iPhone 5 သည် မြန်မာတွင် သုံးနေသော SIM Card စနစ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ စိတ်ဝင်စားလျက်ရှိ

iPhone 5 သည် မြန်မာနိုင်ငံ တွင် လက်ရှိ အသုံးပြုလျက် ရှိသော SIM Card စနစ်ဖြင့် ကိုက်ညီမှု ရှိ/မရှိ Apple product အရောင်းဆိုင်များနှင့် ဝယ် ယူအသုံးပြုရန် စောင့်ဆိုင်းလျက် ရှိသူများ စိတ်ဝင်စားလျက်ရှိကြ ကြောင်း သိရသည်။
“အခု iPhone 5 အသုံးပြုတာ က Nano-SIM Card စနစ် ဖြစ်နေ တယ်။ မြန်မာနိုင်ငံမှာ လက်ရှိသုံး နေတဲ့SIM card တွေထက် အရွယ် အစားရော၊ အထူအပါးရော သေး တယ်။ ဒါကြောင့် ကတ်ချိုးတဲ့ အခါ တော်တော်လေး ခက်သွား လိမ့်မယ်။ ကျွန်တော့် ခန့်မှန်းချက် အရဆိုရင်တော့ ၅၀း၅၀ ပဲ။ စင် ဒီမှာရနိုင်ဖို့ တော်တော်သေချာ သွားပြီ။ ဖုန်းလက်ထဲရောက်တော့ မှပဲရ၊ မရသိရမှာပါ” ဟုGolden Dragon ဖုန်းဆိုင်မှ ကိုကျော်ဇော ဟိန်းက ပြောသည်။
iPhone 5 သည် မြန်မာနိုင်ငံ သို့စက်တင်ဘာလ ကုန်ပိုင်းလောက် တွင်ရောက်ရှိနိုင်ဖွယ်ရှိပြီး ရောက် ရှိလာပါကလည်း ဈေးကွက်မည် ကဲ့သို့ဖြစ်မည်ကို ခန့်မှန်း လျက်ရှိ ကြသည်။ “နည်းစနစ်နဲ့ အရွယ်အစား က ပြောင်းလဲသွားပေမယ့်design က ဒီdesign ကြီးပဲ။ Apple ဆိုတဲ့ ကုမ္ပဏီဆိုတော့လဲ တစ်ခုခုတော့ ထူးခြားဖို့ မျှော်လင့်ရတာပဲလေ။ ဒီ ကSIM ကတ်တွေနဲ့ သုံးလို့ရ/ မရကလဲ မသေချာသေးတော့ ဈေး
ကွက်က ခန့်မှန်းလို့ မရဘူးဖြစ်နေ တယ်။ အခုလတ်တလောအရ order မှာထားတဲ့သူတွေ၊ တကယ် ဝယ်သုံးမယ့်သူတွေ၊ စောင့်ကြည့် နေသူတွေတော့ အများကြီးရှိပါ တယ်”ဟု ဈေးကွက်လေ့လာသူ တစ်ဦးက ပြောသည်။
ပြည်တွင်းဈေးကွက်အတွင်း တင်သွင်းရောင်းချမည့် သူများ မှာလည်း nano SIM Card အဖြစ် အသုံးပြုနိုင်ရန် ကြိုးစားဆောင် ရွက်ပေးကြမည် ဖြစ်ပြီးSIM Card အတွက် အန္တရာယ်ရှိသောကြောင့် အာမခံ မပေးနိုင်ကြောင်းပြောကြ သည်။
“အရင်တုန်းက ၅၀, ၅၁ နဲ့ တယ်။ ဒီတော့ သူတို့ကိုထည့်သုံး မယ်ဆိုရင် ပိုပြီးတော့ အန္တရာယ် ရှိတယ်။ ဒါပေမဲ့ရနိုင်ပါတယ်။ ရ နိုင်အောင်လည်း ကြိုးစားပေးသွား မှာပါ။ ကျွန်တော့် ခံယူချက်နဲ့တော့ ၈၀း၂၀ မှန်းထားပါတယ်။ ဖုန်း ရောက်လာရင် ကျွန်တော်တို့ကတ် နဲ့အရင်စမ်းမယ်။ ပြီးမှ customer ကို ဝန်ဆောင်မှုပေးသွားမှာပါ။ အာ မခံတော့မရနိုင်ပါဘူး။ ကတ်ပျက် သွားရင် ဆက်သွယ်ရေးမှာ ပြန် လျှောက်ရမှာပေါ့။ ဝန်ဆောင်မှု ကတော့ အခမဲ့ဖြစ်မှာပါ”ဟု iMotion ဖုန်းဆိုင်မှ ကိုမင်းသန့်က ပြော သည်။

Net Guide

No comments:

Post a Comment