Showing posts with label အနုပညာ ရပ်ဝန်း. Show all posts
Showing posts with label အနုပညာ ရပ်ဝန်း. Show all posts

သမီးဖြစ်သူရဲ့ မွေးနေ့ကို နေရာစုံမှာ အလှူလုပ်ခဲ့ကြ တဲ့ပြေတီဦးတို့ဇနီးမောင်နှံ

အောက်တိုဘာ ၁၄ရက်နေ့က တစ်နှစ်ပြည့်ခဲ့တဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေးပြေသုဒြာရဲ့ မွေးနေ့မှာ သမီးလေးအတွက် အလှူတွေလုပ်ပေးခဲ့ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ ရှုတင်တွေနားပြီး သမီးလေးအတွက်ပဲ အချိန်ပေးခဲ့တဲ့ ပြေတီဦးနဲ့   အိန္ဒြာကျော်ဇင်တို့ဟာ ညနေပိုင်းမှာတော့ မိသားစုတွေနဲ့ အတူ မွေးနေ့ပွဲလေး လုပ်ဖြစ်ခဲ့ကြပါသေးတယ်။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနကို ငွေကျပ်ငါးသိန်း၊ သမီးလေးရဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ အရုပ်များ လှူခဲ့ပြီး ဇီဝိတဒါနသံဃာ့ဆေးရုံကို ငွေကျပ်ငါးသိန်း၊ နာရေး ကူညီမှုအသင်းကို ငွေကျပ်၁ဝသိန်း၊ သုခရိပ်မြုံကျောင်းမှာ ငွေးငါးသိန်းနဲ့ကလေးအသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ပြီး သမီးလေးပြေသုဒြာကိုတော့ ရွှေဂုံတိုင်ကလေး ပြုစုရေးဌာနတစ်ခုကိုပဲ ခေါ်သွားပါတယ်။ သမီးလေးရဲ့မွေးနေ့နဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “သမီးလေး ကို သူ့ကြီးတော်က ကိတ်မုန့်တစ်လုံးဝယ်ပေးပြီး မွေးနေ့ပွဲလုပ်တော့ သူလည်းပျော်နေတာပေါ့။ အခုသမီးလေးက တစ်နှစ်ပဲရှိသေးတယ်။ ပြီးတော့ အစ်မက သူ့ကို အပြင်သိပ်မထုတ်တော့သူက အိမ်သားတွေနဲ့မဟုတ်ရင် နည်းနည်းဂျီကျနေတယ်။ အဲဒီလိုဆိုတော့ သူ့ကို မွေးနေ့ပွဲလုပ်မပေးသေးဘူး။ နည်းနည်းလေး သိတတ်တဲ့

လမ်းသုံးလမ်းကို လျှောက်နေတဲ့ ဒါရိုက်တာကြည်ဖြူသျှင်

အနုပညာရှင်များနဲ့ တွေ့ဆုံမေးမြန်း ခြင်းများကို ‘မေးခွန်း (၇) ခု’ခေါင်းစဉ် အမည်ဖြင့်  အင်တာဗျူးကဏ္ဍလေးဖွင့်ကာ ပေါ်ပြူလာ ပရိသတ်များအတွက် စီစဉ် တင် ဆက်ဖြစ်ခဲ့ပါတယ်။ ဒီတစ်ပတ်ကစပြီး ‘မေးခွန်း (၅)ခု’ ခေါင်းစဉ်အမည်ဖြင့် ပြောင်း လဲကာ ဖော်ပြသွား မယ့်အကြောင်း ပေါ်ပြူလာ စာဖတ်ပရိသတ်များကို အသိပေြးေ ပာကြားရင်း ဒီတစ်ပတ်မှာတော့ နိုင်ငံရေး၊ ပရိဟိတအရေးနဲ့ အနုပညာလမ်းတွေကို လျှောက်လှမ်းနေတဲ့ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ တွေ့ဆုံအင် တာဗျူးခဲ့သမျှတွေ ကို ဖော်ပြပေးမည် ဖြစ်ပါတယ်။ ဒါရိုက်တာ ကြည်ဖြူသျှင်နဲ့ အင်တာဗျူး စလိုက်ပါစို့…။

မေး-အရင်က ကြည်ဖြူသျှင်ဆိုတာ အနုပညာသမားတစ်ယောက်ပေါ့။ အခုအချိန်မှာ နိုင်ငံရေးလောကထဲဝင်လာတော့ အနုပညာသမားတစ်ယောက်အပြင်နိုင်ငံရေးသ မားတစ်ယောက်လည်းဖြစ်လာတယ်။ဒီလိုနိုင်ငံရေးသမားတစ်ယောက်ဖြစ်လာတော့ဇာတ်လမ်းတွေရွေးချယ် တဲ့အခါမှာအရင်နဲ့မတူပြောင်းလဲသွား တာမျိုးတွေရှိလာနို င်မလား။
 
အဖြေ-ဟုတ်တယ်။ ကျွန်မရဲ့စိတ်ကတစ်မျိုး ပြောင်းသွားတယ်။ အရင်တုန်းကဆိုရင် ခေတ်ဆန်တဲ့ကားတွေ၊ သည်း ထိတ်ရင်ဖိုကားတွေ၊ ထူးထူးဆန်းဆန်းကားတွေ   တအားရိုက်ချင်တယ်။  ဒါပေမဲ့ အခုအချိန်ကျတော့  ကျွန်မကပရဟိတတွေလုပ်ဖြစ်တယ်။နောက်ပြီးနိုင်ငံရေးလောကထဲ ဝင်လာဖြစ်တယ်။ အဲဒီအချိန်မှာ ကျွန်မ စိတ်က ခုနကဇာတ်ကားတွေ မရိုက်ချင်တော့ဘူး။ ဆင်ဆာလွတ်လပ် ခွင့်သာအပြည့်အဝရမယ်ဆိုရင်

သရဲကားများပေါ် သရုပ်ဆောင် ခန့်စည်သူ၏ အမြင်

 ‘သစ္စာရှင်တမ်း’ ဇာတ်ကားကို ရိုက်ကူး ဖို့အတွက် ဝတ္ထုကို စာရေး ဆရာမ လွန်းထားထား ဆီက ဝယ်ထားတာ ကြာပြီ ဖြစ်ပေမယ့် မရိုက် ဖြစ်ခဲ့ဘဲ အခု နောက်ပိုင်း ဆင်ဆာ လျှော့ပေါ့ လာတာကြောင့် အခုမှ ရိုက်ကူး ဖြစ်တယ်လို့ ခန့်စည်သူက ပြောပါတယ်။
”အရင်တုန်း က ဝယ်ထားပေမယ့် ဒီ ဝတ္ထုက အဲဒီခေတ် ကာလ အခြေ အနေက ဆင်ဆာ ခွင့်ပြုချက် မရနိုင်ဘူးလို့ ယူဆတာနဲ့ မရိုက်ဖြစ်တာ။ ဒီဇာတ်ကို နောက်မင်းသား တစ်ယောက်ကလည်း လာဝယ်သေးတယ်။ အခု ဆင်ဆာ ခွင့်ပြုချက် လျှော့ပေါ့ လာတော့ ရိုက်ဖြစ်တာပါ။ လူတစ်ယောက်နဲ့ ပုံစံ ချွတ်စွပ်တူတဲ့ မျက်နှာကို ပြင်လိုက်ပြီး လိုက်လက်စားချေ တဲ့ ဇာတ်မျိုးပေါ့။ မိုးဟေကို နဲ့ ခင်သဇင် ကတော့ အဓိက လုပ်ရမယ်။ မိုးဟေကို ကတော့ ဝါရင့် ဆိုတော့ ကိစ္စမရှိဘူး။ ခင်သဇင် ကိုတော့ သေချာ အိုက်တင် ပြောပြပေး ရမှာပေါ့။ အရင်တုန်း က ဒီလိုပဲ နှစ်ကိုယ်ခွဲ ရိုက်ဖူးတယ်”လို့ ဇာတ်လမ်း နဲ့ ပတ်သက်ပြီး ခန့်စည်သူက ပြော ပါတယ်။
လတ်တလောထွက်ထားတဲ့ ‘အချိုဇယားသား အရက်သမားသား’ ဇာတ်ကားမှာ ဇင်ဝိုင်း၊ မို့မို့မြင့်အောင်၊ မေကဗျာ တို့နဲ့ ရိုက်ကူးထားပြီး အဖေကို အဖေမှန်း မသိဘဲ သတ်မလို့

ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား နာရေးကူညီမှုအသင်း(ရန်ကုန်)သိုလှူဒါန်းပေးအပ်ခဲ့

အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျရောက်သည့် သမီးလေး ပြေသုဒ္နြာ၏ (၁) နှစ်ပြည့် မွေးနေ့အလှူဒါနအဖြစ် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ နံနက် (၁၁းဝဝ) နာရီအချိန်တွင် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ဇနီးမောင်နှံဖြစ်ကြသည့် ပြေတီဦးနှင့် အိနြေ္ဒာကျော်ဇင်တို့သည်
မိဘများနှင့်အတူ လာရောက်ခဲ့ကြပြီး သမီးလေး ပြေသုဒ္နြာ (၁) နှစ်ပြည့် မွေးနေ့အလှူအတွက် အလှူငွေ (၁ဝ) သိန်းကျပ် တိတိအား လှူဒါန်းပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအသစ် ပြန်လည်ဖွဲ့စည်းခဲ့စဉ်တွင် ဦးကျော်သူသည် အဓိက သရုပ် ဆောင်အလွှာအတွက် ဆန္ဒမဲထည့်ဝင်ခဲ့စဉ်၌ အနုပညာလောကနှင့် ဝေးကွာခဲ့ကြသည့် အနုပညာမောင်နှမ ဖြစ်သူ အူဝဲနှင့်တွေ့ဆုံခဲ့ပြီး နှုတ်ဆက်စကားဆိုခဲ့ကြစဉ်၌ အူဝဲသည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ချင်ခဲ့သော်လည်း မလာရောက်ဖြစ်သေးသည့်အတွက် တစ်နေ့တော့ မရောက်ရောက်အောင် လာခဲ့မည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။ အခုတော့

ကျွန်တော်ဘာသာခြား မဟုတ်ပါဘူးဆိုတဲ့ "ဆိုတေး"

'ဖက်တီးမ' သီချင်းရိုက်ကူးရာတွင် ပုဂံဘုရားကိုနောက်ခံထား၍ Lazy Club တီးဝိုင်းနှင့် အတူ ဆိုတေးက သရုပ်ဆောင်ရာမှာ ဖိနပ်စီးကြောင်း အင်တာနက် စာမျက်နှာများပေါ်တွင် ပြန့်နှံ့နေတဲ့ ကိစ္စနဲ့ပတ်သက်၍ ဆိုတေးက "အဲဒီဘုရားက ပုဂံဘုရားလည်း မဟုတ်ဘူး။ မြောက်ဥက္ကလာက သီလရှင် ကျောက်ရေတွင်း ကျောင်း၊ ဆောက်လက်စ ကျောင်းမှာ ရိုက်ထားတာပါ။ သူများစီးလို့ ကိုယ် လိုက်စီးပြီးရိုက် တာ လည်း မဟုတ်ဘူး။ ငါတို့သရုပ်ဆောင်၊ အဆိုတော်ပဲကွာ ဆိုပြီး စီးပြီးရိုက် တာလည်း မဟုတ်ဘူး။ အဲဒီမှာ လုံခြုံရေးတွေ၊ ရဲအရာရှိ တွေ လာကြည့်တဲ့ အရပ်သားတွေ လည်း ဖိနပ်စီးထားကြပါတယ်။
ဒါက စီးလို့ရတဲ့ နယ်မြေတစ်ခုလို့ တာဝန်ခံ ကပြောတဲ့ အတွက်ကြောင့်စီးတာပါ။ နောက်တစ်ခုက ကျွန်တော်ဘာသာခြား တစ်ယောက်မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာ ဝင်စစ်စစ်ပါ။ ဘာသာခြားတစ်ယောက်ပဲဆိုပြီး ပရိသတ်ကို ဘယ်တော့မှ လိမ်ပြီး မကိုးကွယ်ဘူး။ ကျွန်တော့်ရင်ထဲမှာ တကယ် တမြတ်တနိုး ကိုးကွယ်တာက မြတ်စွာ ဘုရားရှင်ကို ကိုးကွယ်တာပါ။ ကျွန်တော့်အိမ်မှာလည်း ဘုရားစင်ရှိပါတယ်။ ညနဲ့ နံနက်ကျရင် ဘုရားရှိခိုးတယ်။ ပရိသတ်က ကျွန်တော့်ကို ဘာသာရေး တစ်ခုမှာ

မင်းသား၇ယောက်နဲ့ မင်းသမီး၇ ယောက်ပါဝင်မယ့် ရုပ်ရှင် ဇာတ်ကားကြီးရုပ်ရှင်အစည်းအရုံးကရိုက်ကူး မှာဖြစ်ကြောင်း လူမင်းပြော

လူမင်းက ‘စံချိန်သစ်’ ဆိုတဲ့ ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူတွဲ ရိုက်ကူးနေပြီး မြင့်မြတ်နဲ့ ပထမဆုံးတွဲဖက် ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လူမင်း နဲ့မြင့် မြတ် တို့က စိတ်ချင်းပြောင်းသွားပြီး သူ့အိုက်တင်၊ကိုယ့် အိုက်တင်ပြောင်း လုပ်ရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ကိုယ်မပါတဲ့ ဇာတ်ဝင်ခန်း ရိုက်လည်း မလာဘဲနေလို့ မရဘဲ သူ့အိုက်တင်တွေ လိုက် ကြည့်ရတယ် လို့ဆိုတဲ့လူမင်းက.. ”မြင့်မြတ်ဇာတ်ကားတွေ ပြန်ကြည့် တယ်။ သူဘယ်လို အိုက်တင်တွေ လုပ်လေ့ ရှိလဲပေါ့။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဒီ ဇာတ်လမ်းအရ အိုက်တင် ခွဲပေးထား တာရှိ တယ်။ ဇာတ်ကားတွေကိုတော့ အမြဲကြည့် ဖြစ်နေတာပါပဲ။ တီးမိခေါက်မိရှိပေမယ့် ဒီလိုရိုက်မယ်ဆိုတော့ တစ်ခါပြန်ပြီး သေချာ အောင်ကြည့်ရ တယ်”လို့ ပြောပြပါတယ်။
ရုပ်ရှင် အစည်းအရုံးကနေ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်ကြမယ့် အတွက် အနု ပညာရှင်တွေနဲ့ အောက်တိုဘာလ ၃ရက်နေ့ ကရုပ်ရှင် အစည်း အရုံးမှာ တွေ့ဖြစ် ကြတယ်

ရုပ်ရှင်ရုံ ၁၁၆ ရုံမှာ ၄၉ ရုံပဲ မြန်မာကားပြတယ် – ဦးဇင်ဝိုင်းနှင့် အင်တာဗျူး

သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၇၃-၇၄ ခုနှစ်မှာ ၁၄ နှစ်သားအရွယ်မှ စတင်ပြီး ရုပ်ရှင်အနုပညာလောကကို ၀င်ရောက်လာခဲ့ကာ အနုပညာလောကရဲ့ အောက်ခြေသိမ်းအလုပ်ကအစ မျိုးစုံ လုပ်ကိုင်လာခဲ့သူပါ။ နောက်တော့ သင်္ကြန်မိုး ဇာတ်ကားနဲ့ ပရိသတ်အသိအမှတ်ပြု ခံခဲ့ရပြီး ဒဏ္ဏာရီဇာတ်ကားနဲ့ပါ ထပ်မံ အောင်မြင်လာခဲ့တဲ့ သရုပ်ဆောင် ဇင်ဝိုင်းဟာ ၁၉၉၇ ခုနှစ်မှာ မြင့်မြတ်နှလုံးသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲအပြီး အရပ်သားအစိုးရသစ် လက်ထက်မှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကို ဌာနဆိုင်ရာ လက်အောက်က လွတ်ကင်းတဲ့ အဖွဲ့အစည်းတခုအဖြစ်၂၀၁၂ ဧပြီလက ပြန်လည်ဖွဲ့စည်းရာမှာ ပြည်သူ့ဆန္ဒမဲများနဲ့ ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ လက်ရှိ မြန်မာ့ရုပ်ရှင်လောက အဆင့်အတန်းနဲ့ လိုအပ်ချက်တွေအပြင် ရှေ့ဆက် ဘယ်လိုမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိသလဲဆိုတာတွေကို ဧရာဝတီသတင်းထောက် မစပ်စုက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။     ။ မြန်မာ့ရုပ်ရှင် အဆင့်အတန်း တိုးမြင့်လာဖို့အတွက် အခြေခံအကျဆုံး အကြောင်းအရာတွေက ဘာဖြစ်မလဲ။

ဖြေ ။     ။ အခြေခံအကျဆုံး အကြောင်းအရာကတော့ (၁) ကျနော်တို့ ရုပ်ရှင်လောကသား အနုပညာရှင်

မွေးရပ်မြေ ကို ကျေးဇူးဆပ်ချင်တဲ့ အနေနဲ့ မြိတ်ကျွန်းစုများ ခရီးစဉ် ကို ရိုက်ခဲ့တဲ့ လွင်မိုး

ကျွန်တော့်ရဲ့ မွေးရပ်ဇာတိက မြိတ်မြို့လေးပါ။ အမြဲတမ်း ပြန်ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ Life နဲ့ ကိုယ့်ဘဝရဲ့ အကြောင်းအရာမျိုးစုံ စတည် ခဲ့တဲ့နေရာလေးတစ်ခု ဖြစ်တဲ့ မြိတ်မြို့ကို ပြန်ရောက်ပြီး ကျွန်တော်နေခဲ့တဲ့ အိမ်လေးကို ပြန်ရောက်မိတော့ လွမ်းမိတာပေါ့။ နေရာတိုင်းမှာ အကြောင်းအရာ အဖြစ်အပျက်လေး တွေရှိတယ်။ အဲဒီနေရာ ရောက်ရင် အဲဒီနေရာ လေးမှာ ဘာလုပ်ခဲ့ဖူးတယ်။ မြို့ထဲ မှာဆိုရင် ဘယ်နေရာတွေကို သွားခဲ့ ဖူးတယ်။ သူငယ်ချင်းတွေ ဘယ်နေ ရာမှာ ရှိတယ်ဆိုပြီး ပြန်ပြီးသတိရမိ တယ်။ အခုပြန်ရောက်သွား တဲ့အချိန်မှာ အရင်တုန်းကနဲ့ မတူ တဲ့ ကွဲလွဲမှုတွေက လည်း အများကြီး ပေါ့။ အရင်တုန်းကလို သူငယ်ချင်း တွေ ကလည်း ရှိချင်မှ ရှိတော့တာ လေ။ နောက်ပြီး နေရာထိုင်ခင်း လေးတွေက ပုံစံလေးတွေပြောင်း လဲသွားတာလည်းရှိတယ်။

မွေးရပ်ဇာ တိကို ပြန်ဖြစ်တာက ဟိုတစ်လောက အဘိုးဆုံးလို့ ပြန်ဖြစ်တယ်။ နောက် အလုပ်ကိစ္စနဲ့ ပြန်ဖြစ် ခဲ့တယ်။ ကျွန်တော်ရောက်တဲ့အချိန် မှာ မွေးရပ်ဇာတိက အရင်တုန်း က ပုံစံနဲ့ မတူတော့ဘူး။ အလွမ်းသက် သက်ဖြစ်သွားတာပေါ့။ ကိုယ့်နေ ထိုင်မှုနဲ့ အလုပ်နဲ့ ပတ်သက်ပြီး မွေးရပ်ဇာတိက ကျွန်တော့်အတွက် ကင်းကွာ သွားတဲ့နေရာလေး တစ်ခုဖြစ်သွားတယ်။ ဒါပေမဲ့ မွေးရပ်မြေ မြိတ်မြို့ကိုရောက်ရင် တော့ ငယ်ငယ်တုန်းက နေထိုင် ကျင်လည်ခဲ့ဖူးတဲ့ နေရာလေးတွေ ဟာ ကျွန်တော့်အတွက် တစ်ချိန် က အလွမ်းလေးတွေပါပဲ။ မွေးရပ် မြေကို လွမ်းမိတဲ့ အချိန်က သူငယ် ချင်း အပေါင်းအသင်းတွေ နဲ့စုံမိတဲ့ အချိန်တွေ၊ ကျွန်တော့်မြို့နဲ့ ပတ် သက်ပြီးတော့ ပါလာတဲ့ သတင်း လေးတွေ၊ နောက်ပြီး အဲဒီမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးတွေ၊ အိမ်ကို အမျိုးတွေရောက်လာရင် မွေးရပ်ဇာတိကို လွမ်းတယ်။
မြိတ်မြို့မှာ ကျွန်တော် ငယ်ငယ်တုန်းက လေးတန်းအောင် ပြီး ငါးတန်းရောက်ရင် ပုဆိုးဝတ် ရတယ်ဗျ။ ပုဆိုးကလည်း ကလေး ခြေတစ်လှမ်းစာပဲရှိတဲ့ ကလေးပုဆိုး လေးပေါ့ဗျာ။ ကျွန်တော် ငယ်ငယ်

ကမ္ဘာ့မြင်ကွင်းမှာ မြန်မာခေါင်းဆောင်နှစ်ဦးမောင်နှမရင်းချာ တွေ့ဆုံမှု အပေါ်အနုပညာရှင်တို့၏ ပီတိစကားသံများ

အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင်ကျင်းပပြုလုပ်မည့် ၆၇ကြိမ် မြောက်ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ တက်ရောက် မိန့်ခွန်းပြောရန် ရောက်ရှိနေ သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေ သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က စက်တင်ဘာ ၂၅ ရက် ညနေ ၆ နာရီ ၄၅ မိနစ်တွင် ခေတ္တတည်းခိုသည့် The Mark ဟိုတယ် ဧည့်ခန်းမသို့ လာရောက်တွေ့ဆုံ နှုတ်ဆက် ခဲ့ကြောင်း နိုင်ငံတကာ သတင်းဌာနများက ကြည်နူးဝမ်းမြောက်ဖွယ်ရာ သတင်းအဖြစ် ဖော်ပြကြသည်။အဆိုပါ သမ္မတကြီး ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ မောင်နှမရင်းချာပမာ ရပ်ဝေးမြေခြားမှာ ဧည့်ခရီးသည် မြန်မာ့ ခေါင်းဆောင်ကြီး နှစ်ဦးချစ်ကြည် ရင်းနှီးစွာ တစ်ဦးနှင့် တစ်ဦးကြိုဆိုနှုတ်ဆက်ကြခြင်း ကြည်နူးဖွယ်မြင်ကွင်း အပေါ် အနုပညာရှင် များက 
ဤသို့ ဆိုခဲ့ကြသည်။

ကျွန်မတို့ တိုင်းသူပြည်သားတွေ အားလုံး အတွက် ဒါဟာ ကောင်းသော လက္ခ ဏာပါ . . .ထွန်းအိန္ဒြာဗို
 
“ရည်ရွယ်ချက် တူတဲ့လူအချင်းချင်း ကမ္ဘာ့ပြယုဂ်မှာရော၊ မြန်မာ့ပြယုဂ်မှာရော ချစ်ချစ်ခင်ခင် ရှိတာဟာ ကျွန်မတို့ တိုင်းပြည် အတွက် အလားအလာကောင်းပဲ။ ကျွန်မတို့က အများကြီး ဝမ်းသာ စွာကြိုဆိုပါတယ်။ ချစ်ချစ်ခင်ခင် ရှိတယ် ဆိုတာ တိုင်းပြည် အတွက် အလုပ်တွေ အများကြီး တူညီစွာ ဆက်လက်

သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်းလိုက်ပြီ

 သဘင်လောကနဲ့ ပြည်သူလူထု ပိုပြီး ထိတွေ့လာတော့မလား။မြန်မာနိုင်ငံ သဘင်သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီ (ယာယီ) ဖွဲ့စည်းလိုက်ပါပြီ။ ဒီအကြောင်း အသိပေး ရှင်းလင်းပွဲကို သောကြာနေ့က ရန်ကုန်မြို့ Parkroyal ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

 သဘင်သမဂ္ဂ ပေါ်ပေါက်ရေး ကော်မတီ


ချစ်ဦးညို (စာရေးဆရာ) - ဥက္ကဋ္ဌ
ဦးနန်းဝင်း (ဇာတ်မင်းသား) - ဒုဥက္ကဋ္ဌ
ဒါရိုက်တာ မောင်သီ - ဒုဥက္ကဋ္ဌ
ဦးသိန်းဇော် (ဇာတ်မင်းသား) - အတွင်းရေးမှူး
ဇာတ်မင်းသားဖိုးချစ် - တွဲဖက်အတွင်းရေးမှူး 
ဒေါ်မမနိုင် (ရုပ်သေးပညာရှင်) - တွဲဖက်အတွင်းရေးမှူး 

မြန်မာ့သဘင်သမဂ္ဂမှာ ပါဝင်မယ့် အလွှာများ

မန္တလေးမြို့ သေဆုံးခြင်း သီချင်းနဲ့ ပတ်သက်ပြီး လင်းလင်း ရဲ့ ဖွင့်ဟချက်

၈၈ မျိုးဆက် ရန်ပုံငွေပွဲမှာ အနုပညာ သမားတွေရဲ့ ရပိုင်ခွင့်တွေ အတွက် လက်မှတ် ရေးထိုးပေးခဲ့တဲ့ လင်းလင်း အကြောင်းကို ပြီးခဲ့တဲ့ အပတ် ပေါ်ပြူလာ မှာဖော်ပြခဲ့ ပါတယ်။ အဲဒီပွဲမှာ ရရှိတဲ့ အနုပညာကြေး ၄ သိန်း ဆိုတာဟာ နောက်ပိုင်းမှာ ဘယ်လို ဖြစ်လာနိုင်မလဲ ဆိုတာ လင်းလင်းကို ဆက်လက်ပြီး မေးမြန်းတဲ့ အခါ အခုလို ပဲ ပြန်လည် ဖြေကြား ပါတယ်။
“၄ သိန်းဆိုတဲ့ ပမာဏ တစ်ခုက တစ်သမတ်တည်းတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ အနေနဲ့ ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဒီပမာဏချည်း ပဲပေးရမယ် ဆိုတာက မဖြစ်နိုင်ဘူး။ တစ်ဦးချင်းစီ ရဲ့အနုပညာဟာ ကွာသလို တစ်ဦးချင်းစီရဲ့ အနုပညာ ခံယူချက်ကလည်း တူမှာမဟုတ်ဘူး။ အနုပညာ အပေါ် တန်ဖိုး ထားပြီး ရလိုမှုလည်း ကွာသေးတယ်။ အမျိုးမျိုး ရှိတယ်ပေါ့။ တစ်မျိုးက ကွာလတီ ထိန်းတဲ့ အနုပညာသမား၊ တစ်မျိုးက ပေါ်ပင်လိုက်တဲ့ အနုပညာသမား၊ အဲဒီမှာတော့ ကွာသွားတာ ပေါ့။ ကွာလတီ ထိန်းတဲ့ အနုပညာသမားက ရိုက်ကူးရေး ပါရေး၊ မပါရေးဟာ သူ့အတွက် အရေးမကြီးဘူး။ သူ့အနုပညာကို တန်ဖိုးထားပြီး လာပေးတာမျိုးကိုပဲ လိုချင်တယ်။ လိုချင်တဲ့ အခါ သူ့ပမာဏက ၄ သိန်းလည်း ဖြစ်မယ်၊ ၅ သိန်းလည်း ဖြစ်မယ်၊ ၁ဝ သိန်းလည်း ဖြစ်ချင် ဖြစ်မယ်၊ အလကား ပေးတာမျိုးလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်။ ဒါက ကွာလတီ ထိန်းတဲ့ အနုပညာသမား။ ပေါ်ပင်လိုက်တဲ့ သူတွေကျတော့ ၄ သိန်းလည်း အရေးမကြီးဘူး။ ၃ သိန်း လည်း အရေးမကြီးဘူး။ ရုပ်သံမှာ များများ ပါ နိုင် ဖို့၊ ပြည်သူရှေ့မှာ များများ

လူငယ်မင်းသားတွေ ပြောသမျှ လူငယ်ဖက်ရှင် လူငယ်အမြင်


အခုခေတ်မှာ လူငယ်တွေဟာ အနာဂတ် ရည်မှန်းချက်ကိုယ်စီနဲ့ တက်ကြွ နေတာတွေ့ရပါတယ်။ တိုးတက်ချင်စိတ်၊ သင်ယူလိုစိတ်၊ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေကြ ပြီး တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် ကိုယ်ကျွမ်းကျင်ရာနဲ့ ကူညီအားဖြည့်နေကြသူ လူငယ်တွေလည်း အများအပြား တွေ့နေရ ပါတယ်။ လူငယ်တွေကို တိုင်းပြည် ရဲ့ အနာဂတ် ကြယ်ပွင့်များလို့ ပြောကြတာလည်း ရှိသလို၊ ကနေ့ခေတ် လူငယ်တွေဟာ ဖက်ရှင်ကျကျ၊ စတိုလ်ကျကျနဲ့ ကိုယ့်ရည်မှန်း ပန်းတိုင်ကို ရောက်ဖို့ ယုံကြည်ချက် အပြည့်နဲ့ လျှောက် လှမ်းနေကြပြီဖြစ်ပါတယ်။ ယုံကြည်ချက်ကို လျောက်လှမ်းရင်း အောင်မြင်မှု ပန်းတိုင်ဆီသို့ ခရီးဆက်နေကြတဲ့ လူငယ် သရုပ်ဆောင် ဟိန်းဝေယံနဲ့   အောင်ရဲလင်းတို့ရဲ့ လူငယ်ဖက်ရှင်၊ လူငယ်အမြင် သူတို့ရဲ့ စကားတွေကို အခုလို ဖော်ပြလိုက်ပါတယ်။

ဟိန်းဝေယံ
 
ခေတ်ရဲ့ပြောင်းလဲမှုနဲ့အတူ လူငယ်တစ်ယောက် အနေနဲ့ ပြင်ဆင်ထားမှု
ခေတ်နောက်ကျလို့လည်း မဖြစ်သလို ခေတ်ရဲ့ရှေ့ကိုလည်း ကိုယ်က ရောက်နေလို့မဖြစ်ဘူး။ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့တော့ လိုတယ်။ လူတိုင်း လူတိုင်းက သူ့ပုံစံနဲ့သူတော့ ရှိကြတယ်။ တချို့ကျတော့လည်း သွက်သွက်လက်လက် ရှိပြီး တချို့ ကျတော့ အေးအေးဆေးဆေး နေတတ်ကြတယ်။ ဒါပေမဲ့ လူငယ် တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ ဝတ်စား ဆင်ယင်မှု အပိုင်းကိုပြောရမယ် ဆိုရင်
ကျွန်တော်ကအခုခေတ် လူငယ်တွေ ဝတ်စား နေသလိုပုံစံမျိုးနဲ့ ကိုယ်သွားတဲ့နေရာနဲ့ သင့်တော်တဲ့ဝတ်စား