မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်လုပ်ငန်းရှင်တို့ ၉ ကြိမ်မြောက် ဆွေးနွေးပွဲ ပြုလုပ်မည်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း
တို့ ပူးပေါင်း၍ 9th Joint Meeting of Myanmar-Japan CCI Business Cooperation Committee ကို စက်တင်ဘာ ၂၈ ရက်၊ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Sedona Hotel ၌ ကျင်းပမည် ဖြစ်သည်။
ယင်းအစည်းအဝေးတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ဂျပန်စီးပွားရေး လုပ်ငန်းရှင်များသည် စီးပွားရေးလုပ်ငန်းများအလိုက် တစ်ဦးချင်းသော် လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း မြန်မာ-ဂျပန် ကုန်သည်/စက်မှု အသင်းများစီးပွား ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ပူးတွဲအစည်းအဝေး တွင်တွေ့ဆုံပြီး အကျိုးစီးပွား အတွက် အသေးစိတ် ညှိုနှိုင်းဆွေးနွေးနိုင်သည့် အခွင့်အရေးများ ရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
အထက်ပါအစည်းအဝေးနှင့် လုပ်ငန်းအလိုက် ဆွေးနွေးပွဲသို့ တက်ရောက်သော စီးပွားရေးလုပ်ငန်းရှင်များ
အနေနှင့် အသေးစိတ် သိရှိလိုပါက ကုန်သည်/စက်မှု အသင်းချုပ် ဖုန်း - 214344 ၊ 214349 (လိုင်းခွဲ 117 / 150 ) သို့ မေးမြန်း၍ တက်ရောက်ခွင့် ၀င်ကြေးနှင့် အတူ စာရင်းပေး သွင်းနိုင်ကြောင်း သိရသည်။

Popular Myanmar Journal ။

No comments:

Post a Comment