သရဲကားများပေါ် သရုပ်ဆောင် ခန့်စည်သူ၏ အမြင်

 ‘သစ္စာရှင်တမ်း’ ဇာတ်ကားကို ရိုက်ကူး ဖို့အတွက် ဝတ္ထုကို စာရေး ဆရာမ လွန်းထားထား ဆီက ဝယ်ထားတာ ကြာပြီ ဖြစ်ပေမယ့် မရိုက် ဖြစ်ခဲ့ဘဲ အခု နောက်ပိုင်း ဆင်ဆာ လျှော့ပေါ့ လာတာကြောင့် အခုမှ ရိုက်ကူး ဖြစ်တယ်လို့ ခန့်စည်သူက ပြောပါတယ်။
”အရင်တုန်း က ဝယ်ထားပေမယ့် ဒီ ဝတ္ထုက အဲဒီခေတ် ကာလ အခြေ အနေက ဆင်ဆာ ခွင့်ပြုချက် မရနိုင်ဘူးလို့ ယူဆတာနဲ့ မရိုက်ဖြစ်တာ။ ဒီဇာတ်ကို နောက်မင်းသား တစ်ယောက်ကလည်း လာဝယ်သေးတယ်။ အခု ဆင်ဆာ ခွင့်ပြုချက် လျှော့ပေါ့ လာတော့ ရိုက်ဖြစ်တာပါ။ လူတစ်ယောက်နဲ့ ပုံစံ ချွတ်စွပ်တူတဲ့ မျက်နှာကို ပြင်လိုက်ပြီး လိုက်လက်စားချေ တဲ့ ဇာတ်မျိုးပေါ့။ မိုးဟေကို နဲ့ ခင်သဇင် ကတော့ အဓိက လုပ်ရမယ်။ မိုးဟေကို ကတော့ ဝါရင့် ဆိုတော့ ကိစ္စမရှိဘူး။ ခင်သဇင် ကိုတော့ သေချာ အိုက်တင် ပြောပြပေး ရမှာပေါ့။ အရင်တုန်း က ဒီလိုပဲ နှစ်ကိုယ်ခွဲ ရိုက်ဖူးတယ်”လို့ ဇာတ်လမ်း နဲ့ ပတ်သက်ပြီး ခန့်စည်သူက ပြော ပါတယ်။
လတ်တလောထွက်ထားတဲ့ ‘အချိုဇယားသား အရက်သမားသား’ ဇာတ်ကားမှာ ဇင်ဝိုင်း၊ မို့မို့မြင့်အောင်၊ မေကဗျာ တို့နဲ့ ရိုက်ကူးထားပြီး အဖေကို အဖေမှန်း မသိဘဲ သတ်မလို့
လုပ်တာကြောင့် မြေမျိုခံရတဲ့ သူ တစ်ယောက်အဖြစ် ခန့်စည်သူက သရုပ် ဆောင်ထားပါတယ်။ ဒီဇာတ်ကား ရိုက်ဖြစ်ခဲ့ရခြင်းနဲ့ ပတ် သက်ပြီး ခန့်စည်သူက .. ”ဒီဇာတ်က ဦးဒေါန ယူလာပေးတာ။ မြန်မာလည်း ဆန်တယ်။ သား၊ သမီးက မိဘကို သိလို့ ဖြစ်ဖြစ်၊ မသိလို့ ဖြစ်ဖြစ် စော်ကားရင် ကံကြီး ထိုက်တတ်တယ် ဆိုတာကို ပြထားတာပါ။ ပရိသတ်တွေကလည်း အားပေး ကြတယ်။ အဲဒါကလည်း အရင် တုန်းက ဒီလိုရိုက်ခွင့်မှ မရှိတာ။ အခု သရဲကားတွေ ရိုက်လာတာကလည်း ရွံစရာကောင်းအောင် ရိုက်တာထက် ချစ်စရာ ကောင်းအောင် ရိုက်တာက ပိုကောင်းပါတယ်” လို့ ပြောပြခဲ့ ပါ တယ်။

Popular Journal ။

No comments:

Post a Comment