အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ် လှည့်လည်ပူဇော်ပွဲ စတင်

ရှမ်းပြည်နယ် တောင်ပိုင်းရှိ အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များကို အင်းလေးကန်ပတ်လည်ရှိ ကျေးရွာများနှင့် ညောင်ရွှေမြို့အပါအ၀င်(၂၁)ဌာန သို့ ပထမဦးဆုံးဌာနဖြစ်သည့် အင်းတိန်ကျောင်းသို့ အောက်တိုဘာလ ၁၆ရက်နေ့ နံနက် ၇ နာရီက စတင် ကြွချီခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။စတင်မကြွချီမီ ပထမပိုင်း အစီအစဉ်အဖြစ် နံနက် ၄ နာရီမှ ၅နာရီအတွင်း ဆရာတော် သံဃာတော်များနှင့် ပရိသတ်အားလုံးက နမ္မောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ပြီး အင်းလေး နမ့်ဟူးကျောင်းရဟန်းတော် ဦးဝိဇယကမာရ်အောင်
မင်္ဂလာဂါထာတော်ဖြင့် ပူဇော်၍ ကြေးစည်၊
16mt
 ခရုသင်းများ တီးမှုတ်ပြီး ဆန်ပန်း ပေါက်ပေါက်များ ကြဲမြှောက်ပူဇော်ခဲ့ကြကြောင်း၊ ထူးမခြားနား ရောင်ခြည်တော်ဖွင့် ဓမ္မပူဇာတေးဖြင့် သီဆိုပူဇော်ခဲ့ကြောင်း သိရသည်။
16mt1s
ဆက်လက်၍ တောင်ခြေကျောင်း ဆရာတော်ဦးကောဝိဒက "ကောင်းကင် ခြိမ့်ညံကြွေးကြော်သံ" ဂါထာနှင့် ရွှေညဏ်ဖွင့်ဂါထာများ ရွတ်ဖတ်ပူဇော်ခဲ့ကာ ဆရာတော် သံဃာတော်အပေါင်းက အနေကဇာတင်ခဲ့ကြကြောင်း၊ ထို့နောက် အင်းလျားကျောင်းဆရာတော်မှ ဇယန္တောဗောဓိယာမူလေ စသော အောင်ဆုပေး (၂)ဂါထာဖြင့် ရွတ်ဆိုပူဇော်ပြီး မေတ္တာရွှေရည် အမျိုးသမီးအဖွဲ့က ဘုရားပင့်ဂါထာများ ရွတ်ဆိုပူဇော်ခဲ့ကာ ရှမ်းပြည်နယ် ၀န်ကြီးများနှင့် တာဝန်ရှိသူများ၊ ဂေါပက အဖွဲ့ဝင်များနှင့် အလှူရှင်များက ရုပ်ပွားတော်မြတ်များအား ဆွမ်းတော်ကြီး၊ ပန်း၊ ဆီမီး၊ ရေချမ်းတော်၊ ရွှေသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်း ပူဇော်ခဲ့ကြောင်း သိရသည်။
အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီရာ ညောင်ရွှေမြို့သို့ အောက်တိုဘာလ ၂၂ရက်နေ့တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ ညောင်ရွှေ မြို့တွင် အောက်တိုဘာလ၂၂၊ ၂၃၊ ၂၄ရက် စုစုပေါင်းသုံးရက် အဋ္ဌဒိသာဓမ္မ၀ိဟာရ စံကျောင်းတော်တွင် နေ့ညကိန်းဝပ် အပူဇော်ခံမည်ဖြစ်ရာ အဆိုပါ ညောင်ရွှေမြို့ ပွဲတော်ရက်များအတွင်း ပိုက်ကျော်ခြင်း၊ ဘော်လီဘော၊ အင်းသားရိုးရာ မတ်တပ်ရပ်၍ ခြေထောက်ဖြင့် လှော်ခတ်သည့်အမျိုးသား ရာကျော်လှေ ၄၆ တက်၊ အမျိုးသမီး ၂၆တက် လှေပြိုင်ပွဲများ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ELEVEN media group ။

No comments:

Post a Comment