ကန်ဒေါ်လာ အဟောင်းအနွမ်း များလက်ခံရန် ဗဟိုဘဏ် ကြားခံဆောင် ရွက်ပေးတော့မည်

ကန်ဒေါ်လာ အဟောင်း အနွမ်း၊ အစုတ် အပြဲများကို အစိုးရပိုင် ဘဏ်များနှင့် ပုဂ္ဂလိက ဘဏ်များ၌ လဲလှယ်ခွင့်ရရန် ဗဟိုဘဏ်က ကြားခံ ဆောင်ရွက်ပေး တော့မည်ဟု ဗဟိုဘဏ်၏ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ်က ထုတ်ဖော်ပြောသည်။ တင်းကျပ်သော စနစ်တို့ဖြင့် ကန်ဒေါ်လာ လက်ခံမှုကို ဆောင်ရွက်နေသော ဘဏ်တို့အပေါ် လက်ရှိတွင် ဝေဖန်မှု ပြစ်တင်မှုများ ရှိနေသည်။ နိုင်ငံ၏ ငွေကြေး ဈေးကွက်အမြင့်ဆုံး အာဏာပိုင် အဖွဲ့အစည်းဖြစ် သည့် ဗဟိုဘဏ်က ထိုသို့ လက်ခံ ဖြေရှင်းပေးခြင်း ကို မည်သည့် အချိန်တွင် စတင် ဆောင်ရွက်ပေးမည်ဟု အတိအကျ ပြောကြားခြင်း မရှိပေ။
ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ''အချိန် အတိအကျ ပြောဖို့ထက် ကျွန်တော်တို့ လုပ်ထုံး လုပ်နည်းတွေအရ ပုဂ္ဂလိကဘဏ်တွေကို အစည်းအဝေး အရင်ခေါ်ရပါဦးမယ်။ ဆွေးနွေးသဘောတူ ညီချက်နဲ့ ငွေကြေးဌာနကနေ တရား ဝင် ကြေညာချက်ထုတ်ပြီး တော့မှ လဲလှယ်ပေးသွားဖို့ ရှိပါတယ်'' ဟု
ဆက်ပြော သည်။
ဗဟိုဘဏ် ပြောရေးဆိုခွင့်ရ အရာရှိက ၄င်းတို့အနေဖြင့် အမေရိကန်၏ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှု ခံရခြင်းနှင့် ဗဟိုဘဏ်က ချိတ်ဆက် ဆောင်ရွက်နေ သည့် စင်ကာပူဘဏ်က အမေရိကန် ဒေါ်လာအပေါ် အတွန့်အကျေ၊ အစွန်းအထင်း၊ အပြဲအစုတ်တို့ကို စိစစ်လက် ခံမှုတို့ကြောင့် ပြည်တွင်းတွင် လက်ခံ ၍ မရခဲ့ကြောင်း၊ သို့သော် စင်ကာပူဘဏ်နှင့် လက်ခံပေးရန် ညှိနှိုင်းနေရာ လက်ခံမည့် အနေအထားရှိ၍ ကန်ဒေါ်လာ အဟောင်း၊ အနွမ်း၊ အစွန်းအထင်း၊ အပြဲအစုတ် များကို လဲလှယ်ပေးသွားနိုင်မည်ဟု မျှော်လင့်ရသည်ဟု ဆိုသည်။
ပြည်ပမှ ကားတင်သွင်းမည့် လူအချို့က အစွန်းအထင်း မဆိုထားနှင့် ခေါက်ရာပါလျှင်ပင် နိုင်ငံခြားငွေ လဲလှယ်ခွင့်ရ ပုဂ္ဂလိက ဘဏ်တို့က မယူသည့် ပြဿနာကို ဆိုးရွားစွာ ကြုံတွေ့နေသည်ဟု ပြော သည်။လသာမြို့နယ် နေထိုင်သည့် ပြည်ပမှ ကားတင်သွင်းသူတစ်ဦးက ''သူတို့ ထုတ်ပေးထားတဲ့ ဒေါ်လာ ကိုတောင် ရက်ကြာသွားလို့ ကျေ တယ်၊ တွန့်တယ်ဆိုပြီး ပြန်လက် မခံခဲ့ဘူး'' ဟု ပြောသည်။ ''လက်ရှိ ပေါက်ဈေးထက် တစ်ဆင့်နိမ့်မှာတို့၊ ဘာတို့တော့ မရှိလောက်ဘူးထင်တယ်။ ဈေးတူ ပဲ ဖြစ်မှာပါ'' ဟု ထပ်လောင်း ဆို သည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ် အမှုဆောင် ဒါရိုက်တာ ဒေါက်တာ သန်းထွန်းက ၄င်းတို့ဘဏ်အနေဖြင့်မူ ပြည်ပ ဘဏ်နှင့် ကန်ဒေါ်လာ လဲ လှယ်မှု ချိတ်ဆက်ထားမှုကြောင့် အစွန်းအထင်း အနည်းငယ်နှင့် အတွန့်အကျေတို့ကိုမူ လက်ခံပေး နိုင်ပါကြောင်း ပြောသည်။ ဗဟို ဘဏ်ကFEC လဲလှယ် မှုကို အတွန့်အကျေ၊ အစွန်း အထင်း၊ အပြဲအစုတ်တို့ကိုပင် ဘဏ်တို့က လက်ခံပေးသွားရန် ကြေညာချက်ကို ထုတ်ပြန်ပေးခဲ့ဖူး သည်။  

Popular Journal ။

No comments:

Post a Comment