
အခုခေတ်မှာ လူငယ်တွေဟာ အနာဂတ်
ရည်မှန်းချက်ကိုယ်စီနဲ့ တက်ကြွ နေတာတွေ့ရပါတယ်။ တိုးတက်ချင်စိတ်၊
သင်ယူလိုစိတ်၊ စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေကြ ပြီး တိုင်းပြည်ဖွံ့
ဖြိုးတိုးတက်ဖို့ အတွက် ကိုယ်ကျွမ်းကျင်ရာနဲ့ ကူညီအားဖြည့်နေကြသူ
လူငယ်တွေလည်း အများအပြား တွေ့နေရ ပါတယ်။ လူငယ်တွေကို တိုင်းပြည် ရဲ့ အနာဂတ်
ကြယ်ပွင့်များလို့ ပြောကြတာလည်း ရှိသလို၊ ကနေ့ခေတ် လူငယ်တွေဟာ
ဖက်ရှင်ကျကျ၊ စတိုလ်ကျကျနဲ့ ကိုယ့်ရည်မှန်း ပန်းတိုင်ကို ရောက်ဖို့
ယုံကြည်ချက် အပြည့်နဲ့ လျှောက် လှမ်းနေကြပြီဖြစ်ပါတယ်။ ယုံကြည်ချက်ကို
လျောက်လှမ်းရင်း အောင်မြင်မှု ပန်းတိုင်ဆီသို့ ခရီးဆက်နေကြတဲ့ လူငယ်
သရုပ်ဆောင် ဟိန်းဝေယံနဲ့ အောင်ရဲလင်းတို့ရဲ့ လူငယ်ဖက်ရှင်၊
လူငယ်အမြင် သူတို့ရဲ့ စကားတွေကို အခုလို
ဖော်ပြလိုက်ပါတယ်။
ဟိန်းဝေယံ
ခေတ်ရဲ့ပြောင်းလဲမှုနဲ့အတူ လူငယ်တစ်ယောက် အနေနဲ့ ပြင်ဆင်ထားမှု
ခေတ်နောက်ကျလို့လည်း မဖြစ်သလို ခေတ်ရဲ့ရှေ့ကိုလည်း ကိုယ်က
ရောက်နေလို့မဖြစ်ဘူး။ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေထိုင်နိုင်ဖို့တော့
လိုတယ်။ လူတိုင်း လူတိုင်းက သူ့ပုံစံနဲ့သူတော့ ရှိကြတယ်။ တချို့ကျတော့လည်း
သွက်သွက်လက်လက် ရှိပြီး တချို့ ကျတော့ အေးအေးဆေးဆေး နေတတ်ကြတယ်။ ဒါပေမဲ့
လူငယ် တစ်ယောက်အနေနဲ့ ခေတ်နဲ့အညီ ဝတ်စား ဆင်ယင်မှု အပိုင်းကိုပြောရမယ်
ဆိုရင်
ဆင်ယင်မှုမျိုးကို ဝတ်ဖြစ်တယ်။
ဆံပင်ကိုလည်း ကျွန်တော် က ပြောင်းတယ်။ ဒါပေမဲ့ နောက်တော့လည်း
ဒီဆံပင်ပုံစံပဲ ရောက်ရောက်လာတယ်။ ခေတ်နဲ့အညီတော့ လိုက်ပြီး
ပြောင်းလဲနေရတာပေါ့။
ခေတ်ရဲ့ပွင့်လင်းလာမှုဟာ လူငယ်တွေအတွက် စိန်ခေါ်မှုတစ်ခု
ခေတ်ရဲ့ပွင့် လင်းလာမှုက လူငယ်တွေ အတွက် စိန်ခေါ်မှု တစ်ခုလို့လည်း
ပြောလို့ရသလို အစစအရာရာ ကိုယ့်အတွက် ပြင်ဆင်ဖို့လိုအပ်တယ်။ အဖက်ဖက်က
ကြည့်ရင် အများကြီး တိုးတက်လာတာ၊ ကောင်းမွန်လာတာ တွေ့ရသလို
ဆိုးကျိုးတွေလည်း တွေ့ရတယ်။ အဲဒီဆိုးကျိုးတွေကို လူငယ်တစ်ယောက်က
စဉ်းစားချင့်ချိန်ပြီး ထိန်း ထိန်းသိမ်းသိမ်းနေဖို့ လိုအပ်လာတယ်။
ခေတ်ရေစီးကြောင်းနဲ့ လူငယ်တွေရဲ့ဖက်ရှင်
ခုနကပြောသလိုတအားကြီးခေတ်ဆန်တာမျိုးမဟုတ်ဘဲ၊ တအားကြီးလည်း
ခေတ်နောက်မကျဘဲ ပေါ့ပေါ့ပါးပါး၊ လွတ် လွတ်လပ်လပ် ပုံစံမျိုးလေးနေကြရင် လူ
ငယ်တွေအတွက်ကောင်းပါတယ်။ အခု အချိန်မှာ လူငယ်တွေက ဖက်ရှင်ကအစ အားလုံး ကျကျ
နန နေထိုင်ဝတ်စား တတ်နေကြတာ တွေ့ရ တယ်။ ဒါကြောင့်လည်း လူငယ်တွေကို
ထွေထွေထူး ထူးတော့ ပြောစရာ မရှိ ပါဘူး။
လွတ်လပ်မှုဟာ စိုးရိမ်စရာမရှိပါဘူး
အခုအချိန်မှာ လွတ်လပ်ခွင့်တွေရှိလာ တဲ့အပေါ် လွတ်လွတ်လပ်လပ် နေတာတော့
ကောင်းပါတယ်။ ဒါပေမဲ့ လွတ်လပ်ခွင့် ရနေသည့်တိုင်အောင် ဘယ်အရာ မဆို
အလွန်အကျွံဖြစ်ရင်တော့ မကောင်းဘူး။ အခု အချိန်မှာ အရင်ကထက်စာရင်တော့
လွတ်လွတ်လပ် လပ်ဖြစ်လာတဲ့အပေါ်မှာ သိပ်ပြီး စိုးရိမ်စရာမရှိတော့ ပါဘူး။
အဲဒီ့ လွတ်လပ်ခွင့်တွေအပေါ် လူငယ်တွေက ကောင်းအောင် အသုံးချတတ်ဖို့ပဲ
လိုတာပါ။
အောင်ရဲလင်း
ခေတ်ရဲ့ပြောင်းလဲမှုနဲ့အတူ လူငယ်တစ် ယောက်အနေနဲ့ ပြင်ဆင်မှု
ကိုယ်လုပ်ချင်တဲ့အရာကို တစိုက်မတ် မတ်လုပ်ပြီးတော့
ကိုယ်လုပ်မယ့်လမ်းကြောင်းကို အကောင်းဆုံး ကြိုးစားရမယ်။ ဘာအခက်အခဲတွေပဲ
ရှိရှိ စိတ်ဓာတ်မကျဘဲ တန်းတန်းမတ်မတ်ဖြတ်သန်းနိုင်ရင်အဆင်ပြေပါတယ်။
ခေတ်ရဲ့ပွင့်လင်းမှုဟာ လူငယ်တွေ အတွက် စိန်ခေါ်မှုတစ်ခု
ပွင့်လင်းလာတာနဲ့ အမျှ တိုးတက်လာမှာ ပဲ။ တိုးတက် လာတာက စိန်ခေါ်မှုနဲ့တော့
မတူဘူးဗျ။ စိန်ခေါ်မှု ဆို တာက ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ ကိုယ့် ကိုယ်
ကိုယ်ပြိုင် ဆိုင်ရတာမျိုး။ ကိုယ့်ကိုယ်ကိုယ် အရင်က ထက်ပိုပြီး
ကောင်းလာအောင် စိန်ခေါ်ရတာပါ။ အကုန် လုံးကို နားလည်နိုင်လာမယ်။ အဲဒါကြောင့်
ကိုယ့်ဘဝ လမ်း ကြောင်းအတွက် အကောင်းအဆိုးကိုလူငယ်တွေခွဲ
ခြားတတ်ဖို့ပဲလိုပါတယ်။
ခေတ်ရေစီးကြောင်းနဲ့ လူငယ်တွေရဲ့ ဖက်ရှင်
ကိုယ်နဲ့လိုက်ဖက်တဲ့အရာက ကိုယ့်ဖက်ရှင်ပါပဲ။ ဘယ်လောက်ပဲဖက်ရှင်တွေက
တိုးတက်တိုးတက်၊ ကိုယ်နဲ့ မလိုက်ဖက်တဲ့ အရာဆိုရင်တော့ အလကားပါပဲ။
ကျွန်တော် ကတော့ ကိုယ်နဲ့လိုက်ဖက်တယ်ထင်တာကို ဖက်ရှင်အဖြစ် သတ်မှတ်ပါတယ်။
အဓိကက အဝတ်အစား ဝတ်တော့မယ်ဆိုရင် ကိုယ်နဲ့ လိုက်၊မလိုက် ရွေးချယ် စေချင်ပါ
တယ်။
လွတ်လပ်မှုဟာ စိုးရိမ်စရာမရှိပါဘူး
အဓိကက ဘာပဲလုပ်လုပ်ကိုယ်ကောင်း ရင်လည်း ကိုယ်ပဲခံရမယ်။ မကောင်းရင်လည်း
ကိုယ်ပဲခံရမယ်။ ကျွန်တော့် ခံယူချက်ကတော့ ကိုယ်လုပ်ချင်တာကို ဘာမဆို
လုပ်တယ်။ ကောင်းတယ်၊ ဆိုးတယ် ဆိုတာကတော့ ကောင်းတယ်ဆိုတဲ့ဘက်ကို
ယုံကြည်မှုရှိတယ် ဆိုရင်တော့လုပ်ပေါ့။ လွတ်လပ်မှုက အဓိကက ကိုယ်နဲ့ပဲဆိုင်တဲ့
အတွက် စိုးရိမ်စရာ မရှိဘူး။
ပေါ်ပြူလာ ။
No comments:
Post a Comment