ဓာတ်မြေသြဇာဖြင့် ကြီးပြင်းသော ဟင်းရွက်စိမ်းများ၏ အန္တရာယ်

ဟင်းသီးဟင်းရွက် စိမ်းများကို စားခြင်းဟာ ကျန်းမာရေးနှင့် ညီညွတ် သော စားသောက်မှု ဖြစ်သော်လည်း ၄င်းတို့ဟာ ဆိုးဝါးပြင်းထန် သည့် သွေး ရောဂါဖြစ်နိုင်ခြေ အခွင့်အလမ်းကို များစေကြောင်း ထိုင်ဝမ်ဆရာဝန် တစ်ဦးက သတိပေးပြောဆိုလိုက်ပါ တယ်။
ဆီးနှင့်ကျောက်ကပ်အထူးကု ဆရာဝန်ဖြစ်သော ထိုသူ၏ ပြောဆို ချက်အရ မကြာသေးခင်က ဆေးရုံ ရောက်လာတဲ့ အမျိုးသမီးတစ်ဦးဟာ Acute Methemoglobinaemia လို့ခေါ်တဲ့ သွေးအားနည်းရောဂါတစ်ခု ကို ခံစားခဲ့ရပါတယ်။ သွေးနီဥများ အတွင်း အောက်စီဂျင်သယ်ယူနိုင် သော မော်လီကျူးများ မထုတ်လုပ် နိုင်တဲ့ ပြဿနာဖြစ်ပါတယ်။
သူမ စားသောက်သော ဟင်းသီးဟင်းရွက် များဟာ ဓာတ်မြေဩဇာတစ်ခု ဖြစ် သည့်Nitrites နိုက်ထရိုက်များကို လွန်လွန်ကဲကဲ သုံးစွဲကာ စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါရောဂါကို ဖြစ်စေသော အများဆုံးအကြောင်းရင်းကတော့ Nitrates နိုက်ထရိတ် အများအပြား ပါဝင်သော စားစရာများဖြစ်သည့် ထပ်ဖြည့်ပစ္စည်း (Additives) များ ဖြစ်ပါတယ်။
၎င်းတို့ကို ဟော့ဒေါ့၊ ဝက်ပေါင်ခြောက် စသည်တို့ထဲတွင် တာရှည်အထားခံအောင် ထည့်လေ့ရှိပါတယ်။ ထိုင်ဝမ်ကျွန်းတွင် အပင်များ ရှင်သန်ကြီးထွားစေရန်အတွက် နိုက် ထရိတ် အမြောက်အမြားပါဝင်သော ဓာတ်မြေဩဇာများ သုံးလေ့ရှိကြောင်း သိရပါတယ်။ ယခုဖော်ပြခဲ့တဲ့ လူနာဟာ နှစ် ရှည်လများ သက်သတ်လွတ် စားလာ ခဲ့ပြီးနောက်မှ အဆိုပါရောဂါရလာခြင်း ဖြစ်ပါတယ်။
ခေါင်းမူးခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ နှုတ်ခမ်းများပြာလာခြင်း၊ အသက်ရှူရခက်ခြင်း၊ နှလုံးခုန်မြန်ခြင်း
စသည်တို့ကို ခံစားခဲ့ရပါတယ်။ အောက်စီဂျင်ကုထုံး ပေးပြီးနောက်မှ ပြန်ကောင်းလာခဲ့ရပါတယ်။
စံချိန်စံညွှန်းများအရ အစားအ သောက်များတွင် နိုက်ထရိုက် အများ ဆုံးပါဝင်ခွင့်ပြုသည့် ပမာဏ ၂၀ဝ၀ ppm ဖြစ်သော်လည်းစစ်တမ်းကောက် ယူခဲ့သော ဟင်းသီးဟင်းရွက်များတွင် ၂၀ဝ၀ဝ ppm အထိပါဝင်နေကြောင်း သိရပါတယ်။
FDA ရဲ့ သတိပေးချက်အရ အသက် ၆ လအောက် ကလေးငယ် များဟာ သွေးရောဂါများ ဖြစ်ပွား လွယ်ကြောင်း၊ ထို့ကြောင့် နိုက်ထရိတ် ပမာဏများစွာပါဝင်နေသည့် ဟင်းသီး ဟင်းရွက်များ လုံးဝမကျွေးသင့် ကြောင်း ထုတ်ပြန်ထားပါတယ်။

Yoyarlay ။

No comments:

Post a Comment