နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နဝမ အကြိမ်မြောက် အာဆီယံ- တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနား တက်ရောက်



နဝမ အကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ ကျင်းပရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့်  အာဆီယံ နိုင်ငံများ ကိုယ်စား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံမှ ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံ အဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ ကုန်စည်ပြပွဲသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် အတူ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဒုတိယ သမ္မတ Mr. Xi Jinping? လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Thongsing Thammavong? ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Nguyen Tun Dung? အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ် အကြီးအကဲများ၊ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး Mr. Ma  Biao နှင့် တာဝန် ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အုပ်ချုပ်ရေးမှူး Mr.  Ma  Biao? တရုတ် နိုင်ငံတကာ ကုန်သွယ်မှု ကဏ္ဍ ကိုယ်စားလှယ် Mr. Guo Hucheng နှင့် အာဆီယံနိုင်ငံများ ကိုယ်စား ဂုဏ်ထူးဆောင် ဦးဆောင်နိုင်ငံ အဖြစ် ဆောင်ရွက်သည့် ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တို့က အဖွင့်မိန့်ခွန်း ပြောကြားကြသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ အဖွင့် မိန့်ခွန်းတွင် ၁၉၉၁ ခုနှစ်မှ စတင်၍ အာဆီယံ နိုင်ငံများနှင့် တရုတ် နိုင်ငံတို့ အကြား ကုန်သွယ် ဆက်ဆံမှုသည်  နှစ်ပေါင်း(၃ဝ)ကျော် ကာလအတွင်း များစွာ တိုးတက်မှု ရရှိခဲ့ပြီး အာဆီယံ-တရုတ်    လွတ်လပ်သော ကုန်သွယ်မှုဒေသ ဖော်ဆောင်နိုင်ရန် အတွက် ယခု ကုန်စည် ပြပွဲများသည် အဓိက ကျသော  အခန်း ကဏ္ဍမှ  ပါဝင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။
၎င်းအပြင် နိုင်ငံတော် သမ္မတက ယခုနှစ်တွင် မြန်မာနိုင်ငံ၏ နှစ်လိုဖွယ် မြို့တော်အဖြစ် သတ်မှတ် ထားရှိသည့် ရတနာပုံမြို့သို့ သိပ္ပံနှင့် နည်းပညာ ကဏ္ဍများ၌ လာရောက် ရင်းနှီးမြှုပ်နှံမှု များ ပြုလုပ်ကြ ရန်လည်း ဖိတ်ခေါ်ခဲ့သည်။ နန်နင်းမြို့တွင် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ များကို ၂ဝဝ၄ ခုနှစ်မှ စတင်၍ တရုတ်နှင့် အာဆီယံ နိုင်ငံများ အကြားရှိ ပြည်သူများ အတွက် အကျိုးကျေးဇူးများ ရရှိခံစား နိုင်စေရန် ရည်ရွယ်လျက် နှစ်စဉ် ကျင်းပလျက် ရှိသည်။ ယခုနှစ် နဝမ အကြိမ်မြောက် ကုန်စည်ပြပွဲ တွင် မြန်မာနိုင်ငံ ပြခန်းကို ယမန် နှစ်ကထက် သုံးဆ ပိုမိုတိုးချဲ့ပြီး မြန်မာနိုင်ငံ၏ ထွက်ကုန် ပစ္စည်း အမျိုးအစား စုံလင်စွာ ကဏ္ဍအလိုက် ပြသထားကြောင်း သတင်း ရရှိသည်။   

မြ၀တီ ။

No comments:

Post a Comment