မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ ရန်ကုန်တွင်ကျင်းပရန် မသေချာသေး

၂၀၁၁ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို ရုပ်ရှင်လော ကသားအများစုနေထိုင်ရာ ရန်ကုန်မြို့တော်၌ ကျင်းပရန်အတွက် တစ်စုံတစ်ရာသေချာသည်ဟု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ယခုနှစ်အတွင်း ကျင်းပမည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီး မြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ ကျင်းပပေးရန် ရုပ်ရှင်အစည်းအရုံးအနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနထံ တောင်းဆိုထားသော်လည်း ယနေ့အချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေကတော့ ဒီအခမ်းအနားကို ရန်ကုန်မှာလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။ လုပ်ပေးမယ်၊ မလုပ်ပေးဘူးဆိုတာတော့ ဘာမှအကြောင်းမပြန်သေးဘူး။ ဒါပေမဲ့ လုပ် ပေးမယ်လို့တော့ထင်ပါတယ်။ ဘာလို့လဲဆိုတော့
ဟိုမှာအခမ်းအနားလုပ်တာက သွားရလာရတာ ဘယ်လိုမှ အဆင်မပြေဘူးလေ။ တချို့နာမကျန်းတဲ့သူတွေနဲ့ သက်ကြီးရွယ်အိုအနုပညာရှင်ကြီးတွေဆိုရင် အခမ်းအနား တက်ချင်ပေမယ့် မသွားနိုင်လို့ မတက်ရဘူး”ဟု ၎င်းကရှင်းပြသည်။

ယနေ့အချိန်ထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးသော်လည်း ၀န်ကြီးဌာနအနေ ဖြင့် ယခုနှစ်ကျင်းပမည့် အခမ်းအနားကို ရန်ကုန်တွင် ပြုလုပ်သွားနိုင်ဖွယ်ရှိကြောင်း ရုပ်ရှင်အစည်းအရုံး တာဝန် ရှိသူများက “ရုပ်ရှင်ထူးချွန်ဆုကို နေပြည်တော်မှာ ပေးနေတာက တကယ်ဆုပေးတာမဟုတ်ဘဲ ပြစ်ဒဏ်ပေးသ လိုဖြစ်နေတယ်။ နှစ်စဉ်အဲဒီကိုသွားရတဲ့ ခရီးစရိတ်က သိန်းရာနဲ့ချီကုန်ကျတယ်။ တကယ်လို့ ရန်ကုန်မှာလုပ် မယ်ဆိုရင် အဲဒီကုန်ကျမယ့်ငွေတွေကိုစုပြီး အခုလက်ရှိဒုက္ခရောက်နေကြတဲ့ ကချင်တို့၊ ရခိုင်တို့လိုနေရာမျိုးတွေ ကို သွားပြီးလှူလိုက်ရင် ပိုပြီးမကောင်းဘူးလား။ ဒါမှမဟုတ် ချို့ယွင်းနေတဲ့ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို လှူလိုက်ရင် ပိုပြီးတော့အကျိုးမရှိဘူးလား။ အခုတော့ ဘာအကျိုးမှမရှိဘဲ ပိုက်ဆံတွေအလဟဿဖြစ်ကုန် တယ်”ဟု ဦးဇင်ဝိုင်းက ဆိုသည်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုချီးမြှင့်ရာ၌ သရုပ်ဆောင်ဆု လေးဆုအပါအ၀င် ဇာတ်ညွှန်း၊ ဇာတ်ပို့၊ ထုတ်လုပ်သူဆု၊ တည်းဖြတ်ဆု စသည်ဖြင့် စုစုပေါင်း ထူးချွန်ဆု ၁၁ ဆုကို ထူးချွန်သည့်အနုပညာရှင် များအား ပေးအပ်ချီးမြှင့်ပေးကြောင်း၊ သို့သော်လည်း လက်ရှိရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရန်အတွက် အနုပညာရှင် များအား ရွေးချယ်ဆုံးဖြတ်ရာတွင် ရုပ်ရှင်အနုပညာနယ်ပယ်ထဲက ၀ါရင့်အနုပညာရှင်၊ အတတ်ပညာရှင်များပါ ၀င်ခြင်းမရှိဘဲ သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များကသာ ရွေးချယ်ဆုံးဖြတ်နေခြင်းဖြစ်ကြောင်း ရုပ်ရှင်အစည်းအရုံးမှ ဝေဖန်ပြောကြားသည်။


Teashop Talk ။

No comments:

Post a Comment