ကာတာ လေကြောင်းလိုင်းမှ ရန်ကုန်- ဒိုဟာ ခရီးစဉ်ကို နေ့စဉ်ပျံသန်းပြေးဆွဲမည်

ကာတာနိုင်ငံ၏ အမျိုးသားလေ ကြောင်း လိုင်းဖြစ်သော ကာတာအဲ ဝေးမှ ခရီးသည် များအတွက် ကမ္ဘာ တစ်ဝန်းရှိ ခရီးစဉ် ၉ဝ ကျော်နှင့်ချိတ် ဆက်၍ ဒိုဟာ- ရန်ကုန် ခရီးစဉ်ကို နေ့စဉ်တိုးချဲ့ပျံသန်းမည့်အကြောင်း စာနယ်ဇင်းရှင်းလင်းပွဲကို အောက်တို ဘာ ၅ရက်၊နံနက် ၁ဝနာရီက The Strandဟိုတယ်တွင်ကျင်းပပြုလုပ် ခဲ့ သည် ။အဆိုပါအခမ်းအနားတွင် ကာတာ လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်Mr. Ahbar Al Baherက ကာတာလေကြောင်းလိုင်း၏ ဒိုဟာ- ရန်ကုန်ခရီးစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ကာ မေးမြန်းမှုများကို လည်း ပြန်လည်ဖြေကြားခဲ့ သည်။ကာတာ လေကြောင်း လိုင်းသည်ရန်ကုန်မြို့ ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲတဲ့ အစီအစဉ်ကို အောက်တို ဘာ ၂၈ နေ့မှစပြီး အပတ် စဉ် နေ့စဉ်ပြေးဆွဲမှာဖြစ် ကြောင်းသိရသည်။ ၁၉၉၄ ခုနှစ်မှာစတင်ပြေးဆွဲခဲ့သောကာ
တာလေကြောင်းလိုင်းသည် ယခုအချိန်မှာ လေယာဉ်ပေါင်း ၁၁၁စင်းဖြင့်ကမ္ဘာတစ်ဝန်းရှိ စီးပွားရေးနှင့်အပန်းဖြေဒေသပေါင်း    ၁ ၁၉နေရာကိုပျံသန်းပြေးဆွဲလျက်ရှိတယ်လို့သိရပါတယ်။

Popular Myanmar ။

No comments:

Post a Comment