ပြည့်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သမ္မတဦးသိန်းစိန် ထပ်မံရွေးချယ်ခံရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေး
ပါတီက ပထမဆုံးအကြိမ် ကျင်းပသော
 ပါတီညီလာခံတွင် ပါတီဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌ
များ၊ အ ထွေထွေအတွင်းအရေးမှူး အပါ
အ၀င် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်
၄၄ ဦးကို ရွေးချယ် အတည်ပြုခန့်အပ်လိုက်ရာ၊ ပါတီ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ပင်
 ဖြစ် လာသည်။

လေးရက်ကြာ ကျင်းပသောညီလာခံအစည်းအဝေး၏သုံးရက် မြောက်နေ့(ယနေ့)
တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး နယ်မြေ ၁၉ခုအတွက် ဗဟိုကော်မတီဝင်
 ၂၉၀ကျော်ကို စတင်ရွေးချယ်သည်။

ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၄ ဦးကို ထပ်မံရွေးချယ်ခဲ့ရာ ယခင်ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်များအားလုံး ရွေးချယ်ခံရပြီး
၎ဦး မှာ ထပ်တိုးလာသည်။

ဒုတိယဥက္ကဋ္ဌမှာ ယခင်တစ် ဦးသာ ရှိရာမှ သူရဦးရွှေမန်း၊ သူရ ဦးအေးမြင့်၊
 ဦးဌေးဦး သုံးဦးဖြစ်လာပြီး၊ သူရဦးရွှေမန်းမှာ ပါတီ ဥက္ကဋ္ဌက တာဝန်မ

ထမ်းဆောင် သေးသည့်အတွက် ဥက္ကဋ္ဌတာဝန် ကိုပါ ပူးတွဲတာဝန်
ထမ်းဆောင် ရမည်ဖြစ်သည်။

ယခင်ဦးဌေးဦး တာဝန်ထမ်းဆောင်ခဲ့သော အ ထွေထွေအတွင်းရေးမှူးရာထူးကို
  ဦးမောင်မောင်သိမ်းက လက်ခံ ရရှိသည်။ လက်ရှိ ဗဟိုအလုပ်အ မှုဆောင်
 ကော်မတီဝင်များထဲတွင် သမ္မတဦးသိန်းစိန်အပါအ၀င် ၁၁ ဦးမှာ ပြည်ထောင်စု
အစိုးရအဖွဲ့ တွင် တာဝန်ထမ်းဆောင်နေပြီး၊ ငါးဦးမှာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်နေသည်။

ထို့အပြင် ပါတီမူဝါဒနှင့် လုပ်ငန်းစဉ်များကိုလည်း ပြန်လည်ရေးဆွဲပြဋ္ဌာန်း
ခဲ့ပြီး နိုင်ငံရေး မူဝါဒအဖြစ် အမျိုးသား အကျိုးစီးပွားကို ဦးထိပ်ထား၍
 ပါတီစုံဒီမိုကရေစီစနစ်ကို လက်ခံကျင့်သုံးမည်ဆိုသော အချက်
များ ပါဝင်သည်။

7 DAy news ။

No comments:

Post a Comment