အမဲလိုက်စစ် ခွေးစက်ရုပ် အမေရိကားမှတီထွင်


အမေရိကန်စစ်ဘက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီမှ စစ်ဘက်သုံးခွေးစက်ရုပ်နှစ်ရုပ်ကို တီထွင်ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။ ထိုစက်ရုပ်များကို အမဲလိုက်ခွေးကြီးများ ဟုခေါ်ဆိုပြီး ကြည်းတပ်သားများအတွက် ထောက်ပံ့မှုပေးရန် တီထွင်ခဲ့ခြင်းဖြစ်ကာ မည်မျှမြေမျက်နှာပြင် ကြမ်းတမ်းသည်ဖြစ်စေ၊ စစ်သည်များအတိုင်း လိုက်ပါသွားလာနိုင်ပြီး အလေးချိန် ပေါင်၄၀၀ အထိသယ်ဆောင်နိုင်ကာ မိုင်၂၀ခရီးအထိ လောင်စာဆီထပ်မဖြည့်ပဲ သွားလာနိုင်သည်။ ယခုအခါ
ထိုစက်ရုပ်နှစ်ရုပ်အတွက် ဆက်သွယ်ရေးစနစ်များ ထပ်မံတပ်ဆင်သွားရန် စီစဉ်လျက်ရှိပြီး ၎င်းမှာ သတင်းအချက်အလက်များကို ရေဒီယိုအော်ပရေတာမှ တစ်ဆင့်ပို့ပေးနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

SweSome Media Group ။

No comments:

Post a Comment