အကိုက်အခဲပျောက်ဆေးများကို အလွန်အမင်း သုံးစွဲခြင်းဖြင့် ခေါင်းကိုက်စေနိုင်

 ယူကေရှိ လူတစ်သန်း နီးပါးမှာ အကိုက်အခဲ ပျောက်ဆေးကို အလွန်အမင်း သုံးစွဲ တာကြောင့် ခေါင်းကိုက်ခဲ့ကြကြောင်း  ကျန်းမာရေး စောင့်ကြည့်သူတွေ ရဲ့ လေ့လာမှုအရ သိရပါတယ်။ ဆေးဝါး အသုံးပြု လွန်တာကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာဟာ အက်စ်ပရင်၊ ပါရာစီတမော၊ အိုင်ဗျူပရိုဖန်လို NSAIDs တွေကို တစ်လမှာ ၁၅ ရက်ကျော်ကြာတဲ့အထိ သုံးတာ၊ ဒါမှမဟုတ် opioids၊ ergots နဲ့ triptans၊ ဒါမှမဟုတ် အကိုက်အခဲပျောက်ဆေးတွေကို ပေါင်းစပ်ပြီး တစ်လမှာ အနည်းဆုံး ၁၀ ရက်ခန့် သောက်တာ တို့ကြောင့် ဖြစ်နိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။
ခေါင်းကိုက် တာကြောင့် အကိုက်အခဲပျောက်ဆေးတွေကို ပိုသောက်လေ၊ ခေါင်းကိုက်ဝေဒနာက ပိုဆိုးလာလေဖြစ်ပြီး စက်ဝိုင်း တစ်ခုလို ဖြစ်နေတာပါလို့ လေ့လာသူ ပါမောက္ခ မာတင်ကဆိုပါတယ်။
ခေါင်းကိုက်ဝေဒနာ ရှိသူ လူ ၅၀ မှာ တစ်ဦးနှုန်းဟာ အကိုက်အခဲပျောက်ဆေးတွေကို အလွန်အကျွံ သုံးစွဲတာကြောင့် ခေါင်းပိုကိုက်ရတယ်လို့ ခန့်မှန်း ထားပါ တယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို အလွန်အမင်း သုံးစွဲနေတဲ့ လူနာတွေကို အကိုက်အခဲပျောက်ဆေးမှီဝဲမှု ချက်ချင်းရပ်ဖို့ ပြောကြားသင့်ကြောင်း ဆရာဝန်တွေကို NICE လမ်းညွှန်ချက်အသစ်က အကြံပြုထားပြီး ခေါင်းကိုက်တဲ့ ဝေဒနာကို ကုသဖို့ရာအတွက် အပ်စိုက်ကုထုံးလို နည်းမျိုးကို
သုံးသင့်ကြောင်း ရှင်းပြထားပါတယ်။
“အကိုက်အခဲပျောက်ဆေးတွေကို ရပ်လိုက်တဲ့အခါ ခေါင်းကိုက်တာက ချက်ချင်း ပိုဆိုးလာနိုင်ပြီး ဖျားတာ၊ အိပ်မပျော်တာတို့ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ အကိုက်အခဲပျောက်ဆေးက သင့်ကိုယ်တွင်းစနစ်ထဲ မရှိတော့တဲ့ ၇-၁၀ ရက်အတွင်းမှာတော့ သင်ပိုပြီး နေထိုင်ကောင်းလာပါလိမ့်မယ်” လို့ အကြံပေးထားပါတယ်။

Good Health ။

No comments:

Post a Comment