ရော်ဂျာမိုးနဲ့ ရှောင်ကွန်နရီတို့ နှစ်ဦးကို လိုက်မီတော့မယ့် ဒန်နီရယ်ခရိတ်

လက်ရှိ ကာလမှာ Skyfall ဇာတ်ကား အတွက် အသည်းအသန် ရိုက်ကူး နေရသူ ဂျိမ်းစ်ဘွန်း မင်းသား ဒန်နီရယ်ခရိတ် တစ်ယောက် ပရိုဂျူ ဆာတွေကို ဘယ်လို ချုပ်လိုက်တယ် မပြောတတ်ဘူး၊နောက်ထပ်(၂)ကား ထပ်ရိုက်ဖို့ စာချုပ်ကိုချုပ်နိုင်လိုက် ပါပြီတဲ့။
ဒီစာချုပ်မတိုင်ခင်ကလည်း Skyfall ပြီးရင်တစ်ကားထပ်ရိုက်ဖို့ အတွက်သဘောတူပြီးသားဖြစ်လို့ အခု (၂)ကားနဲ့ပေါင်းလိုက်ရင် စုစုပေါင်း ဂျိမ်းစ်ဘွန်း(၆)ကားအထိ ခရိတ်ပါဝင် ခွင့်ရစေမယ့်အခြေအနေဖြစ်နေပါတယ်။
Casino Royal နဲ့ YhQuantum of Solace ဇာတ်ကားတွေအပြီးမှာ အခု Skyfall ကိုဆက်လက်ပြသမှာပါ။ ဒီ(၃)ကားပြီးတဲ့အခါကြိုတင်ပြီးသဘောတူထားတာ(၁)ကား၊ နောက်ဆုံးစာချုပ်လိုက်တာ(၂)ကားနဲ့ပေါင်းရင်ဒန်နီရယ်ခရိတ်အတွက်(၆)ကား ဖြစ်လာမှာပါ။တစ်စုံတရာချွတ်ချော်မှု မဖြစ်ခဲ့ဖူးဆိုရင်ပေါ့လေ။ ဒီအတိုင်း သာ အကောင်အထည်ပေါ်လာခဲ့ရင် ဒန်နီရယ်ခရိတ်ဟာ ငယ်ငယ်ရွယ်
ရွယ်မှာပဲ ရော်ဂျာမိုးနဲ့ရှောင်ကွန်နရီ တို့တွေကို လိုက်မီသူအဖြစ်မှတ်တမ်း ဝင်လာပါတော့မယ်။

First News Journal ။

No comments:

Post a Comment