာလ (၁၄) ရက်နေ့တွင် ထပ်မံ ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ်ရဲစခန်းမှ အတည်ပြု ပြောကြားချက် အရ သိရသည်။
၎င်းဘင်္ဂါလီများသည် ကလေး အနောက်မြောက် ဒေသ၊ မောက်လင်း အုပ်စုတွင်
ဖမ်းမိခြင်းဖြစ်ပြီး သာယာကုန်း ကျေးရွာတွင်(၁၂)ဦး၊ပျဉ်းခုံလေး(ဇိုဇန်လမ်းခွဲ)တွင်
(၄)ဦး၊ စုစုပေါင်း(၁၆)ဦးကိုနေ့လည်(၁၂း၁၅)နာရီ အချိန်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း
၎င်းက ဆက်လက်ပြောကြားသည်။
ခိုးဝင်လာသော ဘင်္ဂါလီများကို ကလေးမြို့နယ် ညောင်တုန်း ရွာသားတစ်ဦးက
တွေ့ရှိရာမှ ရဲစခန်းသို့ သတင်းပေးပို့ ခဲ့ခြင်း ဖြစ်ကြောင်း ကလေးမြို့ အမျိုးဘာသာ၊

သရဲကားများပေါ် သရုပ်ဆောင် ခန့်စည်သူ၏ အမြင်
‘သစ္စာရှင်တမ်း’ ဇာတ်ကားကို ရိုက်ကူး ဖို့အတွက် ဝတ္ထုကို စာရေး ဆရာမ
လွန်းထားထား ဆီက ဝယ်ထားတာ ကြာပြီ ဖြစ်ပေမယ့် မရိုက် ဖြစ်ခဲ့ဘဲ အခု
နောက်ပိုင်း ဆင်ဆာ လျှော့ပေါ့ လာတာကြောင့် အခုမှ ရိုက်ကူး ဖြစ်တယ်လို့
ခန့်စည်သူက ပြောပါတယ်။
”အရင်တုန်း က ဝယ်ထားပေမယ့် ဒီ ဝတ္ထုက အဲဒီခေတ် ကာလ အခြေ အနေက ဆင်ဆာ
ခွင့်ပြုချက် မရနိုင်ဘူးလို့ ယူဆတာနဲ့ မရိုက်ဖြစ်တာ။ ဒီဇာတ်ကို
နောက်မင်းသား တစ်ယောက်ကလည်း လာဝယ်သေးတယ်။ အခု ဆင်ဆာ ခွင့်ပြုချက်
လျှော့ပေါ့ လာတော့ ရိုက်ဖြစ်တာပါ။ လူတစ်ယောက်နဲ့ ပုံစံ ချွတ်စွပ်တူတဲ့
မျက်နှာကို ပြင်လိုက်ပြီး လိုက်လက်စားချေ တဲ့ ဇာတ်မျိုးပေါ့။ မိုးဟေကို နဲ့
ခင်သဇင် ကတော့ အဓိက လုပ်ရမယ်။ မိုးဟေကို ကတော့ ဝါရင့် ဆိုတော့
ကိစ္စမရှိဘူး။ ခင်သဇင် ကိုတော့ သေချာ အိုက်တင် ပြောပြပေး ရမှာပေါ့။
အရင်တုန်း က ဒီလိုပဲ နှစ်ကိုယ်ခွဲ ရိုက်ဖူးတယ်”လို့ ဇာတ်လမ်း နဲ့
ပတ်သက်ပြီး ခန့်စည်သူက ပြော ပါတယ်။
လတ်တလောထွက်ထားတဲ့ ‘အချိုဇယားသား အရက်သမားသား’ ဇာတ်ကားမှာ ဇင်ဝိုင်း၊
မို့မို့မြင့်အောင်၊ မေကဗျာ တို့နဲ့ ရိုက်ကူးထားပြီး အဖေကို အဖေမှန်း မသိဘဲ
သတ်မလို့
မြန်မာနိုင်ငံတွင် OIC ရုံး ဖွင့်လှစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းချက်

၂။ နိုင်ငံအချင်းချင်း(သို့မဟုတ်) နိုင်ငံအများနှင့်
ပူးပေါင်းဆောင်ရွက်သည့် နားလည်မှုစာချွန်လွှာ
လက်မှန်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်မှာ
အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) နိုင်ငံတော်၏ ဂုဏ်သိက္ခာ မထိခိုက်စေရန်၊
(ခ) အမျိုးသားအကျိုးစီးပွား မထိခိုက်စေရန်၊
(ဂ) နိုင်ငံတော်၏ အချုပ်အခြာအာဏာ မထိခိုက်စေရန်၊
(ဃ) သဘာဝပတ်ဝန်းကျင် မထိခိုက်စေရန်။
၃။ ၄င်းအပြင် နိုင်ငံတော်သမ္မတကြီးသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့်
ပြည်သူလူထုဗဟိုပြု ပြုပြင်ပြောင်းလဲမှုများ ဖော်ဆောင်ရန် ခိုင်မာသော
ပြည်ခိုင်ဖြိုးပါတီ အထွေထွေညီလာခံသို့ သမ္မတဦးသိန်းစိန် တက်ရောက်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
ပထမအကြိမ် အထွေထွေညီလာခံဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်နှင့် ဒုသမ္မတနှစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သမ္မတဦးသိန်းစိန်သည် အခမ်းအနားသို့ နံနက် ၉နာရီဝန်းကျင်တွင် ရောက်ရှိလာကာ ၁၀ မိနစ်ခန့်အကြာ ပါတီဝင်များအားနှုတ်ဆက်ပြီး ပြန်လည်ထွက်ခွာသွားခဲ့သည်။
နိုင်ငံတော်ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ဒုသမ္မတ ဦးဥာဏ်ထွန်းနှင့် ပြည်ထောင်စုဝန်ကြီးအဖွဲ့ ၀န်ကြီးအားလုံးတို့လည်း အဆို ပါအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
သမ္မတဦးသိန်းစိန်သည် ပါတီဝင်များအား တစ်ဦးချင်းနှုတ်ဆက်ရင်း "ပါတီဝင်တွေအားလုံး
ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)သိုလှူဒါန်းပေးအပ်ခဲ့

မိဘများနှင့်အတူ
လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက်
အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာအတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက်စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့

Subscribe to:
Posts (Atom)