လမ်းသုံးလမ်းကို လျှောက်နေတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

အနုပညာရှင်များနဲ့ တွေ့ဆုံမေးမြန်း ခြင်းများကို ‘မေးခွန်း (၇) ခု’ခေါင်းစဉ် အမည်ဖြင့်  အင်တာဗျူးကဏ္ဍလေးဖွင့်ကာ ပေါ်ပြူလာ ပရိသတ်များအတွက် စီစဉ် တင် ဆက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်ကစပြီး ‘မေးခွန်း (၅)ခု’ ခေါင်းစဉ်အမည်ဖြင့် ပြောင်း လဲကာ ဖော်ပြသွား မယ့်အကြောင်း ပေါ်ပြူလာ စာဖတ်ပရိသတ်များကို အသိပေြးေ ပာကြားရင်း ဒီတစ်ပတ်မှာတော့ နိုင်ငံရေး၊ ပရိဟိတအရေးနဲ့ အနုပညာလမ်းတွေကို လျှောက်လှမ်းနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ တွေ့ဆုံအင် တာဗျူးခဲ့သမျှတွေ ကို ဖော်ပြပေးမည် ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အင်တာဗျူး စလိုက်ပါစို့…။

မေး-အရင်က ကြည်ဖြူသျှင်ဆိုတာ အနုပညာသမားတစ်ယောက်ပေါ့။ အခုအချိန်မှာ နိုင်ငံရေးလောကထဲဝင်လာတော့ အနုပညာသမားတစ်ယောက်အပြင်နိုင်ငံရေးသ မားတစ်ယောက်လည်းဖြစ်လာတယ်။ဒီလိုနိုင်ငံရေးသမားတစ်ယောက်ဖြစ်လာတော့ဇာတ်လမ်းတွေရွေးချယ် တဲ့အခါမှာအရင်နဲ့မတူပြောင်းလဲသွား တာမျိုးတွေရှိလာနို င်မလား။
 
အဖြေ-ဟုတ်တယ်။ ကျွန်မရဲ့စိတ်ကတစ်မျိုး ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် ခေတ်ဆန်တဲ့ကားတွေ၊ သည်း ထိတ်ရင်ဖိုကားတွေ၊ ထူးထူးဆန်းဆန်းကားတွေ   တအားရိုက်ချင်တယ်။  ဒါပေမဲ့ အခုအချိန်ကျတော့  ကျွန်မကပရဟိတတွေလုပ်ဖြစ်တယ်။နောက်ပြီးနိုင်ငံရေးလောကထဲ ဝင်လာဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်က ခုနကဇာတ်ကားတွေ မရိုက်ချင်တော့ဘူး။ ဆင်ဆာလွတ်လပ် ခွင့်သာအပြည့်အဝရမယ်ဆိုရင်
တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်ကား တွေ ရိုက်ချင်တယ်။ သမိုင်းမှာရှိခဲ့တဲ့ တကယ့်ကို မေ့ဖျောက်လို့ မရ နိုင်တဲ့ဖြစ်ရပ်တွေကိုပြန်ရိုက်ချင်တယ်။ သမိုင်းကြောင်းကားတွေပဲ ရိုက် ချင်တယ်။ ကိုယ်နောက်ထပ် ဘယ်နှကားလောက်ရိုက်နိုင်မှာလဲ။ ရိုက် နိုင်သလောက်ကို တန်ဖိုးရှိတဲ့ ကားတွေ ရိုက်ချင်တယ်။ နောင်လာ နောက်သား တွေအတွက်ပေါ့။ ဒီကားကိုကြည့် လိုက် ရင် ဒီခေတ်ရဲ့သမိုင်းကိုမြင်ရတဲ့ ကားမျိုး   တွေ ရိုက်ချင်တယ်။ ဘယ်သူမှ  ကိုယ့်ကို လာကန့်သတ်တာမဟုတ်ပေမယ့်၊ကိုယ့်စိတ် ကိုကိုယ်ပြန်ကန့်သတ်ပြီးသားဖြစ်သွားတယ်။
 
မေး -နိုင်ငံရေးလောကထဲကို ဝင်လိုက် တာက အစ်မဘဝရဲ့ပြောင်းလဲမှုတစ်ခုလို့ ပြောလို့ရနိုင်မလား။
 
ဖြေ-ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။ ကျွန်မက နိုင်ငံရေးဆိုတာထက် ပရဟိတကိုပိုစိတ် ဝင်စားတယ်။ ကိုယ့်ကိုယ်ကိုယ် နိုင်ငံရေးသမားတစ် ယောက်ဖြစ်လာလိမ့်မယ်လို့လည်း မတွေးမိခဲ့မိဘူး။ ဒါပေမဲ့နိုင်ငံရေး သမားတွေကို လေးစားတယ်။ ဘာ ကြောင့်လဲဆိုတော့ သူ တို့တွေက သူတို့တွေရဲ့ ဘဝတွေကို စွန့်ပြီးတော့ လုပ်ကြတဲ့သူတွေပါ။ အဲဒီအတွက်ကြောင့် နိုင်ငံရေးသမားတွေနဲ့ သွားလာရင်းကနေ  ကိုယ်ကလည်း  နိုင်ငံရေးသ မားဖြစ်မှန်းမသိ ဖြစ်လာတယ်။ နောက်ဆုံး NLDပါတီ ကိုဝင်ဖြစ်ခဲ့တယ်။ ဝင်ပြီးတဲ့ အခါမှာလည်းအခုအချိန်ထိနိုင်ငံရေးသမားတစ်ယောက်လို့ မခံယူ ပါဘူး။ အဓိကကေ တာ့ ပရဟိတသမားပါပဲ။ ပရဟိတစိတ်ကိုပဲ အခြေခံ ပြီးတော့ သွားနေတာပါ။
 
မေး-အစ်မလိုအနုပညာသမားတစ်ယောက်က ပရဟိတကျောင်းကိစ္စ တွေနဲ့ ပါတီကိစ္စတွေလုပ်ရတဲ့အခါမှာစိတ်လွတ်လပ်မှုကော အပြည့်ရရဲ့ လား။ရုံးလုပ်ငန်းတွေက အနုပညာသမားတစ်ယောက်ရဲ့ စိတ်ကိုကျဉ်း ကြပ် စေလိမ့်မယ်လို့ထင်တယ်။
 
ဖြေ-ဟုတ်တယ်။ ကျွန်မအနေနဲ့ ကိုယ့်ရဲ့အဖွဲ့ကလူတွေနဲ့ အစည်းအဝေး လုပ်ရတယ်။ စာတွေဖတ်ရ တယ်။ စည်းစနစ်တကျနဲ့ ရုံးပုံစံကြီးနဲ့ သွား ရတယ်။ ပြောမယ်ဆိုရင် ကျွန်မဘဝမှာ မလုပ် ချင်ဆုံးက အဲဒါပဲ။ ရုံးစာတွေဖတ်ရတာ အရမ်းစိတ်ညစ်တယ်။အဆင့်ဆင့်ပြန်တင် ပြရတာတွေပေါ့။ ဝါသနာမပါသော အလုပ်ပေါ့။ ဒါပေမဲ့ လုပ်ဖြစ် သွား တယ်။ လုပ်ရင်းနဲ့ တစ်ခါတလေစဉ်းစားတယ်။ ငါ တစ်ခါမှ မတွေးခဲ့ မိတာတွေလုပ်နေဖြစ်တယ်။ စစလုပ်ချင်းတော့ စိတ်ရှုပ်တယ်။ အနု ပညာသမားဆိုတော့ လွတ် လွတ်လပ်လပ်ပဲဘာမဆိုနေ တတ်တဲ့လူဆို တော့ စည်းနဲ့ဘောင်နဲ့ ပုံစံခွက်ကြီးထဲကို ဝင်လိုက်သလိုဖြစ်သွား တဲ့အခါမှာ နည်းနည်းတော့ စိတ်ရှုပ်သွား တယ်။ ကြာလာေ တာ့လည်း နည်းနည်းအသားကျလာတယ်။ နောက်ကိုယ့်ကိုယ်ကိုယ်လည်း တွေး တယ်။  ငါပရဟိတဝါသနာပါတယ်မဟုတ်လား။ ဒါ ပရဟိတ လုပ်နေ တာပဲပေါ့။ အဲဒီလို စိတ်ကို ပြောင်းလိုက်တော့ နည်းနည်း စိတ်သက် သာရာရတယ်။ ငါ ငွေရှာနေတာ မဟုတ်ဘူး။ ကုသိုလ် ရှာနေတာ။ ရုံးမှာလာပြီးကုန်ဆုံးသွားတဲ့ ငါ့ရဲ့အချိန်တွေက ငါကုသိုလ်တွေ အများ ကြီးရတယ်လို့ပဲ တွေးတော့တယ်။
 
မေး-အခုလက်ရှိလျှောက်နေတဲ့ လမ်း ၃ လမ်းမှာ အစ်မဘယ်လမ်းကို ပိုလျှောက်ဖြစ် နေလဲ။ တစ်လမ်းတည်းကို ပိုလျှောက်နေပြန် ရင်လည်း ကျန်တဲ့ ၂ လမ်းက ကျန်ခဲ့မှာကို ရော စိုးရိမ်စိတ်ရှိလား။
 
ဖြေ-သုံးခုစလုံးကိုတော့ အရေးကြီးရင် ကြီးသလိုမျိုး လုပ်ဆောင်သွား ရမှာပေါ့။ ဒါပေမဲ့ ကျွန်မထင်ပါတယ်။ ကျွန်မရဲ့ တိုက်ထက်စာရင် တော့ ပါတီနဲ့ကျောင်းကိုပိုပြီးေ တာ့ ဦးစားပေး ဖြစ်မယ်ထင်ပါတယ်။အခုကိုမြအေးရဲ့ ဝတ္ထုကို ဇာတ်ကားအဖြစ် ရိုက်ပြီးသွားပြီ။တကယ်ဆို ဒီအချိန်က ကျွန်မကားဆက်လို့ပြီးရမယ့်အချိန်ပေါ့။  ဒါပေမဲ့  ကားမဆက်နိုင် သေးဘူး။ ပါတီကိစ္စတွေနဲ့ ကျောင်းကိစ္စ တွေရယ်ကို အချိန်အပြည့်ပေးထား ရတယ်။ ကိုယ့်ဇာတ်ကားဆိုတာက ကိုယ်နဲ့ ကိုယ့်ရဲ့ မိသားစုအတွက် ပါ။ ကျောင်း ကိစ္စက ပြည်သူတွေအတွက်ပါ။ ရေရှည်မှာ တော့ နှစ်ဖက်ပြန်မျှရမှာပေါ့။ နောက် ပိုင်းဆိုရင်တော့ တစ်နှစ်ကို ၆ကားနှုန်းနဲ့ပဲ သွားဖြစ်လိမ့်မယ်ထင်တယ်။ တစ်လ တစ် ကားတော့ ရိုက်နိုင်မှာမဟုတ်ဘူး။ သူများ တွေ တစ်လသုံးကားရိုက်နေ တဲ့အချိန်မှာ တစ်လတစ်ကားတောင်မရိုက်နိုင်လောက်တော့ဘူး။ ပြောရမယ်ဆိုရင် ကျွန်မက ပရဟိတရော၊ နိုင်ငံရေးရော၊ ရုပ်ရှင်ရောဆိုတော့ လမ်း ၃ခုကို တစ်ပြိုင်တည်း ပြေး နေသလို ဖြစ်နေတာပေါ့။
 
 မေး-နိုင်ငံရေးလောကက ရှုပ်ထွေးတယ်လို့ အစ်မကိုပြောကြတဲ့သူ တွေလည်း ရှိမှာပါ။ အဲဒီတော့ အစ်မအနေနဲ့ ဘယ်လိုခံယူချက် တွေနဲ့ ဆက်သွားမှာလဲ။
 
ဖြေတချို့ကပြောကြတယ်။ နိုင်ငံရေး လောကဆိုတာ တအားရှုပ် ထွေးတယ်။  ကြည်ဖြူသျှင်  နင် ဖြစ်ပါ့မလားပေါ့။ အဲဒီတော့ ကျွန်မကပြောလိုက်တယ်။ ငါရိုးရိုးလေးပဲ   တွေးမယ်။ ရိုးရိုးလေးပဲ လုပ်မယ်။ တချို့က စာအုပ်တွေ အများကြီး ဖတ်သင့်တယ်ပေါ့။အတိတ်က ဘာတွေဖြစ်ခဲ့လဲ၊ ဘယ်လိုတွေ လှည့်ကွက်တွေ ရှိခဲ့ တယ် ဆိုတာ   လေ့လာသင့်တယ်ပေါ့။ တော်ပြီမတွေး တော့ဘူး။ တအားတွေး လေ၊ တအားရှုပ်လေပဲလေ။ ကျွန်မကတော့ အနုပညာကိုလည်း ပရိသတ်အတွက် အကောင်းဆုံးဖန် တီးမယ်။အဖြူဆုံးစေတနာထား မယ်။ အဲဒီလိုပဲ နိုင်ငံရေး လုပ်တဲ့အခါမှာလည်းပြည်သူတွေအတွက် စေတနာထားမယ်။ ကိုယ့်ရဲ့စိတ်ကို အရိုးသားဆုံးနဲ့ အဖြူစင်ဆုံး ထားမယ်။ သူများ ကိုယ့်ကို ဘယ်လိုတွေးတွေး၊ ဘယ်လိုလုပ် လုပ် ကိုယ်ကတော့ အဖြောင့်အတိုင်းပဲသွားမယ်။ ကြည်ဖြူသျှင် နင် ဖြောင့်လွန်းအားကြီးနေတယ် လို့ ပြော ကြလည်း ကျွန်မကတော့ ဂရု မစိုက်ဘူး။ အဖြောင့်အတိုင်းပဲ သွားမှာပါ။

 Popular ။

No comments:

Post a Comment