ရွှေFM သုံးနှစ်ပြည့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ရွှေ FM ၏ သုံးနှစ်ပြည့် အထိမ်းအမှတ် ဆုချီးမြှင့်ခြင်းအခမ်း အနားကို အောက်တိုဘာလ ၆ ရက်နေ့ ည ၆ နာရီခွဲအချိန်က အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သည်။ အခမ်းအနားဖျော်ဖြေမှု အစီအစဉ်တွင် ဇော်ဝင်းထွဋ်၊ လင်းလင်း နှင့် အမျိုးသမီးအဆိုတော်များ ပါဝင်ဖျော်ဖြေခဲ့ကြသည်။ အခမ်းအနား အစီအစဉ် အရ ထူးခြားစွာချီးမြှင့်သော အကောင်း ဆုံး စုံတွဲတေးရေးသားသူဆုကို ဟင်္သာတထွန်းရင်က မိသားစု ကန်တော့ပွဲသီချင်းဖြင့် ရရှိခဲ့သည်။ တစ်နှစ်တာ အတွင်း ပရိသတ်သီချင်း  အတောင်းအများဆုံး တေးသံရှင်အမျိုးသားနှင့် အမျိုးသမီးဆုကို ဆိုတေးနှင့် အေသင်ချိုဆွေတို့က ရရှိခဲ့သည်။ ထို့နောက် ရုပ်ရှင်နှင့် ဂီတမှာပါအောင်မြင်သော အနုပညာရှင် အမျိုးသားဆုကို ရန်အောင်၊ အမျိုးသမီးဆုကို ဝိုင်းစုခိုင်သိန်းတို့က ရရှိခဲ့သည်။ တစ်နှစ်တာအတွက် ရွှေFM ၏ အအောင်မြင်ဆုံး တေးသီချင်းဆုကို ”အလွမ်းပြေ အနမ်း” သီချင်းဖြင့် ဘန်နီဖြိုးက ရရှိခဲ့ပြီး ယခုနှစ်မှ
ထူးထူးခြားခြားချီးမြှင့်သော အကောင်းဆုံး ပွဲတက် ဝတ်စားဆင်ယင်မှုဆုကို အိန္ဒြာကျော်ဇင်က ရရှိခဲ့သည်။ ထို့နောက် တစ်နှစ်တာအတွက် ရွှေFM ၏ အကောင်းဆုံးတေးစီးရီး ထုတ်လုပ်သူ ဆုကို ဆိုတေး၏ မီးအိမ်ရှင်တေးစုထုတ်လုပ်သူ မညိုမာရန်အောင်က ရရှိခဲ့သည်။


Popular Myanmar ။

No comments:

Post a Comment