မန္တလေးတံတားဦး ဟိုတယ်ဇုန်သစ် စီမံကိန်းမှာ လုပ်ငန်း လုပ်ကိုင်ခွင့် အဆိုပြုလွှာ ၁၀၀ ကျော်အထိ ရှိနေပြီ


မန္တလေး ဟိုတယ်ဇုန်မှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မန္တလေး ဒေသမှာ ဟိုတယ်ဇုန် အဖြစ် ဖေါ်ထုတ်မယ့် တံတားဦး ဟိုတယ်ဇုန် အသစ်မှာ
မြေနေရာ လျှောက်ထားပြီး ဟိုတယ် တည်ဆောက်ခွင့်ပြုဖို့ အတွက် လျှောက်ထားတဲ့ လုပ်ငန်း အဆိုပြုလွှာ တွေဟာ ယခု လက်ရှိမှာ လျှောက်လွှာ တစ်ရာကျော် ရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တံတားဦး ဟိုတယ်ဇုန် အတွက် အဆိုပြုလွှာတွေ ကိုတော့ နေပြည်တော် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ၀န်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ အဖွဲ့၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်နဲ့ မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း မန္တလေး ဟိုတယ်ဇုန်တို့မှာ လျှောက်ထား နိုင်တာ ဖြစ်ပါတယ်။

အဆိုပါ ဟိုတယ်ဇုန် မှာတော့ လုပ်ငန်းရှင်များ အတွက် မြေနေရာ ချထားပေးမှုကို လုပ်ငန်းရှင် တစ်ဦးလျှင် အနည်းဆုံး မြေဧက ၅ ဧက ချထားပေးမှာ ဖြစ်သလို မြေဧကများ ထပ်မံ လိုအပ်ပါက လိုအပ်သလို
ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်ဇုန် မှာတော့ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံ နိုင်မှာ ဖြစ်ပါတယ်။

ယခုလက်ရှိ မှာတော့ ဟိုတယ်ဇုန်မှာ မြေနေရာများ ဖော်ထုတ်ဖို့ အတွက် ဟိုတယ်ဇုန်မှာ ပါဝင်တဲ့ ဒေသမှ တောင်သူ လယ်သမားရဲ့ မြေယာများ အတွက် ဈေးနှုန်း ညှိနှိုင်းမှု ဆိုင်ရာများ ဆောင်ရွက်လျက် ရှိတယ်လို့ သိရပါတယ်။ အဆိုပါ ဟိုတယ်ဇုန် မှာတော့ လုပ်ငန်းရှင် တွေဟာ မြေယာ ရရှိပြီးပါက ဟိုတယ်များကို ၃ နှစ်အတွင်း အပြီး တည်ဆောက် ရမှာဖြစ်ပြီး အဲ့ဒီ ဟိုတယ်ဇုန်မှာ မြန်မာငွေကျပ် ဘီလီယံ ၁၀၀ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်လို့ သိရပါတယ်။

MRTV 4 

No comments:

Post a Comment