သမ္မတဦးသိန်းစိန် တောင်ကိုရီးယားကို ရောက်ရှိ

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်ရဲ့ ဖိတ်ကြားချက် အရ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ၃ ရက်ကြာ ခရီးစဉ် အဖြစ် တောင်ကိုရီးယား နိုင်ငံကို တနင်္လာနေ့မှာ ရောက်ရှိ လာပါတယ်။
တောင်ကိုးရီးယား နိုင်ငံကို ကျေးလက် စက်မှုလုပ်ငန်း အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုး တိုးတက်တဲ့ နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းနဲ့ ပတ်သက်ပြီး သရုပ်ဖော် ထားတဲ့ သမိုင်းပြတိုက်ကို သမ္မတ ဦးသိန်းစိန် သွားရောက် လေ့လာခဲ့တယ်လို့ သိရပါတယ်။
မနက်ဖြန် အင်္ဂါနေ့မှာတော့ ဦးသိန်းစိန်ဟာ တောင်ကိုးရီးယား သမ္မတ လီမြောင်ဘတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပြီး နှစ်နိုင်ငံ စီးပွားရေး ဆိုင်ရာ ပူးပေါင်း လုပ်ဆောင်မှုတွေ အတွက် အဓိကထား ဆွေးနွေးသွားမှာ ဖြစ်ပါတယ်

ကျေးလက် အဆင့် ကနေ လက်ရှိ ဖွံ့ဖြိုးတဲ့ နိုင်ငံ ဖြစ်လာ အောင် ချမှတ် လုပ်ဆောင် ခဲ့တဲ့ စီမံကိန်းကို လေ့လာ
မြန်မာသမ္မတက တောင်ကိုးရီးယား နိုင်ငံရဲ့ ရင်းနှီး မြှပ်နှံမှုတွေ အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပြီး မြန်မာ့ စီးပွားရေး တိုးတက်လာဖို့ တောင်ကိုးရီးယား အနေနဲ့ ဆက်လက် ကူညီသွားဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ ပါတယ်။
ဒီခရီးစဉ်မှာ သမ္မတနဲ့ အတူ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ လျှပ်စစ် ဝန်ကြီး ဦးခင်မောင်စိုး၊ စက်မှုဝန်ကြီး ဦးအေးမြင့် တို့အပြင် သမ္မတရုံး ဝန်းကြီးများ ဖြစ်ကြတဲ့ ဦးစိုးသိန်းနဲ့ ဦးတင်နိုင်သိန်း တို့လည်း လိုက်ပါသွား ကြပါတယ်။
တောင်ကိုးရီးယားဟာ မြန်မာနိုင်ငံမှာ ဒေါ်လာ ၃ ဘီလျံ နီးပါး ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

 BBC News ။

No comments:

Post a Comment