တောင် ကိုရီးယား 4 Minute အဆိုအဖွဲ့ ယာဉ် မတော် တဆမှုဖြစ်ပွား


တောင် ကိုရီးယား အမျိုး သမီးအဆို အဖွဲ့ဖြစ်သည့် 4 Minute အဖွဲ့သည် စက်တင်ဘာ ၁၅ ရက်က ယာဉ် မတော် တဆမှု ဖြစ်ပွားသော်လည်း ကံကောင်း ထောက်မစွာဖြင့် အဖွဲ့ဝင် အားလုံး ကြီးကြီးမားမား ထိခိုက် ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း အင်တာနက် သတင်း တစ်ရပ် အရ သိရသည်။  4 Minute အဖွဲ့သည် ဖျော်ဖြေပွဲ ကျင်းပမည့် အိုဆန်မြို့သို့ သွားရာ လမ်းတွင် ၎င်းတို့ စီးလာသည့် ကားနှင့် ရှေ့မှ ကားတို့ တိုက်မိ ခဲ့ခြင်းဖြစ်သည်။   ယာဉ် မတော် တဆမှု ဖြစ်ပွားခြင်း ကြောင့် အိုဆန်မြို့   မြို့သူမြို့သား များ၏ အထိမ်း အမှတ်   အခမ်း အနား တွင် ဖျော်ဖြေ တင်ဆက်နိုင်မှု မရှိသည့် အတွက် ပရိသတ်
များကို တောင်းပန်ကြောင်း ၎င်းတို့၏  အေဂျင်စီက ပြောကြား ခဲ့သည်။  အိုဆန် ပွဲတော်၌ ဖျော်ဖြေမှု ပျက်ကွက်ခဲ့သည့် အတွက် 4 Minute အဖွဲ့ သားများ ကလည်း ပရိသတ် များကို တောင်းပန်ကြောင်း
၎င်းတို့ ဝက်ဘ် ဆိုက်တွင် ပြောကြား ခဲ့သည်ဟု သိရသည်။ 

Myawady

No comments:

Post a Comment