မင်းသား၇ယောက်နဲ့ မင်းသမီး၇ ယောက်ပါဝင်မယ့် ရုပ်ရှင် ဇာတ်ကားကြီးရုပ်ရှင်အစည်းအရုံးကရိုက်ကူး မှာဖြစ်ကြောင်း လူမင်းပြော

လူမင်းက ‘စံချိန်သစ်’ ဆိုတဲ့ ဇာတ်ကားမှာ မြင့်မြတ်နဲ့အတူတွဲ ရိုက်ကူးနေပြီး မြင့်မြတ်နဲ့ ပထမဆုံးတွဲဖက် ရိုက်ကူးမှုလည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ လူမင်း နဲ့မြင့် မြတ် တို့က စိတ်ချင်းပြောင်းသွားပြီး သူ့အိုက်တင်၊ကိုယ့် အိုက်တင်ပြောင်း လုပ်ရမှာဖြစ်ပါတယ်။ အဲဒါ ကြောင့် ကိုယ်မပါတဲ့ ဇာတ်ဝင်ခန်း ရိုက်လည်း မလာဘဲနေလို့ မရဘဲ သူ့အိုက်တင်တွေ လိုက် ကြည့်ရတယ် လို့ဆိုတဲ့လူမင်းက.. ”မြင့်မြတ်ဇာတ်ကားတွေ ပြန်ကြည့် တယ်။ သူဘယ်လို အိုက်တင်တွေ လုပ်လေ့ ရှိလဲပေါ့။ ဒါပေမဲ့ ဒါရိုက်တာကတော့ ဒီ ဇာတ်လမ်းအရ အိုက်တင် ခွဲပေးထား တာရှိ တယ်။ ဇာတ်ကားတွေကိုတော့ အမြဲကြည့် ဖြစ်နေတာပါပဲ။ တီးမိခေါက်မိရှိပေမယ့် ဒီလိုရိုက်မယ်ဆိုတော့ တစ်ခါပြန်ပြီး သေချာ အောင်ကြည့်ရ တယ်”လို့ ပြောပြပါတယ်။
ရုပ်ရှင် အစည်းအရုံးကနေ ရိုက်ကူးမယ့် ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်ကြမယ့် အတွက် အနု ပညာရှင်တွေနဲ့ အောက်တိုဘာလ ၃ရက်နေ့ ကရုပ်ရှင် အစည်း အရုံးမှာ တွေ့ဖြစ် ကြတယ်
လို့သိရပါတယ်။ဒီဇာတ်ကားမှာမင်းသား၇ ယောက် နဲ့မင်းသမီး၇ယောက်ပါဝင်မှာဖြစ်ပါတယ်။ “ဒီလောက်ဇာတ်ကားရိုက် ကျပ်နေကြ တဲ့ မင်းသား၊မင်းသမီး ဆုံပြီူး ရိုက်ဖို့ ဆိုတာ တော်တော်ခက်ခဲတဲ့ ကိစ္စပါပဲ။ ညှိနှိုင်းတဲ့ အခါ လွယ်လွယ်ကူကူနဲ့ အဆင်ပြေ သွားတယ်။ ဇာတ်ကား နာမည် တော့ မပေးရ သေးဘူး။ ဒီဇင်ဘာ ၁ဝ ရက်နေ့စတင်ရိုက် ကူးမယ့် မင်းသားက ကိုယ်ရယ်၊ ပြေတီဦး၊ နေတိုး၊ မင်း မော်ကွန်း၊ နေမင်း၊ မြင့်မြတ်၊ အောင်ရဲလင်း၊ မင်းသမီးက ထွန်းအိန္ဒြာဗို၊ အိန္ဒြာကျော်ဇင်၊ မိုးဟေကို၊ ဝတ်မှုံရွှေရည်၊ သင်ဇာဝင့်ကျော်၊ ချစ်သုဝေ၊ ဖွေးဖွေးတို့ အားလုံးပေါင်း ၁၄ ယောက်၊ ဒါရိုက်တာ ဟိန်းစိုးရိုက်မယ်။ ဇာတ်ကိုလည်း သရုပ်ဆောင်များများ ပါစေချင်တဲ့ အတွက်ပါ။
မင်းသား၊ မင်းသမီးကိုခေါ်ပြီး သူ ငယ်ချင်းခန်း ပါရင်ပြီးရောဆိုပြီး ထည့်ရိုက်လို့ မရ ဘူးလေ။ အဲဒီတော့ သူ့နေရာနဲ့သူလုပ်ကွက် လေးတွေ ရတဲ့ ဇာတ်မျိုး ရိုက်မှာ ပါ။ ဇာတ် လမ်းကျောရိုးက အရင်တုန်းကရှိခဲ့ဖူးတဲ့ဇာတ်၊ အရင်က ရိုက်ခဲ့တဲ့ ‘မောင်နှံခုနှစ်ဖော်’ပါ။ အဲဒီဇာတ်ကို ဗားရှင်းပြောင်းပြီး လုပ်ထားတာ။ ဒီ၁၄ယောက်လုံးက အကုန်လုံးတွဲပြီး ရိုက်ရ မှာ။ ရိုက်ကူးရေးရက်ကိုလည်း ပြီးသလောက် အထိရက်ကိုရိုက်မှာပါ”လို့ပြောပြခဲ့ပါတယ်။ အောက်တိုဘာ ၁၄ရက်နေ့ မှာေ တာ့ သရုပ်ဆောင်တွေ အားလုံးစုပြီး ရုပ်ရှင် အစည်းအရုံးက ပြက္ခဒိန် ရိုက်ကူးဖို့အတွက် လည်း စီစဉ်ထားတယ်လို့ သိရတာကြောင့် “ရိုက်ဖို့ပြောတော့ အားလုံးက သဘော တူကြတယ်။ဟိုးအရင်တုန်းကမင်းသား၊ မင်း သမီးတွေအများကြီးပဲစုပြီးရိုက်ကြတယ်လေ။ ဒီလိုစုဖို့ဆိုတာခေတ် အဆက်ဆက်က ကြောက် ကြတယ်။လာတဲ့သူတွေ လာကြတယ်။ မလာတဲ့သူ၊မရိုက်ချင်တဲ့သူတွေလည်းရှိတယ်။ရအောင် ရိုက်မယ်။ရိုက်ဖြစ်ရင် အောက်တိုဘာ ၁၄ရက် နေ့ရိုက်မယ်”လို့ ပြောပြခဲ့ပါတယ်။ 

မေမွန်မောင် ပေါ်ပြူလာ ။

No comments:

Post a Comment