အလိုအလျောက် ငွေထုတ် MPU ကတ်များ AGD ဘဏ် စတင်ထုတ်ပေး

စက်တင်ဘာ လလယ်တွင် စတင် မိတ်ဆက်ခဲ့သည့် အစိုးရနှင့် ပုဂ္ဂလိကဘဏ် ၁၆ ဘဏ်၏ ATM စက်များတွင် အသုံးပြုနိုင်မည့် MPU(Myanmar Payment Union) ကတ် များကို အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေး ဘဏ်က ယနေ့ စတင် ထုတ်ပေးနေပြီ ဖြစ်ကြောင်း ယင်းဘဏ်မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ ဘဏ်များတွင် ATM (အလိုအလျောက် ငွေထုတ်ကတ်) များ ကိုင်ဆောင် အသုံးပြုလျက် ရှိသောသူများ အနေနှင့် ငွေထုတ်စက် တိုင်းတွင် အသုံးပြုနိုင်သည့် MPU (Myanmar Payment Union) ကတ်များ နှင့် ပြောင်းလဲ အသုံးပြုနိုင်ရန် အောက်တိုဘာ တစ် ရက်နေ့မှ စတင်ကာ အခမဲ့ လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ Facebook စာမျက်နှာတွင် ဖော်ပြ ထားသည်။
"ဒီနေ့ MPU ကတ်လာလုပ်တာ၊ ဖောင်ဖြည့်ပြီး ဓါတ်ပုံပေးခဲ့တယ်၊ မနက်ဖြန် ရမယ်လို့ ပြောပါတယ်" ဟု အောက်တိုဘာ ၂ ရက်နေ့တွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်တွင် ဘဏ်ကတ် အသစ် လာထုတ်သူ တစ်ဦးက ဆိုသည်။ လတ်တလော MPU ကတ် အသုံးပြုနိုင်မည့် ဘဏ်များမှာ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမ ဘဏ်၊ ဧရာဝတီဘဏ်၊ မြဝတီဘဏ်၊ မြန်မာရှေ
့ဆောင်ဘဏ်၊ မြန်မာအရှေ့ တိုင်းဘဏ်နှင့် မြန်မာ နိုင်ငံသားများ ဘဏ်တို့ ဖြစ်ကြသည်။
အဆိုပါ ဘဏ်များတွင် ဘဏ်အချို့ မှာ ယခင် ATM ကတ် ရှိသူများကို MPU ကတ် အခမဲ့ လဲလှယ် ပေးမည်ဖြစ်ပြီိး MPU ကတ် အသစ်များကိုမူ ထုတ်ပေးနိုင်ခြင်း မရှိသေးကြောင်း အဆိုပါ ဘဏ်များ ထံမှ သိရသည်။ "နောက်လလောက်မှပဲ လူသစ် တွေကို MPU ကတ် ထုတ်ပေးမှာပါ၊ အခုက ကတ်ဟောင်းသမား တွေကို အရင်လဲပေးဖို့ လုပ်ဆောင် နေပါတယ်" ဟု ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
လက်ရှိ ပြောင်းလဲ အသုံးပြုလျက်ရှိသော ATM ကတ်များကို MPU ကတ်များနှင့် ပြောင်းလဲရာတွင် နည်းပညာပိုင်း ဆိုင်ရာ ပြုပြင်မှု များ ဆောင်ရွက်လျက် ရှိနေသောကြောင့် အောက်တိုဘာ ဒုတိယပတ် အတွင်း လဲလှယ် ပေးသွားမည် ဖြစ်ကြောင်း ဧရာဝတီဘဏ်၏ အကြီးတန်း အထွေထွေ မန်နေဂျာ ဦးဖြိုးအောင်က The Voice Weekly သို့ ပြောကြားသည်။
လက်ရှိ အသုံးပြုနေသည့် ATM ကတ်များနှင့် လဲလှယ်ပေးမည့် MPU ကတ်များမှာ Debit Card (ကြိုတင် ငွေဖြည့်တင်း ရသည့် စနစ်) အမျိုးအစားများသာ ဖြစ်ပြီး Credit Card (ဘဏ်၏ ယုံကြည်မှုဖြင့် သုံးစွဲသူကို ငွေပမာဏ အတိုင်းအတာ တစ်ခု အထိ သတ်မှတ် ကာလအတွင်း အကြွေးဝယ်ယူ သုံးစွဲ ခွင့်ပြုသည့် စနစ်) များကိုမူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ယခုအချိန်ထိ ခွင့်ပြုခြင်း မရှိသေးပေ။
ယခင် ATM ကတ်ရှိသူများကို MPU ကတ်များ အခမဲ့ လဲလှယ်ပေး မည်ဖြစ်ပြီး နောင်တွင် ကတ် တန်ဖိုး သတ်မှတ် သွားမည်ဖြစ်ကြောင်း အဆိုဘဏ်များ ထံမှ တာဝန်ရှိသူများက ပြောကြားသည်။
ယင်း MPU ကတ်ဖြင့် ငွေပေးချေ နိုင်သည့် နေရာများမှာ Signature Resturant၊ Gandamar Wholesale၊ Petrol K ဆီဆိုင်၊ Air Bagan ၊ Asia Wings ၊ Ruby Mart၊ Junction Square စသည်တို့ ဖြစ်ကြောင်း MPU ကတ်၏ လက်ကမ်းစာစောင်တွင် ဖော်ပြ ထားသည်။


The Voice Weekly ။

No comments:

Post a Comment