ဖြစ်ပေါ်လာသည့် အကျိုးဆက်များ ပေါ်မူတည်၍ မြန်မာ-၀မ်ပေါင်က ဥပဒေအရ ဆောင်ရွက်မည်ဟုဆို

                                                               လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍
 နောက်ပိုင်းတွင် ကုမ္ပဏီနာမည်အား
ထိခိုက်မှုများလာနိုင် သည့် အကျိုးဆက်များဖြစ်လာပါက
 သုံးသပ်ပြီး ဥပဒေကြောင်းအရ အရေးယူ
ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း မြန်မာ-၀မ်ပေါင် 
ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက
အောက်တိုဘာ လ ၁၅ ရက်တွင် ပြုလုပ်သောရှင်းလင်းပွဲ၌ ပြောသည်။
အဆိုပါကုမ္ပဏီ၏ အထွေထွေမန်နေ ဂျာ မစ္စတာဂန်းရီက “ကျွန်တော်တို့ ထပ် ဖြစ်လာမည့်
နောက်ဆက်တွဲဖြစ်ရပ်တွေ ကိုကြည့်ပြီး ဆုံးဖြတ်ပါမယ်။ ဆုံးဖြတ်ပြီး ရင် ကုမ္ပဏီနာမည်ကို ထိခိုက်
လာတာမျိုး များလာပြီဆိုရင်တော့ ဥပဒေကြောင်း အရ ဆောင်ရွက်တော့မှာပါ။ ကျွန်တော် တို့မှာ
ဒီလိုလုပ်ပိုင်ခွင့်ရှိပါတယ်” ဟု သတင်းဌာနတစ်ခုက ဘာသာရေးဆိုင် ရာ ဘုရား၊ ပုထိုး ဖျက်ဆီးခံရ
သည်ဟု သတင်းလွှင့်မှုအပေါ်တွင် ကုမ္ပဏီက ပြန်လည်ဖြေရှင်းမှုပြုလုပ်သော သတင်းစာရှင်းလင်းပွဲ
၌ ပြောကြားသည်။
မြန်မာ-၀မ်ပေါင် ကုမ္ပဏီနှင့် မြန်မာ-ယန်စီ ကုမ္ပဏီသည် တရားဝင်မှတ်ပုံတင်ထားသော ကုမ္ပဏီများ
ဖြစ်ပြီး ရေရှည်လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးရှိစေရန် ရည်ရွယ်
ထားကြောင်း၊ အစောပိုင်းကတည်းက မြန်မာနိုင်ငံ၏ ဘာသာ၊ သာသနာ လုပ်ထုံးလုပ်နည်းများကို
လေးစားမှုရှိရန် ကော်မတီက ညွှန်ကြားထားပြီးဖြစ်ကြောင်း ၎င်းကပြောသည်။
အောက်တိုဘာလ ၉ ရက်နေ့တွင် ၀က်မှေးရွာဟောင်းမှ ကိုအောင်ဇော်ဦးက ရုပ်သံသတင်းမီဒီယာ
တစ်ခု၏ မေး မြန်းချက်တွင် “လယ်တီဆရာတော် ဘုရားကြီး သတင်းသုံးသွားခဲ့တဲ့ ဘုရား စေတီနဲ့

ကျောင်းကို မိုင်းခွဲဖျက်ဆီးလိုက်တာပါ။ ဒီကိစ္စကို ညောင်ပင်ကြီးရဲစခန်းကိုတိုင်ပြီး တရားစွဲဖို့ စီစဉ်
ထားပါတယ်” ဟု ဖြေကြားထားပြီး မိုင်းခွဲသည့် ရိုက်ကွက်နှင့် စေတီရိုက်ကွက်ကို တစ်ကန့်စီ
ဆက်တိုက် ထုတ်လွှင့်ပြသခဲ့သည်။
“ဒီလိုကိစ္စမျိုးက အရမ်းကိုအန္တရာယ်ကြီးပါတယ်။ ကုမ္ပဏီနဲ့ နိုင်ငံတွင်းမှရှိနေတဲ့ သံဃာ့အဖွဲ့အစည်း
တွေကို ရန်တိုက်ပေးနေတဲ့သဘောပါ။ အရေးကြီးတဲ့ကိစ္စ ဖြစ်နေလို့ အမှန်တရားကိုရှင်းရတာပါ”ဟု
စီမံကိန်းဒါရိုက်တာ ဦးမောင်မောင်တင့်က ပြောသည်။
လက်ရှိတွင် အဆိုပါမိုင်းခွဲသည့်နေရာ နှင့် စေတီမှာ ကိုက် ၅၀၀ ကျော်ခန့် အကွာ အဝေးတွင်ရှိ
ကြောင်း ပြောကြားခဲ့ပြီး ၁၃ ရက်နေ့တွင် ရိုက်ကူးထားသော စေတီတော်၏ပုံကို ပြသခဲ့သည်။
အဆိုပါမေးမြန်းရိုက်ကူးသော သတင်းဌာနမှ သတင်းထောက်တစ်ဦးက ရိုက်ကွက်အနေဖြင့်
အထင်လွဲမှားစရာပုံစံဖြစ် ပေါ်ခဲ့သော်လည်း မေးမြန်းချက်များမှာ ၀က်မှေးရွာဟောင်းမှ
ကိုအောင်ဇော်ဦး ၏ ဖြေကြားချက်များကို အခြေပြုတင်ဆက်ထားခြင်းဖြစ်ကြောင်းပြောသည်။
မစ္စတာဂန်းရီက “ဒီကိစ္စက စီမံကိန်းတစ်ခုလုံးကို နာမည်တော်တော်ထိခိုက်စေတာမျိုးမို့ ဝေဖန်ချင်
ပါတယ်။ အချို့ မီဒီယာတွေ မဟုတ်မမှန်သတင်းတွေ ကြားရလည်း သေချာအောင်လာရောက် ပြီး
မေးမြန်းစေလိုပါတယ်။ ဒီတစ်ခါက တော်တော်အရေးကြီးလို့ အခုလိုခေါ် ပြောရတာပါ”ဟု ဆိုသည်။
လေ့လာသိရှိသမျှ ကျမ်းဂန်များနှင့် အထောက်အထားများအရလည်း လယ်တီဆရာတော်ကြီးသည်
အဆိုပါ စေတီနေရာ၌ ၁၂၆၅ ခုနှစ်ခန့်က တစ်ဝါဆိုခဲ့ပြီး နတ်တော်လဆန်း ၈ ရက် နေ့တွင်
ကင်းဝန်မင်းကြီးက ဆရာတော် ကျန်းမာရေးချို့တဲ့သဖြင့် လာရောက် ပင့်ဆောင်သွားခဲ့ခြင်းဖြစ်ကာ
မည်သည့် ဘုရားတည်၊ ကျောင်းဆောင်ခြင်းမျိုးမှ မရှိခဲ့ကြောင်း ကြေးနီတူးဖော်ရေးမှ စီမံကိန်း
တာဝန်ခံဖြစ်သူ ဦးမျိုးအောင်က ပြောကြားသည်။

မြန်မာတိုင်း ။

No comments:

Post a Comment