ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေသုဝဏ္ဏမိုးလုံလေလုံ အားကစားရုံ၌ပြုလုပ်မည်

ယခုနှစ်မြန်မာ့ရုပ်ရှင် ထူးချွန်ဆု(အကယ်ဒမီ)ချီးမြှင့်ခြင်းကို ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံအား ကစားရုံ ၌ပြုလုပ်သွားမည်ဟု မြန်မာ့ ရုပ်ရှင်လုပ်ငန်းမှ တရားဝင်သတင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကို ၂၀၀၇ ခုနှစ်မှစတင်ကာ နေပြည်တော်၌ ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်ပြီး ခြောက်ကြိမ်ကျင်းပ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်တွင် ရန်ကုန်မြို့၌ ပြောင်းလဲ ကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ရန် အတွက် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများအား စိစစ်အကဲဖြတ်ခြင်းမှာ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး အောက်တိုဘာလ ပထမပတ် မှစတင်ကာ ဒုတိယအဆင့် အကဲဖြတ်မှုများကို ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
  Eleven Media Group

No comments:

Post a Comment