
ဗီဇာသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာ
အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်မှုကို ကူညီပံ့ပိုးပေးရန်နှင့်
နိုင်ငံတကာ စီးပွားရေးကဏ္ဍအတွင်းသို့ ပူးပေါင်းဝင်ရောက်နေခြင်းတို့ကို
ကူညီပံ့ပိုးပေးရန်တို့အတွက် မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ်၊ သမဝါယမဘဏ်နှင့်
မြန်မာအရှေ့တိုင်းဘဏ်တို့ဖြင့် သဘောတူညီချက်များကို ရန်ကုန်မြို့
ဆီဒိုးနားဟိုတယ်၌ နိုဝင်ဘာ ၃ ရက် နံနက်ပိုင်းတွင် လက်မှတ်ရေးထိုးလိုက်ပြီ
ဖြစ်သည်။
အဆိုပါဘဏ်များသည် လိုင်စင်သဘောတူညီချက် စာချုပ်နှင့်အညီ
ဗီဇာငွေထုတ်ကတ်များကို ရယူသွားမည်ဖြစ်ပြီး ဗီဇာကတ်များကို ATM စက်များနှင့်
Point-of-sale နေရာများတွင် လက်ခံအသုံးပြုနိုင်မည် ဖြစ်ရာ စီးပွားရေးနှင့်
နိုင်ငံခြားခရီးသွား လုပ်ငန်းများတွင် အကျိုးကျေးဇူးများစွာ
ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကြေးမုံ ။
No comments:
Post a Comment