စစ်တွေမြို့ ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာသည် ဒဏ်ရာရ လူနာများစာရင်း

ဘင်္ဂလီ-မြန်မာအရေးအခင်းတွင်ဒဏ်ရာ  အပြင်းအထန်ရရှိပြီးစစ်တွေမြို့
 ပြည်သူ့ ဆေးရုံးသို့ ရောက်ရှိလာ သည် ဒဏ်ရာရ လူနာများ။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ချက်ရခိုင်ပြည်နယ်တွင် မြို့နယ် ခြောက်မြို့နယ်တွင် ဖြစ်ပွားလာသော ပဋိပက္ခများကြောင့်  အောက်တိုဘာ ၂၅ ရက်အထိ ရရှိသောစာရင်းအရ သေဆုံးသူ ဦးရေမှာ ရခိုင်၊ ဘင်္ဂါလီ စုစုပေါင်း ၆၄ ဦး(ကျား ၃၃ ဦး၊ မ ၃၁ ဦး)ရှိပြီး ဒဏ်ရာရရှိသူမှာ ကလေး ၁၀ ဦး၊ မ လေးဦး၊ ကျား ၆၈ ဦး ရှိကာ မီးလောင်မှုကြောင့် အိမ်ခြေ ၂၃၀၀ ကျော်
 ပျက်စီးခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ် တမ်းပြုစုရေးဆပ်ကော်မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က Eleven Media Group သို့ အောက်တိုဘာလ ၂၆ ရက်နေ့ ပြောကြားခဲ့သည်။

တူမီးသေနတ် ၄၀ ကျော်ကို ရခိုင်နှင့် ဘင်္ဂါလီတို့ထံမှလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်တစ်လျှောက် လုံးတွင် ဓား၊ လှံ၊ လက် နက်များလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အခုလက်ရှိ ဖြစ်ပေါ်နိုင်ခြေရှိသည်ဟု ယူဆရသည့် ကျေးလက်ဒေသများတွင်လည်း လုံခြုံရေးအပြည့်အ၀ ပေးထားကြောင်း၊  နောက်ထပ် ပဋိပက္ခများ မဖြစ်ပွားစေရေးအတွက်လည်း ဒေသခံများနှင့် အစိုးရအဖွဲ့ ၀င်များနှင့်ညိနှိုင်းဆောင်ရွက်ေ နကြောင်း၊ ပေါက်တောမြို့နယ်နှင့် ကျောက်ဖြူမြို့နယ် များတွင် ဖြစ်ပွားခဲ့သောပဋိပက္ခများကြောင့် ထွက်ပြေးလာခဲ့သည့် ဘင်္ဂါလီများကို မောင်တောမြို့နယ် မြောက်ပိုင်းတွင် ထားရှိရန် ဒေသခံအဖွဲ့

တူရကီ C-130 လေယာဉ် ၂ စင်း ဘာကြောင့် မြန်မာပြည်ရောက်နေသလဲ ?

တူရကီ နိုင်ငံက စစ်လေယာဉ် ၂ စီး ရောက်ရှိနေသည့်အပေါ် သမ္မတ ရုံ့း ညွှန်ကြားရေးမှူး ( ဖေ့စ်ဘုတ် အမည် မှူးဇော်) ၏ စာမျက်နှာတွင် အသိပေး ကြေညာထားပါတယ်။ 

အဆိုပါ လေယာဉ် ၂ စီး ဆိုတာ C- 130 လေယာဉ်များဖြစ်ပြီး ရခိုင်ပြည်နယ်တွင်း ဒုက္ခခံစားနေရတဲ့ လူမျိုး၊ ဘာသာမရွေး ကူညီထောက်ပံ့မှုများအတွက် ထောက်ပံ့ ပစ္စည်းတွေ သယ်လာတဲ့ လေယာဉ်တွေ ဖြစ်တယ် လို့ ဆိုပါတယ်။ 

တောင်ကြီးမြို့တွင် လူသတ် ပစ္စည်းယူ အလောင်းဖျောက်ဖျက် တရားခံနှစ်ဦး ဖော်ထုတ် ဖမ်းဆီး ရမိ

ရှမ်းပြည်နယ် တောင်ကြီးမြို့ ဘုရားဖြူ
 ရပ်ကွက် ပန်းသစ္စာ လမ်းတွင် လူသတ်၊
ပစ္စည်းယူ၊ အလောင်း ဖျောက်ဖျက်သူ
များ အား အောက်တိုဘာ၁၉ ရက်က
 ဖော်ထုတ် ဖမ်းဆီး ရမိ ကြောင်း
သိရသည်။


ဖြစ်စဉ်မှာ တောင်ကြီးမြို့ ညောင်ရွှေ ဟော်ကုန်း ရပ်ကွက် နယ်မြေ(၂) ခြင်္သေ့လမ်းနေ ဦးငွေစိုး သည် အောက်တိုဘာ ၁၈ ရက် မွန်းတည့် ၁၂ နာရီက အမှတ် (၂) ရဲစခန်းသို့ ရောက်ရှိ လာပြီး ၎င်း၏ ညီဖြစ်သူ ဦးငွေတိုး ၅၇ နှစ် (ဘ) ဦးခွေးမှာ လွန်ခဲ့သော ၁ဝ ရက်ခန့်က နေအိမ်မှ TOYOTA VITZ မော်တော် ယာဉ်တစ်စီး၊ တရုတ်နိုင်ငံလုပ် မော်တော် ဆိုင်ကယ် တစ်စီးနှင့် ဝ၉-၅၂၁ဝ၂၂၈ နံပါတ်ပါ လက်ကိုင်ဖုန်း တစ်လုံး တို့နှင့် အတူ ပျောက်ဆုံး နေကြောင်း လာရောက် သတင်း ပို့ခဲ့သည်။

ဆက်လက်၍ တောင်ကြီး အမှတ်(၂) ရဲစခန်းမှ (၁/၂ဝ၁၂)ဖြင့် ရေးဖွင့်၍ ဦးငွေတိုးနှင့် အတူ ပါသွားသော လက်ကိုင်ဖုန်းအား ဆက်သွယ်ရာ ကလောမြို့ရှိဖုန်းအရောင်း ဆိုင်တွင် ရောက်ရှိ နေသည်ကို သိရှိ ရသဖြင့်

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ALP သဘောထား ထုတ်ပြန်

၁။ ယခုလက်ရှိဖြစ်ပေါ်နေသည့် ခိုးဝင်
သူဘင်္ဂါလီများ၏ အကြမ်းဖက်သောင်း
 ကျန်းနေမှုများသည် မြန်မာနိုင်ငံ တွင်း
 ပြုပြင်ပြောင်းလဲရေး ကာလတွင် လူမျိုး
သစ်တခုအဖြစ် အသိအမှတ်ပြုခံ ရရေး

အတွက် ကြိုတင်စီစဉ် အကွက်ချ လုပ်ဆောင် နေသည့် တဖက်နိုင်ငံမှ ခိုးဝင်သူ ဘင်္ဂါလီမူဆလင်များနှင့် ၄င်းတို့ကို အားပေး အားမြှောက် ပြုနေ သည့်  နိုင်ငံ များနှင့် အကြမ်း ဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်သာဖြစ်သည်။

၂။         ရခိုင်လူမျိုးများအား တမြေတည်းနေတရေတည်းသောက် ညီနောင်တိုင်းရင်းသားအဖြစ် အမှန်တကယ်သတ်မှတ် ပါက မိမိတို့၏ ဘိုးစဉ်ဘောင်ဆက်ပိုင်နက်နယ်မြေကို ဘင်္ဂါလီများလက်တွင်းသို့ မကျရောက်ရေး အသက်ပေးကြိုးပမ်းနေ သည့် ရခိုင်တို့၏လုပ်ရပ်အား မြန်မာအုပ်ချုပ်သူအစိုးရနှင့် မြန်မာပြည်သူတရပ်လုံးအနေဖြင့် ရခိုင်တို့နှင့် လက်တွဲပူးပေါင်း ပါဝင် သင့်သည်။

၃။   ယခုဖြစ်ပေါ်နေသည့် ဘင်္ဂါလီမူဆလင်များ၏ အကြမ်းဖက်သောင်းကျန်းနေမှုများကို လက်ရှိအစိုးရ

ကျိုက်ထီးရိုးဘုရား အမှီပြု၍ အဂတိလိုက်စားမှု အရေးမယူလျှင် ဆန္ဒပြမည်ဟု MDCFကပြော

ကျိုက်ထီးရိုးဘုရား အမှီပြု၍ အဂတိ လိုက်စားနေမှုများကို သက်ဆိုင်ရာ တာဝန်ရှိ သူများမှ အရေးယူဆောင်ရွက်မှု မရှိပါက ဆန္ဒပြတောင်းဆိုသွားရန် ရှိကြောင်း ဒီမိုကရေစီစဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) မှခေါင်းဆောင် ကိုထင်ကျော်ကပြောသည်။ "သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒီလိုမှ မဆောင်ရွက်ပေးရင် ကျွန်တော်တို့ နည်းဗျူးဟာအတိုင်း လုပ်မယ့်နေ့ကို သတ်မှတ်မယ်။ မလုပ်ခင် တစ်ပတ်သုံးရက်ကြိုပြီး အားလုံးကို အကြောင်းကြားသွားမယ်။ နိုင်ငံရေးအရ ဆောင်ရွက်သွားမယ်" ဟု ၎င်းကပြောသည်။

လေလံစနစ်ကြောင့် အဓမ္မအလှူခံခြင်း၊ ဘုရားဖူးရာသီတွင် တည်းခိုခန်းခတစ်ည လျှင် ကျပ်သုံးသောင်းမှ လေးသောင်းထိယူနေခြင်း၊ အိပ်ခန်းတစ်ခန်း လျှင် တစ်ညတည်းခိုခ ကျပ်တစ်သိန်းအထိ ယူနေခြင်းများကို တားမြစ်ပေးရန် နိုင်ငံတော်သမ္မတရုံးသို့ ယခုလ ၁ ရက်တွင် တိုင်ကြားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။ အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ MDCF သည် ယနေ့ နေလည် ၁

ရုပ်သံ ၁ဝ လိုင်း ယခုလအပြီး Sky Net တိုးချဲ့မည်

ထုတ်လွှင့်ပေးမည် ဖြစ်ကြောင်း ရွှေသံလွင်ကုမ္ပဏီမှ သိရသည်။ အဆိုပါ ရုပ်သံလိုင်း ၁ဝ လိုင်းကို ယခုလ ၁ ရက်နေ့မှစ၍ တိုးချဲ့ ထုတ်လွှင့်ပေးသွားမည်ဟု ထုတ်ပြန် ထားခဲ့ပြီး လက်ရှိတွင် ရုပ်သံလိုင်း တစ်လိုင်းချင်းသာ ထုတ်လွှင့်ပေး လျက်ရှိသည်။ ''နည်းပညာ အခက်အခဲ အနည်းငယ် ရှိနေတဲ့ အတွက် ရုပ်သံလိုင်းတစ်လိုင်း ချင်းသာ တိုးချဲ့ ထုတ်လွှင့် ပေးနေရတာပါ။ ၁ဝ လိုင်းလုံးကိုတော့ ဒီလထဲမှာ အပြီး လုပ်ဆောင် ပေးမှာပါ'' ဟု Sky Net ရုပ်သံမှ ကိုသိန်းသန်းဦးက ပြောသည်။
လက်ရှိတွင် ရုပ်သံလိုင်းများ တိုးချဲ့ထုတ်လွှင့်ပေးရာတွင် ရုပ်သံလိုင်း ၇ လိုင်းခန့်ရှိနေပြီဟု ၄င်းက ပြောကြားထားခဲ့သော်လည်း အချို့ Sky Net စက်များတွင် တိုးချဲ့ထုတ် လွှင့်ပေးသည့် ရုပ်သံလိုင်းများကို ဖမ်းယူကြည့် ရှုနိုင်ခြင်း မရှိသေးကြောင်း သုံးစွဲသူအချို့ထံမှ သိရသည်။ ''အောက်တိုဘာလ ၁ ရက် နေ့ကစပြီး လိုင်းတွေတိုးချဲ့ပေးမယ်လို့ သတင်း တွေ ကြားရပါတယ်။ ဒါပေမဲ့ အခုအချိန် အထိ ဘယ်နှလိုင်းမှတိုးပြီး မကြည့်ရ သေးပါဘူး'' ဟု ပုဇွန်တောင်မြို့နယ်မှ Sky Net တပ်ဆင်ထားသူ ဒေါ်ဝင်းဝင်းမော်က ပြောသည်။ အဆိုပါ ကိစ္စများနှင့်ပတ်သက် ၍ Sky Net မှ တာဝန်ရှိသူတစ်ဦးက အချို့စက်များတွင် တိုးချဲ့ထုတ်လွှင့်ပေးသည့် ရုပ်သံလိုင်းများအား တိုက်ရိုက်ကြည့်ရှုနိုင်သော်လည်း အချို့သော စက်များမှာ Auto Scan ပြုလုပ်မှသာလျှင် တိုးချဲ့ထားသည့်

ဘရာဇီးလ်ကျောင်းသူ၏ အပျိုစင်ဘဝကို ဂျပန်နိုင်ငံသား လေလံအောင်မြင်

အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံး အဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာ ခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။ 

ရန်ပုံငွေ အလှူတစ်ခုအတွက် သူမ၏ အပျိုစင်ဘဝကို ရောင်းချမည် ဟု ကြေညာ ထားသည့် ဘရာဇီးလ် ကျောင်းသူလေး၏ လေလံကိစ္စသည် နောက်ဆုံးတွင် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။ အမေရိကန် နှစ်ဦး၊ အိန္ဒိယနိုင်ငံသား တစ်ဦးတို့ အပါအဝင် နောက်ဆုံးအဆင့် လေလံဈေးပေးမှုများ အပြီးတွင် နတ်ဆူဟုသာ အမည်ဖော်ပြသည့် ဂျပန်လူမျိုးက အသက်(၂၀)အရွယ် ကက်ထရီနာ မစ်လီရော်ရီနီနှင့် ချစ်ဗျူဟာခင်းရန် အခွင့်အလမ်းကို အမြင့်ဆုံးဈေးဖြင့် ရယူသွားခဲ့သည်။ ကက်ထရီနာသည် ယခင်ကတည်းက သူမသည် ပြည့်တန်ဆာ တစ်ဦး မဟုတ်ကြောင်းနှင့် သူမ၏ ခန္ဓာကိုယ်ကို တစ်ကြိမ်သာ ရောင်းချမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ထို့အပြင် ကက်ထရီနာသည် နောက်ဆုံးတွင် အပျိုစင်ဘဝကို ရောင်းချရန် ဒေါ်လာ

ကြံ့ခိုင်ရေးပါတီ ညီလာခံ ဘာတွေ ထူးခြားသလဲ

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြံ့ခိုင်ရေးပါတီ ညီလာခံ အောင်အောင်မြင်မြင်နဲ့ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။ ဒီညီလာခံမှာ နိုင်ငံရေးပါတီ အလုပ်လုပ်ခွင့်မရှိတဲ့ သမ္မတ ဦးသိန်းစိန်ကို ပါတီဥက္ကဋ္ဌ အဖြစ် ပြန်ပြီး ရွေးကောက်တင်မြှောက်တာ။ ဗဟိုကော်မတီ၊ အရန်ဗဟိုကော်မတီ ဦးရေ တိုးချဲ့တာ။ မြို့နယ်၊ ခရိုင်၊ တိုင်းနဲ့ ပြည်နယ် ဖွဲ့စည်းပုံတွေကို ဥက္ကဋ္ဌစနစ်နဲ့ သွားဖို့ ပါတီ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်တာ စတာတွေကို လုပ်ခဲ့ပါတယ်။ ဒါကြောင့် ကျင်းပပြီးစီးသွားခဲ့တဲ့ ကြံ့ခိုင်ရေး ပါတီ ညီလာခံဟာ ပြည်သူတွေအတွက် တိုင်းပြည်အတွက် ဘာတွေ ထူးခြားသလဲ၊ ရှေ့လျှောက် ဘာတွေ ဖြစ်လာနိုင်သလဲ ဆိုတာကို ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး ဆွေးနွေးချင်တာကတော့ ပါတီညီလာခံ ကျင်းပပုံပါ။ အခုနှစ်ထဲမှာ အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကနေ ပါတီကို ပြည်သူ့ပါတီအဖြစ် အသွင်ပြောင်းမယ်၊ ဒီအတွက် အောက်ခြေ ရပ်ကွက်နဲ့ ကျေးရွာတွေကနေ အစပြုပြီး ဒီမိုကရေစီ နည်းကျ ရွေးချယ် တင်မြှောက်ပွဲတွေလုပ်မယ်၊ ဒီရွေးချယ်တင်မြှောက်ပွဲ ရလဒ်တွေကနေတဆင့် ညီလာခံတွေ အဆင့်ဆင့် ကျင်းပမယ်၊ ဒီ ညီလာခံကနေ ဗဟိုကော်မတီလို ခေါင်းဆောင်ပိုင်းကအစ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ပြီး ဗဟိုဦးစီးတဲ့ ပါတီ အဖြစ်ကနေ ပါတီဝင်အဆင့်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသူတွေက ခေါင်းဆောင်တဲ့ ဒီမိုကေရစီပါတီအဖြစ် အသွင်ကူးပြောင်းမယ်ဆိုပြီး ကြေလည်းကြေညာ၊ လုပ်ငန်းစဉ်တွေ စလည်း စတင်ခဲ့ပါတယ်။
ထူးခြားချက်ကတော့ အဲဒီအချိန်က ဗဟိုတာဝန်ရှိသူ ဦးအောင်သိန်းလင်းက သူတို့ပါတီလည်း အောက်ခြေ

နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှု နိုင်ငံပိုင် ရုပ်မြင်သံကြားများတွင် ယနေ့  ထုတ်ပြန်ကြေညာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊
 နိုင်ငံတော်သမ္မတရုံးမှ ရခိုင်ပြည်နယ်
အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်
စပ်လျဉ်း၍ အသိပေးကြေညာချက် တစ်
ရပ်ကို နိုင်ငံပိုင် ရုပ်မြင်သံကြားများတွင်
ယနေ့ ည (၈)နာရီတွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါ ကြေညာချက်တွင် အချက် (၆)ချက် ပါဝင်ပြီး ကြေညာချက် အပြည့်အစုံမှာ
 အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၁၂)

၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်

၁၃၇၄ ခု၊ သီတင်းကျွတ်လဆန်း ၁၀ ရက်

ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ရပ်ဆိုင်းရေး NLD နှင့် ၈၈ တိုက်တွန်း

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ထပ်မံ ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေး ၈၈ မျိုးဆက် ကျောင်းသားများနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့က အသီးသီး တိုက်တွန်း မေတ္တာ ရပ်ခံစာများ ယနေ့ ထုတ်ပြန်လိုက်သည်။
လတ်တလော အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးအတွက် လူ့အခွင့်အရေး၊ အမျိုးသားရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ရှုထောင့်များအပေါ် အခြေခံကာ ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းကြပါရန် ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် မေတ္တာရပ်ခံချက် ထုတ်ပြန်သည်။
“လတ်တလော ဖြစ်ပွားနေတဲ့ကိစ္စတွေကို အကြမ်းဖက် ဖြေရှင်းနေကြရင် နိုင်ငံရဲ့ ပုံရိပ်လည်းပျက်မယ်။ နိုင်ငံသားများရဲ့ ပုံရိပ်လည်း ပျက်မယ်။ ဒီကိစ္စ အမြော်အမြင်ရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းတာ ကောင်းတယ်။ ရန်ကို ရန်ခြင်း တုန့်နှင်းတာ မကောင်းဘူး” ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ပြန်ကြားရေးဌာနမှ ဦးဇော်မင်းက ဧရာဝတီကို ပြောသည်။
ယခု ပဋိပက္ခ ဆက်လက်ဖြစ်ပေါ်ရခြင်းမှာ တရားဥပဒေ စိုးမိုးရေးအတွက် အချိန်မီ လုံခြုံရေး အင်အား အလုံအလောက် ချမှတ်ထားခြင်း မရှိမှု၊ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မှု အားနည်းချက်တို့ကြောင့် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
“လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေး အကောင်အထည်ဖော်ရာမှာ အချိန်နောက်ကျတယ်လို့ ကျနော်တို့ ကောက်ချက် ဆွဲလို့ရတယ်။ ဒါကို ဆက်ပြီး ကျနော်တို့ သက်ဆိုင်ရာကိုလည်း

မြန်မာပြည်မှာ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ခွဲ ဖွင့်ရန်ရှိ

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ ပြည်တွင်း မီဒီယာများနှင့် ပြည်ပအခြေစိုက် သတင်း မီဒီယာများ နှင့် တွေ့ဆုံပွဲမှာ မြန်မာနိုင်ငံမှာ အမေရိကန်နိုင်ငံ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်ရဲ့ တက္ကသိုလ်ခွဲ ဖွင့်လှစ်ဖို့ အတွက် တာဝန်ရှိ သူတွေ ဆွေးနွေးမှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။

သမ္မတကြီးရဲ့ ပြောကြားချက် အရ တိုင်းပြည် ဖွံ့ဖြိုးမှုဟာ တိုင်းပြည် သံယံဇာတ အပေါ်မှာ မမူတည်ပဲ၊ လူ့စွမ်းအား အရင်း အမြစ် ပေါ်မှာ မူတည်နေ တာကြောင့် ပြည်တွင်းရဲ့ ပညာရေး စနစ်ကို မြှင့်တင်ဖို့ လိုအပ်လျက် ရှိတယ်လို့ ပြောကြားခဲ့တာကို MRTV 4 သတင်းကလည်း ဖော်ပြသွားခဲ့ပါတယ်

သမီးဖြစ်သူရဲ့ မွေးနေ့ကို နေရာစုံမှာ အလှူလုပ်ခဲ့ကြ တဲ့ပြေတီဦးတို့ဇနီးမောင်နှံ

အောက်တိုဘာ ၁၄ရက်နေ့က တစ်နှစ်ပြည့်ခဲ့တဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေးပြေသုဒြာရဲ့ မွေးနေ့မှာ သမီးလေးအတွက် အလှူတွေလုပ်ပေးခဲ့ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ ရှုတင်တွေနားပြီး သမီးလေးအတွက်ပဲ အချိန်ပေးခဲ့တဲ့ ပြေတီဦးနဲ့   အိန္ဒြာကျော်ဇင်တို့ဟာ ညနေပိုင်းမှာတော့ မိသားစုတွေနဲ့ အတူ မွေးနေ့ပွဲလေး လုပ်ဖြစ်ခဲ့ကြပါသေးတယ်။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနကို ငွေကျပ်ငါးသိန်း၊ သမီးလေးရဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ အရုပ်များ လှူခဲ့ပြီး ဇီဝိတဒါနသံဃာ့ဆေးရုံကို ငွေကျပ်ငါးသိန်း၊ နာရေး ကူညီမှုအသင်းကို ငွေကျပ်၁ဝသိန်း၊ သုခရိပ်မြုံကျောင်းမှာ ငွေးငါးသိန်းနဲ့ကလေးအသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ပြီး သမီးလေးပြေသုဒြာကိုတော့ ရွှေဂုံတိုင်ကလေး ပြုစုရေးဌာနတစ်ခုကိုပဲ ခေါ်သွားပါတယ်။ သမီးလေးရဲ့မွေးနေ့နဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “သမီးလေး ကို သူ့ကြီးတော်က ကိတ်မုန့်တစ်လုံးဝယ်ပေးပြီး မွေးနေ့ပွဲလုပ်တော့ သူလည်းပျော်နေတာပေါ့။ အခုသမီးလေးက တစ်နှစ်ပဲရှိသေးတယ်။ ပြီးတော့ အစ်မက သူ့ကို အပြင်သိပ်မထုတ်တော့သူက အိမ်သားတွေနဲ့မဟုတ်ရင် နည်းနည်းဂျီကျနေတယ်။ အဲဒီလိုဆိုတော့ သူ့ကို မွေးနေ့ပွဲလုပ်မပေးသေးဘူး။ နည်းနည်းလေး သိတတ်တဲ့

ဘိုင့်ဘိုင် ချက်ကြီး

နှစ်ပေါင်းများစွာ ပြည်သူလူထုကို အလုပ်အကျွေးပြုခဲ့ပြီး လူအများ အားကိုး အားထားပြုခဲ့ ရသည့် သူ့ကို ယခုတော့ အားလုံးက မေ့လျော့ လာခဲ့ကြ ပါပြီ။ အသက်အရွယ် အားဖြင့်လည်း စိန်ရတု တိုင်လာပြီဖြစ် သည့် သူ့မှာ နာမကျန်း သည့်ဒဏ်၊ ချစ်ခင်သူများက ပစ်ခွာသွားကြ သည့်ဒဏ်၊ သူနှင့် သက်တူရွယ်တူများ ဆုံးပါး သွားသည့် ဒဏ်ကို တဖြည်းဖြည်း ခံစားနေရပြီဖြစ် သည်။ သူ့ဘဝရဲ့နေဝင်ချိန်က သိပ်မဝေးတော့။ သူ့ကိုလူတွေက ချက်ကြီးလို့ ခေါ်ကြသည်။ များသောအားဖြင့် ဗိုက်ပူဟုလည်း ချစ်စနိုးခေါ် ဝေါ်ကြသည်။ သူသည် သစ်သားကိုယ်ထည် ဝမ်းဗိုက်ပူပူကြီး ရှိသော ချက်ပလက် (Chevrolet) ယာဉ်အိုကြီးတစ်စီးဖြစ်ပါသည်။
ချက်ကြီးသည် ဒုတိယကမ္ဘာစစ်အတွင်းက ဂျပန်များနှင့်အတူ မြန်မာနိုင်ငံသို့ ဝင်ရောက် လာခဲ့သည်။ ဂျပန်ခေတ်တစ်လျှောက်လုံး သူက ကုန်ကား၊ လူစီးကားအဖြစ် အသုံးတော်ခံခဲ့ရသည်။ စစ်ကြီး ပြီးဆုံးသွား၍ ဂျပန်များပြန် ထွက်ခွာသွားသည့်အခါ ချက်ကြီး တို့ ကျန်ရစ်ခဲ့သည်။ နောက်ပိုင်း တက်လာသည့် မြန်မာအစိုးရများက ချက်ကြီးကို လိုင်းကားအဖြစ် စတင်သုံးစွဲလာခဲ့သည်။ ၁၉၅၀ အစော ပိုင်းက ရန်ကုန်မြို့ ခရီးသွား လုပ်ငန်း စတင်ရာတွင် ချက်ကြီး တို့ စစ်ကျန်ယာဉ်များ တာဝန်ထမ်းဆောင်ခဲ့ကြရသည်။ ချက် ပလက်၊ ဒေါ့ဂျစ်စသည့် ချက်ကြီးတို့အဖွဲ့သည်ခြင်္သေ့၊ယုန်၊ဆင်၊ ကြံ့၊

PSY ကို မနာလိုဖြစ်မိကြောင်း ဘန်ကီမွန်း နောက်ပြောင်ပြောကြား

မိမိသည် တောင်ကိုရီးယား Rapဂီတ အဆိုတော် PSYကို မနာလို ဖြစ်မိကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက နောက်ပြောင် ပြောကြားလိုက်သည်။ PSYသည် တစ်နိုင်ငံတည်းသား 
ဘန်နှင့် တွေ့ဆုံပြီးနောက် ၎င်း၏ နာမည်ကျော် သီချင်း Gangnam Styleမှ အကကို သင်ကြားပေးခဲ့သည်။ 
ယခုအခါ PSYသည် You Tubeတွင် ၎င်း၏ သီချင်းကို လူပေါင်း ဘီလျံဝက်ကျော် ကြည့်ရှုခြင်း ခံရသည် အထိ ကမ္ဘာသိ အောင်မြင်မှုများ ပိုင်ဆိုင်ထားခဲ့သည်။ ဘန်က ကိုရီးယားချင်းတူတူ မိမိသည် PSY၏   အောင်မြင်မှု အရိပ်ထိုးခြင်းကို ခံနေရသည့်အတွက် မနာလို ဖြစ်ရကြောင်း သတင်းထောက်များအား အရွှမ်းဖောက်ပြောဆိုသွားခြင်း ဖြစ်သည်။

ဘန်က "ကျွန်တော် နည်းနည်တော့ မနာလို ဖြစ်တာပေါ့။ လွန်ခဲ့တဲ့ (၂)နှစ်လောက်ကထိ လူတိုင်းက ကမ္ဘာပေါ်မှာ နာမည် အကျော်ဆုံး ကိုရီးယားလူမျိုးက ကျွန်တော်လို့ ပြောကြတယ်။ ခုတော့ ကျွန်တော် နေရာ ဖယ်ပေးလိုက်ရပြီ။ ဒါပေမဲ့ ကျွန်တော် နောင်တမရနေတော့ပါဘူးလေ"ဟု

ပဋိပက္ခ နောက်ဆုံး ဖြစ်ပွား နေသည့် ကျောက်ဖြူ တွင် လုံခြုံရေး အဆင့် တိုး မြှင့်

တရုတ် နှင့် ဖက် စပ် လုပ် ကိုင် နေသည့် ကျောက်ဖြူ ရေနက် ဆိပ် ကမ်း နှင့် သဘာဝဓာတ်ငွေ့  ပိုက်လိုင်း နေရာများ တွင် မူ လုံခြုံရေး အများ အပြားချထား သည် ဟု ………………
တစ်ဖက် နှင့် တစ်ဖက် အခြေအနေ ဆက် လက် တင်းမာ နေသည့် ရခိုင် ပြည်နယ် ကျောက်
ဖြူ မြို့  တွင် လုံခြုံရေး အခြေအနေ တိုး မြှင့် ထား သည် ဟု သမ္မတ ရုံး တာဝန် ရှိ သူ ဗိုလ်
မှုး ဇော်ဌေး ၏ FB စာမျက် နှာ တွင် ဖော် ပြထား သည်။
တရုတ် နှင့် ဖက် စပ် လုပ် ကိုင် နေသည့် ကျောက်ဖြူ ရေနက် ဆိပ် ကမ်း နှင့် သဘာဝဓာတ်
ငွေ့  ပိုက်လိုင်း နေရာများ တွင် မူ လုံခြုံရေး အများ အပြားချထား သည် ဟု ကျောက် ဖြူမြို့ 
မှ ရေလုပ်ငန်း ရှင် တစ်ဦး က FNG ကို ပြောသည်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေသစ်

အခု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်ကနေပြီး ဥပဒေ အသစ် ပြဌာန်း လိုက်ပါပြီ။ အဲဒါကတော့ မြန်မာနိင်ငံ ရဲတပ်ဖွဲ့ဆိုင်ရာ ဥပဒေပါ အဲဒီဥပဒေ အတည်ပြုပြီးတာနဲ့ ယခင်ကရှိခဲ့တဲ့  1899 ရန်ကုန်ရဲအက်နဲ့
၁၉၄၅ ရဲအက်တို့ကို ပြန်ရုပ်သိမ်း လိုက်ပါတယ် အခုဥပဒေမှာ ဖွဲ့စည်းပုံနဲ့ အခေါ် အဝေါ်   တွေကို ပြောင်းလဲ လိုက်ပါတယ် ပုဒ်မ ၄ မှာ- မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင်အောက်ပါ တပ်ဖွဲ့များပါ ၀င်သည်။

(က)  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်
       (၁)  ရဲဦးစီးဌာန
              (ကက)  မူးယစ်ဆေးဝါးပပျောက်ရေးနှင့် မူးယစ်ဗဟိုရုံး
              ( ခ ခ )  နိုင်ငံဖြတ်ကျော်မှုခင်းဌာန
       (၂)   ရဲရေးဌာန
       (၃)   ရဲထောက်ဌာန
(ခ )   ရဲတပ်ရင်းများကွပ်ကဲမှုအဖွဲ့များ
( ဂ)   မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဗဟိုလေ့ကျင့်ရေးဌာန
(ဃ) နေပြည်တော်ရဲတပ်ဖွဲ့
( င)   တိုင်းဒေသကြီးနှင့် ပြည်နယ်ရဲတပ်ဖွဲ့များ
( စ)  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲတပ်ဖွဲ့များ

အမျိုးသား နိုင်ငံရေးသာ ပြုလုပ်သွားမည်ဟု ဦးခင်ညွန့်ပြော

ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်သည် အောက်တိုဘာ ၂၀ရက်နေ့ ရန်ကုန်မြို့၊ ဒဂုန်မြို့သစ်တောင်ပိုင်း၊ သီရိမင်္ဂလာ မဟာစည်ရိပ်သာ ကျောင်းတိုက်၊ ဓမ္မကထိက တွံတေး ဆရာတော် အရှင် ဧန္ဒက၏ ရွှေရတု မွေးနေ့၌ မစိုးရိမ် ကျောင်းတိုက် ဆရာတော် ဦးဝီရသူနှင့် တွေ့ဆုံစဉ် ပါတီ နိုင်ငံရေး မလုပ်ဘဲ အမျိုးသား နိုင်ငံရေးစစ်ကိုသာ လုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း ဆရာတော်မှ ပေါ်ပြူလာ နယူးစ်သို့ မိန့်ကြားသည်။
ဓမ္မကထိက တွံတေး ဆရာတော် အရှင်ဧန္ဒက၏ ရွှေရတုမွေးနေ့ကို မန်းလေးမှ ဆရာတော် ဦးဝီရသူအပါ အ၀င် သံဃာတော် ကိုးပါး မွေးနေ့ အခမ်းအနားကို ကြွရောက်ခဲ့ပြီး ဦးခင်ညွန့်မှာလည်း အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် ဦးခင်ညွန့်မှ ဆရာတော် ၀ီရသူအား လာရောက် ရှိခိုးစဉ် ဆရာတော်မှ အကျဉ်းစံ အရှုံးသမား၏ အညှင်းခံ နှလုံးသား ဆိုပေမယ့် အပြင်းအထန် အမုန်း မပွားဖို့ မသင့်တော့ဘူး ဟု အားပေးစကား မိန့်ကြားခဲ့ကြောင်း ဆရာတော်က

House of Media and Entertainment (Home) က စီစဉ်ပြီးဗီဒီယိုမဂ္ဂဇင်း ဖြန့်တော့မည်

 ကဗျာ၊ ကာတွန်း၊ ဆောင်းပါး၊ ဝတ္ထုတို၊ ဟာသ စတာတွေကို ရုပ်သံအဖြစ် တင်ဆက်ထားတဲ့ ဗီဒီယိုမဂ္ဂဇင်း (Motion Magazine) ကို မကြာခင် ဖြန့်ချိတော့မယ်လို့ သိရပါတယ်။
အဲဒီ ဗီဒီယို မဂ္ဂဇင်း မိတ်ဆက်ပြသပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီမှာ ရန်ကုန် ဗိုလ်အောင်ကျော် လမ်းက Home ခန်းမမှာ ကျင်းပရာမှာ Home ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သူ ဦးဇာဂနာက ဒီမဂ္ဂဇင်းကို လစဉ် ဖြန့်ချိနိုင်အောင် ကြိုးစားသွားမယ်၊ ရုပ်ရှင် အစည်း အရုံးက ဆင်ဆာခွင့်ပြုချက် ကျပြီးဖြစ်ပေမယ့် ဖြန့်ချိဖို့ ရက်အတိအကျ မသတ်မှတ်ရလို့ လောလောဆယ်တော့ DVD ချပ်တွေကို မရောင်းသေးဘူးလို့ ပြောပါတယ်။
ဗီဒီယိုမဂ္ဂဇင်း ဆိုတာကို မြန်မာပြည်မှာ Home က ပထမဆုံး စတင်တာ မဟုတ်ပေမယ့် အရင်လုပ်ခဲ့ဘူးတာတွေနဲ့ ပုံစံကွဲမယ်လို့လည်း သူက ဆိုပါတယ်။
ဗီဒီယို မဂ္ဂဇင်း အမှတ် ၁ ကို မပြသခင်မှာ အမှတ် ၂ မှာ ပါမယ့် “မမြင်ရတဲ့ လ” ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တကားကို မိတ်ဆက် ပြသ ပါတယ်။ အဲဒီ ဇာတ်လမ်းတို ကလေးကတော့ အကျဉ်းထောင်ထဲက လူတယောက် သာနေတဲ့ လပြည့်လကို မြင်ချင်လို့ ကြံဖန် ကြိုးစားထားတဲ့ အကြောင်းကို ရိုက်ပြထားတာပါ။ သာနေတဲ့လကို မြင်ချင်လွန်းတာကြောင့် ကြံရာမရတဲ့ အဆုံး အကျဉ်းခန်း အပြင်က ဆီးခွက်ထဲကို ဆီးသွားချပြီး လမင်းကို ဖမ်းလိုက်နိုင်တဲ့အကြောင်း ရိုက်ပြထားတာပါ။ အဲဒီဇာတ်လမ်းမှာ

မင်းပြားနဲ့ မြောက်ဦးမှာ အကြမ်းဖက်မှုဖြစ်ပွား

ခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြား နဲ့ မြောက်ဦးမြို့နယ်တွေမှာ မနေ့ညနဲ့ ဒီကနေ့ မနက်အစောပိုင်းက စတင်ခဲ့တဲ့ မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေကို ပြည်နယ်အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကူအညီရယူပြီး အခြေအနေကို ငြိမ်သက်အောင် ထိန်းချုပ်နေပါတယ်။ ဒီကနေ့ မနက်မြောက်ဦးမြို့နယ်နဲ့ မင်းပြားမြို့နယ်မှာ အတွင်းဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းမှာတော့ အိမ်ခြေ၂၀၀ကျော်လောက် မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဘက် တိုက်ခိုက်မှုတွေကတော့ နေ့ခင်း မွန်းလွဲပိုင်းအထိ ဆက်လက် ဖြစ်ပွားနေပါတယ်။ ဒီသတင်းအပြည့်အစုံကို တော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မင်းပြား နဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစိုးရက ဘင်္ဂလီလို့ ခေါ်ဝေါ်တဲ့ အစ္စလာမ် ဘာသာဝင်တွေအကြားမှာ တိုက်ခိုက်မှုတွေဟာ မနေ့ညပိုင်းကနဲ့ ဒီနေ့ မနက်မှာ အသစ်တဖန် ပြန်လည်စတင်နေတာဖြစ်တယ်။ ဒီတိုက်ခိုက်မှုဟာ လူနေအိမ်တွေ မီးရှို့တာအပါအ၀င် တုတ်၊ ဓါးလက်နက်တွေကိုင်ဆောင်ပြီး လူအုပ်စုလိုက်နဲ့ တိုက်ခိုက်နေကြတာပါ။

လောလောဆယ်မှာ ပြည်နယ်အစိုးရက နယ်မြေခံ ရဲနဲ့ စစ်တပ်အင်အားတွေ အသုံးပြုပြီး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနေတယ်လို့ ရခိုင်ပြည်နယ်အစိုးရရဲ့ ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနှင့် မှတ်တမ်းပြုစုရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ