ဂျပန်အကူအညီဖြင့် ၂၀၁၃တွင် အင်တာနက်မြန်နှုန်း 10GBအထိ တိုးမြှင့်သုံးစွဲနိုင်ရန် စီစဉ်ဆောင်ရွက်မည်

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှလက်ရှိ အသုံးပြုခွင့်ပေးထားသော အင်တာနက်မြန်နှုန်းများကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် ၂၀၁၃ခုနှစ်တွင် အင်တာနက်မြန်နှုန်း 10GBအထိ တိုးမြှင့်သုံးစွဲနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်းသိရသည် ။ အင်တာနက် မြန်နှုန်းများ တိုးမြှင့်ရန် စီစဉ်ဆောင်ရွက်ရာ၌လည်း ဂျပန်နိုင်ငံမှ နည်းပညာပိုင်း၊ ရင်းနှီးမြှုပ်နှံမှုများ၊ပညာရပ်ပိုင်းဆိုင်ရာများဖြင့် ဆောင်ရွက်ကြမည်ဖြစ်သည်။ ထိုသို့ မြန်နှုန်း တိုးမြှင့်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်းမှာလည်း ၂၀၁၃ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအမှီ အင်တာနက် ကောင်းမွန်စွာ အသုံးပြုနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည် ဟုသိရသည်။'' ဆီးဂိမ်းစ်အမီ  အင်တာနက်ကောင်းကောင်း တိုးမြှင့်အသုံးပြုနိုင်အောင် ဆောင်ရွက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဆီးဂိမ်းမှာ နိုင်ငံခြားသားတွေနဲ့ ပြည်သူတွေပါ အင်တာနက်ကို အကောင်းဆုံးအသုံးပြုနိုင်အောင်ပါ '' ဟုမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။
ထိုသို့အင်တာနက် ကွန်နက်ရှင်များ ကောင်းမွန်ရန် ဆောင်ရွက်ပြီးပါကလည်း အင်တာနက်ကွန်နက်ရှင်
ကျဆင်းမှု နှေးကွေးမှုများ ဖြစ်ပေါ်လာပါက လျော်ကြေး ပြန်လည်ပေးရန်အတွက်ပါ ဆောင်ရွက်မည်ဖြစ်သည် ဟုသိရသည်။'' လက်ရှိ မြန်မာနိုင်ငံရဲ့ အင်တာနက်မြန်နှုန်းတွေက များစွာ ကျဆင်းမှုဖြစ်ပေါ်နေပါတယ်။ ကွန်နက်ရှင် ပြန်တက်လိုက်၊ ပြန်ကျလိုက်က နေ့စဉ်လိုလိုပါပဲ။ ပြည်ပနိုင်ငံနည်းတူ အသုံးပြုနိုင်ဖို့ အင်တာနက် မြန်နှုန်းတွေ ကောင်းမွန်အောင် ပြုလုပ်ပေးသင့်ပါတယ်'' ဟုနေ့စဉ် အင်တာနက်လုပ်ငန်းဖြင့် စီးပွားရေးလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။ယခုအခါ ပြည်တွင်း၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးစွဲနေသည့် အင်တာနက်မြန်နှုန်းမှာ 3.3GB ၀န်းကျင်အထိသာ သုံးစွဲနိုင်သေးကြောင်း သိရသည်။

pyimyanmar journal ။

No comments:

Post a Comment