သမီးဖြစ်သူရဲ့ မွေးနေ့ကို နေရာစုံမှာ အလှူလုပ်ခဲ့ကြ တဲ့ပြေတီဦးတို့ဇနီးမောင်နှံ

အောက်တိုဘာ ၁၄ရက်နေ့က တစ်နှစ်ပြည့်ခဲ့တဲ့ ပြေတီဦး၊အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေးပြေသုဒြာရဲ့ မွေးနေ့မှာ သမီးလေးအတွက် အလှူတွေလုပ်ပေးခဲ့ပါတယ်။ သမီးလေးရဲ့ မွေးနေ့မှာ ရှုတင်တွေနားပြီး သမီးလေးအတွက်ပဲ အချိန်ပေးခဲ့တဲ့ ပြေတီဦးနဲ့   အိန္ဒြာကျော်ဇင်တို့ဟာ ညနေပိုင်းမှာတော့ မိသားစုတွေနဲ့ အတူ မွေးနေ့ပွဲလေး လုပ်ဖြစ်ခဲ့ကြပါသေးတယ်။ မွေးနေ့ အထိမ်းအမှတ်အနေနဲ့ ရွှေဂုံတိုင်ကလေးပြုစုရေးဌာနကို ငွေကျပ်ငါးသိန်း၊ သမီးလေးရဲ့ အသုံးအဆောင်ပစ္စည်းများနဲ့ အရုပ်များ လှူခဲ့ပြီး ဇီဝိတဒါနသံဃာ့ဆေးရုံကို ငွေကျပ်ငါးသိန်း၊ နာရေး ကူညီမှုအသင်းကို ငွေကျပ်၁ဝသိန်း၊ သုခရိပ်မြုံကျောင်းမှာ ငွေးငါးသိန်းနဲ့ကလေးအသုံးအဆောင် ပစ္စည်းများ လှူဒါန်းခဲ့ပြီး သမီးလေးပြေသုဒြာကိုတော့ ရွှေဂုံတိုင်ကလေး ပြုစုရေးဌာနတစ်ခုကိုပဲ ခေါ်သွားပါတယ်။ သမီးလေးရဲ့မွေးနေ့နဲ့ပတ်သက်ပြီး အိန္ဒြာကျော်ဇင်က “သမီးလေး ကို သူ့ကြီးတော်က ကိတ်မုန့်တစ်လုံးဝယ်ပေးပြီး မွေးနေ့ပွဲလုပ်တော့ သူလည်းပျော်နေတာပေါ့။ အခုသမီးလေးက တစ်နှစ်ပဲရှိသေးတယ်။ ပြီးတော့ အစ်မက သူ့ကို အပြင်သိပ်မထုတ်တော့သူက အိမ်သားတွေနဲ့မဟုတ်ရင် နည်းနည်းဂျီကျနေတယ်။ အဲဒီလိုဆိုတော့ သူ့ကို မွေးနေ့ပွဲလုပ်မပေးသေးဘူး။ နည်းနည်းလေး သိတတ်တဲ့
အရွယ်ရောက်ရင်တော့ မွေးနေ့ပွဲလုပ်ဖြစ်မှာပါ။ပရိသတ်တွေကို အစ်မပြောချင်တာက အစ်မကိုလှူတဲ့ပိုက်ဆံတွေက ပရိသတ်တွေရဲ့ ပိုက်ဆံတွေပါပဲ။ ဒါကြောင့် ဒါတွေ  ပရိသတ်တွေရဲ့ အလှူပါပဲ။ သာဓုခေါ်ကြပါ”လို့ သမီးလေး ပြေသုဒြာမွေးနေ့ အမှတ်တရအနေနဲ့ ပြောပြခဲ့ပါတယ်။

POPULAR ။

No comments:

Post a Comment