အမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခုကို အမျိုးသာဥယျာဉ်အဖြစ် လုပ်ကိုင်ရန် တင်ဒါလျှောက်ထားသူ ၁၅ ဦးရှိ

ရှေးဟောင်းအမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခုကို အမျိုးသားဥယျာဉ်အဖြစ် လုပ်ကိုင်လို ၍ တင်ဒါတင်ထားသော ပုဂ္ဂလိကလုပ်ငန်းရှင် ၁၅ ဦးရှိကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောသည်။

ပုဂ္ဂလိကလုပ်ကိုင်ခွင့်ပေးမည့် အမျိုးသားယာဉ်ကျေးမှု အမွေအနှစ်လေးခုမှာ မြန်နန်းစံကျော် ရွှေနန်းတော် နန်းမြို့ရိုးနှင့် ကျုံး၊ တံတားဦး ဆင်ကျုံးခံတပ်နှင့်သပြေတန်းခံတပ်၊ ရွှေဘိုနယ် ရွှေဘုံရတနာ မင်္ဂ လာနန်းတော်၊ ပဲခူးမြို့ရှိကမ္ဘောဇသာဒီနန်းတော်တို့ ဖြစ်သည်။ ယင်းအမျိုးသားယဉ်ကျေးမှု အမွေအနှစ်လေးခု ကို အမျိုးသားဥယျာဉ်အဖြစ် လုပ်ကိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူခဲ့သည်။

“ဒီလကုန်ရင်တော့ တင်ဒါပိတ်တော့မယ်။ စိတ်ဝင်စားပြီးတင်ဒါလာဝယ်တဲ့လုပ်ငန်းရှင် ၁၅ ဦး ရှိတယ်။ အဆိုပြုလွှာကိုတော့ ဒီလကုန်မှ တင်ပြီးရွေးမယ်”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အမျိုးသားဥယျာဉ်အဖြစ် ပုဂ္ဂလိကကို ချထားပေးရာတွင် လုပ်ကိုင်ခွင့်ရသော လုပ်ငန်းရှင်စည်း ကမ်းနှင့်ယဉ်ကျေးမှု အမွေအနှစ်များ မပျက်စီးရန်ပြုပြင်ထိန်းသိမ်းခြင်းများ၊ ယင်းဒေသတစ်ဝိုက်တွင်
ဥယျာဉ်၊ လှပသော သစ်ပင်ပန်းပင်များ စိုက်ပျိုးပြီး ပုံဖော်ခြင်းများကို လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရသော ဒေ သသို့ခရီးသွားများ လာရောက်ပါက မူလကောက်ခံသော နှုန်းထားအတိုင်း လုပ်ငန်းရှင်က ခံစားခွင့်ရမည်ဖြစ် ကြောင်း အထက်ပါပုဂ္ဂိုလက်ပြောသည်။

ယင်းဒေသလေးခုကို အမျိုးသားဥယျာဉ်အဖြစ် လုပ်ကိုင်ရန် ပထမဆုံးတင်ဒါ ခေါ်ယူခြင်းဖြစ်ပြီး ကျန်နေရာများကိုလည်း ခေါ်ယူရန် အစီစဉ်ရှိကြောင်း၊ လုပ်ငန်းရှင်များကို ယခုလကုန်တွင် မန္တလေးမြို့၌ ကျင်းပ ပြုလုပ်မည့် အစည်းအဝေးတွင် ရွေးချယ်သွားမည်ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။

Teahop Talk

No comments:

Post a Comment