ဒီဇင်ဘာမှာ မြန်မာမင်းသား ၃ယောက်၊ ဂျပန်မင်းသမီး တစ်ယောက်နဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာဝင်းထွန်းထွန်း

ဒါရိုက်တာဝင်းထွန်းထွန်းက ရုပ် ရှင်ရိုက်ရင် ဒရာမာပဲရိုက်မယ်လို့ ပြော ထားခဲ့ဖူးပြီး သူပြောတဲ့စကားအတိုင်း ပါပဲ အခုအခါမှာလည်း ‘စုန်းပြူး’ဆို
တဲ့ ဒရာမာရုပ်ရှင်ကား ကြီး ပြင်ဦးလွင်မှာ ရိုက်ကူးနေပါတယ်။ ”ကိုယ်ပြောခဲ့တဲ့ အတိုင်းပါပဲ။ ပြောတဲ့စကား တည်အောင်လည်း ဟာသကားတွေ ခေတ်စားတဲ့ ၄နှစ် ကျော်၊ ၅နှစ်မှာ ကျွန်တော် ရုပ်ရှင်တစ်ကားမှ မရိုက်ဘဲနေခဲ့ပါတယ်”လို့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောပါတယ်။ အခုရိုက်နေတဲ့ စုန်းပြူးဇာတ်ကို နေတိုးယူလာတာဖြစ် ပြီး ဒရာမာဆိုရင် သူက လည်း ကြိုက်တာကြောင့် ရိုက်ဖြစ်တာလို့ ဒါရိုက်တာဝင်းထွန်းထွန်းက ပြောပါတယ်။ အဲဒီကားမှာ သုံးဖို့အတွက် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကိုလည်း ဝယ်ယူဖို့ ကြိုး စားနေတယ်လို့ပြောတဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရုပ်ရှင်လေးကား ဒီနှစ်ထဲမှာ ရိုက်မယ်လို့ပြောထားပေမယ့် နှစ်ကားပဲ ရိုက်ဖြစ်တော့မယ်လို့ သိရတာကြောင့် မေး ကြည့်တော့ ”အခုအနေအထားအရ ဗီဒီယိုယိမ်းယိုင်တဲ့ အနေအထားမှာရှိတယ်။ ကိုယ်က ဗီဒီယိုနဲ့ ထမင်းစားခဲ့ဖူးတယ်။ အဲဒီတော့ နောက်ဆုံး ဗီဒီယိုလောကပျောက် သွားတဲ့အထိ အတူရှိနေမယ်။ ဗီဒီယိုနဲ့ ထမင်းစားနေတဲ့သူ ၅သောင်း ကျော်ရှိတယ်။ ကိုယ့်ဆီ ရုပ်ရှင်ကားကြီးလာလို့ ရုပ်ရှင်ပဲ ရိုက်တော့မယ်ဆိုရင် မဖြစ်သေးဘူး။ ကိုယ် ပြန်ကြည့်ရဦးမယ် အဲဒါကြောင့်ပါ”လို့ ပြောပါတယ်။ ဒါရိုက်တာ ဝင်းထွန်းထွန်းက ရုပ်ရှင်ကားကြီး ရိုက်တဲ့အခါမှာလည်း သူနဲ့ ဟိုးအရင် ဗီဒီယိုရိုက်ကတည်းက
တွဲလာတဲ့သူ့ အဖွဲ့သားတွေနဲ့ပဲ ရိုက်ကူးတာဖြစ်ပြီး သူ့အဖွဲ့သား၁၅ယောက်နဲ့ လက်တွဲပြီး အလုပ်လုပ်လာ တာ၁ဝနှစ်ကျော်ပြီလို့ ဒါ ရိုက်တာ ဝင်းထွန်းထွန်းကပြော ပါတယ်။ ဒါရိုက်တာဝင်းထွန်းထွန်းက ဒီဇင်ဘာမှာ နောက်ထပ် ရုပ်ရှင် တစ်ကားကို ရိုက်ကူးဖို့စီစဉ် နေပြီး အဲဒီကားမှာ ဂျပန်မင်းသမီး
တစ်ယောက် ပါဝင်မယ်လို့သိရ တာကြောင့် မေးကြည့်တော့ ”အဲဒီကားမှာ ဂျပန်မင်းသမီးက မပါလို့ကို မဖြစ်တာ။ မင်းသား ၃ယောက်နဲ့ ဂျပန်မင်းသမီးနဲ့ပေါ့။ မင်းသား ၃ယောက်ကိုတော့ တော်တော် ညှိနေရပါတယ်။ နာမည်တွေကိုတော့သေချာမှ ထုတ်ပြောပါမယ်။ အဲဒီကားကို ရိုက်ဖို့ဇာတ်က လွန်ခဲ့တဲ့ ၄၊ ၅နှစ်ကတည်းက ကျွန်တော့်လက်ထဲ ရောက်နေတာ။ ‘သွေး’ ရုပ်ရှင်ကားကြီးကြည့်ပြီးတို့က ဒီဇာတ်ကိုရိုက်မယ်လို့ဆုံးဖြတ်ခဲ့တာပါ။ ဂျပန် မင်းသမီးက အဓိကကတော့ ကျွန်တော်တို့ ဘာသာစကားကိုနားလည်ဖို့အဓိကပါ။ ဂျပန် မင်းသမီး အစစ်ပါ။ သာမန် ဂျပန်လူမျိုးမဟုတ်ပါဘူး။ဂျပန်မင်းသမီးကို ကုမ္ပဏီကရွေးချယ်မှာပါ။ ဒါပေမဲ့ အဲဒီမင်းသမီးနဲ့ စကားပြောရမယ့်ဟာ ရှိတယ်။ အဲဒါကတော့ တစ်ကိုယ်လုံး ချွတ်ပြီးရိုက်ရမယ့် အခန်းတစ်ခန်း ပါနေတယ်။ အဲဒါကလည်းဇာတ်ရဲ့အရေးကြီးဆုံး အဓိကအခန်း ဖြစ်နေတယ်” လို့ပြောပြခဲ့ပါတယ်။

Popular journal ။ 

No comments:

Post a Comment