မန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA)ရဲ့ သံတမန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ လူမင်း

လူမင်းက ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးတဲ့ ‘ညီကြလာကြ ပါတီဘဝခံယူကြ’ဆိုတဲ့ ပညာပေးဇာတ်ကားကို ရိုက်ကူးနေပါတယ်။ လူမင်းကို အောက်တိုဘာ၂၄ရက် နေ့ က (MANA)မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းက သံတမန်အဖြစ် ခန့်အပ်ခဲ့ကြောင်းလည်း သိရပါတယ်။
”အစည်းအဝေးမှာ ပြောတာကတော့ ရန်ကုန်တိုင်းဒေသကြီးမှာပဲ ကောက်ခံတာ။ ကျွန်တော်က မဲအများဆုံးရတာကြောင့် သံတမန်ခန့်အပ်ချင်တယ်လို့ ပြောတာပါ။ ဒီလိုပေးတဲ့အတွက် အင်မတန်ဂုဏ်ယူပါတယ်။ ဒါပေမဲ့ ကျွန်တော်က အခုရက်ပိုင်း၊ လပိုင်းမှာ အလုပ်တအားရှုပ်နေတယ်။ ဒီအဖွဲ့ရဲ့ လုပ်ငန်းဆောင်တာတွေက တအား မွန်မြတ်တယ်။ သူတို့အဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေကို ဖမ်းတာမဟုတ်ဘဲ ဖြတ်ချင်စိတ်ရှိရင် လက်ခံဖြတ်ပေးတယ်။ သူတို့တင်မကဘူး။ သုံးစွဲသူရဲ့ မိသားစုကို လည်း ကြည့်ရှု ထောက်ပံ့ပေးတယ်။ ဆေးဖြတ်ပြီးတဲ့အခါ ကိုယ်ပိုင်အသက်မွေးဝမ်းကျောင်း ရပ်တည်ချင်ရင်လည်း ပံ့ပိုးပေးတယ်။ တခြားပညာပေး အစီအစဉ်တွေလည်း အများကြီးရှိသေးတယ်။ ဒါတကယ်ကိုလုပ်သင့်တဲ့ အလုပ်တစ်ခုပါ။ ကျွန်တော်လုပ်ရမယ့်
အသေးစိတ်ကိုတော့ သေသေချာချာ ဆွေးနွေးရဦးမယ်” လို့ ပြောပြခဲ့ ပါတယ်။

P0PULAR MYANMAR NEWS ။

No comments:

Post a Comment