ရန်ကုန်မြို့တွင် နှစ်စဉ်ကြေးဖြင့်ငှားသော ယာဉ်နားရာနေရာ ရှေ့နှစ်တွင် ခွင့်မပြုတော့

လက်ရှိနှစ်စဉ်ကြေးဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ငှားရမ်းထားသော ကိုယ်ပိုင် ယာဉ်ရပ်နားနိုင်သည့်နေရာများ (ကားပါကင်)  အားလုံးကို ၂၀၁၂-၂၀၁၃ဘဏ္ဍာရေးနှစ်ကုန်(၂၀၁၃ ခုနှစ်မတ်လ ၃၁ ရက်နေ့နောက်ဆုံး) တွင် ထပ်မံခွင့်မပြုတော့ဘဲ ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ခွင့်မပြုတော့ကြောင်းကို အောက်တိုဘာလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင်း ကားရပ်ရန်နေရာများကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ၁၉၉၂ ခုနှစ်က စတင်ပြီး အခွန်ပေးဆောင်ကာ  ၁ စတုရန်းပေလျင် ၈၀၀ကျပ်နှုန်းဖြင့် နောက်ဆုံးခွင့်ပြုပေးကြောင်း၊  ထိုသို့ နှစ်စဉ်ကြေးပေးဆောင်ပြီး ငှားရမ်းထားခြင်းမှာ  ၂၄ နာရီအပိုင် ရပ်နားခွင့်ပြုထားခြင်းမဟုတ်ကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

ရန်ကုန်မြို့မှာ တဖြေးဖြေးတိုးလာတဲ့ မော်တော်ယာဉ်တွေ အဆင်ပြေစွာ ရပ်နားနိုင်ဖို့ ရည်ရွယ် ပြီး
သိမ်ဖြူလမ်းမှာ ကွန်ကရစ် လေးလမ်းသွား အပြည့်ကွန်ကရစ်လမ်းခင်းပြီး ဘေးနှစ်ဖက်မှာအလျား ၈၉၀ ပေ၊ အနံ ၁၂ ပေရှိ ယာဉ်ရပ်နားရန်နေရာ ကားပါကင် နှစ်ထည့်သွင်းပြုလုပ်ပေးခဲ့ပြီး ဖြစ်သလို အထက်ကြည့်မြင်တိုင်လမ်း (ဗားကရာလမ်း နှင့် ဟံသာဝတီလမ်းကြား) အရှည် ၄၂၀၀ ပေမှာ ယာဉ်သွားလမ်းဘေး ၁၈ ပေအကျယ် ယာဉ်ရပ်နားနေရာကို ပြုလုပ်ပေးနေကြောင်း ၊ ပုဇွန်တောင်မြို့နယ်မှာလည်း ဗိုလ်တထောင်ဘုရားလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)စသည်တို့မှာလည်း ယာဉ်ရပ်နားနိုင်တဲ့ နေရာတွေလုပ်ပေးသွားမှာ ဖြစ်ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ပြောကြားခဲ့သည်။
ဧဒင်ချစ်ပုံပြင် ။

No comments:

Post a Comment